• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲဖြစ်မည်စိုး၍ ပလက်ဝဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

by နန်းလွင်နှင်းပွင့်
12 June 2019
in သတင်း
A A
ရခိုင်ဒုက္ခသည်စခန်းက ဒုက္ခသည်များ / ကျော်ခ / ဧရာဝတီ

ရခိုင်ဒုက္ခသည်စခန်းက ဒုက္ခသည်များ / ကျော်ခ / ဧရာဝတီ

8.3k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများကြား ပိတ်မိမည်ကို စိုးရိမ်သဖြင့် အရပ်သား ၇၅၀ ကျော် မြို့ပေါ်သို့ထွက်ပြေးလာသည်ဟု သတင်း ရရှိသည်။

ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင် က “ဇွန် ၈၊ ၉၊ ၁၀၊ ၁၁ ရက်အတွင်း ရောက်လာတဲ့ စာရင်းက အိမ်ထောင်စု ၁၅၀၊ လူဦးရေက ၇၅၂ ဦး ပလက်ဝမှာ လာခိုလှုံနေပါတယ်” ဟု ပြောသည်။

အဆိုပါ ၇၅၂ ဦးမှာ ပိန္နဲတပင်ကျေးရွာအုပ်စု၊ ပိန္နဲတပင်ရွာ၊ တဲမချောင်းထဲရွာနှင့် ကျောက်ပျဉ် တောင့်ရွာတို့ မှ ဒေသခံများ ဖြစ်ပြီး လက်ရှိတွင် ပလက်ဝမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၃ ခု နှင့် နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် နေထိုင်နေပါသည်ဟု ဦးကျော်အောင် က ဆိုသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဒုက္ခသည်များ ခိုလှုံရန် ကယ်ဆယ်ရေးစခန်း ၃ ခုကို အင်္ဂလိကန် အသင်းတော် ကျောင်းဝင်း အတွင်းရှိ မူကြိုကျောင်းဆောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးတို့တွင် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။

ထွက်ပြေးလာကြသူများမှာ ၎င်းတို့ ကျေးရွာများအတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း၊ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်လာခြင်းတို့ကြောင့် မဟုတ်ပဲ ရွာအနီးအနားတွင် ပစ်ခတ်သံများ၊ လက်နက်ကြီးပစ်သံများ ကြားနေရသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးလာကြသူများ ဖြစ်သည်ဟု ဦးကျော်အောင်က ပြောသည်။

ဦးကျော်အောင် က “ပိန္နဲတပင်ရွာရဲ့ အနီးပတ်ဝန်းကျင်မှာ ဆိုရင် လက်နက်ကြီးသံတွေ ကြားတယ်။ အသံက တော်တော်ကြီးတော့ သူတို့ လုံးဝ မနေရဲတော့တဲ့ အခြေအနေ ဖြစ်လာတယ်။ တခုခုဖြစ် လာရင် ပိုဒုက္ခရောက်မယ်ဆိုပြီး ပြေးလာတာပါ။ ကျည်ဆံများ ထိသွားရင် ပိုပြီး သွားရတာ ဒုက္ခ  ရောက်မယ်။ အသက်အန္တရာယ် မထိခိုက်အောင် ကြိုတင်ပြေးလာကြတာလို့ သူတို့က ပြောပြတယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည် ၇၅၂ ဦး၏ စားဝတ်နေရေးအတွက် ချင်းပြည်နယ်အစိုးရမှ ဆန်အိတ် ၅၀၀ ပို့ပေးထားပြီး ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ တဦးချင်းအလှူရှင်များကလည်း လှူဒါန်းသဖြင့် ဝေငှပေးထားသည်ဟု ဦးကျော်အောင်က ပြောသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ကနဦး စစ်ဘေးရှောင် ဒုက္ခသည် ၂၆၀၀ ကျော်ရှိနေပြီး ယခုအခါ ၇၅၀ ကျော် ထပ်တိုးလာသဖြင့် စုစုပေါင်း ဒုက္ခသည် ဦးရေမှာ ၃၀၀၀ ကျော်သွားပြီ ဖြစ်သည်။

အဆိုပါ ဦးရေ ၃၀၀၀ ထဲမှ ဒုက္ခသည် ၂၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်အနီးရှိ AA တပ်ဖွဲ့ဝင်များ တပ်စခန်းချထားသည့် နယ်မြေထဲတွင် နေထိုင်နေကြသည်။

ထို ဦးရေ၂၀၀ ကျော်မှာ ဖေဖော်ဝါရီအတွင်းက တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ဝင်ရောက် ခိုလှုံရာ ဘင်္ဂလားအစိုးရမှ လက်မခံဘဲ ထွက်သွားရန် နှင်ထုတ် ခဲ့သဖြင့် မြန်မာနိုင်ငံတွင်း ပြန်ဝင်လာပြီး နယ်စပ်တွင် သောင်တင်နေခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည် ဦးရေ ၂၀၀ ကျော်ထဲတွင် ချင်းလူမျိုး ၅၀ ကျော်ပါဝင်သည်ဟုဆိုကာ ချင်းလူမှု အသိုင်းအဝိုင်းများက ၎င်းတို့ လူမျိုးဒုက္ခသည်များကို AA က ဖမ်းဆီးထားကြောင်းနှင့် ပြန်လွှတ်ပေးရန် ပြောဆိုမှုများ ရှိနေသည်။

AA ဘက်က ၎င်းတို့ ဖမ်းထားခြင်း မရှိကြောင်း ငြင်းဆိုကာ ဒုက္ခသည်များမှာ နေအိမ်များ  ဆောက်လုပ်ကာ AA ထိန်းချုပ်နယ်မြေထဲတွင် နေထိုင် နေကြကြောင်း၊  ရိက္ခာများ လိုအပ်ပါကလည်း ၎င်းတို့ဘက်မှ ကူညီပေးနေကြောင်း AA က တုန့်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင်းရှိ  စစ်ဘေးရှောင်ဒုက္ခသည်များထဲတွင် ကျောင်းနေအရွယ်ကလေးများ လည်း ပါရှိသဖြင့် ဇွန် ၁၁ ရက်တွင် စစ်ဘေးရှောင်စခန်းတာဝန်ခံများက ကျောင်းနေအရွယ် ကလေး ဦးရေများ ကောက်ယူပြီး ကျောင်းတတ်နိုင်ရေး၊ အစိုးရမှ ဆရာ၊ဆရာမများ ကူညီပေးရေး တို့ကို  ဆောင်ရွက်သွားမည်ဟု သိရသည်။

ကျောင်းတက်ရန် စာရင်းကောက်ယူမည့်ထဲတွင် AA ထိန်းချုပ်နယ်မြေတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်မိသားစုဝင်များ၏ ကလေးများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဦးခိုင်သုခက  ပလက်ဝမြို့နယ်တွင်း တပ်မတော်နှင့် AA ကြား နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့သည့် ရက်မှာ ဇွန် ၇ ရက်က ဖြစ်ပြီး နောက်ပိုင်းတွင် တိုက်ပွဲ မရှိသေးဟု ပြောသည်။

ဦးခိုင်သုခက “၇ ရက်မှာလည်း သူတို့ဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ် ။ ၈ ရက်နေ့မှာလည်း တနေကုန်ပစ်တယ်။ အဲ့တာကြောင့် ရွာသားတွေက မနေရဲလို့ ပလက်ဝမြို့ပေါ်ကို ထွက်ပြေး ကြတာ။ ၉  ရက်မှာလည်း တိုက်ပွဲဖြစ်တဲ့ နေရာရော၊ တိုက်ပွဲမဖြစ်တဲ့ နေရာရော လက်နက်ကြီး  တွေနဲ့ပစ်နေတယ်။ အဲ့တာကြောင့် အနီးအနားရွာက ဒေသခံတွေက မနေရဲကြပဲ ပြေးတာ” ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှလည်း ပလက်ဝမြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားကြောင်း သတင်းထုတ်ပြန်ထားခြင်း မတွေ့ရသေးပါ။

ဦးခိုင်သုခက ၎င်းတို့ AA နှင့် တပ်မတော်ကြား တိုက်ပွဲများ လျော့ချရေးကို သီးသန့်ညှိနှိုင်းခြင်း မရှိသေးသလို ပဏာမ အပစ်ရပ်စာချုပ် (Bilateral) အတွက် ညှိနှိုင်းရန် တွေ့ဆုံမည့် နေရာကိုလည်း ညှိနှိုင်းနေဆဲဖြစ်ပြီး ပြေလည်ခြင်း မရှိသေးပါဟု ပြောသည်။

ဦးခိုင်သုခ က “ဆွေးနွေးပွဲတွေမှာ အပြုသဘောဆောင်တဲ့ နှစ်ဖက် သဘောတူညီချက်တွေ ရလို့ရှိရင်တော့ စစ်ရှောင်တွေ အရေးကတော့ ကျနော်တို့ ဦးစားပေး ဆွေးနွေးရမယ့် ကိစ္စဖြစ်  တာပေါ့။ အခုအနေအထားကတော့ သူတို့က အစိုးရရဲ့ထိန်းချုပ် တဲ့ ဧရိယာထဲမှာ အကုန်လုံး ရှိနေတယ်” ဟု ပြောသည်။

တိုက်ပွဲကြောင့် ပြေးလာပြီး ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်များ ကို အစိုးရမှ ကူညီစောင့်ရှောက်ရမည် ဖြစ်ပြီး အစိုးရမှ နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို တားမြစ် နေသည်မှာလည်း မဖြစ်သင့်ပါဟု ဦးခိုင်သုခက ဆိုသည်။

လက်ရှိတွင် အစိုးရနှင့် အပစ်ရပ်စာချုပ် ဆွေးနွေးမှု ပြေလည်ခြင်း မရှိသေးသည့်အပြင် ရခိုင်ပြည်နယ် တွင်လည်း တပ်မတော်က ရေကြောင်းမှ စစ်အင်အားများ ဆက်တိုးချဲ့နေသဖြင့် ထိုးစစ်ဆင်မှု  ဆက်ရှိမရှိကို AA က စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။

ဦးခိုင်သုခ က “တကယ်လို့ သူတို့ဘက်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာမယ်ဆိုရင် တိုက်ပွဲက ပြန်ပြင်းထန် လာမယ့် အနေအထား ရှိတယ်” ဟုလည်း ပြောသည်။

တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

AA က ရခိုင်ပြည်နယ်တွင်း တပ်စခန်းများ အခိုင်အမာ ရရှိရေးအတွက် ၂၀၁၅ ခုနှစ်မှစတင်  ဆောင်ရွက်နေပြီး တပ်မတော်က ရခိုင်ပြည်နယ်တွင်း AA တည်ရှိမှုကို အသိအမှတ် ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည် ။

AA က ရခိုင်လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုင်ရာ အခွင့်အရေးများကို ဖက်ဒရယ်ထက် မြင့်သည့် ကွန်ဖက်ဒရေးရှင်းစနစ် ရလိုကြောင်း၊ နိုင်ငံရေး ရည်မှန်းချက်ကို ကွန်ဖက်ဒရေးရှင်းအဖြစ် ထားရှိကြောင်း ထုတ်ဖော်ပြောဆို ထားသည်။

၂၀၁၉  ခုနှစ်အတွင်း တပ်မတော်နှင့် AA တိုက်ပွဲ ဖြစ်ပွားသည့် အကြိမ်ရေ ၁၁၀၀ ကျော်ရှိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲကာလအတွင်း AA နှင့် ပတ်သတ်သည်ဟုဆိုကာ တပ်မတော်မှ ရခိုင်အမျိုးသား ၄၀ ကျော်ကို တရားစွဲဆိုထားပြီး အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

၅ လတာ တိုက်ပွဲအတွင်း ပစ်ခတ်ခံရခြင်း၊ မိုင်းပေါက်ကွဲခြင်း၊ လက်နက်ကြီးကျည်စ ထိမှန်ခြင်း၊ မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရခြင်းတို့ကြောင့် အရပ်သား ၄၀ ကျော် သေဆုံးထားထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မင်းပြား၊ ရသေ့တောင် ၊ မြောက်ဦး နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း တပ်မတော်နှင့် AAတို့၏ တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်၊နိုဝင်ဘာ ၃၀ မှ ယနေ့ထိ ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၄သောင်းကျော် ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။

You may also like these stories:

ပလက်ဝ ဒေသခံများ၏ ဆန်အိတ် ၁၀၀ ကျော် AA အဖွဲ့ လုယူသွား

ပလက်၀ ဒေသ ဖွံ့ဖြိုးရေး အဟန့်အတားမလုပ်ဖို့ AAကို ချင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား

AA တည်ရှိမှုကို လိုင်ဇာမှာဘဲ အသိအမှတ်ပြုမည်ဟု တပ်မတော်ပြော

Your Thoughts …
Tags: AAတပ်မတော်ထွက်ပြေးပလက်ဝ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဆရာကြီး ဦးဖေမောင်တင်  / ဝီကီပီးဒီယား

ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိရေး တိုင်ကြားစာကြောင့် ဆိုင်းငံ့ထားဟု ဆို

စစ်ကိုင်းတိုင်းရှိ သစ်ထုတ်လုပ်ရေး စခန်းတခု  / Reuters

သစ်အလုံးလိုက် တင်ပို့ရာတွင် စနစ်တကျ စီစဉ်ထား၍ သစ်တော ပြုန်းတီးမှု မဖြစ်ဟု ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved