• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ကြံ့ခိုင်ရေး ပါတီခေါင်းဆောင် ဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူ

by လင်းသန့်
1 November 2014
in Politics
A A
ဦးအောင်သောင်း, Office of Foreign Assets Control –OFAC

သတင်းစာရှင်းလင်းပွဲ တခုတွင် တွေ့ရသည့် ဦးအောင်သောင်း (ဓာတ်ပုံ – ဧရာဝတီ)

8.2k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီခေါင်းဆောင် တဦးဖြစ်သည့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း ကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံး၏ ဆုံးဖြတ်ချက် အမှတ် (E.O.) 13448 ဖြင့် ဦးအောင်သောင်းအား နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ် သည်ဟု အောက်တို ဘာလ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အားပေး ထောက်ပံ့မှု များ ဆက်လက်လုပ်ဆောင်နေချိန်တွင် စောင့်ကြည့်လေ့လာမှုလည်း ရှိနေပြီး ၎င်းဖြစ်စဉ်များအပေါ် အနှောက် အယှက် လုပ်နေသည့် ဦးအောင်သောင်းကို အရေးယူရခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ဦးအောင်သောင်းသည် မကြာခင်ကမှ စတင်ခဲ့သည့် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားနည်းသွားစေမည့် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှုများကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေသကဲ့သို့ အတိုက်အခံ ဒီမိုက ရေစီ အင်အားစုများကို နှိပ်ကွပ်ရာတွင်လည်း ပါဝင်သူတဦးဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြသည်။

သို့အတွက် ယခုအရေးယူမှုသည် အမေရိကန်နိုင်ငံ အ တွင်း နှင့် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဦးအောင်သောင်းအား ဒဏ်ခတ်အရေးယူလိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ၎င်း နှင့် စီးပွား အတူတွဲလုပ်ခွင့်ကိုလည်း တားမြစ်ပြီးသားဖြစ်ကြောင်းကြေညာချက်က ဆိုသည်။

“မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုကို နိုင်ငံတကာက ယုံကြည်မှု ကျဆင်း လာတာနဲ့အမျှ ဦးအောင်သောင်းဟာ အဂတိလိုက်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို စိတ်ပျက်ဖွယ် ဆက်တိုက် လုပ်လာ တာတယ်” ဟု ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းနှင့်ပတ်သက်၍ OFAC ရုံးမှ ညွှန်ကြားရေးမှူး Adam J. Szubin က မှတ်ချက် ပေး ထားသည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို အမေရိကန်နိုင်ငံက အခိုင်အမာ အားပေးလျှက်ရှိပြီး ၎င်းကဲ့သို့ ဖိနှိပ်မှု၊ အာဏာရှင်ဆန်မှုများကို ကျူးလွန်နေသူများသည် အန္တရာယ်အဖြစ် ပစ်မှတ်ထား ဒဏ်ခတ်ခြင်းဟုသူက ဆက်ပြော သည်။

ဤကဲ့သို့ စစ်အစိုးရလက်ထက် ဝန်ကြီးဟောင်းတဦးဖြစ်ခဲ့သူ ဦးအောင်သောင်းအား ပိတ်ဆို့အရေးယူမှု ပြုလုပ်ချိန်သည် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

အမေရိကန်အစိုးရ အနေဖြင့် ဦးအောင်သောင်းကို ယခုကဲ့သို့ အရေးယူမှုအသစ်ပြုလုပ်ရန် အချက်အလက်စုဆောင်းနေ သည် မှာကြာပြီဖြစ်ကြောင်း၊ ဦးအောင်သောင်းအနေဖြင့် ပြီးခဲ့သည့် ရခိုင်ပြည်နယ်  လူမျိုးရေးအဓိကရုဏ်းများတွင် ပါဝင် ပတ်သက်မှု ရှိနိုင်ပြီး၊ စွမ်းအားရှင်ကဲ့သို့သော အဖွဲ့အစည်းများကို မွေးမြူ ကာငွေကြေးထောက်ပံနေသည်ဟု အမေရိကန် အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း အနောက်တိုင်း သံတမန်တဦးက သုံးသပ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
40
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

“အခုကိစ္စဖြစ်လာတာက မြန်မာ့အတိုက်အခံတွေနဲ့တော့ သိပ်မဆိုင်ဘူး၊ ဦးအောင်သောင်းကို အရေးယူဖို့ အမေရိကန် အစိုးရက စောင့်ကြည့်ပြီး အချက်အလက်စုနေတာကြာပြီ” ဟု ၎င်းကဆိုသည်။

ဤသို့ အရေးယူလိုက်သည့်အတွက် ဦးအောင်သောင်းအနေဖြင့် နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရသည့် စီးပွားရေးလုပ် ငန်းများ ထိခိုက်လာနိုင်ပြီး၊ စင်ကာပူဘဏ်များဖြင့် ချိတ်ဆက်အလုပ်လုပ်ရသည့် ငွေကြေးကိစ္စများ ထိခိုက်သွားမည်ဖြစ် သည်။

ဆက်စပ်သတင်း

  • ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

 

Your Thoughts …
Tags: Sanction
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
2.6k

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဦးဝင်းအောင်, ဆန်ရှင်, စီးပွားရေး, UMFCCI

ဦးဝင်းအောင် ဆန်ရှင်ရုပ်သိမ်းမှု မြန်မာစီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

by သစ်နေမိုး
24 April 2015
5.4k

ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

by လင်းသန့်
14 July 2012
17.4k

ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

ဦးတေဇ , NLD , ရွေးကောက်ပွဲ , ဖွဲ့စည်းပုံ အခြေခံဥပဒေ , ခရိုနီ

ဦးတေဇ ကျောက်မျက် အသင်းဥက္ကဋ္ဌ ဆက်တာဝန်ယူမည်လော

by သာလွန်ဇောင်းထက်
31 January 2013
16.1k

စီးပွားရေး ပိတ်ဆို့မှု ရှိနေလင့်ကစား မြန်မာ့ ကျောက်မျက် ဈေးကွက်ဖွံ့ဖြိုးတက်ရေး အတွက် ဥက္ကဋ္ဌဦးတေဇ၏ ဦးဆောင်မှုလိုအပ်သည်ဟု ကျောက်မျက်အသင်းက တရားဝင်ထုတ်ပြန်သည်

Next Post
မိကျောင်းကန် မြေသိမ်းမှု, မြေယာသိမ်းဆည်းမှု, လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မရှင်, ကာကွယ်ရေး ဝန်ကြီး ဌာန, တပ်ပိုင်မြေ,

“ဥပဒေက တပ်မတော်ကို မြေသိမ်းဖို့ အတွက် ခွင့်ပြုမထား”

ဗမာပြည် ကွန်မြူနစ်ပါတီ, ဗိုလ်ချုပ်အောင်ဆန်း, ဗိုလ်ကျော်ဇော,ဖက်ဆစ်တော်လှန်ရေး,

သခင်သန်းထွန်းရဲ့ စာများ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved