• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုက်ထီးရိုးစေတီ ခြေလျင် တောင်တက်လမ်း ပြန်လည် ဖော်ဆောင်မည်

by ဉာဏ်စိုးဝင်း
18 October 2019
in သတင်း
A A
ကျိုက်ထီးရိုး စေတီတော်ကို လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများ / ဉာဏ်စိုးဝင်း / ဧရာဝတီ

ကျိုက်ထီးရိုး စေတီတော်ကို လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများ / ဉာဏ်စိုးဝင်း / ဧရာဝတီ

24.3k
VIEWS
Share on FacebookShare on Twitter

တောတောင် သဘာဝ အလှများဖြင့် အပန်းဖြေရင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီအား ဖူးမြော်နိုင်ရန် ကင်မွန်း စခန်း မှ ကျိုက်ထီးရိုးတောင်ပေါ် အထိ ခြေလျင်တောင်တက်လမ်းကို ပြန်လည် ဖော်ဆောင်သွားမည်ဟု မွန် ပြည်နယ် ဝန်ကြီး ချုပ် ဒေါက်တာ အေးဇံက ပြောသည်။

အောက်တိုဘာ ၁၃ ရက်နေ့က (သီတင်းကျွတ် လပြည့်နေ့) ကျိုက်ထီးရိုးတောင် ဖွင့်ပွဲအပြီးတွင် ဒေါက်တာ အေးဇံက “ကျနော်တို့ ပြည်နယ်အနေနဲ့ ဆောင်ရွက်တယ် ဆိုပေမယ့်လည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ပြည်ထောင်စု ဝန်ကြီးဌာန ဝန်ကြီးနဲ့ ကျနော်တို့ ညှိနှိုင်းပြီး ဆောင်ရွက်မယ်လို့ ဆုံးဖြတ် ထားတယ်”ဟု သတင်း မီဒီယာ များသို့ ပြောပြသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

တောင်တက်လမ်းရှိ ရေမြောင်ကြီး နေရာတွင် ရေတံခွန် ၂ ခု ရှိသဖြင့် တောင်ပေါ်သို့ ခြေလျင်တက်ရင်း အပန်းဖြေ နိုင် ရန် သင့်လျော်ကြောင်းလည်း ဒေါက်တာ အေးဇံက ရှင်းပြသည်။

ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင် ဦးကျော်ဝင့်လှိုင်ကလည်း“ကျနော်တို့ ဂေါပက အနေနဲ့ကတော့ ရေမြောင်ကြီး စခန်း ပြန် ပြီးတော့ စည်ကားရေး အတွက် အခမဲ့ တည်းခိုဆောင်တွေ တည်ဆောက်ပေးဖို့ရယ်၊ အရင်တုန်းက ရှိပြီးသား ဖြစ်တဲ့ စမ်းချောင်းတွေမှာ လူအများ ရေကူးနိုင်အောင် ပြန်ဖော်ထုတ်ပေးဖို့၊ အဲဒီကနေ တောက်လျှောက် လမ်းတွေ မကောင်း တဲ့ နေရာတွေ ပြန်ပြီးတော့ ပြုပြင်ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်”ဟု ပြောသည်။

လမ်းပြုပြင်ခြင်း၊ အခမဲ့ တည်းခိုဆောင်များ တည်ဆောက်ခြင်းများကို ကျိုက်ထီးရိုးဘုရား အလှူငွေဖြစ်သည့် ဂေါပက အဖွဲ့ ရန်ပုံငွေဖြင့် အကောင်းအထည် ဖော်မည်ဖြစ်ပြီး ဩဝါဒ စရိယ ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့မှ ဘုရားဖူး လာသည့် လူငယ် တဦးက“ကျနော်တို့ ငယ်စဉ်ကတော့ ကျိုက်ထီးရိုးတောင်တက်ရင် ခြေလျင် လမ်းကနေ သွားခဲ့ကြတာ။ သူငယ်ချင်း အစုလိုက် သွားလာကြတော့ တောတောင် အလှလည်း ကြည့်ရင်း စကား တပြောပြောနဲ့ပေါ့။ ဘုရား စေတီတော်ကြီးကို ခြေလျင်လမ်းကနေ မြင်ရချိန် ရင်ပြင်တော်ကို ရောက်တော့မယ် ဆိုတဲ့ စိတ်နဲ့ သွားတာ အရမ်း စိတ်လှုပ်ရှားစရာ ကောင်း တယ်။ နောက်ပိုင်း ကားတွေနဲ့ပဲ အသွားအလာ များလာတော့ ခြေလျင်လမ်းက သိပ် မသွားကြတော့သလို ဖြစ်လာ တာ။ သေချာ ပြုပြင်ပေးရင်တော့ အကောင်းဆုံးပေါ့။ စိတ်ကြိုက် ရွေးပြီး သွားနိုင်တာပေါ့”ဟု ပြောပြသည်။
ကင်မွန်းစခန်းမှ ကျိုက်ထီးရိုး တောင်ပေါ်ထိ ကားလမ်း ပေါက်နေပြီး ရသေ့တောင်မှ ရင်ပြင်တော်ပေါ်သို့ ကေဘယ် ကား လည်း ရှိနေပြီ ဖြစ်သောကြောင့် ၁၂ လရာသီပတ်လုံး ကျိုက်ထီးရိုး စေတီတော်အား ဘုရားဖူး သွားရောက်နိုင်ပြီ ဖြစ်ရာ ယခင်ရှိခဲ့သော ခြေလျင် တောင်တက်လမ်းမှာ သွားလာမှု နည်းပါးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ကျိုက်ထီးရိုး ခြေလျင်လမ်းကို ဖော်ဆောင်နိုင်ပါက တောတောင် သဘာဝကို ခံစားချင်သူများအတွက် ပိုမို အဆင်ပြေနိုင်ကြောင်း၊ ခြေလျင်တက်ရခြင်းကို လူငယ်အများစုက ပိုမိုစိတ်ဝင်စားနိုင်ကြောင်းလည်း ဘုရားဖူးများက ပြောပြကြသည်။

မော်လမြိုင်မြို့မှ တိုးဂိုက် တဦး ဖြစ်သည့် ကိုမျိုးမင်းကလည်း ကျိုက်ထီးရိုးသို့ လာရောက်ကြသည့် နိုင်ငံခြားသား အများ စုသည် ကျိုက်ထီးရိုးတောင်ပေါ်သို့ ခြေလျင်တက်ရန် စိတ်ဝင် တစား ပြောဆိုလေ့ ရှိကြသော်လည်း လက်ရှိ လမ်းကြောင်း တလျှောက်တွင် ၎င်းတို့အတွက် လုံခြုံမှု မရှိသေးခြင်း ကြောင့် တောင်တက်ကားဖြင့်သာ သွားရောက်ရန် တိုးဂိုက်များက လမ်းညွှန်နေကြရကြောင်း ပြောပြသည်။

“နိုင်ငံခြားသားတွေက တောင်တက်ကားကို တိုးဝှေ့ စီးရတာ မနှစ်သက်ကြဘူး၊ တောင်တက်ကား မစီးချင်ကြဘူး၊ သူတို့ နိုင်ငံတွေမှာက ဒီလို တိုးဝှေ့ မစီးရဘူးလေ၊ အဲ့ဒါကို စိတ်ညစ်ကြတယ်၊ သူတို့က ၄၊ ၅ နာရီကြာ လမ်းလျှောက် တက်ချင် ကြတဲ့ သဘောရှိတယ်”ဟု ကိုမျိုးမင်းက ပြောသည်။

ခြေလျင်တောင်တက်လမ်းကို အကောင်ထည်ဖော်ပါက လမ်းခရီးတလျှောက် လုံခြုံရေး ကောင်းမွန်စေရန် စီစဉ်ထား သည့် စနစ်တခုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ခြေလျင် တောင်တက်လမ်း အကောင်ထည် ဖော်နိုင်ပါက နိုင်ငံခြားသား များ အတွက် ပိုမိုစိတ်ဝင်စာဖွယ် လမ်းကြောင်းတခု ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထိုပြင် ကျိုက်ထီးရိုး ရင်ပြင်ပေါ်တွင်လည်း ညမရောက်သေးခင် ရင်ပြင်တော်ပေါ်တွင် အိမ်မည့်သူများက နေရာဦးထား မှုများကြောင့် လမ်းကြောင်း ပိတ်ဆို့မှုများ ရှိသဖြင့် ဝင်ပေါက်၊ ထွက်ပေါက်နှင့် အရေးပေါ် ထွက်ပေါက်များကို သတ်မှတ် ထားသင့်ကြောင်း ကိုမျိုးမင်းက ဆက်လက် ပြောဆိုသည်။

နှစ်စဉ် ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည် သန်းနှင့် ချီ၍ လာရောက်သော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီ ၏ ဘုရားဖူးရာသီ ကာလမှာ သီတင်းကျွတ် လပြည့်နေ့ (အောက်တိုဘာလ) မှ ကဆုန် လပြည့်နေ့ (မေလ)အထိ ၇ လ တာ သတ်မှတ်ထားသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့၌ တည်ရှိသည့် Golden Rock ဟု နိုင်ငံတကာမှ တင်စား ခေါ်ဝေါ် ကြသည့် ကျိုက်ထီးရိုး ဘုရားသည် ကျိုက်ထီးရိုး သဘာဝ ကြိုးဝိုင်းတော မြေဧရိယာ ၃၈၆၀၆ ဧက ပေါ်တွင် တည်ရှိပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ စီမံပိုင်ခွင့် သစ်တော မြေပေါ်တွင် တည်ရှိသည်ဟု ဆိုသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာ အမှတ် (၄/၉၉) ဖြင့် ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် “ကာကွယ် ထိန်းသိမ်းထားသောဇုန်” အဖြစ် တရားဝင် သတ်မှတ် ကြေညာ ခဲ့ပြီးနောက် လက်ရှိ၌ ထိုအတိုင်းပင် ဆက်လက် သတ်မှတ် ထားကြောင်း သိရသည်။

ဆက်စပ် ဖတ်ရှုရန်

ကျိုက်ထီးရိုးတောင်အား ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ရန် ခက်ခဲနေ 

ကျိုက်ထီးရိုး ရှိ စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့်အညီဖြစ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန် 

Your Thoughts …
Tags: ကျိုက်ထီးရိုးဒေါက်တာ အေးဇံဘုရားဖူး
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

ပွဲဈေးမှ အိုဗာမင်သို့

ပွဲဈေးမှ အိုဗာမင်သို့

by မောင်စူးစမ်း
13 January 2024
825

ဘုရားလည်းဖူး လိပ်ဥလည်း တူးဆိုသော တရားသည် ဘုရားပွဲ ဈေးခင်း ခေတ်၌ အံကိုက် ဖြစ်ခဲ့စေကာမူ ယခုကဲ့သို့ ကွန်ပျူတာ ခေတ်တွင်ကား အံဝင်ဖို့ အလွန် ခဲယဉ်းသွားပေသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ  / Mon State Parliament

နိုင်ငံတော် အတိုင်ပင်ခံ၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လမ်းဖောက်ခွင့်ပြုခဲ့ဟုဆို

by ဉာဏ်စိုးဝင်း
5 May 2019
29.9k

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း စီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း

ရိုက်နှက်ခံရသည့် ကိုရင်ငယ်များ / ဗုဒ္ဒသာသနံစိရံတိဌတု ကျိုက်ထီးရိုးလူမှုကွန်ရက် စာမျက်နှာ

ကျိုက်ထီးရိုးတွင် ကိုရင်များကို ရိုက်သည့် သံဃာတော် ထပ်မံတရားစွဲခံရ

by ဉာဏ်စိုးဝင်း
2 May 2018
28.4k

ကျိုက်ထီးရိုး ရသေ့တောင်ရှိ ပုညတောင်ဘုန်းကြီးကျောင်းမှ သံဃာတော် ဉူးနာယကသည် ကလေးများကို သင်္ကန်းဝတ် အလှူခံခိုင်းသည့်ကိစ္စဖြင့် ဧပြီ ၃၀ ရက်တွင် ကျိုက်ထိုမြို့နယ်တရားရုံး၌ ဘာသာသာသနာဆိုင်ရာဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံထားရကြောင်း သက်ဆိုင်ရာဌာနများမှ စုံစမ်းသိရှိရသည်။

ဗုဒ္ဓဂါယာ ဘုရားဖူးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် / မျိုးပပစန်း / ဧရာဝတီ

ဘုရားဖူးသွားရင်း ရွှေမှောင်ခိုသယ်တာက သာသနာကို ညစ်နွမ်းစေပါတယ်

by မျိုးပပစန်း
17 September 2019
10.1k

အခေါက်ရွှေက ဟိုဘက်မှာ ပိုပြီး ဈေးတန်းဝင်တော့ တချို့ခရီးသည်တွေကို ပေးဝတ် တာမျိုးတွေ ရှိပါတယ်။ ဝတ်ခိုင်းပြီး ဈေးလျှော့ပေးလိုက်တာပေါ့။ ဟိုဘက် လေဆိပ် အကောက်ခွန်က လွတ်သွားရင် ပြန်ချွတ်ရောင်းစားပြီး ဒေါ်လာတွေ ပြန်သွင်းလာတယ်။ ဒီလို အကြောင်းအချက်တွေက ကြီးကျယ်လာတော့...

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် / ဟင်္သာနီ(မွန်မြေ) /  ဧရာဝတီ

ကျိုက်ထီးရိုးတောင်အား ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ရန် ခက်ခဲနေ

by ဟင်္သာနီ (မွန်မြေ)
13 June 2017
12.8k

ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်ရာ နေရာ တခု ဖြစ်သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် မြတ်အား “ရှေးဟောင်း ယဉ်ကျေးမှုဇုန်” အဖြစ် သတ်မှတ်ရန်မှာ ခက်ခဲနေသည်။

ဝန်ကြီးချုပ် ၃ ဦးဖြစ်သည့် ဒေါက်တာအေးဇံ၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဒေါက်တာ မြင့်နိုင်

အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း

by ဧရာဝတီ
8 February 2021
11.9k

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်မှာ တပ်မတော်က နေအိမ်များမှ ခေါ်ဆောင်ပြီး

Next Post
မိုးလွန်ကာလ ဖျက်မိုးအန္တရာယ်လျော့နည်းနိုင်ဟု ဦးထွန်းလွင်ခန့်မှန်း (ရုပ်/သံ)

မိုးလွန်ကာလ ဖျက်မိုးအန္တရာယ်လျော့နည်းနိုင်ဟု ဦးထွန်းလွင်ခန့်မှန်း (ရုပ်/သံ)

အမျိုးသား K-pop အဆိုတော်အဖွဲ့ BTS

ဖျော်ဖြေပွဲကို ရုပ်ရှင်ရုံတွေမှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ့် BTS အဖွဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved