• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

by မေရီခိုင်
14 July 2025
in သတင်း
A A
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

ULFA တပ်ဖွဲ့ဝင်များ/ Naga News

1.2k
VIEWS
Share on FacebookShare on Twitter

မြန်မာပိုင်နက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/AM) ထိန်းချုပ်ရာ နန်းယွန်းနှင့် လဟယ်မြို့နယ်များအတွင်း အခြေစိုက်ထားသော ညီညွတ်သော အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I)၏ တပ်စခန်းများကို အိန္ဒိယစစ်တပ်က ဒရုန်းများဖြင့် ယမန်နေ့က တိုက်ခိုက်ရာ ယင်းအဖွဲ့၏ ခေါင်းဆောင် များ အပါအဝင် ၅ ဦးသေဆုံးခဲ့သည်။

ယင်း ဖြစ်ရပ်အပေါ် ဗိုလ်ချုပ်အန်းမိုင် ဦးဆောင်သော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/AM)က ULFA-I မှာ မိမိတို့ နာဂအဖွဲ့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး အိန္ဒိယအရှေ့မြောက်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်နိမိတ်တွင် ပါဝင် သည့် WESEA ဒေသ၌ နေထိုင်သူများဖြစ်ကြောင်း၊ မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့်အချုပ်အခြာ အာဏာကို ကာကွယ် ရာ၌ ယခုလို ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့်စစ်သည်များ ဆုံးရှုံးခဲ့ရကြောင်း ယနေ့ထုတ်ပြန်သည်။

အိန္ဒိယစစ်တပ်၏ ဒရုန်းအများအပြားသုံး စစ်ဆင်ရေး၌ ညီညွတ်သော အာသံလွတ်မြောက်ရေး တပ်ဦး (ULFA-I)၏ထိပ်ပိုင်း ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး နေယန်မက်ဒီ၊ ဗိုလ်မှူးချုပ် ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီး ပရာဒစ်အာဆုတို့အပါ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်ခံရသည့် စခန်းများမှာ အိန္ဒိယနယ်စပ်နှင့် ၁၀မိုင်ခန့် ကွာဝေးသည့် စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မှ နန်းယွန်းမြို့နယ်အတွင်းရှိ နာယန်းရွာနှင့် လဟယ်မြို့နယ် ဟိုယတ်ရွာ (Hoyat)တို့ အနီးမှ ဖြစ်သည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
102
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
48

ထိုဒေသကို ထိန်းချုပ်ထားသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/AM)၏ အဆိုအရ အိန္ဒိယစစ်တပ်သည် နာဂလန်းပြည်နယ်၊ အာရွန်နာချယ်ပရာဒေ့ရှ် ပြည်နယ်တို့မှ မောင်းသူမဲ့ လေယာဉ်များကိုသုံး၍ ဒုံးကျည်များဖြင့် ULFA-I စခန်းများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ခံရသည့် အာသံစခန်းများအနီး ၎င်းတို့ နာဂစခန်းများလည်း ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် နန်းယွန်းမြို့နယ်၊ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်တို့ ပါဝင်ပြီး အိန္ဒိယ နိုင်ငံနှင့် ထိစပ်နေကာ လက်နက်ကိုင်လှုပ်ရှားနေသည့် ဗိုလ်ချုပ် အန်းမိုင် ဦးဆောင်သော နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCNK-AM) နှင့် ဗိုလ်ချုပ် ယုံးအောင် ဦးဆောင်သော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCNK- YA တို့ နှစ်ဖွဲ့ရှိသည်။

လဟယ်မြို့

အိန္ဒိယသတင်း၌ ဇူလိုင် ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီမှ နံနက် ၉ နာရီကြားအချိန်တွင် အိန္ဒိယစစ်တပ်က ဒရုန်းအများအပြား သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထား သည်။

နာဂဒေသခံများ အဆိုအရ နန်းယွန်းမြို့နယ်တွင်း တိုက်ခိုက်မှုတွင် သေဆုံးထိခိုက်မှု မရှိသော်လည်း လဟယ်မြို့နယ်၊ ဟိုယတ်ရွာအနီးရှိ စခန်းအား တိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်မှုများ ရှိခဲ့ သိရသည်။

လဟယ်မြို့ရှိ ဒေသခံတဦးက “အဲဒီအဖွဲ့က အိန္ဒိယဘက်ကို တော်လှန်နေတဲ့ အဖွဲ့ပါ၊ နာဂဒေသနဲ့က ဆက်စပ်မှုတွေရှိတော့ မြန်မာဘက်ခြမ်းမှာ စခန်းတွေရှိတယ်။ အခု အကြဲခံရတဲ့စခန်းတွေနဲ့ နယ်စပ်နဲ့က ၁၀ မိုင်ဝန်းကျင်လောက်ပဲ ဝေးတယ်။ လဟယ်ဘက်မှာ အကြဲခံရတဲ့အချိန်မှာ သူတို့ ထိတာ၊ နန်းယန်ဘက်မှာတော့ ကြိုသတင်းရထားတော့ မထိဘူး” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ အိန္ဒိယစစ်တပ်က ဝင်ရောက်စစ်ဆင်မှုနှင့် ပတ်သက်၍ သိရှိရန် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/AM) ထံ ဖုန်းဆက်သော်လည်း ဆက်သွယ်၍ မရပါ။

အိန္ဒိယစစ်တပ် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နာဂဒေသ ဟိုယတ်နှင့် နာယန်း

ULFA-I ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းရှိ ULFA ၏ စခန်းများအပေါ်ကို အိန္ဒိယစစ်တပ်သည် ဇူလိုင် ၁၃ ရက်၊ မနက် ၂ နာရီမှ ၄ နာရီအတွင်း အစ္စရေးနှင့် ပြင်သစ်နိုင်ငံထုတ် ဒရုန်း ၁၅၀ ခန့်ဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုထား သော်လည်း အိန္ဒိယစစ်တပ်ဘက်ကမူ နယ်စပ်ဖြတ်ကျော်၍ စစ်ဆင်ရေးလုပ်ဆောင်ခြင်း မရှိကြောင်း ဇူလိုင် ၁၃ ရက်တွင် ငြင်းဆိုထားသည်။

ULFA -I သည် အာသံပြည်နယ် လွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး အိန္ဒိယ- မြန်မာ နယ်စပ်တွင် အခြေစိုက်စခန်းများရှိကြောင်း သိရသည်။

NSCN-K/AM နှင့် ULFA -I အပြင် အိန္ဒိယ အရှေ့မြောက်ဒေသ ၇ ပြည်နယ် လွတ်မြောက်ရေးအတွက် တိုက်ပွဲ ဝင်နေကြ သည့် နာဂ၊ ကသည်း၊ အာသံ၊ ဘိုဒိုလန် စသောလက်နက်ကိုင်အဖွဲ့များသည် UNLFWSEA) အမည်ဖြင့် မဟာမိတ်ဖွဲ့ထား ကြသည်။

ပြီးခဲ့သည့် မေ ၁၄ ရက် နံနက်ပိုင်း၌ အိန္ဒိယနယ်စပ်အနီး စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အိန္ဒိယ၏အာသံရိုင်ဖယ်တပ်မှ တမူးခရိုင်ပြည်သူ့ကာကွယ်ရေး တပ်စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်။

You may also like these stories:

တပ်မတော် အပစ်ရပ်စာချုပ်ကို ချိုးဖောက်နေဟု NSCN-K ပြော

ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းသစ် ဘာကြောင့် အတားအဆီးတွေ ဖြစ်နေလဲ

Your Thoughts …
Tags: NSCN-K/AMULFA-Iဒရုန်းဗုံးနာဂဒေသအိန္ဒိယ
မေရီခိုင်

မေရီခိုင်

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

by အေးချမ်းဆု
22 October 2024
9.8k

မြန်မာပြည် အခြားစစ်မျက်နှာများ၏ အရှိန်အဟုန်များနှင့်ပါ ပေါင်းစပ်ပါက ၂၀၂၅ ခုနှစ်တွင် ရခိုင်၌ သစ်လွင်သည့် အခြေအနေတရပ်ကို မြင်ရမည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

Next Post
နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved