• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စည်းလုံးညီညွှတ်မှုကို ပြသရန် ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်ချုပ် လှူဒါန်း

by ထက်နိုင်ဇော်
26 August 2019
in သတင်း
A A
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများကို နေပြည်တော် ပျဉ်းမနားမြို့ နယ်ရှိ ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့ များနှင့် အစ္စလာမ် ဘာသာရေး အသင်း အဖွဲ့ များသို့ ပေးအပ်လှူဒါန်းခဲ့သည် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများကို နေပြည်တော် ပျဉ်းမနားမြို့ နယ်ရှိ ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့ များနှင့် အစ္စလာမ် ဘာသာရေး အသင်း အဖွဲ့ များသို့ ပေးအပ်လှူဒါန်းခဲ့သည် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

20.5k
VIEWS
Share on FacebookShare on Twitter

ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လှူဒါန်း မှုသည် နိုင်ငံတွင် စည်းလုံးညီညွတ်မှု လိုအပ်နေသည့် အချိန်ဖြစ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိ သူတဦးက ဧရာဝတီသို့ ပြောသည်။

ဩဂုတ်လ ၂၅ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများကို နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များနှင့် အစ္စ လာမ်ဘာသာရေး အသင်းအဖွဲ့များသို့ ပေးအပ်လှူဒါန်းမှု တခု ပြုလုပ်ခဲ့သည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဓိက ကျနော်တို့ နိုင်ငံမှာက စည်းလုံးညီညွတ်ဖို့ လိုအပ်နေတဲ့ အချိန်ဖြစ် တယ်။ နိုင်ငံရေး အရ စည်းလုံးညီညွတ်မှု၊ လူမှုရေးအရ စည်းလုံးညီညွတ်မှု၊ ဘာသာရေးအရ စည်းလုံးညီညွတ်မှု အဓိက လိုအပ်နေတဲ့ အချိန် ဖြစ်တယ်။ အဲဒီလို လိုအပ်နေတဲ့ အချိန်မှာ လိုအပ်တဲ့လုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစု ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ခရစ်ယာန်ကျောင်းများ၊ မွတ်စလင်များနှင့် ဗလီများ ကို လှူဒါန်းရာ၌ ယခင်က မလှူဘဲ ယခုမှ ဘာကြောင့်လှူသလဲ ဆိုသည့် မေးခွန်းများ ရှိနေသဖြင့် ယခုလို ရှင်းပြရခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း ပြောပြီး ဖြစ်တယ်။ မည်သည့်ဘာသာမဆို ဒီလှူဒါန်းမှုနဲ့ ပတ်သက် ပြီးမှ ကောင်းကျိုးကိုပဲ ဟောထားတာ ရှိတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

မည်သည့် ဘာသာတွင်မဆို လှူဒါန်းမှုနှင့် ပတ်သက်၍ ကောင်းမွန်သည့် အကျိုးရရှိခြင်းကိုသာ ဖော်ပြကြောင်း၊ မြန်မာတနိုင် ငံလုံးတွင် ခရစ်ယာန် အစ္စလာမ် ကိုးကွယ်သူများစွာ ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာ သာ အဖြစ် အသိအမှတ်ပြုသကဲ့သို့ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကိုလည်း ကိုးကွယ်ရာ ဘာသာအဖြစ် အသိအမှတ်ပြုပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့က နေ့လယ်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ စိန့်မိုက်ကယ် ကက်သလစ် ဘုရားကျောင်းနှင့် ဦးကျေး ဂျာမေဗလီများသို့ သွားရောက်ပြီး ခရစ်ယာန်နှင့် မွတ်စလင် အသိုင်းအဝိုင်းတို့နှင့် တွေ့ဆုံစဉ် တပ်ချုပ်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ယခုလို အခြားဘာသာ အသိုင်းအဝိုင်းသို့ လှူဒါန်းခြင်းမျိုး ၎င်း၏ တသက် တွင် မတွေ့ဖူးသဖြင့် စိတ်စေတနာမှန်မှန်ဖြင့် လှူဒါန်းခြင်းမျိုး ဖြစ်စေချင်ကြောင်း၊ နိုင်ငံတကာ၏ ဖိအား၊ ပိတ်ဆို့မှုများ ကြောင့် မဟုတ်ဘဲ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းမှုမျိုးကို ကြိုဆိုလိုကြောင်း အစ္စလာမ်ဘာသာဝင် နိုင်ငံရေး အကျဉ်း သားဟောင်း ဦးထွန်းကြည်က ပြောသည်။

“ဒါလေး လာလှူလိုက်တာသည် နိုင်ငံရေး အလို့ငှာ ဘာသာ သာသနာကို အသုံးချတာတို့ အလွဲသုံးတာတို့ ဒါတွေနဲ့ အတူ တူ မဖြစ်စေချင်ဘူး။ အဲဒီ စေတနာပေါ်မှာ မူတည်တဲ့ သဒ္ဓါပေါက်တဲ့ အလှူပဲ ဖြစ်စေချင်တယ်။ အကြောင်းတိုက်ဆိုင်လို့ဆို တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ လှူသင့်လှူထိုက်လို့ စေတနာပေါက်တာမျိုး ဖြစ်စေချင်တယ်” ဟု ဦးထွန်းကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံသည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး အခြေခံ ဥပဒေအရ လွတ် လပ်စွာ ကိုးကွယ်ခွင့် ရှိသော်လည်း ကိုးကွယ်မှုကို လွတ်လပ်စွာ ကျင့်သုံးနိုင်သည့် နေရာတွင် မလွယ်ကူသေးသဖြင့် ယင်း အခွင့်အရေးများပေါ်တွင် တပ်ချုပ်က မည်သို့ စဉ်းစားပေးမည်လဲ ဟု ၎င်းက မေးခွန်းထုတ်သည်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကမူ တပ်ချုပ်၏ ယခု လှူဒါန်းမှု အပေါ် သဘောတူကြောင်း၊ ဗုဒ္ဓဘာသာဖြစ် စေ၊ ခရစ်ယာန်ဖြစ်စေ၊ အစ္စလာမ်သို့ ဖြစ်စေ လှူဒါန်းမှုကို အကောင်းမြင်ကြောင်း၊ နိုင်ငံခေါင်းဆောင် လူကြီးတယောက် သည် အားလုံးနှင့် အဆင်ပြေရန် လိုကြောင်း ဧရာဝတီသို့ မိန့်သည်။

“ဘာသာပေါင်းစုံနဲ့ အဆင်ပြေအောင် ဒီလိုပဲ ဆက်ဆံရမှာပဲ။ ပြီးကျမှ ကိုယ်ကြိုက်တဲ့ ဘာသာကို ကိုးကွယ်ကြပေါ့။ အဲဒီလို မဟုတ်ဘဲ တဖက် ဘာသာတွေကို ဟိုဟာ ဒီဟာလုပ်မယ်ဆိုရင် ဘာသာရေး အစွန်းရောက် ဖြစ်သွားမယ်။ ကာကွယ်ရေး ဦးစီးချုပ်မှ မဟုတ်ဘူး၊ နိုင်ငံတော် အတိုင်ပင်ခံလည်း တခြားဘာသာတွေက ဆရာတွေနဲ့ စကားပြောတဲ့အခါမှာလည်း နားလည်တယ်” ဟု ဦးပါမောက္ခက မိန့်ဆိုသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု၏ ဆွမ်းဆန်စိမ်း အလှူကို ၁၉၉၆ ခုနှစ်မှ စတင်ကာ ဘုန်းကြီးကျောင်းများ၊ သီလ ရှင် စာသင်တိုက်များ၊ ဘိုးဘွာရိပ်သာများသို့ နှစ်စဉ်လှူဒါန်းနေရာမှ ယခုနှစ်တွင် ပျဉ်းမနားမြို့ရှိ ခရစ်ယာန်ဘာသာ ဘုရား ကျောင်း ၁၁ ကျောင်း၊ အစ္စလာမ် အာရဗီ အထက်တန်းကျောင်း၊ ဗလီ ၁၃ ခု တို့အား ထည့်သွင်း လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

“အရေးကြီးသည်မှာ တိုင်းရင်းသား၊ နိုင်ငံသား အားလုံး တိုင်းပြည်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကောင်းရာ ကောင်းကျိုးကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း” ဟု တပ်ချုပ်က ပြောဆိုခဲ့သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
135
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
29
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
64

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည့် မွတ်စလင်များ အပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရာဇဝတ်မှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အပြည့်အဝ တာဝန် ရှိသည်ဟု နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) သို့ လာရောက်ရန် ဖိအားပေးခံနေရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အတွက် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင် ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲ ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်း စွပ်စွဲချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက လက်မခံဘဲ ခိုင်မာသည့် အထောက်အထားများ ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများတွင် တာဝန်ရှိသည်ဟု ဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ဖြစ်သည့် ပြည်ဝင်ခွင့် ကန့်သတ်လိုက်ခြင်းသည် လည်း အနိုင်ကျင့်သည့် လုပ်ရပ်တခု ဖြစ်ကြောင်း တပ်မတော်က ထုတ်ဖော်ပြောဆိုထားသည်။

Your Thoughts …
Tags: စည်းလုံးညီညွှတ်မှုတပ်ချုပ်ဘာသာကွဲများလှူဒါန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ပါ

by ဥသြ
27 December 2024
12.8k

ညှိကွပ်ရာထူးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် မတိုင်ခင်က စစ်တပ်မှာ မရှိခဲ့ပါဘူး။

မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ

မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူလဲ

by စွယ်တော်
19 September 2025
12.4k

သမ္မတကြီး ဆက်လုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်ချုပ် ရာထူးမှ သူ ထွက်ရမည်။

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

by ဧရာဝတီ
8 September 2025
6.2k

ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် စစ်တပ် စတုတ္ထမျိုးဆက်ဆိုသူတွေဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ အုပ်ထိန်းသူတွေလို့ ခံယူတဲ့ နေရာမှာ ရှေးမျိုးဆက်တွေနဲ့ မကွာခြားသလို တပ်မတော် ပြန်လည် ခေါင်းထောင် လာနိုင်ဖို့၊ ဗမာအမျိုးသားရေးစိတ်နဲ့ ပြန်လည်ရှင်သန်ဖို့၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစွမ်းကုန် သစ္စာခံဖို့...

မသုတ်သင်မီ တွေ့ရသော ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာသား ၁၀ ဦး  / Reuters

အင်းဒင်လူသတ်မှုမှ တပ်မတော်သားများ တပ်ချုပ်ထံ အသနားခံပြီး လွတ်မြောက်

by ထက်နိုင်ဇော်
29 May 2019
40.8k

တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦးကို စစ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (တပ်ချုပ်) ထံသို့ အသနားခံစာ တင်ပြသဖြင့်...

7th Sense Creation စပွန်စာ လိုဂိုအား မဖယ်ထုတ်မီပုံနှင့် ဖယ်ထုတ်ပြီးပုံ

တပ်ချုပ်သမီးပိုင် မီဒီယာကုမ္ပဏီနှင့် ပတ်သက်၍ ဝေဖန်ခံလိုက်ရသည့် အမေရိကန်သံရုံး

by ဇင်လင်းထက်
15 December 2020
14.2k

ဒီဇင်ဘာလ ၁၈ ရက် (သောကြာနေ့)တွင် အွန်လိုင်းမှတဆင့် တင်ဆက်မည့် Myanmar Music Festival ပွဲ ကို အမေရိကန်အခြေစိုက် အကျိုးအမြတ် မယူသည့် 88 International ဂီတအဖွဲ့က စီစဉ်ပြီး တပ်ချုပ်၏ သမီးပိုင်သည့်...

ရုရှား လူမှုကွန်ရက် VKontakte (VK) မှ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စာမျက်နှာ

ရုရှား လူမှုကွန်ရက်မှာ တပ်ချုပ် အကောင့်သစ်ဖွင့်

by မိုးမြင့်
30 August 2018
45.8k

ရုရှား လူမှုကွန်ရက် VKontakte (VK) မှ တပ်ချုပ်၏ ပို့စ်အချို့ကို ရုရှားဘာသာနှင့်ရော မြန်မာ ဘာသာနှင့်ပါ ရေးသားထုတ်ပြန်ထားသည်။

Next Post
ကျောက်မီးတွင်းအတွင်း ပိတ်မိနေသည့် လုပ်သားများကို ကယ်ဆယ်ရန် ကြိုးစားနေစဉ်

မကွေးတိုင်း မင်းလှရှိ ကျောက်မီးသွေးတွင်း ရေဝင်၍ လုပ်သား ၄ ဦး ပိတ်မိ

မင်းပြားတွင် နေအိမ် လက်နက်ကြီးကျ၍ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ(ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved