• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောင်းမြ ထောင်၌ ၂ ရက်အတွင်း မူးယစ်ဆေးဝါး ၂ မှု ဖမ်းဆီးရမိ

by ဆလိုင်းသန့်စင်
16 March 2019
in သတင်း
A A
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြောင်းမြထောင်မှ အကျဉ်းသား ဘူကြီး (ခ) ဝင်းလှ / ရဝေမောင်/မြောင်းမြ

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြောင်းမြထောင်မှ အကျဉ်းသား ဘူကြီး (ခ) ဝင်းလှ / ရဝေမောင်/မြောင်းမြ

28.5k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ အကျဉ်းထောင်၌ ထောင်ဝင်စာလာတွေ့သူ တဦးနှင့် အကျဉ်းသား တဦးထံမှ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

မတ်လ ၁၃ရက်နေ့က မြောင်းမြထောင်အတွင်း ပြစ်ဒဏ်ကျခံနေသူ နေလှိုင်း(၃၁နှစ်)ထံသို့ ဟိန်းမင်း လတ်(ခ) မင်းမင်းက ထောင်ဝင်စာ လာရောက်ပေးပို့ရာ အထုတ်ထဲမှ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ပြီး နောက်တနေ့တွင် မူးယစ်ဆေးဝါးနှင့် ပြစ်ဒဏ်ကျခံနေသူ အကျဉ်းသား ဘူကြီး (ခ) ဝင်းလှ ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများကို အကျဉ်းထောင် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“မြောင်းမြအကျဉ်းထောင်ထဲကို မူးယစ်ဆေးဝါးပို့ဖို့ ကြိုးပမ်းတဲ့သူကို မတ်လ ၁၃ ရက်နေ့က ဖမ်းဆီး ရမိခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှာ မြောင်းမြထောင်ထဲက အကျဉ်းသားတယောက်ဆီက မူးယစ်ဆေးဝါး တွေ ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။

မုဒိန်းမှုနှင့် လူသတ်မှုကျူးလွန်ခဲ့သည့်အတွက် မြောင်းမြထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ နေလှိုင်း (၃၁) နှစ်ထံသို့ ဟိန်းမင်းလတ် (ခ) မင်းမင်း (၂၅) နှစ်မှ ထောင်ဝင်စာလာရောက်ပို့ဆောင်ခဲ့ရာတွင် ထောင်ဝင်စာပစ္စည်းထုပ်များကို မသင်္ကာသည့်အတွက် မြောင်းမြအကျဉ်းထောင်တာဝန်ရှိသူများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်မှအကြောင်းကြားသဖြင့် မြောင်းမြခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ မြောင်းမြမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ဆွေမြင့်ဦးဆောင်သည့် နယ်ထိန်းအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာ ဟိန်းမင်းလတ် (ခ) မင်းမင်း ယူ ဆောင်လာသည့်အထုပ်များထဲမှ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ ပြား၊ ICE အမျိုးအစား အဖြူရောင်အခဲ ၁ ဒဿမ ၂၅ ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသော ဟိန်းမင်းလတ်(ခ) မင်းမင်းနှင့် မြောင်းမြ ထောင်အတွင်း အကျဉ်းကျနေသူ နေလှိုင်းတို့အား မြောင်းမြမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိ ကြောင်း မြောင်းမြမြို့မရဲစခန်းထံမှ သိရသည်။

ထို့နောက် မတ်လ ၁၄ ရက်နေ့တွင် သတင်းအရ အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးအမှုဖြင့်
ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူ အကျဉ်းသား ဘူကြီး (ခ) ဝင်းလှဆိုသူအား မြောင်းမြထောင် တာဝန် ရှိ သူများက စစ်ဆေးခဲ့ရာ WY စိတ်ကြွရူးသွပ်ဆေး ၁၀၉၀ ပြား ဖမ်းမိခဲ့သည့်အတွက် အကျဉ်းသား ဘူကြီး (ခ) လှဝင်းကို မြောင်းမြမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

“မူးယစ်ဆေးဝါးတွေကို ထောင်ထဲကို သွင်းဖို့ကြိုးစားတယ်ဆိုတာက ထောင်ထဲမှာ သုံးစွဲတဲ့လူရှိနေလို့ အပြင်ကနေ ပို့နေတာပေါ့။ မူးယစ်ဆေးဝါးကိစ္စတွေက အရင်ကထက်ပိုပြီးတော့ များလာနေတယ်လို့ ပြောလို့ရတယ်။ ဒါဘာကြောင့် လဲဆိုတာ အကြောင်းရင်းကို လေ့လာသုံးသပ်ဖို့ လိုနေပြီ။ လုပ်တဲ့လူက တော့ လုပ်နေမှာပဲ။ ဖမ်းဖို့တာဝန်ရှိသူတွေက မိအောင်ဖမ်းဖို့ပဲ လိုပါတယ်”ဟု မြောင်းမြမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏စာရင်းများအရ မြောင်းမြအကျဉ်းထောင်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှလက်ရှိ မတ်လအထိ ထောင်ဝင်စာပါဆယ်ထုပ်မှတဆင့် ထောင်အတွင်းသို့ မူးယစ်ဆေး ဝါးသွင်းရန်ကြိုးပမ်းမှု၃ မှု ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျနေသည့် အကျဉ်း သားထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁ မှု၊ စုစုပေါင်း မူးယစ်မှု ၄ မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြောင်မြအကျဉ်းထောင်မှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးမောင်စန်းမှ ထောင်ကျအကျဉ်းသား စိုးနိုင်အတွက် သယ်ယူလာသည့် ထောင်ဝင် စာထုပ်ထဲမှ WY စိတ်ကြွရူးသွပ်ဆေးပြား၂၂၇၆ ပြား ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြောင်းမြ ထောင်တွင် ထောင်ဒဏ် ၂၉ နှစ် ကျခံနေရသည့် အကျဉ်းသား နိုင်လင်းထွန်း (ခ) ဖိုးခွေး (ခ) တင်ကိုဦးထံသို့ ပို့ဆောင်သည့် ထောင်ဝင် စာထဲတွင် Clear Man ခေါင်းလျှော်ရည်ဗူးအတွင်း ထည့်သွင်းထားသော စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀ ပြား ဖမ်းဆီးရမိခဲ့သည့်အတွက် ထောင်ဝင်စာပို့သူ ဇော်မင်းကိုကို (ခ) ရာမန်၊ မပိုးအိဖြူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Your Thoughts …
Tags: မူးယစ်ဆေးမြောင်းမြ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

by ဧရာဝတီ
11 May 2024
1.3k

ပါလီမန်တွင် ဆေးခြောက်ဥပဒေ ပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့် ဆေးခြောက်လွတ်လပ်ခွင့်မည်မျှရှိသည်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။

...

လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ

by မာဂရတ်
28 June 2023
6.8k

ပြည့်တန်ဆာလုပ်ငန်းဟု ဆိုရာတွင်လည်း နာရီပိုင်းအလိုက် အပျော်မယ်လုပ်ရသည့် အလုပ်တခုတည်း မဟုတ်ပေ။

ထိုကော့တေးလ်တွင် MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများကို အမှုန့်ကြိတ် အရည်ဖျော်ပြီး ဟက်ပီးဝါးတား “happy water” ဟုခေါ်သည် စိတ်ကြွဆေးရည်ကို ဖော်စပ်ထားသည်

ဟက်ပီးဝါးတား စိတ်ကြွဆေးရည်ဆိုတာ ဘာလဲ

by ဧရာဝတီ
8 June 2022
27.7k

အရှေ့တောင်အာရှမှ အာဏာပိုင်များသည် မကြာသေးမီက ထိုင်းနှင့် မြန်မာတွင် ရေပန်းစားလာသော မူယစ်ဆေးပေါင်းစုံ ရောစပ်ထားသည့် စိတ်ကြွရည် ကော့တေးလ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လာကြသည်။

၂၀၁၉ ဘန်ကောက်လက်နက်ပြပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ရာ ထွန်းမင်းလတ် (လည်စီးအဝါ ဝတ်ဆင်ထားသူ) လိုက်ပါလာခဲ့သည်

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

by ဧရာဝတီ
16 January 2023
13.9k

ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အစောဆုံး စီးပွားဖက်တဦးဖြစ်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုကြသည်။

Next Post
NLD ဒုဥက္ကဋ္ဌနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် မေတ္တာတရား ခေါင်းပါးမှု ဖြစ်နေဟု NLD ဒုဥက္ကဋ္ဌ ပြော

ထုက္ကန်သိမ် ဘုရား  /  မင်းအောင်ခိုင်

လက်နက်ကြီးကျည် ကျ၍ မြောက်ဦး ရှေးဟောင်းဘုရားတချို့ ပျက်စီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved