• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ထိုင်း-မြန်မာ နယ်စပ်မှာ မူးယစ်မှောင်ခို သမားတွေ ဖမ်းမိ

by ကျော်ခ
23 July 2014
in Crime
A A
မူးယစ် ဆေးဝါး, သေနတ် , ကျည်ကတ် , တာချီလိတ် , ထိုင်း-မြန်မာ နယ်စပ်

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများနှင့် တရားခံများ (ဓာတ်ပုံ - တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီး နှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့)

3.9k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ကျပ်သိန်း ၂၀၀၀ ကျော်တန် မူးယစ်ဆေးဝါးတွေ သယ် လာ တဲ့ မူးယစ်ကုန်သည်တွေကို တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိပါတယ်။

ဇူလိုင်လ ၁၉ ရက် ညနေက ပန်ကူ ကျေးရွာကနေ တာချီလိတ်မြို့ ဘက်ကို မောင်းနှင်လာတဲ့ VIGO အမျိုးအစား အဖြူရောင် ကား ကို တားဆီးစစ်ဆေးခဲ့ရာမှာ မူးယစ်ကုန်သည်တွေနဲ့ အတူ စုစုပေါင်း ကာလတန်ကျေး ကျပ်သိန်း ၂၂၉၆ သိန်း ရှိတဲ့ ဘိန်းဖြူဘလောက်တုံးတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ငွေကြေးတွေဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်ဆေးဝါးဖမ်းဆီး နှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ က ဧရာဝတီကို ပြောပါတယ်။

တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ ရုံးဦးစီးမှူး ရဲအုပ် အောင်ကျော်စိုး က“ပန်ကူကနေ တာချီလိတ် လာတဲ့ လမ်းကြောင်းမှာ မောင်းလာတဲ့ VIGO တစီးကို မသင်္ကာတာနဲ့ တားဆီးစစ်ဆေးရာကနေ မိတာ”လို့ သူက ဧရာဝတီကို ပြော ပါတယ်။

ကားကို တားဆီးစစ်ဆေးချိန်မှာ အမေရိကန်နိုင်ငံထုတ် 5202 နံပတ်ပါ ပွိုင့် ၃၈ ပစ္စတို သေနတ်တလက်၊ ကျည် ၁၄ တောင့်ပါ ကျည်ကတ် ၂ ကတ်၊ ၁၄.၃၅ ကီလိုရှိတဲ့ ဘိန်းဖြူ ဘလောက်တုံး ၄၀၊ ဘတ်ငွေ ၆ သိန်းခွဲ နဲ့ ကျကွင်း (လားဟူ)၊ နန်းစံခမ်း (ရှမ်း)နဲ့ ကျဘိုး (ရှမ်း) တို့ သုံးဦးကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
598
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
191
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
58

ကာယကံရှင်တွေရဲ့ ဖြောင့်ချက်ပေးမှုကြောင့် ကျကွင်းနဲ့ နန်းစံခမ်းတို့ နေထိုင်ရာ တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်က အိမ်ကို ထပ်မံဝင်ရောက်ရှာဖွေရာ ကျပ် ၅၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး တတုံးနဲ့ အမေရိကန်ဒေါ်လာ တရာတန် အရွက် ၁၁၀ ကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိထားတဲ့ ကာယကံရှင် သုံးဦးကိုလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလည်း စေသော ဆေး ဝါးများဆိုင်ရာ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)၊ ၂၀ (က)၊ ၂၂ (ခ)/ ၂၁ အရ တာချီလိတ်မြို့မ ရဲစခန်းမှာ အရေးယူ ဆောင်ရွက် ထားတယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးရမိတဲ့ ဖြစ်စဉ်ဟာ တာချီလိတ်မြို့နယ်မှာ ၅ ရက်အတွင်း မိတဲ့ မူးယစ်ဆေးဝါးအမှု ၃ မှုအနက် တန်ဖိုး အများဆုံးဖြစ်ပြီး ဇူလိုင် ၂၁ ရက်ကလည်း လာအိုနိုင်ငံဘက်မှ ဝင်လာတဲ့ ကျပ် ၁၁၀.၁၅ သိန်း တန်ဖိုးရှိ အိုက်စ် အဖြူရောင် ၅၀၅ ကီလို ဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၈ ရက်နေ့ကလည်း မိုင်းဆတ်ဘက်မှ တာချီလိတ်မြို့ အလာလမ်းမှာ ဆိုင်ကယ်တစီးအတွင်းက ကာလတန်ကြေး ၂၉ သိန်းတန် WY ပန်းရောင် စိတ်ကြွဆေးပြား ၁၁၈၅ ပြားကို ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်းက ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့က ပြောပါတယ်။

“ဒီရက်ပိုင်းမှာ အဖမ်း အဆီးတွေ စိတ်လာတယ်ဆိုတာက ကျနော်တို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး တပ်ဖွဲ့စု ၃၀ အနေနဲ့ ပုံမှန်လုပ်နေကြ လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ပိတ်ဆို့စီမံကိန်းတွေရေးဆွဲပြီးတော့ မြို့ပြင်လမ်းတွေမှာရှိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင် လာနိုင်တဲ့ လမ်းကြောင်းတွေမှာ စစ်ဆေးရွာဖွေခဲ့တာ။ အဓိက ကတော့ ၂၀၁၄ ဇူလိုင် ၁၄ ရက်နေ့မှာ ပိတ်ဆို့ရှာဖွေရေး စီမံချက်ကို ဆွဲလိုက်တာကနေ ဆက်တိုက်ဖမ်းဆီးမိတာပါ”လို့ ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) က အရှေ့တောင် အာရှဘိန်းနဲ့ ပတ်သက်တဲ့ ကွင်းဆင်းလေ့လာချက် အရ မြန်မာ နိုင်ငံဟာ ၂၀၁၃ ခုနှစ်အတွင်း ဘိန်း ၈၇၀ မက် ထရစ်တန် ထုတ်လုပ်ထားတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယ အကြီးဆုံး ဘိန်းစိုက်ပျိုးသူအဖြစ် ရှိနေဆဲဖြစ်တယ် လို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်လိုက် တဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။

ဒီအခြေအနေတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ထုတ်လုပ်မှုထက်စာရင် ၂၆ ရာခိုင်နှုန်း တိုးတက်လာ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ရပ်တန့်ရေး ကြိုးပမ်းမှုတွေဟာ လုံးဝ အောင်မြင်ခြင်း မရှိတာဟာ ဆင်းရဲသား တောင်သူ လယ်သမားတွေ စားဝတ်နေရေးအတွက် အခြားနည်းလမ်း မရှိတာကြောင့်လို့ ဖော်ပြထားပါတယ်။

Your Thoughts …
Tags: Drug
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
7k

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေး တပ်အရာရှိဟောင်း တဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူ လည်းဖြစ်ပါတယ်။

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

လွိုင်ကော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသော ကျတ်ဂူ ရှိရာ တောင်ပေါ် အတက်လမ်း

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ

by ကျော်ခ
3 February 2014
18.3k

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့

Next Post

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မစ္စတာ ဂျိုကို ဝီဒိုဒို အနိုင်ရ

ဧရာဝတီတိုင်း, လေပြင်းတိုက်ခတ် , နေအိမ် ပျက်စီး , သဘာ၀ ဘေးဒဏ်

လေပြင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းတွင် နေအိမ် ၂၀ ကျော် ပျက်စီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved