• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည် ထောက်ပံ့ငွေ အလွဲသုံးစား ဖြစ်နိုင်ချေကို ဘင်္ဂလားဒေ့ရှ် စုံစမ်းနေ

by Muktadir Rashid
18 March 2019
in သတင်း
A A
အသားရိက္ခာဝေငှရာတွင် တန်းစီစောင့်ဆိုင်းနေသော ဒုက္ခသည်များ / Reuters

အသားရိက္ခာဝေငှရာတွင် တန်းစီစောင့်ဆိုင်းနေသော ဒုက္ခသည်များ / Reuters

13k
VIEWS
Share on FacebookShare on Twitter

ကော့ဘဇားရှိ ဒုက္ခသည် ၁ သန်းကျော်အတွက် ပေးအပ်သည့် ထောက်ပံ့ကြေးများ အလွဲသုံးစားဖြစ်နိုင်ချေ ရှိ/မရှိ စုံစမ်းစစ်ဆေးရန် ထောက်လှမ်းရေးဌာနများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယခင်တပတ် ဗုဒ္ဓဟူးနေ့တွင် တာဝန်ပေးလိုက်သည်။

“စွပ်စွဲချက်တွေ ကျနော် လက်ခံရရှိထားပါတယ်။ အဲဒီအထဲမှာ ဥပဒေကြောင်းအရ ခိုင်လုံတာတွေ ပါပါတယ်” ဟု လွတ်မြောက်ရေး စစ်ပွဲရေးရာဝန်ကြီး အေကေ အမ်မိုဇမ်မဲဟက်က ပြောသည်။ ၎င်းသည် အစိုးရအဖွဲ့၏ ငြိမ်ဝပ်ပိပြားမှုကော်မတီကို ဦးဆောင်လျှက် ထောက်လှမ်းရေးဌာနများကို ယင်းကိစ္စစုံစမ်းရန် စေခိုင်းသူလည်း ဖြစ်သည်။

၎င်းက ဧရာဝတီသို့ ပြောကြားရာတွင် ထောက်လှမ်းရေးတပ်ဖွဲ့များ ညွှန်ကြားမှု ဗဟိုဌာန (DGFI) နှင့် အမျိုးသား လုံခြုံရေး ထောက်လှမ်းရေးအဖွဲ့ (NSI) တို့ကို အဆိုပါထောက်ပံ့ကြေးများ မည်သို့မည်ပုံ သုံးစွဲထားကြောင်းနှင့် ပြန်လည် အစီရင်ခံရန် အချိန်တလကြာ တာဝန် ပေးထားကြောင်း ဆိုသည်။

DGFI သည် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့၏ ထောက်လှမ်းရေးဌာနဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာ အရ စွမ်းရည်အမြင့်ဆုံး ထောက်လှမ်းရေးအဖြစ် သတ်မှတ်ထားသည်။ NSI သည် နိုင်ငံ၏ အဓိက ထောက်လှမ်းရေး ဌာန ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကော်မတီအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီး အနီဆယ်ဟက်၊ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး တီပူမွမ်ရှီ၊ ပြည်ထဲရေးဝန်ကြီး အဇာဒတ်ဇမန်ခန်း၊ ပြန်ကြားရေးဝန်ကြီး ဟာဆန်မာမက်၊ ရေကြောင်းဝန်ကြီး ခါလစ်မာမက်ချောင်ဒရီ တို့နှင့်အတူ တရားဥပဒေ စိုးမိုးရေးအရာရှိကြီးများ၊ ထောက်လှမ်းရေး ဌာနမှ တာဝန်ရှိသူများ၊ တခြားသူများ တက်ရောက်ခဲ့ကြသည်။

ဒုက္ခသည်စခန်းများတွင် မသမာမှုများ လုပ်ကိုင်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGOs) တချို့ ရှိနေကြောင်း ဟက်က တပ်အပ် ပြောကြားလိုက်သည်။

