• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ရာသီတုပ်ကွေး လာရင် တော်တော် ရှုပ်ထွေး ခက်ခဲမယ်

by သဇင်လှိုင်
11 May 2020
in အင်တာဗျူး
A A
အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်း / ဒေါက်တာ ဥက္ကာကြည်ဝင်း / Facebook

အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်း / ဒေါက်တာ ဥက္ကာကြည်ဝင်း / Facebook

11.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုသည် မေလ ၁၁ ရက်အထိ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၁၈၀ ဦး အထိ ရှိလာပြီ ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် မကြာမီ ရောက်ရှိလာတော့မည့် မိုးရာသီကာလ၌ ထပ်မံ ကြုံတွေ့လာရမည့် ရာသီတုပ်ကွေး အန္တရာယ်လည်း ရှိနေပေသည်။

လက်ရှိ ရင်ဆိုင်နေရဆဲ COVID-19 ရောဂါ ဖြစ်ပွားနေချိန်တွင် ရာသီတုပ်ကွေးကိုပါ ကြုံတွေ့ရပါက ကုသမှု အပိုင်းတွင် လည်း အခက်အခဲများစွာ ဖြစ်ပေါ်နိုင်ပြီး ပြည်သူများ အနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများ ရှိလာမည် ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

ဒေါက်တာ ဥက္ကာကြည်ဝင်းသည် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင်၂၀၀၆ ခုနှစ်မှ၂၀၁၁ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် တာမွေမြို့နယ်ရှိ စံပြအထူးကု ဆေးခန်း ဖွင့်လှစ်ထားကာ ဆေးကုသမှုများ လုပ်ဆောင်လျက် ရှိသည့်အပြင် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များအား မီဒီယာများတွင် မျှဝေ ဖြေကြားပေးနေသူလည်း ဖြစ်သည်။

မေး။ ။ တုပ်ကွေးရာသီက စတော့မှာပေါ့။ တုပ်ကွေး လက္ခဏာနဲ့ COVID-19 ရဲ့ လက္ခဏာတွေ တော်တော်များများက ဆင်တူနေတာကြောင့် ပြည်သူလူထုက စိုးရိမ်နေကြပါတယ်။ တုပ်ကွေးရာသီကာလမှာ COVID-19 ဆက် ရှိနေရင် ဘယ်လိုများ ဖြစ်လာမယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ Seasonal Flu က ဇွန်လဆန်းကနေ ဇူလိုင်၊ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းလောက် အထိကို သူ့ရဲ့ ပုံမှန်ရာသီတုပ်ကွေး အချိန်ပေါ့။ အဲဒီအချိန်မှာဆိုရင် သိသိသာသာကိုပဲ အထွေထွေရောဂါကု ဆေးခန်း လေးတွေမှာ တုပ်ကွေးလူနာက တော်တော်လေးကို အရေအတွက် များလာတာပေါ့။

လတ်တလော COVID-19 ဖြစ်တဲ့ လူနာကလည်း Control ကောင်းကောင်း မရသေဘူးဆိုတဲ့ အခြေအနေ၊ ရာသီတုပ်ကွေး ကလည်း နောက် ၁ လလောက်နေရင် ရောက်တော့မှာဆိုတော့ အဲဒီမှာသွားပြီတော့ Overlap (နှစ်ခု တပြိုင်နက် ဖြစ်ပွား) သွားပြီး ငြိမယ်ဆိုရင် တော်တော်လေးကို ရှုပ်ထွေးမယ့် လက္ခဏာမျိုး မြင်တယ်။

ပြီးတော့ COVID-19 ရဲ့ ရောဂါလက္ခဏာနဲ့ ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာနဲ့က တော်တော်များများ ဆင်တူနေတဲ့ အခါ ကျတော့ တော်တော်လေး ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်။ တဖက်က ပြန်ပြီးကြည့်တဲ့ အခါမှာလည်း COVID-19 ကို လူ တွေတော်တော်များများက Awareness ပေါ့။ တော်တော်များများက သတိထားပြီးတော့ ရှောင်ကျဉ်ပြီးတော့ ကာကွယ်နေ တဲ့ အခါကျတော့ ရာသီတုပ်ကွေးကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမလားပေါ့။

ဥပမာအားဖြင့် Social Distancing ပေါ့။ တယောက်နဲ့ တယောက် ခပ်ခွာခွာနေမယ်။ Mask တွေ တပ်ကြတယ်။ နှာစေး၊ ချောင်းဆိုးတဲ့ အခါကျရင် လက်နဲ့အုပ်ပြီး ဆိုးတာမျိုးပေါ့နော်။ ပြီးတော့ တကိုယ်ရည် သန့်ရှင်းရေး Hygiene ကိုလည်း ဂရု စိုက်ကြတယ်။ လက်ကို မှန်မှန်ဆေးကြတယ် အစရှိသဖြင့်ပေါ့လေ။ ဒါတွေကို ဂရုစိုက်ပြီး လိုက်နာတဲ့အခါကျတော့ ရာသီ တုပ်ကွေးရဲ့ ပျံ့နှံ့မှုကို သူက အတိုင်းအတာ တခုအထိ အကာအကွယ် ပေးနိုင်မလားပေါ့။

တဖက်ကလည်း ကောင်းတဲ့လက္ခဏာရှိပြီး တဖက်ကလည်း Overlap ဖြစ်ပြီး ပိုဆိုးသွားမလားပေါ့လေ။ အဓိကအားဖြင့်တော့ အထွေထွေရောဂါကု ဆေးခန်းလေးတွေအနေနဲ့ လတ်တလောမှာ လိုက်နာနေရတာကတော့ အဖျားရှိပြီဆိုရင် လက်ခံ ကုသလို့ မရဘူး။ Fever Clinic တွေကို လွှဲပေးရတယ်။ အဲဒီလိုမျိုး Guideline နဲ့ သွားနေတာဆိုတော့ တကယ်တမ်းသာ ရာသီတုပ်ကွေးသာ ခါတိုင်း နှစ်တွေလိုပဲ ပျံ့နှံ့ ကူးစက်လာမယ်ဆိုရင် တော်တော်လေးကို ရှုပ်ထွေးခက်ခဲမယ့် အခြေအနေလို့ ထင်ပါတယ် ခင်ဗျ။

မေး။ ။ တုပ်ကွေး ရာသီကာလမှာ COVID-19 ဖြစ်တာလား။ တုပ်ကွေးဖြစ်တာလား ဆိုတာ ပြည်သူတွေအနေနဲ့ အလွယ် တကူ ခွဲခြားသိရှိနိုင်မယ့် နည်းလမ်းရှိလား။

ဖြေ။ ။ အလွယ်တကူ သိနိုင်ဖို့ကတော့ ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ လတ်တလောမှာတင် ဖျားတယ်ဆိုရင်တောင် အထွေထွေရောဂါကု ဆေးခန်းတွေ အနေနဲ့က လက်ခံ ကုသခြင်း မပြုဘဲ သက်ဆိုင်ရာ Fever Clinic ကို လွှဲပေးရမယ်လို့ လိုက်နာရတဲ့ အတွက်ကြောင့် သာမန်ပြည်သူအတွက်က ဒါ COVID-19 ကြောင့်ဖြစ်တဲ့ ရောဂါလား။ သာမန် Seasonal Flu လို့ ခေါ်တဲ့ ရာသီတုပ်ကွေးလားဆိုတာ သူတို့အနေနဲ့ ခွဲခြားဖို့တော့ ခက်လိမ့်မယ်။

ဖျားမယ်၊ နှာစေးမယ်၊ ချောင်းဆိုးမယ် အဲဒီလိုမျိုး လက္ခဏာတွေ ဖြစ်မယ်ဆိုရင် ပေါ့ပေါ့ဆဆ မနေဘဲ သက်ဆိုင်ရာ Fever Clinic တွေကို သွားရောက် ကုသတာ ပိုပြီးတော့ အကောင်းဆုံး ဖြစ်မယ်။ ခါတိုင်းနှစ်တွေ ကျတော့ COVID-19 မဖြစ်တဲ့ အခါ ဒါဟာ ရိုးရိုး ရာသီတုပ်ကွေးပဲ ဆိုတော့ အချို့ကျလည်း ဆေးခန်းလေးတွေ သွားကြတယ်။ အချို့ကျလည်း လက်လှမ်းမီတဲ့ ဆေးဝါးလေးတွေနဲ့ အိမ်မှာ နားနေတာလည်း ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာကတော့ COVID-19 နဲ့ Seasonal Flu က ခွဲခြား ရခက်တဲ့အတွက် ခါတိုင်းနှစ်တွေလို ပေါ့ပေါ့ဆဆ မနေဘဲ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကို သွားဖို့ လိုတယ် ခင်ဗျ။

မေး။ ။ ရာသီတုပ်ကွေးကို ကိုဗစ်နဲ့ မှားယွင်းပြီး သံသယဖြစ်လာမယ် ဆိုရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲ။

ဖြေ။ ။ အဲဒါကကျတော့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက Guideline ပေါ့။ ဘယ်လိုလူနာကို ဘယ်လိုကုသရမယ်။ စစ်ဆေး စမ်းသပ်မှုတွေ ဘယ်လိုလုပ်ရမယ်။ ဘယ်လိုလူနာကို ဘယ်လိုမျိုး ထားရမယ်ဆိုတဲ့ Guideline တွေ အမြဲတမ်း ထုတ်ပြန်နေတာ။ Guideline တွေကလည်း အမြဲတမ်း Update ဖြစ်နေတယ်ပေါ့နော်။ ကူးစက်ပျံ့နှံ့မှု အနေအထားပေါ် မူတည်ပြီး Guideline တွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ တကယ်လို့သာ ရာသီတုပ်ကွေး စဖြစ်ပြီဆိုလို့ရှိရင် အဲဒီအချိန်ရောက်လာပြီဆိုရင် Guideline က ဘယ်လိုပြောင်းမလဲ ဆိုတာကတော့ ပြောရတော့ နည်းနည်းတော့ ခက် တယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက သေချာတော့ ဒီ Guideline ကို ထုတ်ပေးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း အဲဒီဟာကို သေချာ ဂရုစိုက်ကြမှာ ဆိုတော့။ ကျနော်တို့က အဲဒီ Guideline ကို လိုက်နာဖို့ပဲ လိုပါတယ်။

မေး။ ။ အဲဒီလို ရာသီတုပ်ကွေးဖြစ်လာတဲ့ ကာလမှာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် ပိုပြီး ဝန်ပိလာမယ့် အနေအထား မျိုး ရှိလား။

ဖြေ။ ။ ရှိတာပေါ့။ ပုံမှန် တုပ်ကွေးရာသီ ရောက်ပြီဆိုရင် ရာသီတုပ်ကွေးအပြင်ကို လေးနှစ် တကြိမ်လောက် အရေအတွက် များများလာတတ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါကလည်း ပေါ်ပေါ်လာတတ်တယ်။ အဲဒါတွေကလည်း မိုးရာသီဆို ပေါ်ပေါ် လာတတ်တယ်။ တကယ့်ကို ကျန်းမာရေး ဝန်ထမ်းတွေအတွက် Challenges ပေါ့နော်။ လူနာအများဆုံး အခြေအနေပေါ့။ ရပ်ကွက်ထဲက ရောဂါကုဆေးခန်းတွေ ဆိုရင်လည်း တုပ်ကွေးရာသီဆိုလို့ရှိရင် လူနာတွေ တော်တော်များများကို ကုသရတာ တွေ့ရတယ်။

ဒီနှစ်မှာကျတော့ ပိုပြီး ခက်ခဲသွားတာက ဒီဆေးခန်းတွေ တော်တော်များများက ပိတ်ထားကြရတယ်။ အဖျားရှိပြီဆိုရင် လည်း လက်ခံကုသလို့ မရဘဲ သက်ဆိုင်ရာ Fever Clinic ကို လွှဲပေးရတော့ တော်တော်လေးကို ဝန်ပိသွားမယ်။ ဒီ Fever Clinic တို့ အစိုးရ ဆေးရုံတို့မှာ တော်တော်လေးကို ဝန်ပိသွားမယ့် အခြေအနေ ရှိတယ်။

မေး။ ။ ဖြစ်ပေါ်လာမယ့် အဲဒီအခြေအနေအတွက် ကျန်းမာရေးဝန်ကြီးဌာနကရော ဘာတွေ ပြင်ဆင်ထားသင့်သလဲ။

ဖြေ။ ။ တုပ်ကွေးရာသီက မေလကုန်၊ ဇွန်လဆန်းဆို စပြီးတော့လာပြီ။ ကြားထဲမှာ ၁ လလောက်တော့ အချိန်တော့ ရသေးတယ်။ အဲဒီအချိန်မှာ COVID-19 လူနာ Positive အရေအတွက် ဘယ်လောက် တက်လာမလဲ။ ခုလိုမျိုးပဲ တနေ့ကို ၂ ယောက်၊ ၃ ယောက် တွေ့မယ်။ ပြန်ပြီး Recovery လုပ်နိုင်တဲ့သူ များလာမယ်။ အဲဒီလိုမျိုး ထိန်းထားနိုင်မယ်ဆိုရင် မဆိုးဘူးပေါ့နော်။

အဲဒီလိုမျိုး မဟုတ်ဘဲ ရုတ်တရက် Positive လူနာတွေ အများအပြား တွေ့တဲ့ အခြေအနေမျိုးဆိုရင် တော်တော်လေးကို ခက်ခဲမယ့် အခြေအနေပေါ့။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကိုယ့်ထက်ပိုပြီး အမျှော်အမြင်များစွာနဲ့ပဲ ထုတ်ပြန်မှာပါ။ ကျနော်တို့ကလည်း လက်ရှိအခြေအနေမှာ စောင့်ကြည့်နေရတဲ့ အခြေအနေပေါ့။

မေး။ ။ COVID-19 ဟာ ဒီမိုးရာသီ တုပ်ကွေးကာလမှာ ပိုမို ကူးစက်နိုင်ခြေရော ရှိလာမလား။

ဖြေ။ ။ အဲဒီလိုမျိုး တိုက်ရိုက် ဆက်စပ်တာမျိုးတော့ မရှိဘူး။ တခုရှိတာက ဒီရာသီတုပ်ကွေးလို့ ခေါ်တဲ့ Seasonal Flu မှာ ဘာကြောင့် ဒီလိုမျိုး ကူးစက်ပျံ့နှံ့ကြလဲဆိုတာ အချက်အလက်တခုက မိုးတွင်းကာလမှာ လူတွေဟာ အမိုးအကာအောက် မှာပဲ စုနေကြတယ်။ ဥပမာ မိုးရွာနေတယ်ဆိုရင် ကိုယ့်အိမ်ထဲမှာ ဖြစ်စေ၊ ရုံးထဲမှာဖြစ်စေ အဆောက်အအုံ တခုတည်းမှာ စုပြီး နေကြတာမျိုး။ အဲဒီအခြေအနေမျိုးမှာ အချင်းချင်း ပိုပြီးထိတွေ့မှုများတဲ့အတွက် ပိုပြီး ကူးစက်ကြတယ်။

ဒါကြောင့်မို့ ရာသီတုပ်ကွေးရဲ့ ကူးစက်ပျံ့နှံ့မှုက အဲဒါက အချက်အလက်တခုဆိုတော့ အဲဒါနဲ့ ချိတ်ကြည့်ရင်တော့ ဆက် စပ်မှု ရှိနိုင်တယ်ဗျ။ အခုလို မိုးတွင်းရာသီမှာ ပွင့်လင်းရာသီမှာလို Social Distancing ကောင်းကောင်း တယောက်နဲ့ တယောက် ခွာပြီးနေတာမျိုး မနေနိုင်ဘဲ ရာသီဥတုအခြေအနေအရ တနေရာတည်းမှာ စုနေတာမျိုး ဖြစ်လာမယ်ဆိုရင် ရာသီတုပ်ကွေးအပြင် COVID-19 ကူးစက်မှုက ပိုပြီး ဆိုးသွားမယ်လို့ ထင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ ဒီ တုပ်ကွေးရာသီ မတိုင်ခင် COVID-19 ကို လုံးဝ မပြန့်ပွားအောင် ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရော ရောက်နိုင်ခြေ ရှိမလား။

ဖြေ။ ။ ကျနော့် တယောက်ထဲ အမြင်အနေနဲ့ကတော့ အခု လတ်တလောမှာကလေ အခြေအနေ ကောင်းသေးတယ်။ ဒီအစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ Positive တွေ့တဲ့ လူနာတွေကလည်း အများကြီး မရှိဘူးလို့ ပြောလို့ရတယ်။ Test လုပ်တဲ့သူတွေက တနေ့တနေ့ ၅၀၀၊ ၆၀၀ အဲဒီမှာမှ ၂ ယောက် ၃ ယောက် ဆိုတဲ့ အခြေအနေဆိုတော့ စမ်းသပ် စစ်ဆေးတဲ့ လူနာ အရေအတွက်နဲ့ Positive လူနာအရေအတွက် ရာခိုင်နှုန်း ချကြည့်လိုက်ရင် တွေ့တဲ့ လူနာ အရေအတွက်က နည်းတယ်။

တချို့ပြောသလိုမျိုး ဒီထက် ပိုစစ်န်ိုင်ရင် ဒီထက် ပိုတွေ့နိုင်မယ်ပေါ့။ အဲဒီလိုမျိုးပြောတာ မှန်တော့ မှန်တယ်။ တဖက်က ပြန်စဉ်းစားရင်တော့ တကယ်တမ်းသာ အစုလိုက် အပြုံလိုက် ဖြစ်ပွားပြီးတော့ ဖြစ်ကြမယ်ဆိုရင် အခုလိုမျိုး Social media network အရမ်းကို Hot ဖြစ်နေတဲ့ အချိန်မှာ ဒါကတော့ ဖုံးကွယ်လို့ မရဘူး ထင်ပါတယ်။ ရှေ့ကို အများကြီး ကြိုမမှန်းနိုင်ဘူး။ ဒါပေမယ့် လက်ရှိနှုန်းအတိုင်းဆိုရင် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျနော်ကတော့ အကောင်းဘက်က မြင်ပါတယ်။

မေး။ ။ တုပ်ကွေးရော COVID-19 ရော ဖြစ်ပွားနိုင်တဲ့ ဒီကာလမှာ ပြည်သူတွေအနေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဘာတွေ ဂရုစိုက် သတိထားဖို့ လိုမလဲ။

ဖြေ။ ။ ကူးစက် ပျံ့နှံ့ပုံ နှစ်ခုက သိပ်ပြီးတော့ မကွာဘူးလေ။ အရင်တုန်း Droplets နှာစေးချောင်းဆိုးရာကနေ ထွက်ကျ လာတဲ့ အမှုန်အမွှားက ကူးစက်တယ်ပေါ့။ နောက်ပိုင်းကျတော့ ကူးစက်မှုနှုန်းက အရမ်းမြန်တော့ Airborne လေထဲကနေများ ပျံ့နှံ့သလားပေါ့။ အဲဒီလိုမျိုး စဉ်းစားကြတာပေါ့။ ဒါပေမယ့် Confirm တော့ မလုပ်သေးဘူး။ ရာသီတုပ်ကွေးရဲ့ ပျံ့နှံ့ပုံ ကလည်း ဒီသဘောတရားပဲ။

အဲဒါကြောင့် COVID-19 ကို အခု လတ်တလောမှာ ကာကွယ်နေကြတဲ့ ပုံစံ လက်ဆေးပါ။ Mask တပ်ပါ။ နှာစေးချောင်းဆိုး ရင် အုပ်ပြီး ဆိုးပါ။ လူစုလူဝေး နေရာတွေ မသွားနဲ့။ တတ်နိုင်သလောက် ၆ ပေ အကွာက နေပါ။ ဒါတွေကို လိုက်နာပြီး သား ဖြစ်တဲ့အတွက် ဒီရာသီတုပ်ကွေးကိုတော့ သိပ်ပြီး အထူး လိုက်နာစရာ မလိုဘူး။ ကူးစက်ပျံ့နှံ့ပုံ တူတူပဲ ဖြစ်တဲ့ အတွက်ကြောင့်။

မေး။ ။ ဘာများ ဖြည့်စွက် ပြောစရာ ရှိသေးလဲရှင့်။

ဖြေ။ ။ အဓိက ကတော့ လတ်တလောမှာ တုပ်ကွေး ကာကွယ်ဆေးပေါ့။ တုပ်ကွေး ကာကွယ်ဆေးက သူ့ရဲ့ သဘော တရားက တနှစ်ကို နှစ်ကြိမ် ထွက်တယ်။ ကျနော်တို့ ကမ္ဘာ့မြောက်ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းဆိုပြီး တုပ်ကွေး ကာကွယ်ဆေးကို နှစ်မျိုး ခွဲထားတယ်။ ကျနော်တို့ နိုင်ငံက အီကွေတာရဲ့ မြောက်ဘက်ခြမ်းမှာ ကျလို့ မြောက်ဘက်ခြမ်းမှာ ပါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ ရာသီတုပ်ကွေး ဖြစ်ပွားတဲ့ Pattern ကို ကြည့်လိုက်ရင် ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ တုပ်ကွေး Pattern နဲ့ တူတယ်။ အဲဒီအခါကျတော့ တုပ်ကွေး ကာကွယ်ဆေးကို ထိုးမယ်ဆိုရင် ကမ္ဘာ့တောင်ဘက်ခြမ်းအတွက် ထုတ်တဲ့ တုပ်ကွေးကာကွယ်ဆေးကို ထိုးရတယ်။

ရာသီတုပ်ကွေးက နှစ်တိုင်း နှစ်တိုင်း ဖြစ်တဲ့အတွက်ကြောင့် လူတိုင်းလူတိုင်းက တုပ်ကွေး ကာကွယ်ဆေးကို လက်လှမ်းမီ သလောက် နှစ်စဉ် ထိုးသင့်တယ်။ လူတော်တော်များများက တုပ်ကွေးဆိုတာ အမြဲတမ်း ဖြစ်နေကျ ဖြစ်တဲ့အတွက် တုပ်ကွေး ကာကွယ်ဆေးကို မေ့နေကြတယ်။ မေ့နေကြပြီးတော့ H1N1 တို့လိုမျိုး တခြား ရုတ်တရက်ဖြစ်လာတဲ့ ရောဂါမျိုးတွေ ထဖြစ်လာတော့မှသာ တုပ်ကွေးကာကွယ်ဆေးကို သတိရပြီး တုပ်ကွေးကာကွယ်ဆေးက ဒီရောဂါတွေကို ကာကွယ်သည် ဖြစ်စေ၊ မကာကွယ်သည် ဖြစ်စေ အဲဒီကျမှ သတိတရ ထိုးကြရော။ အဲဒီကျတော့ ဈေးကွက်ထဲမှာ ရှိတဲ့ဆေးတွေ ပြတ်လပ် သွားတာမျိုး ဖြစ်တတ်တယ်။

တရားဝင်သွင်းလာတဲ့ ဆေးကုမ္ပဏီက ဆေးတွေက ပြတ်ပြီးတော့ ဘော်ဒါလိုင်းတွေက နယ်စပ်ကနေ တဆင့် သွင်းတာမျိုး၊ တရားမဝင် ဆေးတွေကို ထိုးကြတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား ဘာဖြစ်လဲဆိုတော့ တုပ်ကွေးရာသီ မရောက်ခင် မှာ COVID-19 က ဖြစ်တယ်။ COVID-19 နဲ့ တုပ်ကွေးကလည်း ရောဂါလက္ခဏာ အတော်လေးကို ဆင်တူတယ်။ ကူးစက် ပျံ့နှံ့တာလည်း ဆင်တူတယ်။

အဲဒီအခါ ရာသီတုပ်ကွေးကို အတော်လေးကို တားရမယ့် အခါကျတော့ ဖြစ်နိုင်ခြေက COVID-19 က ကာကွယ်ဆေး မပေါ်သေးဘူး။ ရာသီတုပ်ကွေးက နှစ်တိုင်း ဆေးတမျိုး၊ နှစ်မျိုးက ထွက်တယ်။ ၂၀၂၀ အတွက် ဆေးက ထွက်ပြီ။ လူတွေ တော်တော်များများကလည်း သတိတရနဲ့ ရာသီတုပ်ကွးအတွက် ကာကွယ်ဆေး ထိုးကြတယ်။ ကိုယ့်နိုင်ငံကို တရားဝင် ကာကွယ်ဆေး တင်သွင်းတဲ့ ကုမ္ပဏီက နှစ်ခုပဲ ရှိတယ်။ အဲဒီကုမ္ပဏီကြီးတွေက အခက်အခဲ အမျိုးမျိုးကြောင့် ဆေးက ပြည်တွင်းကို မရောက်သေးဘူး။

နောက်နှစ်ပတ်လောက်မှ ဈေးကွက်ထဲကို ရောက်မယ် ကြားတယ်။ အဲဒီတော့ စိုးရိမ်ကြီးတဲ့ သူတွေက ထိုင်းဘက်၊ စင်ကာ ပူဘက်ကနေ မှာပြီး ထိုးကြတာ ရှိတယ်။ တချို့ကလည်း စီးပွားဖြစ်ပေါ့။ တချို့ဆေးရုံတွေ၊ ကျန်းမာရေးဝန်ဆောင်မှု လုပ် ငန်းတွေက ဘော်ဒါလိုင်းက တင်သွင်းလာတဲ့ FDA အသိအမှတ် မပြုထားတဲ့ မှတ်ပုံမတင်ရသေးတဲ့ ကာကွယ်ဆေးကို ထိုး နေကြတယ်။ အဲဒီတော့ စိုးရိမ်တကြီးနဲ့ တရားမဝင် တင်သွင်းလာတဲ့ ဆေးတွေကို ထိုးမယ်ဆိုရင် သတိထားပြီးတော့ ထိုး ကြဖို့ ပြောချင်ပါတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
117
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
170

မေး။ ။ အဲဒီလို ကာကွယ်ဆေးထိုးထားမယ်ဆိုရင် အပေါ်မှာ ပြောခဲ့သလို ရှုပ်ထွေးမှုတွေ လျှော့ချနိုင်မယ်တော့ ထင်တယ် နော်။

ဖြေ။ ။ တုပ်ကွေး ကာကွယ်ဆေးက ကျနော်တို့ရဲ့ အတွေ့အကြုံအရ တော်တော်လေးကို ထိရောက်မှု ရှိတယ်။ ဘာလို့လဲ ဆိုတော့ တနှစ်ထက်တနှစ်လည်း Awareness ပိုပိုရလာတယ်။ ကျနော် သိသလောက်ဆိုရင် ၆ နှစ်၊ ၇ နှစ် ရှိပြီ။ တဖြည်း ဖြည်း ကျနော့် ဆေးခန်းမှာဆိုရင်ပဲ တနှစ်ထက်တနှစ်ကို ထိုးတဲ့ အရေအတွက်က များလာတယ်။ အဲဒီအတွက် တဖက်မှာ တုပ်ကွေး လူနာအရေအတွက် သိသိသာသာကို နည်းသွားတယ်။ သူက ရာသီတုပ်ကွေးကို ထိထိရောက်ရောက် ကာ ကွယ်နိုင်တဲ့အတွက် ရှုပ်ထွေးမှုတွေကို လျှော့ချနိုင်ပါမယ်။

You may also like these stories:

COVID-19 ကြောင့် လာမည့် ဇွန်လတွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် မသေချာ

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ COVID-19 ကို ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြလဲ

Your Thoughts …
Tags: COVID-19ကာကွယ်ဆေးကူးစက်ပျံ့နှံ့မှုမိုးတွင်းရာသီရာသီတုပ်ကွေး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ ရန်ကင်းကလေးဆေးရုံ / သက်ထွန်းနိုင် / ဧရာဝတီ

ရန်ကုန်တွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကလေးငယ်များကြား ပျံ့နှံ့နေ

by ဧရာဝတီ
14 July 2023
4.6k

ကုသရေးပိုင်းတွင်လည်း ဆရာဝန် အများအပြား အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ထားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရ‌ ခြင်းများကြောင့် ကျန်းမာရေး စနစ်ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိဘဲ ယခင်က နိုင်နိုင်နင်းနင်း ကုသနိုင်သည့် အဆုတ်ရောင်၊ လေပြွန်ရောင် ရောဂါများမှာ ယခုအခြေအနေတွင်...

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

ကရင်နီတွင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

ကရင်နီတွင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

by ဧရာဝတီ
6 September 2023
211

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များအတွင်း ရာသီတုပ်ကွေးအပြင် ကလေးများ၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများနေကာ ဆေးဝါးအခက်အခဲ ကြုံနေရကြောင်း

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

Next Post
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ လယ်ယာ လုပ်ငန်းခွင် / ဆလိုင်းသန့်စင် / ဧရာဝတီ

ဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း

လူကြမ်း ရန်လေးအတွက် အလှူ ဦးဆောင်လုပ်ပေးခဲ့တဲ့ အောင်ခိုင်

လူကြမ်း ရန်လေးအတွက် ရည်စူးပြီး ဆွမ်းကပ်အလှူ လုပ်ပေးခဲ့တဲ့ အောင်ခိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved