မကြာသေးမီက တောင်အာရှမှ အစိုးရများ၏ ကံကြမ္မာကို စစ်တန်းလျားများတွင် ဆုံးဖြတ်ကြသည်။ ဗိုလ်ချုပ်များက သန်းခေါင်ယံအစည်းအဝေးများတွင် တီးတိုးဆွေးနွေးကြသည်။ အရုဏ်တက်ချိန်တွင် တင့်ကားများ မြို့တော်များအတွင်း ဝင်ရောက်လာပြီး အသံလွှင့်ဌာနများက စစ်ရေးအတိအကျနှင့် ကြေညာချက်အသစ်များကို ထုတ်လွှင့်ကြသည်။
ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ်အထိ ထိုကိစ္စသည် အမြဲမြင်တွေ့နေကျ ဇာတ်လမ်းဖြစ်သည်။ အမေရိကန် သို့မဟုတ် ရုရှား၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းမှုများဖြစ်ပြီး နှစ်ဖက်လုံးသည် မဟာစစ်အေးတိုက်ပွဲ စစ်တုရင်ကစားပွဲတွင် ၎င်းတို့ဘက်ယိမ်းသော မဟာမိတ်များကို အစိုးရခန့်အပ်လိုကြသည်။
ဗြောင်ကျကျ အာဏာသိမ်းသည့်ခေတ် ကုန်ဆုံးသွားပြီဖြစ်သည်။ ထိုနေရာတွင် ပိုမိုသိမ်မွေ့သော ပုံစံတခု ပေါ်ပေါက်လာနေသည်။ ထိုပုံစံသည် ဆန္ဒပြချီတက်မှု မဟုတ်ဘဲ အင်တာနက်ပေါ်တွင် ပိုမိုပျံ့နှံ့သည့် trends များ ဖြစ်နေသည့် ပုံစံဖြစ်သည်။ အစိုးရအပြောင်းအလဲကို ယခုအခါ တိုက်ရိုက်လွှင့်ကြပြီး ဟက်ရှ်တက် (#) သင်္ကေတများဖြင့် ဖြန့်ချိကြကာ ကွန်ပျူတာစည်းမျဉ်းဘောင်အတွင်းမှ ချဲ့ထွင်သည်။ စမတ်ဖုန်းကိုင် ဆန္ဒပြသူများ၊ အများအားဖြင့် လူလတ်တန်းစား လူငယ်များသည် အမာခံများဖြစ်လာသည်
ဗြောင်ကျကျ အာဏာသိမ်းသည့်ခေတ် ကုန်ဆုံးသွားပြီဖြစ်သည်။ ထိုနေရာတွင် ပိုမိုသိမ်မွေ့သော ပုံစံတခု ပေါ်ပေါက်လာနေသည်။ ထိုပုံစံသည် ဆန္ဒပြချီတက်မှု မဟုတ်ဘဲ အင်တာနက်ပေါ်တွင် ပိုမိုပျံ့နှံ့သည့် trends များ ဖြစ်နေသည့် ပုံစံဖြစ်သည်။ အစိုးရအပြောင်းအလဲကို ယခုအခါ တိုက်ရိုက်လွှင့်ကြပြီး ဟက်ရှ်တက် (#) သင်္ကေတများဖြင့် ဖြန့်ချိကြကာ ကွန်ပျူတာစည်းမျဉ်းဘောင်အတွင်းမှ ချဲ့ထွင်သည်။ စမတ်ဖုန်းကိုင် ဆန္ဒပြသူများ၊ အများအားဖြင့် လူလတ်တန်းစား လူငယ်များသည် အမာခံများဖြစ်လာသည်။
၎င်းတို့၏ ဒေါသကို အကြောင်းအရာထက် ဖြစ်ရပ်ကို ဦးစားပေးသည့် ပလက်ဖောင်းများက ပုံကြီးချဲ့ပေးသည်။ တချိန်က အဓိကဇာတ်ကောင်များဖြစ်ကြသော စစ်တပ်များသည် စောင့်ကြည့်နေကြပြီး လူထု၏ အရှိန်အဟုန်ကို ခုခံမရသောအခါမှသာ ကြားဝင်ကြသည်။
ပြည်ပအင်အားကြီးနိုင်ငံများသည် ဗိုလ်ချုပ်များသို့ လက်နက်တင်ပို့ခြင်း မရှိတော့ဘဲ ထိုအစား NGO များကို ငွေကြေးထောက်ပံ့ပြီး တက်ကြွလှုပ်ရှားသူများကို အသံချဲ့ပေးကာ အမြင်များကို လျင်မြန်စွာ ဖြန့်ချပေးနိုင်သည့် သြဇာလွှမ်းမိုးသူများကို အကူအညီပေးကြသည်။
ထိုကိစ္စသည် “လူမှုကွန်ရက်မီဒီယာ အာဏာသိမ်းမှု” ဖြစ်သည်။ ပိုမို ရှင်းလင်းမှု၊ အာဏာရှင်ဆန်မှုကို မမြင်သာဘဲ အပေါ်ယံအားဖြင့် ဒီမိုရေစီနည်းလမ်းကျသည်။ သို့သော် ထိုအပေါ်ယံမျက်နှာပြင်အောက်တွင် ခေတ်ဟောင်း၏ အကြမ်းနည်းဖြင့် အာဏာသိမ်းမှုထက် ပိုမို ပျက်စီးစေနိုင်သည်။
တောင်အာရှတခွင်ဖြစ်သည့် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ပါကစ္စတန်တို့တွင် အစိုးရများသည် ဒစ်ဂျစ်တယ်လှုပ်ရှားမှု ဖိအားအောက်တွင် ပြိုလဲခြင်း သို့မဟုတ် ပြိုလဲလုနီးပါး ဖြစ်ကြသည်။ ဒေသတွင်းတွင် အင်အားကြီးဖြစ်သော အိန္ဒိယသည်ပင် ရိုက်ခတ်မှုများကို လုံးလုံးလျားလျား လျစ်လျူရှုမထားနိုင်ပေ။
ယခုအခါ မေးစရာမေးခွန်းမှာ တောင်အာရှသည် ပြင်ပမှ တွန်းအားကြောင့်ဖြစ်လာသည့် အုံကြွမှုများကို ထိခိုက်လွယ်နေပါသလားဆိုသည့် မေးခွန်းမဟုတ်ဘဲ ထိုဒစ်ဂျစ်တယ်နည်းဖြင့် ပြုလုပ်ထားသည့် တော်လှန်ပုန်ကန်မှုသည် ဖရိုဖရဲအခြေအနေအပြင် အခြားတစုံတရာကို ပေါ်ပေါက်စေခဲ့ပါသလားဆိုသည့် မေးခွန်းဖြစ်သည်။

သီရိလင်္ကာတွင် မင်းဆက်မှ အင်တာနက်ရုပ်ပြောင်ဖြစ်ခြင်း
၂၀၂၂ ခုနှစ်က သီရိလင်္ကာ၏ ရာဂျာပက်စာ မျိုးဆက်ပြိုလဲခြင်းသည် ထိုစနစ်သစ်၏ ရိုက်ခတ်မှု ပထမလှိုင်းဖြစ်သည်။
စီးပွားရေး အတွင်းကြေပြိုလဲပြီး သီရိလင်္ကာကို တဆစ်ချိုးပြောင်းစေသည့် လောင်စာနှင့် နေ့စဉ်ဘဝ လုံးဝ ရပ်ဆိုင်းသွားသည်။ “အာရာဂါလာရာ” (တိုက်ပွဲ) ဟု ခေါ်သည့် လှုပ်ရှားမှုသည် လူလတ်တန်းစား လူငယ်များအကြားတွင် စတင်ခဲ့သော်လည်း လပိုင်းအတွင်း လူထုအုံကြွပုန်ကန်မှုအဖြစ် ကြီးထွားလာသည်။
လူမှုကွန်ရက်မီဒီယာက အရှိန်အဟုန် ဖြစ်စေသည်။ ဂိုတာဘာရာ ရာဂျာပက်စာ၏ သမ္မတ ရေကူးကန်အတွင်း ဆန္ဒပြသူများ လမ်းသလားနေသည့် ပုံများသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ပြီး အမျိုးသားရေးအကျပ်အတည်းကို အင်တာနက်ရုပ်ပြောင် (meme) ဖြစ်သွားစေသည့် ကျင့်ဝတ်ဆိုင်ရာကိစ္စ ဖြစ်လာစေသည်။ ထိုသင်္ကေတသည် အဖျက်တရား ကြီးမားသည်။ တချိန်က အထိမခံသည့် အုပ်ချုပ်သူ မိသားစုသည် အင်တာနက်ဟာသ ဖြစ်သွားသည်။
လူမှုကွန်ရက်မီဒီယာက အရှိန်အဟုန် ဖြစ်စေသည်။ ဂိုတာဘာရာ ရာဂျာပက်စာ၏ သမ္မတ ရေကူးကန်အတွင်း ဆန္ဒပြသူများ လမ်းသလားနေသည့် ပုံများသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ပြီး အမျိုးသားရေးအကျပ်အတည်းကို အင်တာနက်ရုပ်ပြောင် (meme) ဖြစ်သွားစေသည့် ကျင့်ဝတ်ဆိုင်ရာကိစ္စ ဖြစ်လာစေသည်။ ထိုသင်္ကေတသည် အဖျက်တရား ကြီးမားသည်။ တချိန်က အထိမခံသည့် အုပ်ချုပ်သူ မိသားစုသည် အင်တာနက်ဟာသ ဖြစ်သွားသည်။
စစ်တပ်သည် ဆန္ဒပြပွဲများကို နှိမ်နင်းမည့်အစား ချုပ်တည်းမှုကို ရွေးချယ်သည်။ စစ်တပ်များသည် အများပြည်သူအခြေပြု စနစ်တည်ငြိမ်ရေးကို အုပ်ထိန်းသူအဖြစ် ပုံဖော်ပြီး ရာဂျာပက်စာကို သိမ်မွေ့စွာ ဘေးဖယ်ကြသည်။ ၂၀၂၄ ခုနှစ် ရောက်သောအခါ အနုရာ ကုမာရ ဒစ်ဆာနာရာယာကီနှင့် သူ၏ အမျိုးသားပြည်သူ့အာဏာညွန့်ပေါင်းပါတီ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည်။ ထိုကိစ္စကို ပြည်ပတွင် ပြည်သူ့အာဏာအဖြစ် ချီးကျူးကြသည်။
သို့သော် ထိုအမြင်၏နောက်ကွယ်တွင် နိုင်ငံသည် ဆက်လက် ဒေဝါလီခံနေရပြီး မြီရှင်များနှင့် ခြိုးခြံချွေတာမှုကို ဆက်လက်မှီခိုနေရသည်။ ဟက်ရှ်တက်သင်္ကေတများသည် အစိုးရကို ဖြုတ်ချသော်လည်း သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေး ပြိုလဲမှုကို မဖြေရှင်းနိုင်ပေ။
ဘင်္ဂလားဒေ့ရှ်မှ မရေရာသော တော်လှန်ရေး
၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်တွင်လည်း အလားတူဖြစ်လာသည်။
အစိုးရဝန်ထမ်းခန့်အပ်ရေး ဝေစုအပေါ် ကျောင်းသားများ၏ ဆန္ဒပြပွဲအဖြစ် စတင်ခဲ့သောကိစ္စသည် ရှိတ်ဟက်စီနာ၏ အာဏာရှင်ဆန်သော ချုပ်ကိုင်မှုကို တော်လှန်ရေးအဖြစ် အလျင်အမြန် ကျယ်ပြန့်လာစေသည်။ ဒါကာရှိလမ်းများတွင် လှုံ့ဆော်သော မိန့်ခွန်းများနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှု အလျင်အမြန်ပျံ့နှံ့သည့် ပုံရိပ်များဖြင့် ပြည့်နေသည်။
မတည်ငြိမ်မှုများ ပျံ့နှံ့လာသောအခါ ဟက်စီနာ ထွက်ပြေးသည်။ နိုဘယ်ဆုရှင် မူဟာမက် ယူနွတ်သည် သူ၏ကမ္ဘာ့ကျော်မှုကြောင့် ကြားဖြတ်အစိုးရ၏ မျက်နှာဖုံးအဖြစ် ရှေ့ထွက်လာသည်။ ထိုသို့ အကူးအပြောင်းကို ကျင့်ဝတ်ဆိုင်ရာ ဇာတ်လမ်းအဖြစ် လူမှုကွန်ရက်က သရုပ်ဖော်ကြသည်။ မြင့်မြတ်သော ကျောင်းသားများနှင့် သနားကြင်နာမှုရှိသော ပြုပြင်ပြောင်းလဲရေးသမားတဦးက အာဏာရှင်တဦးကို ချေမှုန်းလိုက်ခြင်းဖြစ်ဆိုသည့် ဇာတ်လမ်းဖြစ်သည်။
သို့သော် ပကတိအခြေအနေသည် ထိုမျှ ထင်သလောက် မဖြစ်ပေ။ တနှစ်ကြာသောအခါ ကြားဖြတ်အစိုးရ မလှုပ်ရှားနိုင်တော့။ စက်ရုံများ ပိတ်ထားရပြီး အလုပ်လက်မဲ့ဖြစ်မှု မြင့်မားနေကာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) တိုးတက်မှုသည် ဆယ်စုနှစ် လေးခုအတွင်း အနိမ့်ဆုံးသို့ ထိုးကျသည်။
ကျောင်းသားခေါင်းဆောင်များသည် ပညာရှင် အရာရှိများနှင့် အငြင်းပွားကြသည်။ ပြန်လည် ခေါင်းထောင်ထလာသော ပါတီများသည် အစ္စလမ်မစ်ပါတီများ၏ အစီအစဉ်များကို တွန်းအားပေးပြီး သြဇာအာဏာအတွက် အားပြိုင်ကာ ဘာသာရေး ရှေးရိုးစဉ်လာဝါဒ ခေါင်းထောင်ထလာမည့် စိုးရိမ်မှုများကို ဖြစ်စေသည်။
နိုင်ငံတကာတွင် ဘင်္ဂလားဒေ့ရှ်အုံကြွမှုသည် လျင်မြန်စွာ ပျံ့နှံ့သည့် ပုံရိပ်ဖြစ်သွားသည်။ အလံများ၊ မိန့်ခွန်းများနှင့် ပြည်ပသို့ ထွက်ပြေးမှုများ၏ ပုံရိပ်သာ ဖြစ်သည်။ ပျောက်ဆုံးနေသည့်ကိစ္စမှာ ပိုမိုနက်ရှိုင်းသောကိစ္စဖြစ်သည်။
မတည်ငြိမ်မှုကြောင့် ထိခိုက်လွယ်သည့် စီးပွားရေးနှင့် သမိုင်းတွင် သွေးထွက်သံယိုအများဆုံး လူမျိုးတုံးသတ်ဖြတ်မှုတခုအပြီး ၁၉၇၁ ခုနှစ်က နိုင်ငံကို လွတ်မြောက်စေသည့် လွတ်မြောက်ရေးစစ်ပွဲအတွင်း ချမှတ်ထားသည့် ဘာသာရေးမစွက်ဖက်သည့် ဒီမိုကရေစီ ကျင့်ဝတ်စံနှုန်းများမှ လမ်းကြောင်းလွဲစေသည့် ဇာတ်လမ်းဖြစ်သည်။
မတည်ငြိမ်မှုကြောင့် ထိခိုက်လွယ်သည့် စီးပွားရေးနှင့် သမိုင်းတွင် သွေးထွက်သံယိုအများဆုံး လူမျိုးတုံးသတ်ဖြတ်မှုတခုအပြီး ၁၉၇၁ ခုနှစ်က နိုင်ငံကို လွတ်မြောက်စေသည့် လွတ်မြောက်ရေးစစ်ပွဲအတွင်း ချမှတ်ထားသည့် ဘာသာရေးမစွက်ဖက်သည့် ဒီမိုကရေစီ ကျင့်ဝတ်စံနှုန်းများမှ လမ်းကြောင်းလွဲစေသည့် ဇာတ်လမ်းဖြစ်သည်။
လူမှုကွန်ရက်က ဖြစ်ရပ်ကို ရိုးရှင်းသောဇာတ်လမ်းအဖြစ် တင်ပြသော်လည်း အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်ကို မပြုပြင်နိုင်ပေ။
နီပေါမှ ဟက်ရှ်တက်နှင့် အပျက်အစီး
အတိုက်အခံများကို နှုတ်ပိတ်ရန် လူမှုကွန်ရက်ပလက်ဖောင်း ၂၆ ခုကို အစိုးရက ပိတ်ပင်ရာမှ နီပေါ၏ အလှည့် ရောက်လာသည်။ ထိုပိတ်ပင်မှုသည် ဆန့်ကျင်ဘက်ဆိုးကျိုးများ အကြီးအကျယ် ဖြစ်စေသည်။ လမ်းမများတွင် လူငယ်များ ဒေါသထွက်ကြပြီး နိုင်ငံရေး ရေပေါ်ဆီများ၏ သားသမီးများကို လှောင်ပြောင်သည့် အမှတ်တံဆိပ်ဖြစ်သော “#NepoKids” ရေပန်းစားလာသည်။
ဆန္ဒပြပွဲများ ပြင်းထန်လာစဉ် ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီ ရာထူးမှ နုတ်ထွက်သည်။ စစ်တပ်က ညမထွက်ရအမိန့် ထုတ်ပြန်ပြီး ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းသော်လည်း တည်ငြိမ်ရေး အင်အားစုအဖြစ် ရပ်တည်သည်။ လူ ၁၉ ဦး သေဆုံးပြီး အကွဲအပြဲမှာ ထင်ရှားသည်။ မပြောင်းလဲနိုင်သော နိုင်ငံရေးလူတန်းစားက ပစ်ပယ်ခံရသည့် မျိုးဆက်တခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဆန္ဒပြသူများ၏ တောင်းဆိုမှုများက အခြား အန္တရာယ်တခုကို ဖော်ပြနေသည်။ အဂတိလိုက်စားမှုနှင့် ဆင်ဆာဖြတ်တောက်မှုအပေါ် ဒေါသအပြင် ဘုရင်စနစ် ပြန်လည် ထိန်းသိမ်းရန်နှင့် နီပေါကို ဟိန္ဒူနိုင်ငံတော်အဖြစ် ပြန်လည်ထိန်းသိမ်းရေး တောင်းဆိုမှုများ ဖြစ်လာသည်။ ဆွေမျိုးညာတိ ကောင်းစားရေးကို ဆန့်ကျင်သည့် ဒစ်ဂျစ်တယ်တော်လှန်ရေးအဖြစ် စတင်ခဲ့သောကိစ္စသည် နိုင်ငံ၏ ဘာသာရေးမစွက်ဖက်သော ဒီမိုကရေစီစနစ်ကို ပြန်လည်ပုံဖော်မည့် အန္တရာယ်ရှိသည်။

ပါကစ္စတန်မှ စောင့်မျှော်နေသည့် ကစားပွဲ
ပါကစ္စတန်တွင် အခြေအနေက ပုံမပေါ်သေးပေ။ စစ်တပ်သည် နိုင်ငံရေးကို လွှမ်းမိုးထားဆဲဖြစ်ပြီး ပါတီများကို အကြီးအကျယ် ထိန်းချုပ်ကာ ကစားသည်။ သို့သော် မတည်ငြိမ်မှုသည် တအုံနွေးနွေး ဖြစ်နေသည်။
အမ်မရန်ခန်း၏ ပါတီကို ကန့်သတ်ခြင်း၊ ဘလော့ချ် ခေါ် ဘလူချီစတန်ဆန္ဒပြပွဲများ ပြန်လည်ဖြစ်ပေါ်ခြင်းနှင့် ရဲတပ်ဖွဲ့သစ် တည်ထောင်ခြင်းသည် အိမ်နီးချင်းများမှ ကူးစက်မှုကို အစိုးရက စိုးရိမ်ကြောင်း ပြသနေသည်။
လက်ရှိအချိန်တွင် ပါကစ္စတန်ဗိုလ်ချုပ်များ ထိန်းချုပ်ထားဆဲဖြစ်သည်။ သို့သော် ပါကစ္စတန်မှ များပြားလှသော လူငယ်များသည် ဒစ်ဂျစ်တယ်အရ ဆက်စပ်နေပြီး ဒေသတွင်း ဥပမာများကြောင့် အတင့်ရဲလာကာ နောက်ဆုံးတွင် ဖိနှိပ်မှု၏ အတိုင်းအတာကို သွေးတိုးစမ်းလာနိုင်သည်။
ထိုမီးပွားကျရောက်လာသောအခါ စစ်တပ်သည် နောက်ဆုတ်ပြီး ပြည်သူများက အစိုးရကို ဖြုတ်ချခွင့်ပြုကာ နောက်ဆုံး အဆုံးအဖြတ်ပေးသူ အခန်းကဏ္ဍကို ပြန်လည် ထူထောင်နိုင်သည်။
အိန္ဒိယမှ စောင့်ဆိုင်းနေသော ဆင်တကောင်
ကြီးမားသော မေးခွန်းတခုမှာ အိန္ဒိယသည် အလားတူဆုံးဖြတ်ချက်မျိုး ရင်ဆိုင်ရနိုင်သလား ဆိုသည့် မေးခွန်းဖြစ်သည်။ အိန္ဒိယ၏ အင်စတီကျူးရှင်းများသည် အပြစ်အနာအဆာရှိသော်လည်း အိမ်နီးချင်းနိုင်ငံများမှ အင်စတီကျူးရှင်းများထက် ပိုမိုတောင့်တင်းသည်။
ကြီးမားသော မေးခွန်းတခုမှာ အိန္ဒိယသည် အလားတူဆုံးဖြတ်ချက်မျိုး ရင်ဆိုင်ရနိုင်သလား ဆိုသည့် မေးခွန်းဖြစ်သည်။ အိန္ဒိယ၏ အင်စတီကျူးရှင်းများသည် အပြစ်အနာအဆာရှိသော်လည်း အိမ်နီးချင်းနိုင်ငံများမှ အင်စတီကျူးရှင်းများထက် ပိုမိုတောင့်တင်းသည်။
အိန္ဒိယစီးပွားရေးသည် ပိုမိုအင်အားတောင့်တင်းပြီး မကျေနပ် မရောင့်ရဲသည့် လူငယ်များအတွက် အခွင့်အလမ်းများ ပိုမိုပေးနိုင်သည်။ ရုရှား၊ တရုတ်တို့နှင့် အိန္ဒိယ၏ ရှည်ကြာသော ဆက်ဆံရေးသည် အခြားနေရာများတွင် တွေ့ရသည့် ပြင်ပစွက်ဖက်မှုများမှ အကာအကွယ်ရစေသည်။
သို့သော် ထိုအကာအကွယ်သည် မထိခိုက်နိုင်သည့် အကာအကွယ် မဟုတ်ပေ။ အိန္ဒိယ၏ အလွန်ကြီးမားသော မညီမျှမှု၊ လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် အမြစ်တွယ်နေသည့် ရေပေါ်ဆီ အခွင့်ထူးသည် အိမ်နီးချင်းနိုင်ငံများမှ အခြေအနေကို ထင်ဟပ်နေသည်။
အိန္ဒိယ၏ လူမှုကွန်ရက်မီဒီယာ လည်ပတ်မှုစနစ်သည် အလွန်ကြီးမားပြီး ဒစ်ဂျစ်တယ်ညှိနှိုင်းမှုဖြင့် မတည်ငြိမ်မှုကို မွေးဖွားပေးမည့် အခြေခံဖြစ်သည်။ အကျပ်အတည်းတခု ဖြစ်လာပါက တောင်အာရှမှ မည်သည့်နိုင်ငံထက်မဆို အလွန် ပိုမိုကြီးမားမည်ဖြစ်သည်။
ကမ္ဘာ့စည်းမျဉ်းစာအုပ်
တောင်အာရှတဝန်းမှ ပုံစံသည် ကမ္ဘာ့ဇာတ်ညွှန်းကို ထင်ဟပ်နေသည်။
ဗိုလ်ချုပ်များကို လက်နက်တပ်ဆင်ပေးသည့် အင်အားကြီးနိုင်ငံက ထောက်ခံသော စစ်အာဏာသိမ်းမှုများအား စစ်အေးတိုက်ပွဲအတွင်း တွေ့ရသော်လည်း ယခု အစိုးရအပြောင်းအလဲများသည် ပိုမိုသိမ်မွေ့သည်။ တက်ကြွလှုပ်ရှားသူများနှင့် NGO များသည် ရန်ပုံငွေများ ရရှိကြသည်။ သြဇာသက်ရောက်သူများသည် အသံ ပိုမိုကျယ်လောင်လာသည်။ စစ်တပ်များ၏ စွက်ဖက်မှုသည် နောက်ကျပြီး အုံကြွမှုများကို အရပ်သားများက ဦးဆောင်ခွင့်ရသည်။
YouTube, Facebook နှင့် X လူမှုကွန်ရက်မီဒီယာကြီးများသည် စစ်မြေပြင်သစ်များဖြစ်သည်။ ကြားနေသည့် ပလက်ဖောင်းများ မဟုတ်ဘဲ ၎င်းတို့ ဖြေရှင်းသည့် စည်းမျဉ်းများသည် ပြင်းထန်သော ခံစားချက်နှင့် ဖြစ်ရပ်ကို ခွင့်ပြုပေးထားသည်။ တောင်အာရှတွင် မကျေနပ်မှုများကို အင်တာနက် ရုပ်ပြောင်များနှင့် ဟက်ရှ်တက်များတွင် ဖော်ပြစေနိုင်သည်။
ဆန္ဒပြခေါင်းဆောင်များသည် သြဇာလွှမ်းမိုးသူများအဖြစ် ပြောင်းလဲသွားပြီး အင်စတီကျူးရှင်း တည်ဆောက်ရေးကို အလေးမထားဘဲ နောက်လိုက် စုဆောင်းခြင်းကို ဦးစားပေးသည်။ တော်လှန်ရေးများသည် ပျံ့နှံ့လွယ်သည့်ကိစ္စများ ဖြစ်လာသည်။
ပြည်ပမှ ပါဝင်ပတ်သက်သူများက ထိုအရွေ့ကို ထိထိရောက်ရောက် သိသိသာသာ အသုံးချသည်။ ပွဲဆူအောင်လုပ်သူများနှင့် လမ်းကြောင်းပေးသည့် ကွန်ရက်များကို ငွေကြေးထောက်ပံ့ခြင်းဖြင့် ၎င်းတို့သည် တန်ဖိုးနည်းနည်းနှင့် မြင့်မားသော ရိုက်ခတ်မှုရှိသည့် လူထုအမြင်များကို ပုံဖော်ကြသည်။
တောင်အာရှလူငယ် အများအပြားအတွက် အလှူရှင်များ၊ နောက်ကွယ်မှ ပံ့ပိုးသူများ၏ အကူအညီဖြင့် ပွဲဆူအောင်လုပ်ခြင်းသည် အသက်မွေးဝမ်းကြောင်းတခု ဖြစ်လာသည်။ ဆန္ဒပြခြင်းသည် ဖြစ်ရပ်သာမက အသက်မွေးဝမ်းကြောင်းလည်း ဖြစ်လာသည်။
တောင်အာရှလူငယ် အများအပြားအတွက် အလှူရှင်များ၊ နောက်ကွယ်မှ ပံ့ပိုးသူများ၏ အကူအညီဖြင့် ပွဲဆူအောင်လုပ်ခြင်းသည် အသက်မွေးဝမ်းကြောင်းတခု ဖြစ်လာသည်။ ဆန္ဒပြခြင်းသည် ဖြစ်ရပ်သာမက အသက်မွေးဝမ်းကြောင်းလည်း ဖြစ်လာသည်။

ထုတ်ကုန်ဖြစ်လာသော တော်လှန်ရေးများ
ဤနေရာတွင် ဝိရောဓိရှိနေသည်။ တချိန်က ချမ်းသာကြွယ်ဝမှု လမ်းကြောင်းအဖြစ် ကြိုဆိုခဲ့သည့် အရင်းရှင်စနစ်သည် ယခုအခါတွင် မတည်ငြိမ်မှုအတွက် ထုတ်ကုန်ဖြစ်လာစေသည်။
တော်လှန်ရေးများကို လူသုံးကုန်ပစ္စည်းများကဲ့သို့ ဈေးကွက်တင်ပြီး အမှတ်တံဆိပ်များ၊ ဟက်ရှ်တက်များနှင့် သူရဲကောင်းပုံရိပ်များဖြင့် ထုပ်ပိုးသည်။ ပြင်းထန်သော စိတ်ခံစားချက်များသည် အကျိုးအမြတ်များသော ရင်းမြစ်တခုဖြစ်လာပြီး ဆီလီကွန်တောင်ကြားက အကျိုးအမြတ်ယူကာ ပထဝီနိုင်ငံရေး ပြိုင်ဘက်များက လိုသလို အသုံးချကြသည်။ ထိုကိစ္စသည် မည်သို့မှ အဓိပ္ပာယ်ရှိသည့် ဒီမိုကရေစီ မဟုတ်ပေ။
ပြည်သူ့အာဏာအဖြစ် ပုံဖော်ထားသည့် နိုင်ငံရေးလုပ်ကြံမှုဖြစ်သည်။ ပညာအနည်းငယ်သာတတ်ပြီး အလုပ်အကိုင်အလားအလာ အကန့်အသတ်ရှိသော လူငယ်မျိုးဆက်များသည် ဒေါသမီးမွှေးပေးပြီး အဖြေမပေးနိုင်သည့် ရိုးရှင်းသောအမြင်များကို ရိုက်သွင်းပေးခံရသည်။
၎င်းတို့၏ စိတ်အားထက်သန်မှုသည် ကမ္ဘာ့ငွေရင်းယန္တရားတွင် ကုန်ကြမ်းဖြစ်လာသည်။ အစိုးရများ ပြိုလဲသော်လည်း ကြွေးမြီ၊ အကျင့်ပျက်ခြစားခြင်းနှင့် အင်အားချိနဲ့သော အင်စတီကျူးရှင်းများ ကျန်ရစ်သည်။
ဟက်ရှ်တက်တခုသာ ဝေးကွာ
သီရိလင်္ကာမှ အင်တာနက်ရုပ်ပြောင် တော်လှန်ရေးမှသည် ဘင်္ဂလားဒေ့ရှ်၏ ထိခိုက်လွယ်သော အပြောင်းအလဲအထိ၊ နီပေါ၏ ဟက်ရှ်တက် အုံကြွမှုမှသည် ပါကစ္စတန်၏ တအုံနွေးနွေး ဖြစ်နေသော မငြိမ်သက်မှုအထိ တောင်အာရှ၏ အုံကြွမှုများက အာဏာသိမ်းမှုများသည် ဒစ်ဂျစ်တယ်အသွင် ဖြစ်လာကြောင်း ပြသသည်။ အိန္ဒိယသည် ပိုမို ကြံ့ကြံ့ခံနိုင်ဖွယ်ရှိသော်လည်း မည်သည့်နိုင်ငံတော်မှ လုံလောက်သော အကာအကွယ် မရှိပေ။
အစိုးရများအတွက် သင်ခန်းစာမှာ ရှင်းလင်းသည်။ ပလက်ဖောင်းများကို ပိတ်ပင်ခြင်းသည် မငြိမ်သက်မှုများကို နှောင့်နှေးစေနိုင်သော်လည်း လူငယ်များ၏ ထိခိုက်နာကျင်မှုများသည် များစွာ ပိုမို အန္တရာယ်ကြီးမားသည်ဆိုသည့် သင်ခန်းစာဖြစ်သည်။ လူငယ်လှုပ်ရှားမှုများအတွက် စိန်ခေါ်မှုမှာ ဖြစ်ရပ်များကို စစ်မှန်သော ပြုပြင်ပြောင်းလဲရေးအဖြစ် ပြောင်းလဲပစ်ရေးဖြစ်သည်။
အစိုးရများအတွက် သင်ခန်းစာမှာ ရှင်းလင်းသည်။ ပလက်ဖောင်းများကို ပိတ်ပင်ခြင်းသည် မငြိမ်သက်မှုများကို နှောင့်နှေးစေနိုင်သော်လည်း လူငယ်များ၏ ထိခိုက်နာကျင်မှုများသည် များစွာ ပိုမို အန္တရာယ်ကြီးမားသည်ဆိုသည့် သင်ခန်းစာဖြစ်သည်။ လူငယ်လှုပ်ရှားမှုများအတွက် စိန်ခေါ်မှုမှာ ဖြစ်ရပ်များကို စစ်မှန်သော ပြုပြင်ပြောင်းလဲရေးအဖြစ် ပြောင်းလဲပစ်ရေးဖြစ်သည်။
ကမ္ဘာအတွက် ထိုမေးခွန်းသည် ကျင့်ဝတ်နှင့်ဆိုင်သလို နိုင်ငံရေးနှင့်လည်း သက်ဆိုင်သည်။ အရင်းရှင်စနစ်က ပြင်းထန်သော ခံစားချက်ကို ငွေကြေးရင်းပြီး အစိုးရအပြောင်းအလဲ ဖြစ်စေရေး တက်ကြွလုပ်ရှားသူများနှင့် ဖြေရှင်းမှုစည်းမျဉ်းများကို တွန်းအားပေးသောအခါ မတည်ငြိမ်မှုသည် စနစ်၏ ချို့ယွင်းချက် မဟုတ်တော့ဘဲ စီးပွားရေးလုပ်ငန်းပုံစံတမျိုး ဖြစ်လာသည်။
စိုးရိမ်ပူပန်စရာကောင်းသည့် အမှန်တရားမှာ နောက်လာမည့် တော်လှန်ရေးကို စစ်တန်းလျားများတွင် ကြံစည်မည် မဟုတ် သို့မဟုတ် ပါလီမန်တွင် ဆွေးနွေးမည် မဟုတ်ဆိုသည့် အချက်ဖြစ်သည်။ တော်လှန်ရေးကို ပြဿနာဖြေရှင်းသည့် စည်းမျဉ်းအဖြစ် မှတ်ယူပြီး ကီလိုမီတာ ထောင်ပေါင်းများစွာဝေးသည့် ဆာဗာတွင် ထားကာ ခေတ်ရေစီးကြောင်း ဟက်ရှ်တက် (#) ၏ အမြန်နှုန်းဖြင့် ရောက်လာနိုင်သည်။
(Asia Times ပါ Mak Khan ၏ From tanks to hashtags: South Asia’s new age of regime change ကို ဘာသာပြန်သည်။ မက်ခန်းသည် ဖွံ့ဖြိုးတိုးတက်ရေးသမား၊ ကုလသမဂ္ဂ ဝန်ထမ်းဟောင်းနှင့် မဲလ်ဘုန်းတက္ကသိုလ် ပညာရှင်ဟောင်းဖြစ်သည်။)
You may also like these stories:
နီပေါလူထုဆန္ဒပြပွဲကို “ဆူပူမှု” လို့ အာဏာသိမ်းခေါင်းဆောင် သုံးနှုန်း (ရုပ်/သံ)
ဟာဆီနာထွက်ပြေးပြီး တနှစ်ကျော်လာသော်လည်း ဘင်္ဂလားဒေ့ရှ် ယိမ်းယိုင်နေ
ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီ အားသစ်လောင်းနေရ
အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်
တရုတ်အကြွေးပိပြီး ဒေဝါလီခံရတဲ့ သီရိလင်္ကာ
ပါလက်စတိုင်းနှင့် မြန်မာတို့၏ မပြီးဆုံးသော စစ်ပွဲ ဘယ်လိုရပ်မလဲ













