• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂွမြို့နယ်၌ ဖမ်းမိ သစ်ခိုးလှေ အစားထိုးထားဟုဆိုပြီး လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

by ထက်နိုင်ဇော်
20 August 2019
in သတင်း
A A
ဒေသခံများဖမ်းဆီးရမိသည့် သစ်ခိုးလှေ / ဧရာဝတီ

ဒေသခံများဖမ်းဆီးရမိသည့် သစ်ခိုးလှေ / ဧရာဝတီ

57.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဂွမြို့နယ် ဆတ်သွားကျေးရွာအုပ်စု ဆတ်သွားချောင်း သဗြာဆိပ်တွင် ဖမ်းမိသည့် သစ်ခိုးလှေတစီး ပျောက် ဆုံးသွားပြီး၊ တခြားလှေဖြင့် အစားထိုးထားသည်ဟု ဆိုကာ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက ယနေ့ လွှတ်တော်တွင် မေးခွန်းထုတ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က ဆက်သွားချောင်း သဗြာဆိပ်တွင် သစ်တန် ၄၀ ခန့် ပါဝင် သော သစ်လှေကြီး ၁ စီးနှင့် တန် ၂၀ ခန့် ပါဝင်သော သစ်လှေငယ် ၁ စီးတို့ကို ဒေသခံများက ဖမ်းဆီး ပြီး ဒေသဆိုင်ရာ သစ်တောနှင့် ရဲတပ်ဖွဲ့ ထံသို့ အပ်နှံခဲ့သည်။

အပ်နှံပြီး ၃ ရက်အကြာ လှေကြီးမှာ လုံးဝ ပျောက်ဆုံးသွားရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

အပ်နှံစဉ်က သစ်တော ဝန်ထမ်း ၅ ဦး၊ ရဲဝန်ထမ်း ၂ ဦး ထိုလှေပေါ်သို့ ရောက်ရှိပြီးမှ ဖမ်းဆီးပေးခဲ့သူ ဒေသခံများသည် စိတ်ချလက်ချ အိမ်ပြန်ခဲ့ကြ ဖြစ်ကြောင်း၊ သို့သော် ယင်းသစ်များကို မြေပြင်သို့ ချခြင်း မရှိဘဲ လှေပါ လွတ်မြောက် သွားရခြင်းအတွက် တာဝန်ရှိ ဝန်ထမ်းများကို မည်ကဲ့သို့ အရေးယူမည် ဖြစ်ကြောင်းကို သိရှိလိုကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။

ယင်းမေးခွန်းကို လာရောက်ဖြေဆိုသူ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖမ်းမိသည့် လှေ ၂ စီး စလုံးမှာ ဂွမြို့နယ်ရှိ ဆတ်သွားချောင်း တံတားအနီးတွင် ရှိနေကြောင်း၊ လှေ ၂ စီးပေါ်မှ သစ်များ ကို မြေပြင်သို့ ချပြီး ဖြစ်ကြောင်း၊ ကျူးလွန်သူ တရားခံများကို ရဲက လိုက်ရှာနေပြီး ဂွမြို့နယ်မှ တောအုပ်ကြီး ဦးခင်မောင်ဝင်းက တရားလို ပြုလုပ်၍ သစ်တောဥပဒေဖြင့် ကမ်းသာယာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ပေါင်းစပ်ဖြေကြားချက်အရ ဝန်ထမ်းများကိုလည်း အရေးယူရန် မရှိကြောင်း ပြည်ထဲရေး ဒုဝန်ကြီးက ဆိုသည်။

ပြည်ထဲရေး ဒုဝန်ကြီး၏ ဖြေဆိုချက်နှင့် ပတ်သက်၍ လှေငယ်နှင့် ပတ်သက်သည့် အချက်အလက် များကို လက်ခံသော် လည်း လှေကြီးနှင့် ပတ်သက်သည့် အချက်များကို လက်မခံဘဲ အမှန်တကယ် ဖမ်းဆီးရမိသည့် လှေကြီးကို အခြား လှေတစီးဖြင့် အစားထိုးထားသည့် ဓာတ်ပုံများကို ကိုယ်စားလှယ် ဖြစ်သူ ဦးမြင့်ဝေက လွှတ်တော်တွင် ပြန်လည် တင်ပြခဲ့သည်။

“ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြေပြင်ကွင်းဆင်း စိစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိနဲ့ မြေပြင် ကွင်းဆင်း စစ်ဆေးပါက ဒီလှေကြီး လွတ်မြောက်သွားတာ ထင်ရှားခဲ့ရင် ဝန်ကြီး ဖြေခဲ့တဲ့ ၅၀ ရာခိုင်နှုန်းကို လိမ်ညာတင်ပြပြီးတော့ ဖြေကြားခဲ့တာဆိုရင် ဝန်ကြီးရဲ့ ဂုဏ်သိက္ခာကို ထောက်ရှု့သောအားဖြင့် လွှတ်တော်တရပ်လုံးရဲ့ ဂုဏ်သိက္ခာကို ထောက်ရှု့ သောအားဖြင့် လည်းကောင်း၊ တာဝန်ရှိ ဝန်ထမ်း တွေကို မည်ကဲ့သို့ အရေးယူမလဲဆိုတာ သိချင်ပါတယ်”ဟု ဦးမြင့်ဝေ က လွှတ်တော်တွင် ပြောသည်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူကမူ မေးခွန်းများ ဖြေကြားရာတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ တို့ ပေါင်းစပ်ပြီး စိစစ်ပြီးမှ ပြန်လည် ဖြေကြားခြင်း ဖြစ်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ထပ်ဆင့် မေးမြန်းသည့် အပေါ်တွင် ပြန်လည် စိစစ်ပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေက “တမင်လွှတ်ပေးလိုက်တာလို့ ကျနော် သိထားတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်လဲ ဆို ၁၈ ရက်နေ့က ၂၁ ရက်နေ့အထိ ၄ ရက် လုံးလုံး အရပ်သားတွေက ဆတ်သွားချောင်း တံတားနားက လှေတွေပေါ်မှာ စောင့်အိပ်နေတဲ့အတွက် အစားထိုးထားတဲ့ လှေဝင်လာတဲ့အချိန်ကိုလည်း ကျနော်တို့ လူတွေ သိပါတယ်။ စက်လှေချင်း လဲပြီး ထွက်သွားတဲ့ အချိန်ကိုလည်း ကျနော်တို့ လူတွေ သိပါတယ်”ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။

အစားထိုးလိုက်သည့်လှေ /ဧရာဝတီ

၎င်းက ဆက်၍ “ဒီကိစ္စမှာ သစ်တောဝန်ထမ်းတွေ ပါဝင်ပတ်သက်နေလို့သာ ဒီလို ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ဆိုသည်။

သစ်ဖမ်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဆတ်သွားကျေးရွာ ရာအိမ်မှူး ဦးမြတ်စိုးကလည်း ယင်းနေ့က ၎င်းတို့အဖွဲ့ကို လှေပေါ်တွင် ပါလာသည့် သစ်သမားများက ဓားကြိမ်း ကြိမ်းသဖြင့် ကိုယ်တိုင် မစောင့်တော့ဘဲ လူအငှားဖြင့် အစောင့်ချ ထားခဲ့ကြောင်း၊ အန္တရာယ် ကြားမှ ဖမ်းပေးခဲ့သည့် လှေကြီး အာဏာပိုင်များ လက်ထဲရောက်မှ လွတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။

“၂၁ ရက်နေ့မှာ အဲဒီ လှေကြီးက ပြန်ထွက်သွားတယ်။ အဲဒီအချိန်မှာ ရဲလည်း ရှိတယ်။ သစ်တော လည်း ရှိတယ်။ ရဲကို ပြောတော့လည်း ဘယ်လိုလုပ် ဖမ်းတော့မလဲ ဘာညာဆိုပြီးတော့ ပြီးသွားတယ်။ လှေကြီးပေါ်က သစ်တွေက ပျောက်သွား တာ အခုချိန်ထိ မတွေ့တော့ဘူး။ လှေလေး ၁ စီးကို အစား ထိုးပြီး ချောင်းထဲမှာ ထိုးထည့်ထားခဲ့တာပဲ ရှိတယ်။ ကျနော်တို့ ဖမ်းခဲ့တာက ၁ စီး၊ အစားထိုးထားက ၁ စီးပါ။ ပုံစံမတူဘူး။ အဲဒီလှေကြီးပေါ်မှာ သစ်တန် ၅၀ လောက် ပါသွားတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် တောင်ပိုင်းတွင် တရားမဝင် ဖမ်းသည့် အခါတိုင်းတွင် အရပ်သား ပြည်သူများကသာ ဦးဆောင် ပါဝင်လေ့ ရှိပြီး ၎င်းတို့ သတင်းရပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သို့ ဦးစွာ အကြောင်းကြားကြောင်း၊ ကိုယ်စားလှယ် က သတင်း အတည်ပြုပြီး ခိုင်မာပါက မြို့နယ် အုပ်ချုပ်ရေး မှူးကို အသိပေးရကြောင်း၊ ၎င်းထံမှ တဆင့် သစ်တောဌာန၊ ရဲတပ်ဖွဲ့များကို အကြောင်းကြားပေးခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“ဖမ်းတဲ့အခါတိုင်း ကိုယ့်ဒေသခံ ပြည်သူတွေထက် တာဝန်ရှိတဲ့သူတွေက မိနစ် ၂၀၊ နာရီဝက်၊ ၁ နာရီ လောက်အထိ နောက်ကျပြီးမှ ရောက်လာတယ်။ အခုတခေါက် သစ်ဖမ်းတဲ့အခါမှာလည်း လူတွေ စီးဖို့ အတွက် လှေသေးသေးလေးတွေ ၂ စီး ငှားရတယ်။ တစီးကို တသောင်းခွဲနဲ့ အရပ်သားတွေ ကိုယ်တိုင်က ကိုယ့်အိတ်ထဲက ကိုယ် စိုက်ပြီး ငှားသွားရတာ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက ရှင်းပြသည်။

၎င်းတို့အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တက်လာပါက ရခိုင် တောင်ပိုင်း တွင် သစ်ခိုးထုတ်မှုများ လျော့ကျ သွားလိ့မ်မည်ဟု မျှော်လင့်ခဲ့သော်လည်း သိသိသာသာ လျော့ကျ သွားခြင်း မရှိကြောင်း၊ ၂၀၁၆ ခုနှစ် နောက်ပိုင်း လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ပြီး သစ်ဖမ်းခဲ့သည့် တန်ချိန်မှာ ရာကျော်နေပြီ ဖြစ်ကြောင်း သိရသည်။

“လှေကြီးထွက်သွားတဲ့အချိန်မှာ ဆတ်သွား စခန်းမှူး ရှိတယ်။ သစ်တော ဝန်ထမ်း ရှိတယ်။ ရှိကို ရှိနေ တာ။ အရပ်သား တွေက လွှတ်ပေးလိုက်တာလို့ ပြောတယ်။ မြေပြင်မှာ သစ်ဖမ်းရာမှာ ပါဝင်ခဲ့တဲ့ အရပ်သား စစ်စစ်တွေကို ခေါ်မေးမယ် ဆိုရင် ဒါက လုံးဝ ပေါ်ပေါက်တယ်”ဟု လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်တွင် တရားမဝင် သစ်ထုတ်လုပ်မှုများ ဆက်တိုက် ဖြစ်ပွားနေသော် လည်း ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ များဖြင့် ဖမ်းဆီးရမိသည့်အခါ ကြိုတင်သတင်းပေါက်ကြား မှု ကြောင့် တရားခံကို မမိဘဲ ပိုင်ရှင်မဲ့သစ်များသာ ဖမ်းဆီရမိလေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
10
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
9
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
20

မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုများမှာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး ဖမ်းမိပါကလည်း ပိုင်ရှင်မဲ့သာ များလေ့ရှိသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် သစ်ခိုးထုတ်မှု အများဆုံး ဒေသများ ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ရှိသည့် တချို့ နေရာဒေသများတွင် သစ်တောဌာနက ကာကွယ်ရေး ဝန်ကြီး ဌာန၏ အကူအညီကိုပါ ရယူပြီး တပ်မတော်နှင့်ပါ လိုက်လံ ဖမ်းဆီးရကြောင်း၊ သစ်တန်ချိန်ပေါင်းများစွာ ဖမ်းမိသည့် ဖြစ်စဉ်များ ရှိကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ သစ်တန်ချိန်ပေါင်း ၄၈၆၈၁ တန် ရှိပြီး သစ်ခိုးထုတ် သည့် တရားခံ ဦးရေ ၇၃၀၀၊ ယာဉ်ယန္တရား ၃၄၈၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် ရှမ်းပြည်နယ်မှ အများဆုံး ဖြစ်ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှု့ ရန် – သစ်သူခိုးများက အာဏာပိုင်ဘက်မှ ဖမ်းဆီးမည့်သတင်း ကြိုရနေ

Your Thoughts …
Tags: ဗိုလ်ချုပ်အောင်သူရဲသစ်ခိုးလှေသစ်တော
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

တော်လှန်ရေးက ပေါ်ထွက်လာတဲ့ ကရင်နီပြည် ရဲဌာန (ရုပ်/သံ)

တော်လှန်ရေးက ပေါ်ထွက်လာတဲ့ ကရင်နီပြည် ရဲဌာန (ရုပ်/သံ)

by ဘုန်းအောင်
25 August 2024
498

ကရင်နီပြည်အတွင်းက ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ ရဲဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဆိုပြီး စစ်အာဏာသိမ်းမှုကို ဖီဆန် ဆန့်ကျင်တဲ့ CDM ရဲ တွေကနေ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ကို ဖွဲ့စည်းထားတာပါ။

ရာသီဥတု ပြောင်းလဲမှု စနစ်

ရာသီဥတု ပြောင်းလဲမှု စနစ်

by ဦးအုန်း (ကမ္ဘာမြေ ချစ်သူ)
2 June 2024
308

ကျွန်ုပ်တို့ ကိုယ်တိုင်နှင့် ပိုင်ဆိုင်မှုများကို ရာသီဥတု ပြောင်းလဲခြင်း အန္တရာယ်မှ ကာကွယ်ရမည် ဖြစ်သည်။ ယခု အချိန်တွင် အချို့ ရာသီဥတု ပြောင်းလဲမှုများမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

အမျိုးသမီးနှင့် ကလေးတွေကိုပါ စစ်ကောင်စီက ဓါးစာခံလုပ်နေသည် (ရုပ်/သံ)

အမျိုးသမီးနှင့် ကလေးတွေကိုပါ စစ်ကောင်စီက ဓါးစာခံလုပ်နေသည် (ရုပ်/သံ)

by ဧရာဝတီ
30 June 2024
276

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲနိုင်ရေးအတွက် အရပ်သားများကို ဓားစာခံ၊ လူသားတံတိုင်း၊ လူသားဒိုင်း ပြုလုပ်ပြီး အကာအကွယ်ယူနေသကဲ့သို့ လက်အောက်ခံ စစ်သားနှင့်ရဲများကိုလည်း ၎င်းတို့၏ ဇနီးနှင့် ကလေးများကို ဓားစာခံပြုပြီး စစ်တိုက်ခိုင်းနေသည်။

စစ်ကောင်စီ သဘာဝပတ်ဝန်းကျင်ကိုပါ ဖျက်ဆီးနေ ( ရုပ်/သံ )

စစ်ကောင်စီ သဘာဝပတ်ဝန်းကျင်ကိုပါ ဖျက်ဆီးနေ ( ရုပ်/သံ )

by အေမီ
19 June 2024
263

စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပြင် သဘာဝကပ်ဘေး အန္တရာယ်တွေ ကျရောက်လာအောင်ပါ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ အရေး ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များထိန်းသိမ်းခြင်း ဥပဒေ ဘာကြောင့်ထုတ်လဲ (ရုပ်/သံ)

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များထိန်းသိမ်းခြင်း ဥပဒေ ဘာကြောင့်ထုတ်လဲ (ရုပ်/သံ)

by ဧရာဝတီ
29 July 2025
197

“စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေ” တရပ်ကို စစ်ကောင်စီက ဇူလိုင် ၂၈ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

မြောက်ဥက္ကလာတွင် ထိခိုက်ဒဏ်ရာ၊ သေဆုံးသူများ  / Facebook

မြောက်ဥက္ကလာတွင် ရဲနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် ၁၅ ဦး သေ

by ဧရာဝတီ
3 March 2021
16.6k

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရဲနှင့် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာကြောင်း သိရှိရသည်။

Next Post
၂၀၁၈ ခုနှစ်က စစ်တွေမြို့ ကမ်းနားလမ်းတွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ  / မင်းအောင်ခိုင် / ဧရာဝတီ

ပုဏ္ဏားကျွန်း၌ ရဲယာဉ်တန်း မိုင်းဆွဲခံရ၊ ဒုရဲမှူးသေဆုံး ၄ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့မျာ / ကျော်ခ / ဧရာဝတီ

ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်ဖြစ်၊ ဒုက္ခသည် ၅၀၀ ခန့် ထပ်တိုး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved