• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာဂဒေသတွင် ရာသီတုပ်ကွေးဖျားကြောင့် ကလေး ၄ ဦးသေဆုံး

by ငြိမ်းငြိမ်း
5 September 2018
in သတင်း
A A
ရာသီတုပ်ကွေးဖျားကာ ကလေးငယ် ၄ ဦး၏ အသက်ကို နုတ်ယူခံရသော လန်းပန်းရွာမှ ဖျားနာနေသော ကလေးငယ်တဦး / Sing Maung Yawngva  /  Facebook

ရာသီတုပ်ကွေးဖျားကာ ကလေးငယ် ၄ ဦး၏ အသက်ကို နုတ်ယူခံရသော လန်းပန်းရွာမှ ဖျားနာနေသော ကလေးငယ်တဦး / Sing Maung Yawngva / Facebook

7.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့အနီး၊ လန်းပန်းကျေးရွာရှိ ကလေးငယ် ၄ ဦးမှာ ယခင်ရက်သတ္တပတ်က ရာသီတုပ်ကွေးဖျား ရောဂါကြောင့် သေဆုံးခဲ့ရပြီး လွန်ခဲ့သည့် တလကျော်ကတည်းက ရွာ ၄ ရွာတွင် ရာသီတုပ်ကွေးဖျား ကူးစက်မှုဒဏ် ခံစားခဲ့ရကြောင်း သိရသည်။

အသက် ၁ လမှ ၁၀ နှစ်အကြားရှိ ကလေးငယ် ၄ ဦးမှာ တုပ်ကွေးရောဂါကြောင့် သြဂုတ်လ ၂၅ ရက်၊ ၂၆ ရက်၊ ၂၈ ရက်နှင့် စက်တင်ဘာလ ၂ ရက်တို့တွင် သေဆုံးခဲ့ရကြောင်း နန်းယွန်းမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် ယောင်းဝါက ဆိုသည်။

ရာသီတုပ်ကွေးဖျားဟု ဆိုသော်လည်း ကလေးများသည် အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် တခုခုဖြစ်လာပါက အဖျားဒဏ်ကို ခံနိုင်ရည်မရှိဘဲ နောက်ဆက်တွဲ အသက်ဆုံးပါးရသည်အထိ ဖြစ်ရသည်ဟု အဆိုပါ လွှတ်တော် ကိုယ်စားလှယ်က ရှင်းပြသည်။

နန်းယွန်းမြို့နယ်မှ မိုင် ၈၀ အကွာရှိ လန်းပန်းရွာဘက်သို့ သွားရောက်ခဲ့သည့် ၎င်းက လန်းပန်းရွာသား စုစုပေါင်း ၄၂၅ ဦးအနက် အများစုဖြစ်သည့် ၃၅၇ ဦးမှာ ရာသီတုပ်ကွေးဖျား နေကြသည်ကို တွေ့ခဲ့ရဟု ပြောသည်။

တနင်္ဂနွေနေ့က အသက် ၁ နှစ်ခွဲရှိ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရသည်။ ယင်းကလေးငယ်ကို စက်တင်ဘာ ၁ ရက်နေ့က လဟယ်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း ကုသမှုမပေးနိုင်တော့သဖြင့် နောက်တစ်နေ့တွင် ဆေးရုံမှ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး သေဆုံးသွားခဲ့ရကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဧရာဝတီသို့ စက်တင်ဘာ ၃ ရက်နေ့တွင် ပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့က ဒုံဟီးမြို့အနီး ဝမ်ရုတ်ကျေးရွာတွင် တုပ်ကွေးဖျားရောဂါ စတင်ဖြစ်ပွားခဲ့သည်ဟု သတင်း ကြားကတည်းက လိုအပ်သည့်ဆေးဝါးနှင့်ကုသမှုများ ပေးနေကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးက သြဂုတ်လ ၃၀ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ဝမ်ရုတ်ကျေးရွာတွင် တုပ်ကွေးဖျားနေသော ရွာသားများကို ကုသမှုများ ပေးခဲ့ပြီး စိုးရိမ်ဖွယ်ရာမရှိတော့ကြောင်း ၎င်းကြေညာချက်က ဆိုသည်။ သို့သော် လန်းပန်းကျေးရွာနှင့် ပတ်သက်၍ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ရောဂါဖြစ်ပွားသည့် ကျေးရွာများသို့ နာဂအရှေ့ပိုင်း ဖွံ့ဖြိုးရေးအဖွဲ့ကဲ့သို့ လူမှုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တို့က ကျေးရွာများသို့ အလျင်အမြန်သွားရောက်ကာ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

သို့သော် လန်းပန်းနှင့် ဝမ်ရုတ်ကျေးရွာများပင် တရွာနှင့်တရွာ ၁၀ မိုင်ခန့်ဝေးပြီး သတင်းအချက်အလက် ပေးပို့နိုင်ရန် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်လည်း မရှိကြောင်း သိရသည်။

ဒုံဟီးမြို့အနီးရှိ ယင်းကျေးရွာများသို့သွားမည့် လမ်းပန်းဆက်သွယ်ရေးမှာလည်း အလွန်ခက်ခဲ ကြမ်းတမ်းပြီး ဒုံဟီးမြို့မှ လန်းပန်းသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားလျှင် အနည်းဆုံး ၃ နာရီကြာမြင့်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောပြသည်။

မိမိတို့မြို့တွင် အရပ်သားဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဖက်ဆရာဝန်များပါ ရှိသည့် တိုက်နယ်ဆေးရုံတရုံရှိ၍ ဒေသခံများသည် ရာသီတုပ်ကွေးကဲ့သို့သော ကျန်းမာရေးခြိမ်းခြောက်မှု အန္တရာယ်မှ ယေဘုယျအားဖြင့် လွတ်ကင်း ချမ်းသာကြရကြောင်း ဒုံဟီးမြို့ခံတဦးဖြစ်သည့် ဦးလော်တူးက ပြောသည်။

ဝေးလံခေါင်ဖျားသော အဆိုပါကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ချိတ်ဆက် ဆက်သွယ်မှုများ ကင်းမဲ့သည့်အပြင် ကျန်းမာရေးနှင့် မညီညွတ်သည့်နေထိုင်မှုပုံစံများနှင့် တကိုယ်ရေသန့်ရှင်းမှု အသိဗဟုသုတများ မရှိကြခြင်းက ရောဂါကို ပိုမိုဆိုးရွားစေကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

စက်တင်ဘာ ၃ ရက်အထိ ဝမ်ရုတ်၊ လန်းပန်းနှင့် ဟဟောင် ကျေးရွာများတွင် တုပ်ကွေးဖျားသူများမှာ ဖျားနာမှုက သက်သာလာပြီဖြစ်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်ရန်မှာ ရက်သတ္တပတ်တပတ် (သို့မဟုတ်) ယင်းထက်ပို၍ လိုအပ်နေသေးကြောင်း ဦးစိမ်းမောင် ယောင်းဝါက ပြောသည်။

“ကျန်းမာရေးပညာရှင်များက အခြေအနေကို လုံးဝစိတ်ချရပြီလို့ သတ်မှတ်မှ ဒီရောဂါ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရမှာပါ။ ကျနော်တို့ စောင့်ကြည့်ဖို့လိုပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်နှစ်ကလည်း နာဂဒေသတွင် ဝက်သက် ရောဂါဖြစ်ပွား၍ ကလေးငယ် ၈၀ ဦး သေဆုံးကြောင်း သတင်း ထွက်ပေါ်ခဲ့သော်လည်း အစိုးရက သေပျောက်နှုန်းကို ၄၁ ဦးသာ ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် – နာဂဒေသတွင် ရိက္ခာအကျပ်အတည်း ကြုံတွေ့နေရ

Your Thoughts …
Tags: ကလေး ၄ ဦးသေဆုံးနာဂဒေသရာသီတုပ်ကွေး
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

by မေရီခိုင်
14 July 2025
1.2k

ULFA -I ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဒုဗိုလ်ချုပ်ကြီး နေယန်မက်ဒီ၊ ဗိုလ်မှူးချုပ် ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီး ပရာဒစ်အာဆုတို့အပါ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့တွင် ULFA က...

ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံ / သက်ထွန်းနိုင် / ဧရာဝတီ

ရန်ကုန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေးငယ်များကြား ပျံ့နှံ့နေ

by ဧရာဝတီ
14 July 2023
4.6k

ကုသရေးပိုင်းတွင်လည်း ဆရာဝန် အများအပြား အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရ‌ ခြင်းများကြောင့် ကျန်းမာရေး စနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိဘဲ ယခင်က နိုင်နိုင်နင်းနင်း ကုသနိုင်သည့် အဆုတ်ရောင်၊ လေပြွန်ရောင် ရောဂါများမှာ ယခုအခြေအနေတွင်...

ကရင်နီတွင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

ကရင်နီတွင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

by ဧရာဝတီ
6 September 2023
211

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များအတွင်း ရာသီတုပ်ကွေးအပြင် ကလေးများ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများနေကာ ဆေးဝါးအခက်အခဲ ကြုံနေရကြောင်း


နာဂတောင်တန်းရဲ့ တိမ်လွှာတွေကြားက လေရှီးမြို့

by လဲ့လဲ့
13 November 2019
18.5k

အမှန်က နာဂလူမျိုးတွေက မရိုင်းပါဘူး။ အင်မတန် ယဉ်ကျေးပြီး ရိုးသားတဲ့လူမျိုး ဖြစ်ပြီး ဧည့်သည်လာရင် ပျော်ကြတဲ့ လူမျိုးတွေ ဖြစ်တယ်။

နာဂတောင်တန်းတွေကြားက သာယာလှပဖွယ်ရှုခင်းများနှင့် လေရှီးမြို့ / လဲ့လဲ့ / ဧရာဝတီ

ဝေးလံခေါင်သီသည့် နာဂဒေသ၌ တာဝန်ထမ်းရန် ဆရာဝန်များ လိုအပ်နေ

by လဲ့လဲ့
20 May 2020
9.6k

လူဦးရေ ၁ သိန်း ၃ သောင်းကျော် ရှိသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မြို့နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ကျန်းမာရေး ဌာနခွဲများစွာ ရှိသော်လည်း လေရှီး၊ နန်းယွန်းနှင့် လဟယ်မြို့နယ် ၃...

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်း / ဒေါက်တာ ဥက္ကာကြည်ဝင်း / Facebook

ရာသီတုပ်ကွေး လာရင် တော်တော် ရှုပ်ထွေး ခက်ခဲမယ်

by သဇင်လှိုင်
11 May 2020
11.2k

ဒေါက်တာ ဥက္ကာကြည်ဝင်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

Next Post
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အဆောက်အဦ အပျက်အစီးများ / South China Morning Post

ဂျပန်အနောက်ပိုင်း ဝင်ရောက်သည့် မုန်တိုင်းကြောင့် ၁၁ဦးသေဆုံး

မီးဖိုချောင်သုံးပစ္စည်းအများစုဟာ ကျန်းမာရေးပြဿနာတွေထဲမှာ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေနိုင်တယ်

ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved