• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

လိုင်ဇာသို့ လက်နက်ကြီးကျ၍ KIA စစ်သင်တန်းသား ၂၀ ကျော် သေဆုံး

by နန်းလွင်နှင်းပွင့်
19 November 2014
in Crime
A A
KIA, ငြိမ်းချမ်းရေး

လိုင်ဇာမြို့ကို ဘေးပတ်လည်ရှိ တောင်တခုပေါ်မှ မြင်ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

11.5k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးသို့ လက်နက်ကြီး နှစ်လုံး ကျရောက်ခဲ့သဖြင့်  KIA မှ စစ်သင်တန်းသား အယောက် ၂၀ ကျော် သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ အကြီးတန်းအရာရှိ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည်။

နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁၂ နာရီ ၂၀ ခန့်က အစိုးရဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရသည်။

ဦးလမိုင်ဂွန်ဂျာက “ခါရာတောင်ကုန်းက ပစ်လိုက်တာ၊ စစ်တပ်ဘက်က ပစ်တာ ဟုတ်တယ်။ A 105 လက်နက်ကြီး နှစ်လုံးပစ်တာ၊ သင်တန်းသားတွေ စုဝေးစစ်ရေးပြနေတုန်း ဖြစ်တာ” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သတ်၍ KIA အကြီးအကဲများက တပ်မတော်၏ မြေပြင်အကြီးအကဲများနှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှ ဒုဥက္ကဌ ဦးအောင်မင်းတို့အား စာပို့ကာ မေးမြန်းထားသည်ဟု ဆိုသည်။

တပ်မတော်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မြေပြင်တာဝန်ရှိသူ တဦးက “ကျနော်တို့ဘက်က ရည်ရွယ်ချက်နဲ့ လုပ်တာ မရှိဘူး၊ ဘာ့ကြောင့် ဖြစ်တယ်ဆိုတာ မြေပြင်ကို စိစစ်နေတယ်၊ အခုချိန်ဘာမှ တိကျစွာ မပြောနိုင်သေးဘူး” ဟု ဧရာဝတီကို ပြောသည် ။

မြန်မာ ငြိမ်ချမ်းရေး စင်တာမှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးလှမောင်ရွှေက “အခြေအနေကတော့ သေချာတော့ မသိသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိတွေ့မှုတွေ ဖြစ်ခဲ့တယ်။ အခုချိန်မှာ ဘာကြောင့်ဖြစ်လဲ ဆိုတာကို ကျနော်တို့ မေးမြန်းထားပါတယ်။ ကျနော်တို့က တတိယပေါ့၊ နှစ်ဘက်က ပဋိပက္ခတွေ နည်းပြီး ငြိမ်းချမ်းရေးကို ဆက်လုပ်နိုင်အောင် လုပ်မှာပါ။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို မရပ်ပါဘူး” ဟု ဆိုသည်။

ယင်းသို့ ပစ်ခတ်မှု ဖြစ်ပြီးနောက် KIA ထိပ်တန်းအရာရှိများ အရေးပေါ်အစည်းအဝေး ထိုင်နေကြကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ်တွင်လည်း အစိုးရတပ်နှင့် KIA အကြား
တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

KIA မှာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ဆောင်နေစဉ်အတွင်း အစိုးရနှင့် KIA အကြား နှစ်ဖက် အပြန်အလှန် လိုက်နာရန် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ စာချုပ်တခုဖြင့် လတ်မှတ် ရေးထိုးထားခဲ့သော်လည်း စာချုပ်မှာ အောင်မြင်မှု မရှိခဲ့ပေ။

(ဧရာဝတီ အကြီးတန်း သတင်းထောက် မေခ ပူးပေါင်းရေးသားသည်)

Your Thoughts …
Tags: KIA
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
အမေရိကန် ဒေါ်လာ, အိုင်တီ ပစ္စည်း

ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ သွင်းကုန်ပစ္စည်းများ ဈေးမြင့်လာ

ပြန်ကြားရေး ဝန်ကြီးဌာန , Weekly Eleven

ပြန်ကြားရေးနှင့် Weekly Eleven အမှု ၄ ကြိမ်မြောက် ရုံးထုတ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved