• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သီရိလင်္ကာ အသေခံဗုံးခွဲသူများသည် ပညာတတ် လူလတ်တန်းစားများဖြစ်

by ဧရာဝတီ
26 April 2019
in သတင်း
A A
ISIS ၏ ဝါဒဖြန့် ဗီဒီယိုက သီရိလင်္ကာ ဗုံးခွဲသူများဟု ဖော်ပြထားသူများ

ISIS ၏ ဝါဒဖြန့် ဗီဒီယိုက သီရိလင်္ကာ ဗုံးခွဲသူများဟု ဖော်ပြထားသူများ

23.7k
VIEWS
Share on FacebookShare on Twitter

သီရိလင်္ကာနိုင်ငံတွင် အီစတာ တနင်္ဂနွေနေ့ တိုက်ခိုက်မှုတွင် ဗုံးခွဲခဲ့သူများအနက် တဦးမှာ ဗြိတိန်နှင့် သြစတြေးလျတို့တွင် ပညာသင်ခဲ့သူဖြစ်ကြောင်း သီရိလင်္ကာ ဒုတိယ ကာကွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

“ဒီအသေခံ ဗုံးသမားတွေထဲက တယောက်ဟာ သီရိလင်္ကာမှာ ပြန်ပြီး အခြေမချခင် ဗြိတိန်မှာ ပညာသင် လာပြီးတော့ သြစတြေးလျမှာ ဘွဲ့လွန်တက်လာခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ရပါတယ်” ဟု ရူဝမ်ဝီဂျီဝါဒန်က သံသယရှိသူ၏ အမည်ကို ထည့်မပြောဘဲ ရှင်းပြခဲ့သည်။ ဗုံးသမားထဲမှ တဦးမှာလည်း အမျိုးသမီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကိုလံဘိုမြို့တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အသေခံ ဗုံးခွဲသူအများစုမှာ ပညာတတ်များ ဖြစ်ကြပြီး လူလတ်တန်းစားနှင့် အထက်တန်းလွှာထဲမှ ဖြစ်ကြကြောင်း၊ ၎င်းတို့မှာ လွတ်လပ်စွာ ငွေကြေး သုံးစွဲနိုင်သူများ ဖြစ်ကြကြောင်း၊ အချို့မှာ ဥပဒေဘွဲ့ရများဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အဆိုပါ မစ္စတာဝီဂျီဝါဒန်၏သဘောထားမှတ်ချက်သည် တနင်္ဂနွေနေ့ ဖြစ်ပွားခဲ့သော သွေးထွက်သံယိုမှု၌ သေဆုံးသူ ၃၅၉ ဦးအထိ တိုးလာသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်း ဗုံးခွဲတိုက်ခိုက်မှုများမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအုပ်စုများက အင်္ဂါနေ့တွင် ဝန်ခံခဲ့သော်လည်း ၎င်းတို့ ဝန်ခံချက်နှင့်ပတ်သက်၍ သက်သေအထောက်အထား မပြသခဲ့ပေ။ အကယ်၍ ၎င်းတို့ဝန်ခံချက် မှန်သည်ဆိုလျှင် အီရတ်နှင့်ဆီးရီးယားနိုင်ငံပြင်ပတွင် IS တို့ဆက်နွှယ်လျှက် အဆိုးဝါးဆုံး တိုက်ခိုက်မှုတခု ဖြစ်လာခဲ့သည်ဟု မှတ်ယူနိုင်စရာရှိသည်။

တိုက်ခိုက်မှုနှင့် ဆက်စပ်နိုင်ဖွယ်ရှိသူ ၆၀ ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ ၃၂ ဦးကို ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ဖမ်းဆီး ထိန်းသိမ်းခံရသူအားလုံးမှာ သီရိလင်္ကာနိုင်ငံသားများ ဖြစ်ကြသည်။

အိန္ဒိယနိုင်ငံမှ First Post သတင်းစာအရ ဖမ်းဆီးထားသူများ ထဲမှ ရဲကို ကူညီ ပံ့ပိုးခဲ့သူများအနက် သီရိလင်္ကာ စီးပွားရေး အသိုင်းအဝိုင်းတွင် ထင်ရှားပြီး ချမ်းသာသော အမွှေးအကြိုင်ကုန်သည် မိုဟာမက်ယူဆွတ် အီဘရာဟင်၏ သားနှစ်ယောက်ဖြစ်သည့် အသက် ၃၃ နှစ်အရွယ် အမ်ဆက်အာမက် အီဘရာဟင်နှင့် အသက် ၃၁ နှစ်အရွယ် အီဟမ်အာမက် အီဘရာဟင်တို့ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ဆင်နာမွန်ဂရင်းနှင့် ရှန်ဂရီလာ ဟိုတယ်များတွင် နံနက်စာဘူဖေး စားသောက်နေချိန်တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်သည်၏ တတိယသားဖြစ်သူ အသက် ၃၀ နှစ်အရွယ် အိုင်ဂျက်အာမက် အီဘရာဟမ်ကိုလည်း ဗုံးကိစ္စနှင့်ပတ်သက်၍ စစ်မေးနေသည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း အိန္ဒိယထောက်လှမ်းရေး ရင်းမြစ်များက တယ်လီဂရပ် သတင်းဝက်ဘ်ဆိုက်သို့ ပြောသည်။

နိုင်ငံရပ်ခြားမှ ဂျီဟတ်ဝါဒီ ကွန်ရက်နှင့် လေ့ကျင့်ရေး စခန်းများကို သီရိလင်္ကာ အနောက်ဘက် ကမ်းရိုးတန်းရှိ ဝနာသာဝယ်လုဝမြို့အနီး ဝေးလံခေါင်ဖျားသည့် နေရာ၌ လျှို့ဝှက် တည်ထောင်ထားမှု အချိတ်အဆက်ကို စုံစမ်း ဖော်ထုတ်သွားရန် သီရိလင်္ကာ ရဲတပ်ဖွဲ့က သဘောပေါက်ပြီးဖြစ်သည်။

အီစတာတနင်္ဂနွေနေ့ ဗုံးကွဲမှုများတွင် သံသယရှိသည့် ခေါင်းဆောင်နှင့် ဆက်စပ်သည်ဟု ယုံကြည်ရသော အမျိုးသား သော်ဟိဂျာမာအက် အုပ်စု၏ အဆိုပါလျှို့ဝှက် စခန်းကို ရဲက ဇန်နဝါရီလတွင် ဝင်ရောက်စီးနင်းခဲ့ သေးသည်။

အဆိုပါစခန်းတွင် စစ်ဘက်သုံး ပေါက်ကွဲစေနိုင်သည့်ပစ္စည်း ၁၀၀ ကီလိုဂရမ်နှင့် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးရမိ ခဲ့သော်လည်း ၎င်းတို့ကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယင်းပြန်လွှတ်ပေးခြင်းအပေါ် နိုင်ငံရေး ဖိအားကို အသုံးချခဲ့ကြောင်း သီရိလင်္ကာဝန်ကြီး တဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။

ကိုလိုဘိုမြို့ရှိ အီဘရာဟင် မိသားစုနေအိမ် ပြင်ဘက်တွင် အိမ်နီးချင်းများက တယ်လီဂရပ်သို့ ပြောကြားရာ၌ အမ်ဆက်သည် စီးပွားရေး အတွေးအခေါ်ရှိကြောင်းနှင့် အီဟမ်သည် တသီးတခြား နေတတ်ပြီး ဂျစ်ကန်ကန် နေတတ်ကြောင်း ဆိုသည်။

“အမ်ဆက်က သားတွေထဲမှာ အတော်ဆုံးပဲ။ စီးပွားရေး လုပ်တတ်ပြီးတော့ ကားအကောင်းစားစီးပြီး အနောက်တိုင်းက အမှတ်တံဆိပ် အဝတ်အစားတွေ ဝတ်လေ့ရှိပါတယ်။ အီဟမ်ကတော့ ဉာဏ် သိပ်မကောင်းဘူး။ ပညာလည်း ကောင်းကောင်းမသင်ခဲ့ဘူး” ဟု အိမ်နီးချင်းတဦးက ပြောပြသည်။

အမ်ဆက်သည် ကိုလံဘိုမြို့ ဆင်ခြေဖုံးက ဝယ်လမ်ပီတီယတွင် ကြေးနီစက်ရုံတရုံ ထောင်ထားပြီး အမ်ဆက်ကို မတွေ့သည်မှာ ရက်သတ္တတပတ်မျှ ရှိပြီဖြစ်ကြောင်း ၎င်းစက်ရုံ လုပ်သားတဦးက ပြောပြသည်။ ကိုလော့ဆက် လီမိတက်မှ သီရိလင်္ကာ နိုင်ငံသားဝန်ထမ်းများနှင့် ကြီးကြပ်ရေးမှူးများကို ဖမ်းဆီးထားပြီး ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သား များကိုသာ လုပ်ငန်းခွင်မှ လွှတ်ပေးခဲ့သည့်အကြောင်း စစ်ဆေး မေးမြန်းလျှက် ရှိသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
339
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
157
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
47

အဆိုပါ စက်ရုံသို့ ရဲက အကြိမ်ကြိမ် လာရောက်သော်လည်း စက်ရုံမှာ ဖွင့်ထားပြီး အစောင့်အကြပ်ချ၍ ပိတ်ဆို့ ထားခြင်းလည်း မရှိပေ။

“ကျနော်တို့လည်း သိပ်ကြောက်ပြီး အိမ်ကိုပဲ ပြန်ချင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံကလည်း မရှိဘူးလေ” ဟု လုပ်သားတဦးက ညည်းတွားသည်။

အစွန်းရောက် အုပ်စုများ ခရစ်ယာန်ဘုရားရှိခိုးကျောင်း များ၌ ဗုံးထောင်ရန် စီစဉ်နေကြောင်း အိန္ဒိယ ထောက်လှမ်းရေး သတင်းအတိအကျ ရခဲ့ခြင်းကို ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားစဉ်ကတည်းက သီရိလင်္ကာ အာဏာပိုင်များက ဝန်ခံခဲ့ကြသည်။

အင်္ဂါနေ့တွင် သီရိလင်္ကာသမ္မတ မိုင်ထရီပါလာစိရိစီနာက ထောက်လှမ်းရေး သတိပေးချက်များ ၎င်းထံ မရောက်ရှိ ခဲ့ကြောင်းနှင့် ယခုဖြစ်စဉ်အပေါ် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ညဘက် ရုပ်သံမိန့်ခွန်းထုတ်လွှင့်ရာ၌ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့များကို လာမည့် ရက်သတ္တပတ်များတွင် အပြည့်အ၀ ပြန်လည်ဖွဲ့စည်းမည်ဟု ကတိပြုခဲ့သည်။

“နိုင်ငံခြား တိုင်းပြည်တပြည်က ထောက်လှမ်းရေး အစီရင်ခံချက်ကိုရတဲ့ ကျနော်တို့ လုံခြုံရေးအရာရှိ တွေက ကျနော့်ကို အဲဒီ အစီရင်ခံချက်ကို မတင်ပြဘူးဗျ။ အဲဒီအရာရှိတွေက ထိထိရောက်ရောက် အရေးယူဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု သမ္မတက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းသို့ စိုးရိမ်ဖွယ် သတိပေးချက်နှင့် ပတ်သက်၍ ဖြစ်နိုင်ချေရှိသည့် တိုက်ခိုက်မှုအကြောင်း ထောက်လှမ်းရေး သတင်းများကို အဆင့်မြင့် အရာရှိများအနေဖြင့် တမင်တကာ ထိမ်ချန်ထားခဲ့ကြောင်း လွှတ်တော် ခေါင်းဆောင် ဖြစ်သူ လက္ကမန်းကီရယ်လာက ပြစ်တင်ဝေဖန်လိုက်သည်။

“တချို့ ထိပ်တန်း ထောက်လှမ်းရေးအရာရှိတွေက ဒီထောက်လှမ်းရေး သတင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိမ်ချန်ထားခဲ့တာဗျ။ သတင်းက ရတယ်။ ဒါပေမယ့် မျက်နှာပြောင်တိုက်တဲ့ လုံခြုံရေးအရာရှိတွေက သင့်တော်တဲ့ အရေးယူ ကိုင်တွယ်မှု မပြုခဲ့ကြဘူး” ဟု ၎င်းက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

“ဒီ ထောက်လှမ်းရေး အရာရှိတွေကို တယောက်ယောက်က ကိုင်တွယ်ထိန်းချုပ်နေတာပါ။ လုံခြုံရေး ကောင်စီဟာ နိုင်ငံရေး လုပ်နေတာပါ။ ကျနော်တို့ ဒါကို စုံစမ်းလေ့လာဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ လွှတ်တော်ခေါင်းဆောင်၏ အမြင်နှင့်ခြားနားလျှက် စစ်တပ် အကြီးအကဲဟောင်းနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးဝန်ကြီး ဆာရက်ဖွန်စီကာက ယခု တိုက်ခိုက်ခံရမှုများကို အနည်းဆုံး ၇ နှစ်၊ ၈ နှစ်အချိန်ယူ၍ စီစဉ်ခဲ့ခြင်း ဖြစ်ရမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

သီရိလင်္ကာ နိုင်ငံတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး နောက်ထပ် တိုက်ခိုက်မှုများ မဖြစ်ပွားအောင် ထိန်းသိမ်း စိစစ်နေရသည်။ ဗြိတိန်၊ ယူအေအီးနှင့် အမေရိကန်တို့မှ လုံခြုံရေးအရာရှိများလည်း အထောက်အကူ ပေးရန် ရောက်ရှိနေကြသည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အယ်လိုင်နာ တက်ပလစ်က အန္တရာယ်ရှိနေသည့် အခြေအနေကို မကျော်လွှားနိုင်သေးကြောင်း သတိပေး ပြောကြားခဲ့သည်။

ကိုလံဘိုဆိုင်ရာ ဝါရှင်တန် သံအမတ်ကြီး အယ်လိုင်နာတက်ပလစ်က “ဒီလိုတိုက်ခိုက်မှုမျိုးတွေအတွက် ကျနော်တို့ဆီမှာ ကြိုတင်တားဆီးဖို့ အသိပညာ ပေးမှု မရှိသေးပါဘူး” ဟု ကိုလံဘိုမြို့တွင် သတင်းထောက် များနှင့် တွေ့ဆုံရာ၌ သဘောထားမှတ်ချက် ပေးခဲ့သည်။

“အကြမ်းဖက်ဖို့ အကွက်ချစီစဉ်မှုတွေ ရှိနေဆဲပဲလို့ ကျနော်တို့ ယုံကြည်ပါတယ်။ အကြမ်းဖက် သမားတွေဟာ ကြိုသတိမပေးဘဲ၊ တိုက်ခိုက် နိုင်ပါတယ်။ လူစုလူဝေး ရှိတဲ့နေရာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို သူတို့ ပစ်မှတ် ထားတတ်ကြပါတယ်” ဟု သူက ဆိုသည်။

သီရိလင်္ကာ နိုင်ငံတဝန်းတွင် ဒုတိယအကြိမ် တိုက်ခိုက်မှုမျိုးကို အမျိုးသား သော်ဟိဂျာမာအက်အုပ်စု (NTJ) အနေဖြင့် စီစဉ်နေကြောင်း သီရိလင်္ကာ အဆင့်မြင့် ထောက်လှမ်းရေး အရာရှိတဦးက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုးကား ။ ။ The Telegraph, CNN

Your Thoughts …
Tags: ပညာတတ် လူလတ်တန်းစားသီရိလင်္ကာအသေခံဗုံးခွဲသူများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

ပူတင်၊ တာလီဘန်နှင့် ရှီကျင့်ဖျင် ရပ်ဝန်းနှင့်လမ်း ညီလာခံတွင် တွေ့ဆုံ

ပူတင်၊ တာလီဘန်နှင့် ရှီကျင့်ဖျင် ရပ်ဝန်းနှင့်လမ်း ညီလာခံတွင် တွေ့ဆုံ

by ဧရာဝတီ
17 October 2023
1.5k

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တာလီဘန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့တို့သည် တရုတ်က ယနေ့ စတင်ကျင်းပသည့် နှစ်ရက်ကြာ တတိယအကြိမ် ရပ်ဝန်းနှင့်လမ်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (BRF) တက်ရောက်ရင်း ဘေဂျင်းတွင် တွေ့ဆုံကြသည်။

တင့်ကားများမှ ဟက်ရှ်တက်များဆီသို့ (သို့မဟုတ်) တောင်အာရှ အပြောင်းအလဲ ခေတ်သစ်

တင့်ကားများမှ ဟက်ရှ်တက်များဆီသို့ (သို့မဟုတ်) တောင်အာရှ အပြောင်းအလဲ ခေတ်သစ်

by Mak Khan
4 October 2025
914

YouTube, Facebook နှင့် X လူမှုကွန်ရက်မီဒီယာကြီးများသည် စစ်မြေပြင်သစ်များဖြစ်သည်။

အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်

အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်

by Uditha Jayasinghe နှင့် Krishna N. Das
27 September 2025
503

အစိုးရ၏ အဓိက အာရုံစိုက်သည့်အချက်မှာ စွမ်းအင်ပြုပြင်ပြောင်းလဲရေးဖြစ်ကြောင်း ဝန်ကြီးများကပြောသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC South Asia) ဥက္ကဋ္ဌ မစ္စတာ အက်စ် ဗန်ကက် နာရာယန်းတို့ ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / MNA

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

by ဧရာဝတီ
14 June 2023
4.9k

အိန္ဒိယအခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌက မြန်မာသို့ သွားရောက်ပြီး စစ်ကောင်စီဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးသောကြောင့် နိုင်ငံခြားသတင်းထောက်များသည် အသင်းမှ နုတ်ထွက်ကြသည်။

မုန်တိုင်းများကြောင့် လူ ၁,၂၀၀ ကျော် သေပြီး သန်းပေါင်းများစွာ ဒုက္ခရောက်

မုန်တိုင်းများကြောင့် လူ ၁,၂၀၀ ကျော် သေပြီး သန်းပေါင်းများစွာ ဒုက္ခရောက်

by ဧရာဝတီ
4 December 2025
262

အိန္ဒိယနှင့် မြန်မာအကြား ရေထုဖြစ်သော ဘင်္ဂလားပင်လယ်အော်တွင် ပြင်းထန်လာသော မုန်တိုင်းများ၏ အချိုးအစားသည် လွန်ခဲ့သော နှစ် ၅၀ အတွင်း ပိုမိုများပြားလာနေသည်။

Next Post
ထိုင်းနိုင်ငံ၊ Don Muang လေဆိပ်

ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ်တချို့ နောက်ကျခဲ့ရ

ဘရာဇီးနိုင်ငံမှာ ရဲအဖမ်းခံခဲ့ရတဲ့ ကြက်တူရွေး

မူးယစ်ဆေး ရောင်းဝယ်သူတွေကို ရဲမဖမ်းအောင် သတိပေးအော်ဟစ်ခဲ့လို့ ဖမ်းခံခဲ့ရတဲ့ ကြက်တူရွေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved