သတင်း

မန္တလေးတွင် ကလေးသူခိုးဟု စွပ်စွဲခံရသူကို ရဲနှင့်သံဃာ ပူးပေါင်းကယ်တင်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့ နယ်တွင်ကလေးသူခိုးဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသူတဦးကို ရဲတပ်ဖွဲ့နှင့်  သံဃာ တော် များ ပူးပေါင်းကယ်တင်ခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ  ၁၇ နေ့ နေ့လယ်ခင်း ပုသိမ်ကြီးမြို့ နယ်အတွင်းရှိ တံတိုင်းရှည်ကျေးရွာတွင်  မသင်္ကာသူ တဦးတွေ့ ရှိရသည်ဟု ဆိုကာ  ရွာသားများက  လိုက်လံဖမ်းဆီးရာ အမရပူူရမြို့ နယ်ရှိ ရွာတရွာတွင် အဆိုပါ မသင်္ကာရသူ ကို ဖမ်းဆီးရမိကြောင်း၊ ယင်းနောက် ကျေးရွာ ဓမ္မာရုံထဲတွင် တုတ်၊ဓားလက်နက်များကိုင်ဆောင် ကာ ရွာသား များ က စစ်မေးနေသည်ကို ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း လက်မခံဘဲ ရွာသားများက ဆက်လက် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ မြို့နယ်သံဃာနာယက ဆရာတော်များက လူစုခွဲပေးရန် ပြောဆိုသော်လည်း မရကြောင်း၊ နောက်ဆုံးတွင် သံဃာတော်များဖြင့် အကူအညီဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခံရသူ ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ဘုန်းဘုန်းတွေနဲ့ ကယ်ထုတ်လာတာကို  ရွာသားတွေက ခဲတွေနဲ့ ဝိုင်းပေါက်ကြတယ်။ အချိန်မီ မရောက်ရင် အဲဒီလူလည်း ကလေးသူခိုးလို့ စွပ်စွဲခံရပြီးအသတ်ခံရမှာ”ဟု  ပုသိမ်ကြီးမြို့ နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောသည်။

လူမှုကွန်ရက်တွင် ကလေးသူခိုး ဖမ်းမိသည်၊ ကလေးများ အခိုးခံနေရသည်ဆိုသော ကောလဟလ များ ပျံ့နှံ့နေပြီး ထိုကောလဟလများကြောင့်ပင် လူ့ အသက်ဆုံးရှုံးရသည်အထိ ဖြစ်ပေါ်လာကြောင်း၊ မမှန်ကန် သော သတင်းထုတ်လွှင့်မှုများကို  ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က)ဖြင့် အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

ဇန်နဝါရီလ ၁၄ရက်နေ့ကလည်း မန္တလေးမြို့ ၊  အောင်မြေသာစံမြို့ နယ်၊သီရိမင်္ဂလာအနောက်ရပ်ကွက်တွင် အရက်မူးလာသောလူတဦးကို ကလေးသူခိုးဟု  စွပ်စွဲကာ  လူအများဖြင့် ဝိုင်းဝန်းရိုက်နှက်ရာမှ အဆိုပါ ရိုက်နှက်ခံရသူသည် သေဆုံးသွားခဲ့သည်။

ဇန်နဝါရီ ၁၅ရက်နေ့ကလည်း အမရပူရမြို့နယ်၊ငယ်တိုးကျေးရွာအုပ်စု၊ကြိမ်ပြာနှင့် ချောင်းခွရွာကြားတွင် လူတဦး မယောင်မလည်လုပ်နေသဖြင့် ဝိုင်းဝန်းဖမ်းဆီးကြရာထိုလူမှ ထွက်ပြေးသဖြင့် အနောက်မှ လူအုပ်ဖြင့် လိုက်ကြ ကြောင်း၊ ထိုစဉ် အိမ်သာတက်နေသည့် ငယ်တိုးရွာသားတဦးလည်းကြောက်ကြောက်လန့်လန့်ဖြင့်  အတူလိုက် ပြေးရာ နောက်မှ လိုက်လံဖမ်းဆီးသည့် လူအုပ်ကြီးက ငယ်တိုးရွာသားကို  မိသွားပြီးဝိုင်းဝန်းရိုက်နှက်သဖြင့် ဆေးရုံတက် ကုသနေရကြောင်း၊ ရဲလှည့်ကင်းအဖွ့ဲရောက်လာပြီး စစ်ဆေးရာ မယောင်မလည်လုပ်နေသူမှာ စိတ္တဇဝေဒနာရှင်တတဦးဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရကြောင်း သိရှိရသည်။

Loading