“စက်တင်ဘာလ ကတည်းက ကော့ဘဇားက ဟိုတယ်ခန်းတွေမှာ NGO အရာရှိတွေ တာကာငွေ ၁၅၀ ကုဋေ (ဒေါ်လာ ၁၇ ဒသမ ၈၇ သန်း) သုံးဖြုန်းခဲ့တယ်လို့ ကျနော်တို့ သတင်းရပါတယ်။ အမျိုးမျိုးသော အေဂျင်စီတွေ ဆီက ဒုက္ခသည်တွေအတွက် သူတို့ရတဲ့ ထောက်ပံ့ကြေးတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို သုံးဖြုန်းခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

“ထောက်လှမ်းရေးဌာန နှစ်ခုစလုံးရဲ့ အကြီးအကဲတွေ ဒီအစည်းအဝေး တက်ပါတယ်။ သူတို့ စုံစမ်း ထောက်လှမ်းမှုတွေ အပြီးသတ်လုပ်ကြဖို့ ကျနော် တာဝန်ပေးလိုက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

“အထောက်အထားတွေနဲ့အတူ ကျနော်တို့ စုံစမ်းတွေ့ရှိချက်တွေကို သူတို့ထောက်ပံ့ကြေးတွေ ဘယ်လို သုံးစွဲထားသလဲဆိုတာ အများသိအောင် ချပြသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လှူတဲ့ လူတွေက ဒီငွေတွေ ဘယ်လိုသုံးသလဲဆိုတာ သိသင့်တယ်လေ” ဟု သူက ဆိုသည်။

အလားတူ ကော်မတီအစည်းအဝေးနှင့် ပတ်သက်၍ ကြာသပတေးနေ့က သတင်းထုတ်ပြန်ရာတွင် ဒါကာ အခြေစိုက် New Age နေ့စဉ် သတင်းစာဖော်ပြချက်၌ “ကော့ဘဇားမှ ထောင်သောင်းချီသော ဒုက္ခသည်များ အတွက် ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ လူသူမနေဘဲ ရေလွှမ်းမိုးလေ့ရှိသည့် ကျွန်းပေါ် ရွှေ့ပေးရေး အစီအစဉ်များအပေါ် ကုလသမဂ္ဂ စိုးရိမ်ပူပန်မှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ချထားကြောင်း” ဆိုထားသည်။

“ဒီမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ ကျနော်တို့ နေရာချပေးဖို့ ကိစ္စဟာ ပြည်တွင်းရေး ကိစ္စတခုပဲဖြစ်ပါတယ်။ တကယ်လို့ တခုခုဖြစ်တယ်ဆိုရင် သူတို့ (ကုလသမဂ္ဂ) က လူသားချင်း စာနာမှုကိစ္စနဲ့ပတ်သက်ပြီး ပြောဆို နိုင်ပါတယ်” ဟု ဟက်၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အမိန့်အရ အစိုးရက ဒုက္ခသည်များ ပြန်လည်နေရာချထားရေး စတင်ရန် အားလုံး ပြင်ဆင်ပြီး ဖြစ်ကြောင်း သူက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မကြာသေးမီက ပြောကြားခဲ့ရာတွင် ဒုက္ခသည်များကို ကျွန်းပေါ်တင်ပေးရေးမှာ “အကျပ်အတည်း အသစ်” တခု ဖန်တီးရာရောက်သည်ဟု ဆိုသည်။

“ကျမ ခရီးစဉ်လာတယ် ဆိုရင်တောင် ဒီကျွန်းဟာ အမှန်တကယ်ပဲ လူနေလို့ ရ/မရ သူတို့ကြားထဲမှာ ကျမ မသိအောင် ထားတဲ့ကိစ္စတွေ အများကြီးရှိပါတယ်” ဟု ဇန်နဝါရီလက ဘာစန်ချာ ကျွန်းသို့ သွားရောက်ခဲ့သူ ယန်ဟီးလီက ပြောသည်။

“မလျော်ကန်တဲ့ နေရာချထားမှုနဲ့ ဒုက္ခသည်တွေ ဆန္ဒမပါဘဲ နေရာချထားမှုဟာ အကျပ်အတည်းအသစ်တခု ဖန်တီးဖို့ အလားအလာအတွက် စိုးရိမ်မှုရှိပါတယ်။ အဲဒီလိုမျိုး မပေါ်ပေါက်စေရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက တာဝန်ယူရမှာပါ” ဟု သူက ထပ်လောင်း ပြောကြားသည်။

၂၀၁၈ ခုနှစ်အစောပိုင်းက အစိုးရသည် သဘာဝဘေး စီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေး တွဲဘက် အတွင်းရေးမှူး မူဟာမက်မိုစင်ဦးဆောင်သော ၁၀ ဦး ကော်မတီကို ဖွဲ့စည်း၍ ဘာစန်ချာ ကျွန်းတွင် ဒုက္ခသည် နေရာချထားရေး သင့်/မသင့် လေ့လာစစ်ဆေးစေခဲ့သည်။ အဆိုပါကော်မတီတွင် ဘင်္ဂလားဒေ့ချ်အစိုးရနှင့် ကုလသမဂ္ဂတို့မှ ကော်မတီဝင် ၅ ဦးစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဇွန်လနှောင်းပိုင်းက ကော့ဘဇားရှိ ရဲအထူးဌာနခွဲက ဝန်ကြီးချုပ်ရုံးသို့ ပေးပို့သော အစီရင်ခံစာတွင် ဒုက္ခသည် ၁၃ ရာခိုင်နှုန်းခန့်က ဘာစန်ချာကျွန်းသို့ နေရာချထားပေးရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။ ဒုက္ခသည် အများစုတို့က ထိုကျွန်းသို့ နေရာချပေးခြင်းအပေါ် ပြောင်းရွှေ့နေထိုင်ရန် ဆန္ဒမရှိကြခြင်းမှာ အထောက်အပံ့များ ပိုနည်းသွားမည်ကို ပူပန်ကြ၍ ဖြစ်သည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
34
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
156
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.6k

ဘာစန်ချာကျွန်းသည် ၎င်းနှင့် အနီးဆုံးဖြစ်သည့် စံဝစ်ကျွန်းပေါ်မှသွားလျှင် ၁ နာရီကြာခန့် လှေစီးသွားရသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်၏နှိမ်နင်းမှုကြောင့် မြန်မာဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဒုက္ခသည် ၇ သိန်းကျော် ထွက်ပြေးသွားခဲ့ရာ ကော့ဘဇားရှိ ဒုက္ခသည် စုစုပေါင်းမှာ ၁ ဒသမ ၁၄ သန်းဝန်းကျင် ရှိနေသည်။

( ဒါကာရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Bangladesh Probes Possible Misuse of Funds for Rohingya Refugees ကို ဘာသာပြန်သည်။ )

Your Thoughts …
Tags: ဒုက္ခသည် ထောက်ပံ့ကြေးဖြစ်နိုင်ချေဘင်္ဂလားဒေ့ရှ်အလွဲသုံးစား
Muktadir Rashid

Muktadir Rashid

Similar Picks:

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
18k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

by မိုးစက်ငြိမ်းချမ်း
5 February 2024
12.7k

ရခိုင်စစ်မျက်နှာတွင် တွေ့ရသည့် စစ်တပ်၏ အားသာချက်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်မှု ဖြစ်သည်။ သို့သော် ရက္ခိုင့်တပ်တော်၏ အောင်ပွဲကို တားဆီးနိုင်ခြင်း မရှိပေ။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

Next Post
Facebook ဟာ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ပထမဆုံး ၂၄ နာရီအတွင်းမှာတင် အဆိုပါပ စ်ခတ်မှု ဗီဒီယိုများကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်

နယူးဇီလန် ပစ်ခတ်မှု ဗီဒီယိုပေါင်း ၁ ဒဿမ ၅ သန်းကို ဖယ်ရှားခဲ့ကြောင်း Facebook ပြောကြား

ဘားအံမြို့သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် / နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး

ဒီမိုကရေစီမှာ နှုတ်မိန့်တွေ အကျုံးမဝင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved