• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင် စစ်ဘေးရှောင် ကလေးငယ် ၂သောင်းခန့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေ

by နန်းလွင်နှင်းပွင့်
25 June 2019
in သတင်း
A A
ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် စခန်းမှ ကလေးငယ်များ / မင်းအောင်ခိုင် / ဧရာဝတီ

ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် စခန်းမှ ကလေးငယ်များ / မင်းအောင်ခိုင် / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် စခန်းများတွင် ခိုလှုံနေသည့် ကျောင်းနေ အရွယ် ကလေးနှစ်သောင်းခန့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)က ပြောသည်။

REC သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့၏ တိုက်ပွဲများကြောင့်. နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်များမှာ စစ်ဘေးရှောင်ဒုက္ခသည် ၄၆၀၀၀ ကျော်ကို ကူညီ စောင့်ရှောက် ပေးနေသည့် အရပ်ဘက် အဖွဲ့အစည်း များထဲမှ အဖွဲ့ တဖွဲ့ဖြစ်သည်။

REC၏ စာရင်းပြုစုချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် စခန်း ၆၀ ခန့်၊ ခိုလှုံ နေသည့် ဒုက္ခသည် ဦးရေ ၄၆၀၀၀ ကျော်ရှိပြီး ထိုထဲမှ နှစ်သောင်းခန့်မှာ ကျောင်းနေအရွယ် ကလေးများ ဖြစ်သည်ဟု သိရသည်။

REC၏ ဥက္ကဌ ဦးရွှေဘော်စိန်က “ဒုက္ခသည် အားလုံးထဲမှာ ကလေးက များတော့ ခန့်မှန်းခြေ နှစ်သောင်း လောက်က စာသင်ရမယ့် ဦးရေဖြစ်ပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပါ။ နှစ်သောင်းဆိုတဲ့ ပမာဏရှိတဲ့ ကလေး တွေရဲ့ ပညာရေးကိစ္စက အချိန်မီမီတော့ လုပ်ပေးသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်”ဟု ဆိုသည်။

စစ်ဘေးရှောင်ဒုက္ခသည် စခန်း ၆၀ ခန့်အနက် ဘူးသီးတောင်မြို့နယ် အတွင်းတွင်သာ ရခိုင်ပြည်နယ်အစိုးရမှ ဆောက် လုပ်ပေးထားသည့် စစ်ဘေးရှောင်စခန်း တခုရှိပြီး ထိုထဲတွင် စာသင်ကျောင်းဆောင် ပါကြောင်း၊ ကျန်နေရာများမှာ စာသင်မည့် နေရာများ မရှိသည့်အပြင် ကျောင်းဆရာ၊ဆရာမ များလည်း အလုံအလောက် မရှိပါဟု ဦးရွှေဘော်စိန်က ဆိုသည်။

မိုးရာသီရောက်လာပြီဖြစ်သဖြင့် ဒုက္ခသည်များအတွက် လုံခြုံသည့် အမိုးအကာ၊ မိုးဒဏ် နေဒဏ် ခံနိုင်သည့် အဆောက်အဦးများ လိုအပ်သော်လည်း အစိုးရမှ ဆောက်လုပ်ပေးခြင်း မရှိသဖြင့် ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများကသာ ကူညီနေသည့် အနေအထားရှိကြောင်း၊ အစိုးရမှ စစ်ဘေးရှောင်စခန်းများ ဆောက်လုပ် ပေးမည်ဟူသည့် သတင်းများ ကြားရသော်လည်း ယနေ့ထိ အတိအကျ သိရခြင်းများ မရှိသေးပါဟုလည်း ၎င်းကဆက်ပြောသည်။

ဆက်လက်၍ ၎င်းက “သူတို့ နေရာထိုင်ခင်းကိုတောင် မရေရာသေးပါဘူး။ ကလေးတွေရဲ့ ပညာသင်ကြား ရေးက တော့ အလှမ်းဝေးနေတာကို ကျနော်တို့ လေ့လာ တွေ့ရှိရပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း အစိုးရကျောင်းများ၏ ကျောင်းစတင်တက်ရမည့် ကာလမှာ ဇွန်လ ပထမပတ်၏ တနင်္လာနေ့ ဖြစ်သည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ရခိုင်ပြည်နယ် လွှတ်တော်၊ ဒဿမအကြိမ် ပုံမှန်အစည်းအဝေးမှာ သူတို့ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်ကျော်ဇံက လိုအပ်ရင် ယာယီစခန်းတွေဆောက်ပြီး ဒုက္ခသည် စခန်းမှာပဲ စာသင်ခန်းတွေ ယာယီကျောင်းဆောင်တွေ လုပ်ပေးမယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဒီနေ့ထိ အဲ့ကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်တာ မတွေ့ရသေးပါဘူး”ဟု ပြောသည်။

ကျောက်တော်မြို့နယ် ဝါးတောင် စစ်ဘေးရှောင် စခန်းမှ ကလေးငယ်များ(မင်းအောင်ခိုင်၊ ဧရာဝတီ)

လွှတ်တော်ကိုယ်စားလှယ်များကို ချပြထားသည့်အတိုင်း စစ်ဘေးရှောင်စခန်းမှ ကလေးများ၏ ပညာရေးကို ရခိုင်ပြည်နယ်အစိုးရက မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ပေးသင့်ပြီဟု ဦးထွန်းသာစိန်က ပြောသည်။

ဆက်လက်၍ ၎င်းက “အစိုးရရဲ့ တာဝန်ပျက်ကွက်နေတယ်။ အစိုးရက လုပ်ပေးရမယ့် တာဝန်တွေကို ခုထက်ထိ မလုပ်နိုင်သေးဘူး။ ဒါ့ကြောင့် မြန်မြန်ဆန်ဆန်လေး လုပ်ပေးပါ။ အချိန်တဝက်ကျိုးနေပြီလို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

ရက္ခိုင်ကျောင်းသားများ သမဂ္ဂ-တက္ကသိုလ်များ(ရန်ကုန်)ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ဘေးရှောင် စခန်းများ အတွင်းရှိ တက္ကသိုလ်ဝင်တန်းတက်ရမည့် ကျောင်းသူကျောင်းသားများ အတွက် ငွေကြေးလှူပေးကြရန် တက္ကသိုလ်အသိုင်းအဝိုင်းတွင် လိုက်လံအလှူခံ နေသည်ဟု သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
243
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
31

ရက္ခိုင် ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များ(ရန်ကုန်)၏ ဗဟိုအလုပ်အမှုဆောင် ကိုကျော်လင်းက “ကျနော်တို့ ရင်းနှီးတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်မိတော့ အစိုးရ အနေနဲ့ ပညာရေးကိစ္စမှာ တက်တက်ကြွကြွ လုပ်ဆောင်မှု တအား အားနည်းတယ်ဆိုတော့ ကျနော်တို့နိုင်သလောက် လုပ်ဖို့ အခုလို လုပ်ရခြင်း ဖြစ်ပါတယ်။

ရက္ခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များ(ရန်ကုန်)အနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည် ကလေးများထဲမှ တက္ကသိုလ် ဝင်တန်း (ဆယ်တန်း) အရွယ် ကျောင်းသူကျောင်းသားများအတွက်သာ အဓိက ထား၍ အလှူငွေ ကောက်ခံနေရခြင်းမှာ တက္ကသိုလ်ဝင်တန်းသည် ဆယ်တန်းအောင် ပြီးနောက် တက်ရောက် ရမည့် တက္ကသိုလ် အတွက် အဆုံးအဖြတ်ပေးမည့် အတန်း ဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ကိုကျော်လင်းက ဆိုသည်။

၎င်းတို့က စစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ တဦးလျှင် တနှစ်စာသင် စရိတ်အတွက် ငွေကျပ် ၈ သိန်း သတ်မှတ်ကာ အလှူခံနေပြီး လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဗီဒီယို မှတ်တမ်းများဖြင့် ကမ်ပိန်းပြုလုပ်ကာ အလှူခံလျက် ရှိသည်။

ကိုကျော်လင်း က “ပထမက စစ်ဘေးဒုက္ခသည် ဖြစ်ရမယ်။ဒုတိယက မိသားစုက မတတ်နိုင်တဲ့သူ ဖြစ်ရမယ်။ တတိယက အမှန်တကယ် ပညာသင်ဖို့ လိုအပ်နေတဲ့ အပြင် ဆယ်တန်းဆိုလည်း စာမေးပွဲအောင်နိုင်တဲ့ အလားအလာ ရှိတဲ့ အချက် ၃ ချက်ကို မူတည်ပြီး ကျနော်တို့ ထောက်ပံ့သွားမှာပါ”ဟု ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများအတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသား ဦးရေ မည်မျှရှိသည်ကို မသိသေးကြောင်း၊ စာရင်းရရန် ဒေသခံအရပ်ဘက်အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ထားဆဲ ဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများမှ ကလေးများ၏ ပညာရေးအခြေအနေအပေါ် မေးမြန်းရန် ဧရာဝတီမှ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ရခိုင်ပြည်နယ် ၊ပညာရေးဌာနမှ တာဝန်ရှိသူများကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မေးမြန်း၍ မရပါ။

တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှ စ၍ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွား နေခြင်း ဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် AA ကြား ပဏာမ အပစ်ရပ်စာချုပ် ( Bilateral ) တခု ချုပ်ဆိုရန် ညှိနှိုင်းနေသော်လည်း ပြေလည်ခြင်း မရှိသေးပါ။

You may also like these stories:

အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ

တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ

တိုက်ပွဲဖြစ်မည်စိုး၍ ပလက်ဝဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

Your Thoughts …
Tags: ကလေးငယ်စစ်ဘေးရှောင်ပညာသင်ကြားရေးရခိုင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.2k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
ကမ္ဘောဒီးယားနိုင်ငံ ပရိချ် သီဟာနုပြည်နယ်တွင် ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပြိုမှုတွင် ဒဏ်ရာရသူများကို သယ်ဆောင်လာစဉ် / AP

၂၈ဦး သေဆုံးသည့် အဆောက်အအုံပြိုကျမှု တရုတ် ၄ဦးကို ကမ္ဘောဒီးယား တရားစွဲ

“Forrest Gump” ရုပ်ရှင်

ဒီနေ့ခေတ်မှာ “Forrest Gump” ရုပ်ရှင်ကို ပြန်ဖန်တီးဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်လုပ်သူ ပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved