• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော် အရပ်ဘက်ဖိုရမ် ရလဒ် UPDJC သို့ မတင်ပြနိုင်သေး

by ထက်နိုင်ဇော်
26 February 2017
in သတင်း
A A
ဖိုရမ်ပထမနေ့ ငြိမ်းချမ်းရေး ကေ်ာမရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အမှားစကား ပြော နေစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

ဖိုရမ်ပထမနေ့ ငြိမ်းချမ်းရေး ကေ်ာမရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အမှားစကား ပြော နေစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်တွင် ကျင်းပခဲ့သည့် “ပထမအကြိမ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖိုရမ်”၏ ရလဒ်များ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)သို့ တင်ပြနိုင်ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

“အခုဖိုရမ်မှာ အကြောင်းအရာတွေကို ကောက်ယူပြီးတော့မှ တကယ်ဆုံးဖြတ်ချက် ချနိုင်တဲ့သူတွေဆီကို ပို့ ဖို့က ဒီတခေါက်မှာတော့ မလုပ်နိုင်ဘူး။ ဒါပေမယ့် နောက်ထပ် ၆ လမှာ လုပ်မယ့် ညီလာခံမှာတော့ ဖိုရမ်ရဲ့ ရလဒ်တွေကို တင်ပြနိုင်ဖို့ ကြိုးစားသွားမယ်”ဟု ဖိုုရမ်ဖြစ်မြောက်ရေး တာဝန်ခံ ဦးသွင်လင်းအောင်က ဖိုရမ် အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဖိုရမ်လုပ်ငန်းလမ်းညွှန်ချက်များအရ ရလဒ်ကို UPDJC သို့ တင်ပြရမည်ဖြစ်ပြီး UPDJC က ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံ (၂၁ ရာစု) ပင်လုံသို့ ဆက်လက် တင်သွင်းနိုင်ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရသည်။

ယခုအခါ နေပြည်တော် ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများထဲမှ UPDJC က ခွင့်ပြုထားသည့် ပြန်လည် ထူထောင်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဖက်ဒရယ် သယံဇာတ စသည့်တို့ ပါဝင်သော အချက် အလက်များ ကို ခွဲထုတ်ခြင်း၊ နောက်ပိုင်း ကျင်းပမည့် ဖိုရမ်များတွင် ကျင်းပမည့် ပုံစံများ အတည်ပြု၍ UPDJC သို့ တင်ပြ ရန် တို့ကိုသာ ဆောင်ရွက်နိုင်ခဲ့သည်။

ဖိုရမ်တွင် ဆွေးနွေးရန် UPDJC ၏ ခွင့်ပြုချက် မရသေးသည့် ၂၀၀၈ ဖွဲ့စည်းပုံု ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး စသည်တို့ အပါအဝင် အခြား အကြောင်းအရာများကိုမူ အကြိုဖိုရမ်များတွင် ဆွေးနွေးခြင်း၊ မှတ်တမ်းများ ပြုလုပ်၍ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ထံ ပေးပို့နိုင်ရေးတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးမြို့မှ တက်ရောက်လာသူ ဦးစိုးဌေးကပြောသည်။

ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီဝင်လည်းဖြစ်သူ ဦးစိုးဌေးက“၂၀၀၈ ဖွဲ့စည်းပုံကို အသစ် ရေးဆွဲဖို့ဆိုတာ UP DJC ကနေ သွားလို့မရတဲ့ လမ်းကြောင်းတခု ဖြစ်နေတယ်။ UPDJC က ချထားတဲ့ မဆွေးနွေးရဆိုတဲ့ မူထဲ မှာ ပါတယ်။ မဆွေးနွေးရဘူးဆိုရင် ဒီအခက်အခဲကို ကျော်လွှားရမယ့် နည်းလမ်းကို စဉ်းစားရမယ်”ဟု ပြောသည်။

နေပြည်တော် ဖိုရမ်တွင်မူ ဆွေးနွေးမည့် ခေါင်းစဉ်ကို ကန့်သတ်မထားဘဲ အမျိုးသား သွင်ပြင်လက္ခဏာ Nation Building တခု တည်ဆောက်နိုင်ရန် ခေါင်းစဉ် အားလုံးကို ဆွေးနွေးခွင့် ပြုခဲ့ကြောင်း
ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။

“ဒါတွေတော့ ရှိတယ် ဆိုတာကို တကယ့် အဓိကကျတဲ့ လွှတ်တော်၊ အစိုးရ၊ စစ်တပ်တို့ကို ပြောပြမယ်။ သူ တို့ကို တယောက်ချင်း သွားပြောနေမယ့်အစား၊ အခုလို ဆုံချက်ကြီး တခုကနေ ပြောနေမယ်ဆိုရင် ပိုပြီးတော့ အားရှိမယ်”ဟု ဦးသွင်လင်းအောင်က ပြောသည်။

ထို့ပြင် အစိုးရက CSO များကို နိုင်ငံရေးတွင် ပါဝင်ရန် မလိုဘဲ ပရဟိတ လုပ်သည့် အဆင့်မျိုးသာ သတ် မှတ် ထားသည်ကို ပြီးခဲ့သည့်လက တနသာၤရီတိုင်းတွင် ကျင်းပခဲ့သည့် ဒေသအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

“နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို CSO တွေက ဆွေးနွေးတဲ့အခါမှာ သူတို့ပါးစပ်ကိုက ထပြီးတော့ မင်းတို့ဆွေးနွေးရမယ်အဆင့်မျိုး၊ ပုံစံမျိုး မဟုတ်ဘူးဆိုပြီး ထုတ်ပြောခဲ့တာတွေ ရှိတယ်”ဟုလည်း ဖိုရမ်ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးသွင်လင်းအောင်က ပြောသည်။

UPDJC က ခေါင်းစဉ် ၃ မျိုးသာ ဆွေးနွေးခွင့် ပြုခြင်းကိုလည်း ဖိုရမ် ခေါင်းဆောင်များက ကျေနပ်မှု မရှိဘဲ ပြည်သူလူထု၏ လိုအပ်ချက်ကို ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဟုု သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

“ဒီ CSO ဖိုရမ်မှာတော့ ဒီ ၃ ချက်ပဲ ဆွေးနွေးရမယ်လို့ ချမှတ်ထားတဲ့အတွက် ဒါက Rule လို ဖြစ်နေတယ်။ ဖြစ်နေတော့ ဒဲီ CSO ဖိုရမ်မှာ အဲ ၃ ခုထက် ပိုဆွေးနွေးမယ်ဆိုရင်တော့ ပြောရဆိုရတာတွေ ရှိလာနိုင် တယ်”ဟု ဦးသွင်လင်းအောင်က ပြောသည်။

၎င်းက ဆက်၍ “လက်တွေ့မှာလည်း တကယ်ကြုံတွေ့ရတဲ့ အခက်အခဲပဲ။ သူတို့(UPDJC)ကတော့ CSO ဖို ရမ်မှာ ဒီ ၃ ခုပဲ ဆွေးနွေးလို့ ချကောင်း ချပေး လို့ရပေမယ့် ကျနော်တို့ကတော့ တကယ့် ပြည်သူလူထုနဲ့ သွားတွေ့တဲ့အခါမှာ ဒီဟာတော့ ဆွေးနွေး၊ ဟိုဟာတော့ မဆွေးနွေးနဲ့ ဆိုတာက မကန့်ကောင်းတဲ့ အရာလို့ ကျနော်တို့က မြင်တယ်”ဟု ပြောသည်။

UPDJC ၏ လုပ်ငန်းလမ်းညွှန်သည် ဗဟိုထိန်းချုပ်မှု များပြီး အရပ်ဘက် အဖွဲ့အစည်းများ အပေါ် ကန့်သတ်မှု များနေသဖြင့် နေပြည်တော် ဖိုရမ်သို့ မတက်ရောက်ရန် ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဆုံးဖြတ်ခဲ့ကြသည်ဟုု ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်နေ့က စတင်ကာ နေပြည်တော်တွင် ၂ ရက်တာ ကျင်းပခဲ့သည့် ဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ အဖွဲ့အစည်း ၃၀၀ ကျော်၊ ကိုယ်စားလှယ် စုစုပေါင်း ၅၄၀ ဦး တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

Your Thoughts …
Tags: နေပြည်တော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲမြင်ကွင်း  / ယုဖြူဟန် / ဧရာဝတီ

အဆိုတော် ဇွဲပြည့် အဓိကသရုပ်ဆောင် လုပ်ပြီ

ပုံပေါ်လာပြီ

ပုံပေါ်လာပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved