• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သီးနှံအစိုဓာတ် တိုင်းတာသည့် ဓာတ်ခွဲခန်း ပထမဆုံး ဖွင့်လှစ်မည်

by မျိုးပပစန်း
25 July 2017
in သတင်း
A A
စပါးရိတ်သိမ်းနေမှု မြင်ကွင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

စပါးရိတ်သိမ်းနေမှု မြင်ကွင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

3.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ပထမဆုံးသီးနံှအစိုဓာတ် တိုင်းတာသည့် ဓာတ်ခွဲခန်းကို သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် လာမည့်နှစ်အတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ သိရသည်။

ထို့သို့ အစိုဓာတ်တိုင်းတာသည့် စံယူနစ်တခု ထားရှိခြင်းအားဖြင့် လယ်သမားနှင့် ကုန်သည်ကြား၊ ကုန်သည်နှင့် စက် ပိုင် ကြားအပြင် ပြည်ပတင်ပို့နေသည့် လုပ်ငန်းရှင်များအကြားတွင် ဆန်ယူနစ်များ တပြေးညီဖြစ်သွားပြီး အရောင်းအဝယ် လုပ်ဆောင်ရာတွင်လည်း ဈေးနှုန်းကွာဟမှု နည်းပါးနိုင်ကြောင်း၊ ဆန်စပါးလောကကို မည်မျှ အကျိုးသက်ရောက် နိုင် ကြောင်း ၂ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ယင်းစီမံကိန်းစတင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က “ ပညာရေး ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းမှာလုပ်မှာ။ စံချိန်စံညွှန်းနဲ့ ပတ်သက်တဲ့ တက္ကသိုလ်ကြီး ဖွင့်ဖို့ သုတေသနကြီးဖွင့်ဖို့ ဆောက်နေတယ်။ ၂၀၁၈ ခုနှစ် ၅ လပိုင်း ၆ လပိုင်းဆို ပြီးပြီ။ အဲဒီဌာနမှာ သီးနှံ အစိုဓာတ်တိုင်း ကိရိယာတွေကို စံတခုသတ်မှတ်ပြီး ထိန်းချုပ်တဲ့စနစ် ဓာတ်ခွဲခန်းတခု ဖွင့်လှစ်ပြီး သမာဓိယူနစ်တခု စထားမှာ ဖြစ်တယ်’’ ဟု ပြောသည်။

‘‘ဒုတိယစံသတ်မှတ်ချက် အနေနဲ့ ဆန်အစိုဓာတ်ယူနစ်တွေ ထားမယ်။ ဓာတ်ခွဲခန်းကနေ ပို့လိုက်တဲ့ ဆန်ယူနစ်တွေကို စမ်းသပ်မယ်။ အရည်အသွေးနဲ့ ကိုက်ညီတယ်ဆိုရင် လက်မှတ်၊ လိုင်စင်ထုတ်ပေးမယ်။ သက်တမ်း ၂ နှစ်ဆို ၂ နှစ်ပေး မယ်။ ဒါတွေကို ထပ်ပြီးတော့ ပြုပြင်ခြင်း၊ ကိုင်တွယ်ခြင်း မလုပ်ရအောင် ထိန်းသိမ်းသွားမှာ ဖြစ်တယ်’’ဟု ဆက်လက် ပြောသည်။

ထိုယူနစ်များကို ဆန်စပါးထုတ်လုပ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး နှင့် စစ်ကိုင်းတိုင်းတို့တွင် သတ်မှတ် လုပ်ဆောင် မည်ဖြစ်ပြီး ဆန်စပါးထွက်ရှိသည့် တိုင်းနှင့် ပြည်နယ်များတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲ့မှု ဌာနတွင် ဒုတိယအဆင့် စံယူနစ်တခု ထားရှိပြီး ဝန်ထမ်းများအား အစိုဓာတ်တိုင်း ကိရိယာများကို မည်ကဲ့သို့ ကိုင်တွယ်ရမည် ဟူသော နည်းပညာနှင့် သင်တန်းများ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆန်စက်များနှင့် စပါးအများဆုံး စိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီးကို ပထမဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကို ဒုတိယဦးစားပေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
370
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်တဦးက“အစိုဓာတ်ထိန်းတာ လိုအပ်တယ်။ အရည်အသွေး လိုအပ် ချက်ကြောင့် ဈေးကွက် အားနည်းတာတွေ ရှိနိုင်တယ်။ အခုလို မိုးရာသီမှာ အစိုဓာတ် ထိန်းသိမ်းဖို့ ပိုပြီး လိုအပ်ပါတယ်။ ဒါကြောင့် အဆင့် သတ်မှတ်ချက် တခုတည်း ဓာတ်ခွဲခန်းတွေ လုပ်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ အရည်အသွေးမြင့် ဆန်စက်တွေ လိုအပ်ပါတယ်’’ ဟု ပြောသည်။

အဆိုပါ စီမံကိန်းမှာ JICA Project တခုဖြစ်ပြီး ဂျပန်နိုင်ငံ အစိုဓာတ်တိုင်း ကိရိယာထုတ်လုပ်ရေးကုမ္ပဏီမှ စက်ပစ္စည်း ကိရိယာများကို ဓာတ်ခွဲခန်းတွင် တပ်ဆင်မည် ဖြစ်ပြီး ဓာတ်ခွဲခန်းပြုလုပ်ရန် ကန်ဒေါ်လာ သိန်းဂဏန်းအောက် ကုန်ကျ မည်ဖြစ်ကာ ဂျပန်အစိုးရက ၉၀ ရာခိုင်နှုန်းနှင့် သက်ဆိုင်ရာဌာနများက ၁၀ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။

Your Thoughts …
Tags: ဓာတ်ခွဲခန်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

သြစတြေးလျမှ ပျောက်ဆုံးနေသော ဗိုင်းရပ်စ်နမူနာများအကြောင်း သိကောင်းစရာ

by ဧရာဝတီ
15 December 2024
1.2k

အအေးပေးစက်တခု ချို့ယွင်းရာမှ ၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ထိုကျိုးပေါက်မှုကို ၂၀၂၃ ခုနှစ် စာရင်းစစ်ဆေးသည့်အခါမှ သိရသည်။

ပညာရှင်တွေဟာ ဝူဟန်ရောဂါဗေဒ အင်စတီကျူထဲကို သွားရောက် လေ့လာခဲ့တာပါ။

WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ

by Aurora
3 February 2021
8.5k

သိပ္ပံပညာရှင် တချို့ကတော့ တရုတ်နိုင်ငံကနေ ဓာတ်ခွဲခန်းမှာ လေ့လာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နမူနာ အချက်အလက်တွေကို ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ စစ်ဆေးသည့် စက် လှူဒါန်းစဉ်  / WSTV

တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်

by နန်းလွင်နှင်းပွင့်
7 December 2020
6.3k

ပန်ဆန်းဓာတ်ခွဲခန်းတွင် ရရှိထားသည့် စက်သည် ၃ နာရီတွင် လူဦးရေ ၉၀ ကျော်၏ တို့ဖတ်နမူနာများကို စစ်ဆေးနိုင်ပြီး ထိုစက်သည် တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ်စက် ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် တန်ဖိုး ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း Mask တပ်၍ သွားလာနေသူများ / အောင်ကျော်ထက် / ဧရာဝတီ

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်တော့မည် ဟုဆို

by ဇူးဇူး
10 February 2020
3.8k

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နေ့စဉ်ရက်ဆက် ပိုမိုမြင့်မားနေပြီး ကမ္ဘာတဝန်းတွင် ရောဂါဖြစ်ပွားသူပေါင်း ၃၄၈၈၆ ဦး ရှိသည့်အနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ၃၄၅၈၉ ဦးရှိကြောင်း သိရသည်။

AYA Bank မှ ပြုလုပ်ပေးထားသော စောင့်ကြည့်စင်တာကို ပိုးသတ်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတဦး  / ထက်ဝေ  / ဧရာဝတီ

မန္တလေးတွင် COVID-19 ပိုးစစ်မည့်ဓာတ်ခွဲခန်း မေလကုန်ဖွင့်နိုင်မည်

by မြတ်ပြည့်ဖြိုး
30 April 2020
4.1k

မေလနောက်ဆုံးပတ်တွင် ဓာတ်ခွဲခန်းစတင် ဖွင့်လှစ်နိုင်ပါက မန္တလေးတိုင်း အပါအဝင် အထက်မြန်မာပြည်အတွက် အသုံးပြုမည့်ဓာတ်ခွဲခန်း ၁ ခုဖြစ်လာကာ ကိုဗစ်ဓာတ်ခွဲ နမူနာများ ပေးပို့ခြင်း၊ စစ်ဆေးခြင်းလည်း ယခုထက် လုပ်ငန်းပိုမို မြန်ဆန်လာလိမ့်မည်

ချင်းပြည်နယ်တွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီ ၂၃ ရက်နေ့အထိ တလအတွင်း Covid-19 လူနာ ၅ ဦးတွေ့ရှိထားသည်  / Bawi M Lian

တီးတိန် Case 1 လူနာနှင့်ထိတွေ့ခဲ့သူ ၂၄ ဦး တွင် ပိုးမတွေ့

by လဲ့လဲ့
28 April 2020
27.6k

Case 1 လူနာအား ထပ်မံစစ်ဆေးထားသည့် ရလာဒ်မှာလည်း ဧပြီ ၂၉ ရက်နေ့တွင် သိရမည်ဖြစ်ကြောင်း၊ ကျန် ၁၈ ဦးအဖြေများလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

Next Post
ရန်ကုန်တိုင်း၊ ကြက်မွေးမြူရေးခြံတခြံကို ယခုနှစ်ပိုင်းအတွင်းကတွေ့ရပုံ / မျိုးမင်းစိုး / ဧရာဝတီ

ထားဝယ်တွင် ကြက်သားနှင့်ကြက်ဥ ဖြန့်ဖြူးရောင်းချမှု ယာယီရပ်ဆိုင်း

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် မူလတန်းကျောင်းသူ အသတ်ခံရမှု ဓာတ်ပုံ

နားကပ်ချွတ်လုရာမှ မူလတန်းကျောင်းသူကို သတ်မိကြောင်း တရားခံဝန်ခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved