• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“ရခိုင်တွေမှာလည်း အသက်နှင့်” ဆန္ဒပြပွဲ စီစဉ်သူများကို ရဲတပ်ဖွဲ့ ရှာဖွေနေ

by မိုးမြင့်
5 July 2019
in သတင်း
A A
ရခိုင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ ကိုသန်းလှက ရခိုင်တွေမှာလည်း အသက်နှင့် လှုပ်ရှားမှုအတွက် သရုပ်ဆောင်စဉ် / Ko Than Hla / Facebook

ရခိုင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ ကိုသန်းလှက ရခိုင်တွေမှာလည်း အသက်နှင့် လှုပ်ရှားမှုအတွက် သရုပ်ဆောင်စဉ် / Ko Than Hla / Facebook

19.8k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ်နှင့် စစ်ဆေးပြီးနောက် သေဆုံးခဲ့သည့် အရပ်သားများအတွက် တရားမျှတမှုကို တောင်းဆိုသည့် “ရခိုင်တွေမှာလည်း အသက်နှင့်” ဟူသော လှုပ်ရှားမှုကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ပြီးခဲ့သည့် အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ရခိုင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူအုပ်စုတစုကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိတဦးက ပြောသည်။

ထိုဆန္ဒပြပွဲ စီစဉ်သူများကို အမှုဖွင့်ထားကြောင်းနှင့် ယခုအခါ ၎င်းတို့ကိုလိုက်လံရှာဖွေနေကြောင်း ရဲမှူးကြီး ကြည်လင်းက အင်္ဂါနေ့မွန်းလွဲချိန်က ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့်ပြောကြားသည်။

ထိုသို့တရားစွဲဆိုရခြင်း၏ အကြောင်းရင်း၊ စွပ်စွဲခံရသူများ၏အမည်များနှင့် ၎င်းတို့သည် မည်သည့်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲသည် စသည်တို့ကိုမူ ၎င်းက အသေးစိတ်ရှင်းလင်းပြောကြားခြင်းမရှိပါ။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
40
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
650

ပြီးခဲ့သည့် အင်္ဂါနေ့ညနေက ရဲတပ်ဖွဲ့ဝင် ၅ ဦးရောက်လာပြီး သူ၏နေအိမ်တွင် သားဖြစ်သူကို နာရီဝက်ကြာမျှ လာရောက်ရှာဖွေကြောင်း စွပ်စွဲခံရသော ဆန္ဒပြသမားများအနက် တဦးဖြစ်သူ ကိုသန်းလှ၏ဖခင် ဦးစောသိန်းထွန်းက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး သူ၏သားနှင့် အခြားတက်ကြွလှုပ်ရှားသူများကို အာဏာပိုင်များက အမှုဖွင့်ထားသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြောင်းလည်း သူပြောသည်။

“ကျနော့်သားက အချိန်အများစုမှာ စစ်တွေမြို့လယ်က လူငယ်ရုံးမှာ နေတတ်လို့ အိမ်မှ ာမရှိဘူးလို့ ကျနော်ပြောလိုက်တယ်။ ဒီနေ့မွန်းလွဲချိန်အထိတော့ သားကို မဖမ်းမိသေးဘူး ထင်တယ်” ဟု ဦးစောသိန်းထွန်းက ကြာသပတေးနေ့တွင် ပြောသည်။

ရခိုင်တိုင်းရင်းသားလူငယ် ၆ ဦးတို့သည် ဇူလိုင်လ ၂ ရက်နေ့က စစ်တွေမြို့လယ်ရှိ ဦးဥတ္တမပန်းခြံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

“ဖမ်းဆီးထားစဉ် သေဆုံးတဲ့အရပ်သားတွေအတွက် တရားမျှတမှု လိုချင်တယ်”၊ “အရပ်သားများကို ပစ်မှတ်ထားခြင်း၊ သတ်ဖြတ်ခြင်း ချက်ခြင်းရပ်”နှင့် “တိုက်ခိုက်မှု ချက်ခြင်းရပ်ပြီး ငြိမ်းချမ်းရေးယူ” စသည့် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးသားထားသော စာတမ်းများကို ၎င်းတို့ကိုင်ဆောင်ထားခဲ့ကြသည်။

ဇွန်လနှောင်းပိုင်းက မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာတွင် တပ်မတော်က ထိန်းသိမ်းထားသူ ၈ ဦးအနက် ၂ ဦးသေဆုံးခဲ့ပြီးနောက် ထိုဆန္ဒပြပွဲက တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသေဆုံးသူများအနက် ၁ ဦးဖြစ်သူ ကိုဇော်ဝင်းလှိုင်က သူ မသေဆုံးမီအချိန်တွင် တပ်မတော်သားများက သူ့ကို အပြင်းအထန် ညှင်းပမ်းနှိပ်စက်ရိုက်နှက်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ သူသည် စစ်တွေဆေးရုံတွင် တနင်္လာနေ့က သွေးများအန်ပြီးနောက် ကွယ်လွန်ခဲ့သည်။

သူ့ကို စစ်ဆေးမေးမြန်းစဉ်တွင် စစ်သားများက သူ၏ လုံချည်ဖြင့်ပြုလုပ်ထားသောအိတ်တွင် ကျောက်ခဲများ ထည့်သွင်းကာ ရိုက်နှက်ခဲ့ကြောင်း ကိုဇော်ဝင်းလှိုင်က သူ့ဘဝနောက်ဆုံးအချိန်များတွင် မိသားစုများကို ပြောခဲ့သည်။ သူသည် ဆေးရုံသို့ရောက်သောအခါ မိခင်ဖြစ်သူက ပေးသောရေကိုပင် မသောက်နိုင်တော့ပါ။

“အမေ ကျနော့်ကို ရေမတိုက်နဲ့တော့။ ကျနော် သိပ်မကြာတော့ဘူး ထင်တယ်။ မကြာခင် သေရတော့မှာပါ။ အထဲက ကလီစာတွေလည်း ကြေမွနေပါပြီ။ အမေ ရေမတိုက်ပါနဲ့တော့။ သား အရမ်းမွန်းကျပ်နေတယ် အမေ။ အမေ သားသွားရတော့မယ်” စသည့် သူ၏နောက်ဆုံးစကားများကို ဖေ့ဘုတ်တွင် ကျယ်ပြန့်စွာ ဖြန့်ချိခဲ့ကြပြီး အွန်လိုင်းလှုပ်ရှားမှုတွင် အကြီးအကျယ် သရုပ်ဖော်ခဲ့ကြသည်။

ယခုနှစ် အစောပိုင်းမှ စတင်ပြီး ရခိုင်မြောက်ပိုင်းတွင် စစ်ဘက်မှ ဖမ်းဆီးမှုများအတွင်း အရပ်သား ဦးရေ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။

AA နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများကြောင့် လူ ၄သောင်းကျော်လည်း နေရပ်စွန့်ခွာခဲ့ရသည်။

တပ်မတော်သည် စစ်ဆေးမေးမြန်းစဉ်အတွင်း ညှင်းပမ်းနှိပ်စက်ခြင်းမပြုရဟူသော စည်းမျဉ်းကိုလိုက်နာကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗုဒ္ဓဟူးနေ့တွင် 7Day သတင်းစာသို့ ပြောပြီး ချိုးဖောက်သူများကို အရပ်ဖက်၊ စစ်ဖက်ဥပဒေများဖြင့် အရေးယူမည်ဟု ပြောဆိုသည်။

ကိုဇော်ဝင်းလှိုင်သည် စစ်သားများ၏ စစ်ဆေးမှုများကြောင့် သေဆုံးရသည်ဟူသည့် ပြောဆိုမှုများကို တပ်မတော်က သိရှိကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောသည်။

“သူတို့ကို ဥပဒေနဲ့အညီ မဆက်ဆံဘူးလို့ ထင်ရင် နိုင်ငံသားအားလုံးမှာ တရားစွဲဆိုခံခွင့်ရှိတယ် ဆိုတာလောက်ပဲ ကျနော်ပြောနိုင်တယ်” ဟုလည်း သူက ပြောသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီကလည်း ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်သည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေနိုင်ဖွယ် ရှိနေသည်ဟု မကြာခင်က အစီရင်ခံထားသည်။

အင်္ဂါနေ့က ဂျနီဗာတွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင်တပ်မတော်ထိပ်တန်းအရာရှိများကို အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် စစ်ဆေးရန် လူ့အခွင့်အရေးကောင်စီကို ၎င်းက တိုက်တွန်းသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုသည့် ကိုသန်းလှက  ကြာသပတေးနေ့ မွန်းလွဲချိန်အထိ ရဲတပ်ဖွဲ့မှ တရားဝင်အကြောင်းကြားစာကို မရရှိသေးကြောင်း ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့်ပြောသည်။

သို့သော် ကိုသန်းလှကို ငြိမ်းချမ်းစွ ာစုဝေးခွင့် ဥပဒေချိုးဖောက်မှုဖြင့် ဝရမ်းထုတ်ထားကြောင်း သိရသည်ဟု သူ၏မိသားစုက ပြောသည်။

အခြားပါဝင်သူများကို အလားတူဥပဒေဖြင့် အရေးယူခြင်း ရှိ၊ မရှိကိုမူ သူမသိကြောင်း ကိုသန်းလှက ပြောသည်။ ထိုဆန္ဒပြပွဲ၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်မှ အရပ်သားများကို ဥပဒေပြင်ပသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်းနှင့် တပ်က ဖမ်းဆီးထားစဉ်သေဆုံးသော အရပ်သားများအတွက် တရားမျှတမှု ရှာဖွေရန် လိုကြောင်း လူထုသိရှိစေရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲ၊ ချီတက်ပွဲနှင့် အခြား အများပြည်သူပါဝင်သည့်လှုပ်ရှားမှု စီစဉ်သူများသည် ရဲတပ်ဖွဲ့ထံမှ အနည်းဆုံး ၄၈ နာရီကြိုတင် ခွင့်ပြုချက် ရယူရသည်။ ထိုသို့လုပ်ရန် ပျက်ကွက်ပါက အနည်းဆုံး ထောင် ၆ လ သို့မဟုတ် တရားသူကြီးက သတ်မှတ်သည့် ဒဏ်ငွေကို ဆောင်ရမည်ဖြစ်သည်။

“သူတို့ ကျနော်တို့ကို ဘာနဲ့ပဲ တရားစွဲစွဲ ကျနော်တို့က တရားရုံးမှာ ရင်ဆိုင်ဖို့ အသင့်ပဲ။ ကျနော်တို့လုပ်တဲ့အလုပ်အတွက် ကျနော်တို့ နောင်တရစရာ မရှိဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အပြစ်မဲ့အရပ်သားတွေအတွက် တရားမျှတမှု ရှာဖွေဖို့ပဲ” ဟု သူပြောသည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဇူလိုင် ၄ ရက်က ဖော်ပြခဲ့သည့် ‘Rakhine Life Matters’ Protesters Sought by Police in Sittwe ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးသူများ အရေး သူတို့ဘာပြောလဲ

သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ

ဆိုင်ကလုန်း မုန်တိုင်းက ရခိုင်စစ်ပွဲကို ရပ်နိုင်မလား

Your Thoughts …
Tags: ဆန္ဒပြပွဲရခိုင်တွေမှာလည်း အသက်နှင့်ရဲတပ်ဖွဲ့
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

by James Morris နှင့် Son Nguye
13 November 2025
1.4k

တရားမဝင် ငွေဘီလီယံပေါင်းများစွာနှင့် ပတ်သက်၍ ထိုင်းရဲအရာရှိ ၂၀၀ စုံစမ်းစစ်ဆေးခံနေရပြီး အများပြည်သူ ယုံကြည်မှုပြိုလဲကာ ထိုင်းထိပ်တန်းရဲအရာရှိများသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
9.4k

The Diplomat က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

Next Post
သရုပ်ဆောင် ဝတ်မှုံရွှွှေရည် / Wutt Hmone Shwe Yi's Facebook

"အပြင်မှာ အရမ်း အစွဲအလမ်းကြီးပြီး ချစ်တတ်တဲ့သူ တယောက်ပါ"လို့ ပြောတဲ့ ဝတ်မှုံရွှေရည်

၂၀၂၄ မှာ BMW နဲ့ Mercedes ကားတွေ အလိုအလျောက် မောင်းနှင်နိုင်ပါ

၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved