• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တယ်လီနောမြန်မာ တေးဂီတသံစဉ်ပြိုင်ပွဲ Winner ဆုရွေးချယ်

by သီဟတိုး
22 August 2014
in သတင်း
A A
တယ်လီနောမြန်မာ

တယ်လီနောမြန်မာမှ ပြုလုပ်သည့် မြန်မာရဲ့တေးသွားငွေကြယ်ပွင့် ဆုပေးပွဲမြင်ကွင်း (ဓာတ်ပုံ - သော်ဟိန်းထက် / ဧရာဝတီ)

3.6k
VIEWS
Share on FacebookShare on Twitter

တယ်လီနောမြန်မာ၏ “မြန်မာရဲ့ တေးသွားငွေကြယ်ပွင့်” ပြိုင်ပွဲ ဆုပေးပွဲကို ယခုလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်၊ အလံပြဘုရားလမ်း၊ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆုပေးပွဲတွင် ပထမဆု ကျပ် သိန်း ၁၀၀ ကို ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်မှ လာရောက်ယှဉ်ပြိုင်သူ အသက် ၂၁ အရွယ်၊ စီးပွားရေးအဝေးသင် တတိယနှစ်ကျောင်းသား လင်းမြတ်အောင်က ရရှိသွားပြီး ကျန်နှစ်ဆု သိန်း ၂၀ စီအား ဒုတိယဆုကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇီးတောမှ အဲနေထူးက လည်းကောင်း၊ တတိယဆုကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှ သော်ဇင်ဟိန်းက လည်းကောင်း အသီးသီးရရှိခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

“ကျနော် အခုလက်ရှိ အရမ်းပျော်လွန်းလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ ဒီပြိုင်ပွဲ ဝင်ဖြစ်ခဲ့တာကတော့ ကျနော် ကြော်ငြာတွေတွေ့တယ်၊ နောက် သူငယ်ချင်းတွေကလည်း ပြောတယ်၊ အဲဒီကနေ ကျနော် ပြိုင်ပွဲ ဝင်ဖြစ်တာပါ။ ပထမ ဒီပြိုင်ပွဲအတွက် တီးလုံးတွေ လုံးဝ စဉ်းစားလို့ မရဘူး။ နောက်ကျတော့ ကျနော်ခါတိုင်းလိုပဲ ပုံမှန်ဂစ်တာတီးရင်းနဲ့ သံစဉ်လေးတခု ပါးစပ်က စညည်းမိတာ၊ အဲဒါလေးကိုပဲ အလုံးလေးတွေ အဖြစ် Notes လေးတွေ ရေးပြီးတော့ ဖန်တီးဖြစ်ခဲ့တာပါ” ဟု ပထမဆုရရှိခဲ့သည့် လင်းမြတ်အောင်က ဧရာဝတီကို ပြောသည်။

တယ်လီနော၏ မိုဘိုင်းဖုန်း ဝန်ဆောင်မှုများတွင် အသုံးပြုသွားမည့် တေးသံစဉ်များအတွက် အဆိုပါပြိုင်ပွဲကို ဇွန်လ နောက်ဆုံးပတ်က စတင်ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ရှစ်ထောင်ကျော်ထဲမှ ဆန်ခါတင်သုံးဦးကို အဆင့်ဆင့် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ အကဲဖြတ် ဒိုင်လူကြီးများအနေဖြင့် တေးသံရှင် လင်းလင်း၊ ဂီတပညာရှင် ဓီရာမိုရ်နှင့် ခင်မြတ်မွန်တို့က စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“စံသတ်မှတ်ချက်တွေက အဆင့်လိုက် အဆင့်လိုက်မှာ အများကြီးရှိတယ်။ အဲဒါကို အတိုချုံးပြီး ပြောရင်တော့ လွယ်ကူ ရိုးရှင်းရမယ်။ ရိုးရှင်းပေမယ့်လည်း ဆွဲဆောင်မှုရှိရမယ်။ ပညာသားပါရမယ်။ နောက်တခုက ကိုယ်ပိုင် Identity တခု ရှိရမယ်။ နားထောင်လိုက်တာနဲ့ စိတ်ဝင်စားစရာကောင်းတာ တခုရှိရမယ်။ အဲဒါပါပဲ။ ရွေးချယ်သွားတဲ့ သီချင်းကိုတော့ တယ်လီနောက သူတို့ Call Waiting Service တွေ၊ Call Center တွေမှာ သုံးသွားမယ်လို့ ကြားတယ်။ ပြိုင်ပွဲဝင် ရှစ်ထောင်ကနေ ငါးရာအထိကို အရင်ဆုံး Teams ဖွဲ့ပြီးရွေးတာပါ။ အဲဒီကနေ အဆင့်ဆင့် အယောက်ငါးရာထဲကနေ ဆန်ခါတင် သုံးယောက်ကို ပြန်ရွေးချယ်ထားတာပါ” ဟု ဒိုင်တဦးဖြစ်သူ ဂီတပညာရှင် ဓီရာမိုရ်က ဧရာဝတီကို ပြောသည်။

ဆန်ခါတင် သုံးဦးထဲမှ ပထမ၊ ဒုတိယ၊ တတိယဆု အသီးသီးကို သြဂုတ်လ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ၁ ပတ်တာ ကာလအတွင်း S1, S2, S3 ဟု ကုဒ်နံပါတ်များ သတ်မှတ်ထားကာ Voting စံနစ်ဖြင့် ပရိသတ်မှ မဲပေးရွေးချယ်မှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

ပထမဆုရရှိသွားသည့် လင်းမြတ်အောင်၏ တီးလုံးနှင့် ပတ်သက်ပြီး ဂီတပညာရှင် ဓီရာမိုရ်က “လင်းမြတ်အောင် ရဲ့ တီးလုံးကတော့ သူက ဂီတအသိုင်းအဝိုင်းထဲက မဟုတ်ဘူး။ သူက ဂီတကို မြတ်နိုးတယ်၊ ဂီတကို ဖန်တီးရတာ ဝါသနာပါတဲ့ ကောင်လေး တယောက်ပါပဲ။ ဒါပေမယ့် သူ့တီးလုံးလေးက ဘယ်လိုဖြစ်သွားလဲဆိုတော့ ရိုးရိုးလေးနဲ့ စိတ်ဝင်စားစရာကောင်းတယ်၊ ခန့်ညားတယ်၊ လူငယ်ဆန်တယ်၊ တက်ကြွတယ်၊ အားမာန်ပြည့်တယ်။ အဲဒါမျိုးတွေ အကုန်ပါတယ်။ အဲဒါကြောင့် သူ့တီးလုံးလေးက ကောင်းသွားတာပါ” ဟု ဆိုသည်။

ဆက်ပြီး သူက “ဂီတဆိုတာတော့ နေရာတော်တော်များများမှာ လူတွေ တော်တော်များများနဲ့ ထိစပ်နေပါတယ်။ ဒါပေမယ့် ဂီတကို Highlight လုပ်တာရှားတယ်။ ဖျော်ဖြေမှုအနေနဲ့သာ လုပ်ကြတာလေ။ ဒါကျတော့ ဖျော်ဖြေမှုမဟုတ်ဘူး။ ဒါ Resource ကို ဆွဲတင်တဲ့သဘောမျိုးနဲ့ လုပ်တာ။ ဒီလို Music Creation လုပ်တာလည်း ရှားတယ်။ တယ်လီနောက ဒါမျိုးကို စိတ်ဝင်စားတယ်၊ ဒါမျိုးကို မြင်တယ်ဆိုတဲ့အတွက် ကျနော်ကတော့ ဒါမျိုးကို ဝမ်းသာတယ်၊ အားပေးပါတယ်” ဟု တယ်လီနော၏ တေးဂီတပြိုင်ပွဲအပေါ် သူ့အမြင်ကို ပြောသည်။

Your Thoughts …
Tags: EconomyTelenor
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော် စစ်ရေးပြပွဲ

စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ

by ဥသြ
15 February 2023
5.9k

တပ်အတွင်းမှာ တရားဝင် ချမှတ်ထားတဲ့ အမိန့်ပေး ညွှန်ကြားမှု ဝါစဉ် (chains of command) အပြင် ဆရာ-တပည့်ဆက်ဆံရေး တည်ဆောက်မှုလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

Next Post
ငွေကြေး ခဝါချမှု, ပြည်တွင်း ဘဏ်များ

ဘဏ်များရှိ သံသယဖြစ်ဖွယ် ငွေအပ် ငွေလွှဲပြောင်းမှုများ စတင် စုံစမ်းနေ

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved