• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုက်ထို၌ သေနတ်ကိုင် လုယက်သူ ၂ ဦး ဖမ်းမိ

by ဉာဏ်စိုးဝင်း
16 January 2019
in သတင်း
A A
လုယက်မှုဖြင့် ဖမ်းဆီးရမိသူ ၂ ဦး  / မွန်ပြည်နယ် ရဲတပ်ဖွဲ့

လုယက်မှုဖြင့် ဖမ်းဆီးရမိသူ ၂ ဦး / မွန်ပြည်နယ် ရဲတပ်ဖွဲ့

19.5k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်သူစု ရပ်ကွက်ရှိ One Stop Mart စတိုးဆိုင် ၌ သေနတ် ကိုင်၍ ငွေလုယက်ခဲ့သူ ၂ ဦးကို ဖမ်းဆီး ရမိကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၁၅ ရက် ည ၁၁ နာရီကျော်က အနက်ရောင် ဝတ်စုံ ဝတ်၍ မျက်နှာဖုံး စွပ်ထားသော အမျိုးသား ၂ ဦး က သေ နတ် ကိုယ်စီ ကိုင်ဆောင်ကာ ဆိုင်ကောင်တာ အံဆွဲ အတွင်းရှိ ငွေများအား လုယူခဲ့ပြီး ဆိုင်သို့ ဈေးဝယ်ရန် လာသော အမျိုးသား တဦးထံမှလည်း ငှက်ခါးရောင် Wave 100 NCX ဆိုင်ကယ်ကို လုယူ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးက ပြောသည်။

ထိုလုယက်မှုကို တိုင်ကြားသဖြင့် ကျိုက်ထိုမြို့မ ရဲစခန်းတွင် (ပ) ၄၃/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၂ (လုယက်မှု) ဖြင့် အမှုဖွင့်လှစ်ကာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်နှင့် နယ်မြေ ရဲတပ်ဖွဲ့ဝင်များက မြို့အဝင်၊ အထွက် ဂိတ်များအား ပိတ်ဆို့ ၍ ပြစ်မှု ကျူးလွန်သူများ ထွက်ပြေးနိုင်သည့် လမ်းကြောင်းကို ပိုက်စိပ်တိုက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှ ရဲမှူး (ဦးစီး) မြင့်ဝင်း က ရှင်းပြသည်။

ထို့နောက် ကျိုက်ထို-ကင်မွန်းချောင်း ကားလမ်းဘေး ကျွဲကောခြံ အနီး တနေရာတွင် ဆိုင်ကယ် အရှိန် ပြင်းစွာ မောင်းနှင် သွားသော မသင်္ကာဖွယ် လူငယ် ၂ ဦးကို ဒုရဲအုပ် အောင်မျိုးထွန်း ဦးစီးသော အဖွဲ့မှ တွေ့ရှိခဲ့သဖြင့် လိုက်လံ ရှာဖွေရာ သေနတ်ကိုင် လုယက်သူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၆ နံနက် ၂ နာရီခွဲ အချိန်၌ ဖမ်းဆီးရမိခဲ့ ကြောင်းလည်း ၎င်းက ပြောပြသည်။

အဆိုပါ မသင်္ကာဖွယ် အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးစဉ် AK-47 သေနတ်နှင့် ကျည်တောင့် ၄၀၊ ကျည်အိမ် ၁ ခု အား ကနဦး တွေ့ရှိပြီးနောက် ဆက်လက်၍ အနီး ဝန်းကျင်အား ထပ်မံ ရှာဖွေခဲ့ရာ ဇရပ် နောက်ကျော အုတ်ရိုးဘေးတွင် လုယူ ထွက်ပြေးခဲ့သော ငှက်ခါးရောင် Wave 100 NCX ဆိုင်ကယ်ကို တွေ့ရှိခဲ့သည့် အပြင် AK-47 သေနတ် တလက်ကို သစ်သားချောင်း၊ ထင်းချောင်းများဖြင့် ဖုံးအုပ် ဝှက်ထားသည်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
164
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

ထို့ပြင် ပြောက်ကျား ကျောပိုးအိတ် ၁ လုံး၊ ခဲရောင် ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၂ လုံး၊ ပြစ်မှု ကျူးလွန်သူများ ဝတ်ဆင်ခဲ့ သည့် အဝတ်အစားများ၊ One Stop Mart အရောင်းဆိုင်မှ လုယူသွားသည့် ငွေကျပ် ၂ သိန်း ၂ သောင်းကျော် တို့ကို ရဲ တပ်ဖွဲ့က ရှာဖွေပုံစံဖြင့် သိမ်းဆည်း ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

သေနတ်ကိုင် လုယက်သူ ၂ နှစ်ဦးသည် ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် ဇာတိ ဖြစ်သော ကိုရဲထက် (၂၃ နှစ်) နှင့် မှော်ဘီမြို့နယ် ဇာတိဖြစ်သော ကိုအောင်ကိုကိုဦး (အသက် ၂၀) တို့ ဖြစ်ကြပြီး ၎င်းတို့ ၂ ဦးသည် ၂၀၁၈ ခုနှစ် ဇူလိုင် လပိုင်းက တပ်မတော်မှ ထွက်ပြေးခဲ့ကြသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။

ကိုရဲထက်မှာ သန်လျင်မြို့ရှိ အထူး ကျွမ်းကျင်၊ ရေတပ် ဗျူဟာ စစ်ရေယာဉ်စု၊ ဗျူဟာ (၁) မှ တပ်ပြေး ဖြစ်ပြီး ကိုအောင် ကိုကိုဦးမှာ သန်လျင်မြို့ရှိ အထူးပညာသည်၊ ပစ်ခတ်မှု၊ ကွပ်ကဲ ထိန်းသိမ်းရေး စခန်း (မစ်ဇိုင်း) ရေတပ်ပေါင်းစုမှ တပ်ပြေး ဖြစ်ကြောင်း ရဲမှူး မြင့်ဝင်းက ပြောသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူ ၂ ဦးသည် တပ်မတော်မှ ထွက်ပြေးပြီးနောက် ကရင်ပြည်နယ် မြဝတီမြို့ ဟောင်သရောမြစ် အနီးရှိ ရွာတရွာတွင် နေထိုင်ကာ လိုင်စင်မဲ့ကားများ သယ်ဆောင်မှုကို လမ်းပြ အဖြစ် လုပ်ကိုင်ကြရာမှ လွန်ခဲ့သော ၁ လ က သေနတ် နှင့် ကျည်ဆန်များကို ငွေ ၅ သိန်း ကျပ်ဖြင့် နယ်စပ်ဒေသမှ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်ဟုလည်း ရဲမှူး မြင့်ဝင်းက ပြောပြသည်။
“တပ်မတော်ရဲ့ စည်းကမ်း မလိုက်နာဘဲ ထွက်ပြေးသွားတဲ့ သူတွေ၊ နယ်စပ်မှာ သေနတ်ကို မှောင်ခိုဝယ်ပြီး ရည်ရွယ်ချက်ရှိ ရှိ ပြန်ဝင်လာတာ”ဟု ၎င်းက ဆိုသည်။

Your Thoughts …
Tags: ကျိုက်ထိုလုယက်မှု
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်

by ဧရာဝတီ
23 August 2024
1.5k

တော်လှန်ရေးတပ်ဖွဲ့များ ရောက်နေသည်ဆိုသော သတင်းပေးမှုကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်

...

စစ်သေနတ်ပြောင်းဝအောက်က ရန်ကုန်သူ ရန်ကုန်သားများ

by ဧရာဝတီ
5 April 2023
10.1k

အာဏာသိမ်း စစ်တပ်လက်အောက်မှာ ကြုံတွေ့နေရတဲ့ နေ့စဉ်လူမှုဘဝအထွေထွေ အဆင်မပြေမှု၊ စိတ်မကျေနပ်မှု၊ ဒေါသနဲ့ သောကတွေကြောင့် ကျမဟာ တနေ့တခြား ရူးချင်သလိုလိုတောင် ဖြစ်လာနေပါတယ်။

အခင်းဖြစ်ပွါးရာ CB ဘဏ် / Lynn Htike / Facebook

မြောက်ဒဂုံ CB ဘဏ်တွင် လုယက်မှုဖြစ်ပွား

by ဧရာဝတီ
7 February 2020
20.9k

အဆိုပါ လုယက်သူသည် ဘဏ်အတွင်း ဗုံး ၁ လုံးလည်း ချန်ထားခဲ့ကြောင်း၊ လက်ရှိတွင် တရားခံကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇွန်လ ၈ ရက်က ဖမ်းမိသည့် မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့် မူးယစ်ဆေးဝါးများ

သုံးရက်အတွင်း အိုက်စ် မူးယစ်ဆေး ၃ တန်ကျော် ဖမ်းမိ

by ဧရာဝတီ
24 June 2021
36.2k

စစ်တပ် အာဏာသိမ်းမှုကြောင့် မငြိမ်မသက် ဖြစ်နေချိန်တွင် မူးယစ်ရာဇဝတ်ဂိုဏ်းနှင့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့အချို့မှ မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်ကူးခြင်းများ ပိုမိုပြုလုပ်လာနိုင်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ ဝတ်မှု ဆိုင်ရာ (UNODC) က ပြီးခဲ့သည့်လအတွင်း သတိပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီ တပ်များက မီးတင်ရှို့ပြီးနောက် ဒေသခံများ ထွက်ပြေးရသည်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်  / KNU

မွန်ပြည်နယ်မှ အရပ်သား ၇ ထောင်ခန့် နေရပ်စွန့်ခွာ

by ဧရာဝတီ
28 June 2022
4.3k

မွန်ပြည်နယ်မှ အရပ်သား ၇,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။

မူဆယ်မြို့လုံခြုံရေးက လမ်းသွားရင် နောက်ကျော မလုံ၊ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ ဒေသတခု ဖြစ်နေပြီ /  ဧရာဝတီ

နောက်ကျောမလုံတဲ့ မူဆယ်

by နန်းဆိုင်နွမ်
20 August 2019
14.2k

မူဆယ်မြို့တွင် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ဓားပြတိုက်မှုများ ၁ နှစ်ထက် ၁ နှစ် ပိုများလာသော်လည်း သက်ဆိုင်ရာ မှ စနစ်တကျ ဖြေရှင်းပေးနိုင်ခြင်း ယနေ့အထိ မရှိ

Next Post
သရုပ်ဆောင် သူထူးစံနဲ့ဇနီးထိုက်ဆုဝင်း  / K Moe Kyaw's Facebook

ကုသိုလ်တွေရချင်လို့ ဘုရားဖူးခရီးတွေသွားနေတဲ့ သူထူးစံတို့ ဇနီးမောင်နှံ

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS  / ဧရာဝတီ

YBS ယာဉ်လိုင်းများ ကတ်စနစ် ငွေပေးချေမှု ၆ လ အတွင်း အသုံးပြုနိုင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved