• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Women

“တိုက်ခိုက်မှုရှိလေ ပိုပြီးတော့ ကြိုးစားချင်စိတ် ရှိလေပဲ”

by ဧရာဝတီ
31 March 2015
in Women
A A
ဖြူဖြူကျော်သိန်း, ဆောင်းဦးလှိုင်, တေးရေး, ဝိုင်းစုခိုင်သိန်း, One Lady Show,

အဆိုတော် ဝိုင်းစုခိုင်သိန်း (ဓာတ်ပုံ - ကိုနိုင်၊ N2)

5.9k
VIEWS
Share on FacebookShare on Twitter

အနုပညာလောကမှာ သရုပ်ဆောင်ပိုင်းသာမက အဆိုတော် အနေနဲ့ပါ အောင်မြင်မှု ရရှိထားသူက အနုပညာရှင်တွေ ထဲမှာ ရှားပါတယ်။ ဒါပေမယ့် သရုပ်ဆောင်မော်ဒယ်လ် အဖြစ်လည်း ပရိသတ်တွေက အသိအမှတ် ပြုခဲ့ပြီး တကိုယ်တော် အခွေလည်း ထွက်ရှိအောင်မြင် ထားတဲ့ အနုပညာရှင် တယောက်ရှိပါတယ်။ သူကတော့ ဝိုင်းစုခိုင်သိန်း ပဲပါ။ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား ဆိုတဲ့ တကိုယ်တော်စီးရီးအခွေ သုံးခွေအပြင် အမျိုးသား တေးသံရှင်တွေ နဲ့ အတူ သီဆိုထားတဲ့ ခါချနေရတယ်  ဆိုတဲ့ အတွဲတွေတခွေ ထွက်ရှိထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက အနုပညာ သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲ Action in 10 years One Lady Show ကို Myanmar Event Park (MEP) မှာ မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ လက်ရှိအခြေအနေနဲ့ သူ့ရဲ့ အနုပညာအကြောင်းကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။      ။ One Lady Show လုပ်တဲ့ အနုပညာရှင် တယောက်အတွက် ပွဲမှာ အဓိက စိန်ခေါ်မှုက ဘာဖြစ်မလဲ။

ဖြေ။       ။ ဝိုင်းစုအတွက် ဆိုရင်တော့ အကပိုင်း၊ ပါဖောမန့် ပိုင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝိုင်းစုက အရင်တုန်း ကတည်းက ကနေကျလည်း မဟုတ်ဘူး။ အက ထည့်ဖြစ်တာ ရှားတယ်။ အခုက ပါဖောမန့်ကလည်း ထည့်သင့်တယ် ထင်လို့။ အဓိက ဝိုင်းစုက အလုပ်နှစ်ခုကို ပြိုင်ပြီးလုပ်လို့ မရဘူး။ ဥပမာ ဖုန်းပြောနေရင် ဘေးနားကို မမြင်ဘူး။ အာရုံနှစ်ခု ထားလို့ မရဘူးပေါ့။ က,ရင်လည်း တခုပြီး တခုကို မမှတ်မိတတ်ဘူး။ က,တဲ့အခါ ချက်ခြင်း မထွက်လာဘူး။ ဒါနဲ့ ကျန်ခဲ့ရော။ အဲဒါကတော့ စိန်ခေါ်မှုပေါ့။ အဲဒီ တခုပါပဲ။ သီချင်းတွေကတော့ ကိုယ်ဆိုနေကျပဲ ဆိုတော့ အဆင်ပြေ ပါတယ်။

မေး။      ။ Action in 10 years ဆိုတာက ဂီတ သက်တမ်းကို ပြောတာလား၊ အနုပညာ သက်တမ်းကို ပြောတာလား။

ဖြေ။       ။ ဂီတသက်တမ်းပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဝိုင်းစု သီချင်းစဆိုခဲ့တဲ့ ကောင်မလေး တယောက်အကြောင်း ဆိုတဲ့ သီချင်းက ၂၀၀၅ ခုနှစ်ကလေ။ အခုဆို ဆယ်နှစ်ပေါ့။

မေး။      ။ အဲဒီ သီးချင်းက တေးရေး ဆောင်းဦးလှိုင်ရေးပေးတာနော်။ ဆောင်းဦးလှိုင်က ဝိုင်းစုရဲ့ ဂီတ လက်ဦးဆရာလို့လည်း သိရပါတယ်။ သူနဲ့တော့ သီးချင်းတွဲဆိုတာ သိပ်မတွေ့ရဘူးနော်။

ဖြေ။       ။ ဟုတ်ပါတယ်။ ကိုဆောင်းဦး ရေးပေးတဲ့ သီချင်းကို နောက်ဆုံးအခွေမှာတောင် ဆိုထားပါသေးတယ်။ ကိုဆောင်းဦး ရေးပေးတဲ့ သီချင်းတွေ တောက်လျှောက် ဆိုခဲ့တာ။ တွဲ မဆိုဖြစ်တာက ကိုဆောင်းဦးက သီချင်းတွဲ ဆိုတာ သိပ်မရှိဘူးလေ။ နောက်ဆုံး ဝိုင်းစုအခွေထဲက အလွမ်းတေးပန်းချီ ဆိုရင် ကိုဆောင်းဦးရေးပေးတာ။

မေး။      ။ ဝိုင်းစုခိုင်သိန်း ဆိုထားတဲ့ သီးချင်းတပုဒ်စီတိုင်းကို ပရိတ်သတ်က သိကြတယ်။ အားပေးကြတယ်။ ဒါဟာ ဘာကြောင့်လို့ ကိုယ့်ကိုယ်ကို မြင်မိလဲ။

ဖြေ။       ။ အဲဒါက ဝိုင်းစုက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိန်းကလေး ပရိသတ်ရော၊ ယောက်ျားလေး ပရိသတ်ရော ခံစားချက်က ဘယ်လိုရှိနေလဲ ဆိုတာကို ကြည့်တယ်။ အမြဲတမ်း လေ့လာ ဖြစ်တယ်။ အခုခေတ်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို ကြည့်တယ်။ အဲဒီအပေါ် မူတည်ပြီး သီချင်းတွေ ရေးခိုင်းတယ်။ ဥပမာ ဝိုင်းစု အခွေတခွေ လုပ်တော့မယ် ဆိုရင် သီချင်းအပုဒ် ၂၀ လောက် ရေးခိုင်းတယ်။ အဲဒီအထဲကမှ ဝိုင်းစုက ၁၂ ပုဒ်လောက် ပြန်ရွေးတယ်။ Tempo မတူတာတွေကို ပြန်ချိန်ပြီး ရွေးတယ်။ နောက်ပြီး ရွေးဖြစ်ရင်လည်း ပရိသတ်ကို ပိုဦးစားပေးပြီး ရွေးဖြစ်တာ များတယ်။ အဲဒီအတွက် ပရိသတ်နဲ့ တိုက်ဆိုင်သွားတာ ပိုပြီးများတယ်။ ဒါကြောင့် သီချင်းတွေကို ပရိသတ်က ကြိုက်ကြတာပါ။

မေး။      ။ ပထမဆုံး စီးရီး မက်လောက်စရာ ကတည်းက စပေါက်ခဲ့တာ ဆိုတော့ နောက်ပိုင်း အခွေတွေ ထွက်တော့ မယ် ဆိုရင် ရှေ့ အခွေကို မမီမှာ စိုးရိမ်တာမျိုး ရှိလား။ ဒါမှ မဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလား။

ဖြေ။       ။ စိုးရိမ်စိတ်တော့ ရှိတာပေါ့။ နောက်တခွေ မပေါက်မှာ ပရိသတ်မကြိုက်မှာ စိုးရိမ်တာ ပေါ့။ ကိုယ်ကြိုက်တဲ့ အရာနဲ့ ပရိသတ် ကြိုက်တာ ထပ်တူ မညီမှာတော့ စိုးရိမ်တယ်။ အခု အခွေ တော်တော် ထွက်ပြီးတော့ ပရိသတ်တွေ က ဘယ်လို ပုံစံမျိုး ကြိုက်တယ် ဆိုတာ သိလာရတယ်။ ဒါကြောင့် ဝိုင်းစု Theme ထဲမှာ နေရပြီး ပရိသတ် ကြိုက်တဲ့ သီချင်းတွေကို လုပ်ဖြစ်တာပေါ့။ ဘယ်သီချင်း ဆိုရင် ပရိသတ်က ဘယ်လောက် ကြိုက်နိုင်မယ် ဆိုတာကို ခန့်မှန်းမိ လာပြီ။ တခုရှိတာက ဝိုင်းစု အခု နောက်ဆုံးထွက်ထားတဲ့ ခါချနေရတယ် ထွက်ပြီးပြီ၊ ဒါပြီးတော့ နောက်အခွေက စပြီး ပုံစံ ပြောင်းမယ်။ ဘယ်လိုပုံစံ ပြောင်းမလဲ ဆိုတဲ့ အရာကို တော့ ဝိုင်းစုစဉ်းစားနေတယ်။ ပြောင်းမယ့် ပုံစံက ဝိုင်းစုနဲ့ လိုက်ဖက်မှု ရှိ၊ မရှိနဲ့ ပရိသတ်ကြိုက်၊ မကြိုက်ကိုလည်း ကြည့် ရဦးမှာပေါ့။

မေး။      ။ ဂီတကို ရှေ့ဆက်ဖြစ်တဲ့ အကြောင်းရင်း ဝိုင်းစုခိုင်သိန်းရဲ့ ပထမ စီးရီး မက်လောက်စရာ အခွေက ပရိသတ် အားပေးမှု အရမ်းရခဲ့တဲ့ အတွက်ကြောင့်လား။ ဒါမှမဟုတ် ဂီတကို လုပ်နေရရင် ကျေနပ်တဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ စိတ်ကြောင့်လား။

ဖြေ။       ။ မက်လောက်စရာ ပေါက်ခဲ့လို့ မဟုတ်ပါဘူး။ မက်လောက်စရာ ပေါက်တာ၊ မပေါက်တာထက် ဝိုင်းစု သီချင်းတွေ စဆိုမယ် လို့ ပြောခဲ့တာက ဟိုးငယ်ငယ် အသက်ခြောက်နှစ် တကည်းက၊ စီးရီးခွေ စထုတ်မယ် လို့ ပြောခဲ့တာက အသက် ဆယ့်ခြောက်နှစ်၊ တနေ့နေ့ တချိန်ချိန်မှာ ငါ စီးရီးထုတ်ဖြစ်အောင် ထုတ်မယ် ဆိုတဲ့ စိတ်နဲ့ ထုတ်ခဲ့တာ။ မက်လောက်စရာ ပေါက်တဲ့ အတွက် မဟုတ်ဘဲ ဒါကို ဝိုင်းစုကိုယ်တိုင်က ဝါသနာပါလို့ လုပ်တာပါ။

မေး။      ။ သရုပ်ဆောင်ဘက်ကနေ ဂီတလမ်းကို လျှောက်တဲ့ အခါ ဘယ်အရာတွေက ဝိုင်းစုအတွက် စိန်ခေါ်မှု အခက်အခဲတွေ ဖြစ်မလဲ။ အတိုက် အခိုက်တွေရော ရှိခဲ့လား။

ဖြေ။       ။ အင်း… တိုက်ခိုက်မှုကတော့ နေရာတိုင်းမှာ အနည်းနဲ့ အများ ကတော့ ရှိတာပဲ။ တိုက်ခိုက်မှု ရှိလေ၊ ကိုယ် လုပ်နေတဲ့ အလုပ်ကို ပိုပြီးတော့ ကြိုးစားချင်စိတ် ရှိလေပဲ ပေါ့။ တိုက်ခိုက်မှုတွေ၊ စိန်ခေါ်မှုတွေ ကတော့ ရှိပါတယ်။ ဒါပေမယ့် ဝိုင်းစုခေါင်းထဲမှာ သိပ်ပြီး မထည့်ဖြစ်ဘူး။ ဝိုင်းစုကို တိုက်ခိုက်လာရင်လည်း ဒါ ငါပိုကြိုးစားဖို့ဆိုတာကို ခေါင်းထဲထည့်ပြီး ပိုလုပ်ဖြစ်တယ်။ ငါ့ကို လာတိုက်ခိုက်တယ် ဆိုပြီး သိပ်ပြီး ထွေထွေ ထူးထူးတော့ ဝိုင်းစု ပြန်တုံ့ပြန်မှာ မဟုတ်ဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်မှာပဲ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
370
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

မေး။      ။ ဝိုင်းစုခိုင်သိန်း အရင်က ပြောဖူးတယ်၊ ဝိုင်းစုက တခုခုလုပ်မယ် ဆိုရင် စိတ်ပူတတ်တဲ့ လူမျိုးတဲ့။ အခုရော အဲဒီစိတ်တွေ ရှိသေးလား။

ဖြေ။       ။ အခုတော့ နည်းနည်း လျော့သွားပြီ၊ ဒါပေမယ့် အခု ဒီ One Lady Show လုပ်ခါနီး ကျတော့ စိတ်ပူတယ်။ လုပ်နေကျ အရာတွေ၊ ဥပမာ အခွေ ထွက်ခါနီး ဆိုရင်တော့ အရင်တုန်းကထက်တော့ လျော့သွားပြီ ပေါ့။ ကိုယ် ရွေးချယ် ထားတဲ့ သီချင်းတွေနဲ့ ဘယ်ဟာဆို ဘယ်လို လုပ်သင့်တယ်။ ဘယ် အတိုင်းအတာထိ လုပ်သင့်တယ်။ အချိန် ဘယ်လောက် ယူသင့်တယ် ဆိုတာကို သိလာပြီလေ။ အရင်တုန်းက အခွေ မထုတ်ခင်ကတော့ စိတ်ပူနေတာ။ Mixing ဆွဲရင်ရော မီပါ့မလား၊ ဟိုဟာက ပြီးပါ့မလား၊ စိတ်က ပူနေတာ။ အခုက စဉ်းစားလို့ ရသွားပြီလေ။ ဘယ်လောက် အချိန်ယူရင် အခွေထုတ်လို့ ရတယ်။ ကိုယ့်အလုပ်ကို ကိုယ်သိလာတော့ အရင်က လောက်တော့ စိတ်ပူတာ မရှိတော့ ဘူး။ One Lady Show ကျတော့ တခါမှ မလုပ်ဘူးသေးတော့ စိတ်ပူနေတာလေ။

မေး။      ။ ဝိုင်းစု One Lady Show လုပ်တဲ့ အခါ ဘယ်လို အသံမျိုးတွေ ပြန်ကြားရသေးလဲ။

ဖြေ။       ။ One Lady Show က အခုမှ ရောက်တာ ဆိုတော့ ဝေဖန်မှုကတော့ ရှိမှာပဲ။ ကောင်းသော ဝေဖန်ခြင်း အားလုံးကို ဝိုင်းစု လက်ခံတယ်။ ဝေဖန်လို့ ရတယ်။ အားပေးတဲ့သူ ကလည်း အားပေးမှာပဲ။ တချို့တွေကျတော့ ဝေဖန်တယ် ဆိုတာထက် သူတို့က ရှုတ်ချတာ ရှိတယ်။ ရှုတ်ချတာ ကလည်း အကြောင်းမဲ့ သက်သက် ရှုတ်ချတာ ရှိတယ်။ ဒါက လူတိုင်းမှာ ကြုံကြမှာပါ။ ဝိုင်းစုတင် မဟုတ်ဘူး၊ အနုပညာ နယ်ပယ်မှာ၊ တခြားနယ်ပယ်တွေမှာလည်း ရှိတယ်။

ဒါပေမယ့် ဝိုင်းစုရေ ဒီဆံပင်လေးနဲ့ မလိုက်ဘူး၊ ပြောင်းလိုက်ပါလား၊ ဒီသီချင်းလေး တော့ မကြိုက်ဘူး၊ ဒီလို သီချင်းလေး လုပ်ပါလား၊ အဲလိုမဟုတ်ဘဲ၊ Personal Attack ပေါ့။ အဲဒီလို ဝေဖန်တယ်၊ တိုက်ခိုက်တယ် ဆိုရင်တော့ အဲဒီလို လူမျိုးတွေ ကျတော့ ဝိုင်းစု ပြောချင်တာက ကိုယ်ကိုယ်တိုင် လုပ်ကြည့်ပါလို့ ပြောချင်တယ်။ ကိုယ်ကိုယ်တိုင် အလုပ်တခုကို လုပ်နိုင်ပြီလား၊ ဒါဆိုရင်ပြော၊ မလုပ်နိုင်ဘဲနဲ့ သက်သက် ပြောတာဆိုရင်တော့ အားလုံးက ဦးနှောက် ရှိတယ်လေ။ ဆုံးဖြတ်တတ်တယ်။ သူ သက်သက်ပြောတာ၊ တိုက်ခိုက်တာကို သိတယ်။ ဘာပဲ ဖြစ်ဖြစ် ပြောတဲ့သူတွေ ကတော့ ပြောနေမှာပဲ။ ပြောတဲ့သူတွေ ကိုယ်ကိုယ်တိုင် အရင်လုပ်ကြည့်ပါ၊ ငါရော လုပ်နိုင်လားလို့၊ အဲဒါကို အရင် တွေးကြည့်ပြီးမှ ပြောကြပါလို့်။

မေး။      ။ ဝိုင်းစု နောက်ဆုံးထွက်ထားတဲ့ ခါချနေရတယ် အခွေ အခြေအနေ ဘယ်လိုရှိလဲ။ အမျိုးသား အဆိုတော်တွေ အများကြီးနဲ့ တွဲဆိုပြီး အခွေထုတ်ဖြစ်တာက ဘယ်လိုကြောင့်လဲ။

ဖြေ။       ။ ခါချနေရတယ်က အခြေအနေ ကောင်းပါတယ်။ အဲဒီအခွေလေးက ဝိုင်းစုလုပ်နေတာ သုံးနှစ်လောက်ရှိပါပြီ၊  သီချင်းတွေ ကလည်း ပါဝင်သီဆိုတဲ့သူတွေရဲ့ အိုင်ဒီယာ၊ ဝိုင်းစုရဲ့ အိုင်ဒီယာ အစုံပဲ။ ပါဝင်ကြတဲ့ သူတွေကလည်း ဝိုင်းစု ကိုယ်တိုင် ရွေးချယ်ထားတာ ပါ။ ပါဝင်တဲ့ သီချင်းတိုင်းက ဝိုင်းစုဆိုနေကျ သီချင်းတွေ မဟုတ်ဘူး။ သူတို့ ဆိုတဲ့ Flow အတိုင်း ဝင်အောင် လိုက်ဆိုနိုင်ဖို့ တော်တော် လေ့ကျင့်ရသေးတယ်။ ဒီအခွေ လုပ်ရတာ တော်တော်ကို မလွယ်ဘူး။ ဒါက ဝိုင်းစုဘဝမှာ အခက်အခဲဆုံး အခွေပဲ။ ဒီလိိုအခွေ ထပ်လုပ်ဖို့ မလွယ်တော့သလို ဝိုင်းစုလည်း မလုပ်တော့ဘူး။ ဆုံးဖြတ်ပြီးသွားပြီ။

မေး။      ။ သရုပ်ဆောင်လိုက်ဘက်ကိုရော လုပ်ဖို့ ဘယ်လို အစီအစဉ်တွေ ရှိလဲ။

ဖြေ။ သရုပ်ဆောင်က ဝိုင်းစု အခု One Lady Show ပြီးမှပဲ သေသေချာချာ ပြန်လုပ်ဖြစ် တော့မယ်။ ဒါပြီးရင်လည်း တခြား Show တွေ ရှိသေးတော့ သင်္ကြန်ပြီးတော့မှ သေချာ ပြန်လုပ်ဖြစ်မယ် ထင်ပါတယ်။

မေး။      ။ MTV ဖန်တီးမှုပိုင်း အပေါ် ဝိုင်းစုခိုင်သိန်း ထားရှိတဲ့ ခံယူချက်ကိုလည်း သိချင်ပါတယ်။

ဖြေ။       ။  အဓိက ဝိုင်းစုပြောခဲ့သလိုပဲ ဝိုင်းစုက ပရိသတ်ကို ဦးစားပေးတယ်။ ပရိသတ် အတွက် အကောင်းဆုံး ပေးချင်တဲ့ စိတ် ဝိုင်းစုမှာ အမြဲတမ်းရှိတယ်။ ဝိုင်းစု စီးရီးခွေ ထွက်လာရင်ပဲ ဖြစ်ဖြစ်၊ DVD ထွက်လာရင်ပဲ ဖြစ်ဖြစ် ဒီအခွေကြီးက မကောင်းဘူး လို့ ပြောခံရတာမျိုး မဖြစ်ချင်ဘူး။ သူတို့ မကြိုက်ရင် Music ကို မကြိုက်လို့ နားမထောင် ပေမယ့် ရိုက်ကူးမှုကြောင့် မကြိုက်ဘူး ဆိုတာ ကို ဝိုင်းစု အဖြစ်မခံနိုင်ဘူး။ ပြီးပြီးရော မရိုက်ဘူး။ ဝိုင်းစု ကိုယ်တိုင် ကလည်း သရုပ်ဆောင်ဘက်က လာတာဆိုတော့ သရုပ်ဆောင် နဲ့ ပတ်သက်ရင် အကောင်းဆုံး ဖြစ်အောင်ပဲ လုပ်ချင်တယ်။

ဖြစ်သလို ရိုက်လို့ ရပေမယ့် ဝိုင်းစု ပထမဆုံးအခွေ မက်လောက်စရာ ခေတ်ကတည်းက သုံးလေးသိန်း လောက် ကုန်ပြီး ရိုက်လို့ရတဲ့ ခေတ်မှာ ဝိုင်းစု အများကြီးအကုန်ကျခံပြီး ရိုက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဝိုင်းစုရိုက်တော့ ဝိုင်းစုကို အရူးလို့ပဲ ပြောကြတယ်။ အားလုံးက နင်ရူးနေလား၊ အဲဒီလောက် အကုန်အကျခံပြီး ရိုက်စရာမလိုဘူးပဲ ပြောကြတယ်။ ဒါပေမယ့် ဝိုင်းစုရိုက်ခဲ့တယ်။ မျက်လှည့်ရိုက်တော့ ကုန်ကျစရိတ်က နောက်ထပ် တဆ ထပ်တိုးသွား တယ်။ အာဘွား ကျတော့ နောက်တဆ မကဘူး ထပ်တိုးသွားတယ်၊ ကုန်ကျစရိတ်က။ ဒါပေမယ့် ဝိုင်းစု ရိုက်ရတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ် အတွက် အကောင်းဆုံးကိုပဲ ဝိုင်းစု ပေးချင်တယ်လေ။

ဝိုင်းစုအခွေကို ကြည့်လိုက်တဲ့ အခါမှာ အခွေလေးကို ဝယ်ပြီး သိမ်းထားချင်တယ်ပဲ ဖြစ်စေချင်တော့လေ။ ဖြစ်သလို ရိုက်လိုက်လို့ ရပေမယ့် ဝိုင်းစုဘက်က အကောင်းဆုံး ပေးချင်တဲ့အတွက် ပရိသတ်တွေကို စေတနာထားတယ်။ အဲဒီ စေတနာကို ဝိုင်းစု ပြန်ခံစားရတယ်။

မေး။      ။ အခွေထုတ်ဖို့ကိုလည်း အချိန်ကို ဘယ်လောက်မှာ တခွေထွက်ရမယ်လို့ သတ်မှတ်ထားပြီး ထုတ်ဖြစ် တာလား၊ ဝိုင်းစု အခွေ တခွေထွက်တာ မြန်သလား လို့…။

ဖြေ။       ။ အခွေကတော့ ဝိုင်းစု လုပ်ပြီးရင် လုပ်ပြီးတဲ့ အချိန်မှာ ထွက်တာပဲ။ ဝိုင်းစုက နည်းနည်းလောတယ်။ အစကတည်းက တေးရေးတွေ ဆိုရင်လည်း ဘယ်ရက် ဘယ်ရက် ဆိုပြီး အတင်းထွက်ခိုင်းတာ။ များသောအားဖြင့် အနုပညာသမားတွေ ဆိုတာက စိတ်ပျော်မှပဲ လုပ်ကြတာလေ။ ဒါကြောင့် သီချင်းရေးတယ် ဆိုရင်လည်း နည်းနည်း တော့ စောင့်ရတယ်လေ။ တေးရေးဆရာ တော်တော်များများက ဝိုင်းစုဆိုရင် လောတော့မယ် မှန်း သိတယ်။ အတီးပိုင်း ဆိုရင်လည်း ဘယ်ရက် ဘယ်ရက်ဆိုပြီး တခါတည်း ကောက်ချိတ် လိုက်တာလေ။ အခုပြောရင် အခုချိတ်လိုက်တာလေ။

အဲဒီလိုမျိုး ဆိုတော့ ဝိုင်းစု အခွေတွေ ထွက်တာ နည်းနည်းလေး မြန်တယ်။ မြန်တယ် ဆိုရင်တောင်မှ အခွေ တခွေ လုပ်တာ အနည်းဆုံး အချိန် တနှစ် ကြာတယ်။ အဲဒီအချိန် တနှစ်ကျော်ကျော် အတွင်းမှာ CD ထွက်တယ်၊ VCD ထွက်တယ်။ ဒါတောင်မှ အာဘွားအခွေက တော်တော်နဲ့ မထွက်နိုင်ဘူး။ ဝိုင်းစု ဘယ်လမှ ထွက်မယ် လို့ အချိန် သတ်မှတ် လိုက်တယ်။ ထားပါတော့ ၁ လပိုင်းမှာလုပ်တယ်။ ငါးလပိုင်းမှာ ထွက်မယ်ဆိုပြီး Target ထားတယ်။ အဲဒီအချိန်အတွင်း ထွက်နိုင်အောင်ကို လုပ်တယ်။

အာဘွားကို ၆ လပိုင်းမှာ ထွက်ဖို့ Target ထားပေမယ့် မထွက်နိုင်ဘူး။ ဒါဆိုရင် ၁၀ လပိုင်း ထွက်အောင် လုပ်မယ် ဆိုပြီး ၉ လပိုင်းတုန်းက သုံးပုဒ်ထဲ ရိုက်လို့ပြီးပေမယ့် ကျန်တဲ့ ကိုးပုဒ်ကို အမြန် ရိုက်လိုက်တယ်။ အဲဒီတုန်းက ဘတ်ဂျက် အနေနဲ့ ဝိုင်းစု အကုန်အကျ အရမ်းများနေ ပေမယ့် ထွက်နိုင်အောင်ဆိုပြီး အမြန် ရိုက်လိုက်တယ်။ ဒါတောင် ၁၁ လပိုင်း ၁ ရက်နေ့မှ ထွက်ဖြစ်နိုင်တယ်။ ဝိုင်းစု ထုတ်ချင်တဲ့လကို ထုတ်ဖြစ်အောင် ထုတ်မယ် ဆိုပြီး လုပ်ခဲ့တယ်။ အဲဒါ ထုတ်ဖြစ်ပြီးမှလည်း ကျန်တဲ့ ဝိုင်းစုရဲ့ ခါချနေရတယ် အခွေက ထုတ်ဖြစ်မှာလေ။ ခါချနေရတယ် ကို ဝိုင်းစုက ၂ လပိုင်းမှာ ထွက်ချင်နေတာကိုး။

မေး။      ။ အဆိုတော်တွေမှာ တချို့က သီးချင်း သီဆိုဖျော်ဖြေတဲ့ အခါ ပါဖောမန့်ကို တော်ရုံသင့်ရုံပါရင် ရပြီ၊ တချို့က ပါဖောမန့် အားကောင်းကောင်းနဲ့ ဖျော်ဖြေတယ်။ ဝိုင်းစုက ဘယ်လို ခံယူချက် ရှိလဲ။

ဖြေ။       ။ ပါဖောမန့်ဆိုတာ လိုအပ်တယ်။ လိုအပ်လို့လည်း နိုင်ငံတကာမှာလည်း ထည့်နေတာပဲ လေ။ အဆိုပိုင်းကို ဦးစားပေးတာလည်း ပေးတာပဲပေါ့ နော်။ ပရိသတ်ကို ကျတော့ ရသမျိုးစုံ ပေးသင့်တယ် လို့ ထင်တယ်။ ဝိုင်းစုပွဲမှာ အဆိုချည်းပဲ အပုဒ် ၃၀ တောက် လျောက် ဆိုသွားလို့ ရတာပဲလေ။ ပိုတောင် သက်သာသေးတယ်။ ဒါကို ပရိသတ်က ထိုင်ကြည့်နေပြီး ပြန်သွားရင် သူတို့ အတွက်လည်း ဘာမှ မထူးခြားသွားဘူး။

ဝိုင်းစုက ပရိသတ်နေရာကနေ အမြဲတမ်း ပြန်ခံစား ကြည့်တယ်။ ဘာမှ မလုပ်ပြဘဲနဲ့ ဘာလို့ သွားကြည့်တော့မလဲ။ အခွေပဲ နားထောင်တော့မှာပေါ့။ မဖြူ (ဖြူဖြူကျော်သိန်း) က ပြောဖူးတယ်။ ကိုယ့်ပွဲကို လာကြည့်တဲ့သူကလည်း ဒီအကျႌပဲ၊ ကိုယ်ကလည်း ဒီအကျႌပဲ ဝတ်ပြီး ဆိုရင် ဘာထူးမှာလဲ တဲ့။ ဟုတ်တယ်လေ။ ပရိသတ် ဆိုတာက ပိုက်ဆံအကုန်ခံပြီး ကိုယ့်ကို အမြတ်တနိုး လာကြည့်ကြတာလေ။ ပရိသတ်ကို တလေးတစားနဲ့ ပြန်ပြီး ဆက်ဆံသင့်တယ်။ ပရိသတ်အတွက် ဘာလေး လုပ်ပေးသင့်တယ် ဆိုတာ ကိုယ်က စဉ်းစားသင့်တယ်။ ပရိသတ်ဆိုတာ မျိုးစုံရှိတယ်။ ဝယ်နိုင်တဲ့သူ ရှိတယ်၊ မဝယ်နိုင်တဲ့သူ ရှိတယ်။ ကိုယ့်ဘက်ကတော့ ပရိသတ် အတွက် အကောင်းဆုံး လုပ်ပေးရမှာပဲလေ။ ဒါ ကိုယ့်တာဝန်ပဲလေ။

မေး။      ။ ဝိုင်းစုခိုင်သိန်းက ဒီပွဲပြီးရင် သားသမီးယူတော့မယ်လို့ ကြားပါတယ်။ မိသားစု Plan ကိုလည်း သိချင်ပါတယ်။

ဖြေ။       ။ ဝိုင်းစု ကလေးယူတော့မယ် ဆိုတာ ဟုတ်ပါတယ်။ အသက်အရွယ် အပိုင်းအခြားအရ ကလေးနဲ့ ဝိုင်းစုနဲ့ သိပ်မကွာ သွားအောင်လို့ လေ။ ဒါကြောင့် ယူဖို့ စဉ်းစားပြီး ဒီပွဲပြီးရင် ကလေးယူတော့မှာပါ။ အနုပညာသမားကတော့ ကလေးယူမယ်၊ ပြီးရင် အလုပ်တွေ ကတော့ ဆက်လုပ်ဖြစ် နေမှာပဲ။ ဝါသနာပါတဲ့ အတွက်ကြောင့်မို့လို့ အနုပညာ သမားက ဒီအလုပ်ကို  ရပ်လိုက်ဖို့က တော်ရုံ မလွယ်ဘူး။ အနည်းနဲ့ အများကတော့  လုပ်နေဦးမှာပဲ။ ဝိုင်းစု ကိုယ်တိုင်လည်း ဘယ်လို ဖြစ်မလဲ ဆိုတာကို မသိသေးဘူး။ ဒါ ကံကြမ္မာအတိုင်းပဲ သွားမှာပဲ။

မေး။      ။ ရှေ့ဆက်လာမယ့် ဝိုင်းစုရဲ့ အနုပညာ အလုပ်တွေ ဘာတွေ ရှိမလဲ။

ဖြေ။       ။ သရုပ်ဆောင်ဘက်ပိုင်း ကိုတော့ ဝိုင်းစု အားပြန်စိုက်ဖို့ ရှိတယ်။ သင်္ကြန်ပြီးမှ သေချာ ပြန်ရိုက်ဖြစ်မယ်။ ဝိုင်းစု လုပ်ချင်တဲ့၊ ရိုက်ချင်တဲ့ ဇာတ်ကားတွေ ရှိတယ်။ ဇာတ်လမ်းလေးတွေ ရွေးပြီး ပြန်ရိုက်ဖို့ ရှိတယ် ပေါ့။ သီချင်း အတွက်က နောက်အခွေ ထွက်ဖို့ ကလည်း နောက်တနှစ်လောက် ကြာမယ် ပေါ့။ ဘယ်လိုသီချင်း ပုံစံတွေ လုပ်ဖြစ်မလဲ ဆိုတာ စဉ်းစားမယ်။ ပြီးရင် တေးရေးတွေကို အပ်မယ်။ ကြားထဲမှာ Show ပွဲတွေ ဆိုဖို့ရှိတယ်။ တိုက်ခိုက်မှု ရှိလေ ကိုယ်လုပ်နေတဲ့ အလုပ်ကို ပိုပြီးတော့ ကြိုးစားချင်စိတ်ရှိလေပဲ။     ။

Your Thoughts …
Tags: CelebrityEntertainEntertainment
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.3k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.5k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10.1k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

Next Post
ဒီမိုကရေစီ မရှိသော ရွေးကောက်ပွဲ ကြိုးကိုင်ခြယ်လှယ်နည်း အမျိုးမျိုး (၃)

ဒီမိုကရေစီ မရှိသော ရွေးကောက်ပွဲ ကြိုးကိုင်ခြယ်လှယ်နည်း အမျိုးမျိုး (၃)

၈ လေးလုံး, ကျောင်းသားလှုပ်ရှားမှု, ရွှေတိဂုံ, သမ္မတဦးစိန်လွင်, ဗိုလ်အောင်ကျော်, မင်းကိုနိုင်,

သင်ခန်းစာတွေ ရနိုင်တဲ့ `နွေတညမှ အစပြု၍´

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved