Lifestyle

အဆိုတော် ဇွဲပြည့် အဓိကသရုပ်ဆောင် လုပ်ပြီ

ဒါရိုက်တာ မြတ်ခိုင်ရိုက်ကူးပြီး ရန်အောင်၊ ရန်ပိုင်စိုး ၊ ဟိန်းစိုး ၊ ဂျွန်လွင်၊ ထွန်းလွင်အောင်၊ ဇွဲပြည့်၊ ဆုပန်ထွာတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့” ဗီဒီယိုဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၄ နာရီက Sedona Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားတွင် Star & Model Agency မှ Star Event Prodution ရဲ့ CEO ဂျွန်လွင်နေရာတွင် သရုပ်ဆောင် ရန်အောင်က ပါဝင်သရုပ်ဆောင်ထားပြီး ဂျွန်လွင် ကိုယ်တိုင်ကလည်း သူ့ရဲ့နာမည်ရင်းဖြစ်တဲ့ တင်အောင်လွင် အမည်နဲ့ ကာရိုက်တာတခုကို သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“အဓိကကတော့ ကျနော်တို့က သရုပ်ဆောင်တွေ မဟုတ်ဘူးပေါ့နော်။ ဇွဲပြည်ရဲ့စာချုပ်ချုပ်ထားတဲ့ အေဂျင်စီအနေနဲ့ ပါဝင်ရမယ်ဆိုလို့ပါ။ ဂျွန်လွင်နေရာကနေပါရမယ် ဆိုတော့ ကျနော်အစအဆုံးလည်း သရုပ်မဆောင်နိုင်ဘူးလို့ ကိုယ့်ဘာသာယုံကြည်တယ်လေ။ ဒါကြောင့်မို့ ကိုရန်လေးကို ဂျွန်လွင်အဖြစ်နဲ့ သရုပ်ဆောင်ခိုင်းပြီးတော့ ကျနော်ကနေ ကျနော့်နာမည်အရင်း တင်အောင်လွင်အဖြစ်နဲ့ သရုပ်ဆောင်ပါတယ်” လို့ ဂျွန်လွင်က ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ့”ဇာတ်ကားရဲ့ ထူးခြားချက်မှာ ပါဝင်ကြသူတွေရဲ့ အပြင်ကာရိုက်တွေအတိုင်း ရိုက်ကူးထားတဲ့အပြင် ဇွဲပြည့်ရဲ့ဘဝတစိတ်တပိုင်းကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ဇာတ်ကားကို ဟန်နီ ရုပ်ရှင်နဲ့ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ မတ်လ ၂ ရက်နေ့မှာ တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Loading