• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး ရွှေတချောင်းမြောင်းကို ADB အကူအညီဖြင့် အဆင့်မြှင့်တင်ရန်ရှိဟု စည်ပင်ပြော

by ဒီလှိုင်းဝင်း
31 October 2019
in သတင်း
A A
ရွှေတချောင်းမြောင်း ဖြတ်သန်းစီးဆင်းရာ တနေရာကို တာဝန်ရှိသူများ စစ်ဆေးစဉ် / Ye Lwin / facebook

ရွှေတချောင်းမြောင်း ဖြတ်သန်းစီးဆင်းရာ တနေရာကို တာဝန်ရှိသူများ စစ်ဆေးစဉ် / Ye Lwin / facebook

4.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ရှိ ရှေးဟောင်းတူးမြောင်း တခုဖြစ်သော ရွှေတချောင်းမြောင်းကို ADB ၏ အကူအညီဖြင့် Precast မြောင်း၊ မြောင်းဖုံးများဖြင့် အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ရွှေတစ်ချောင်းမြောင်းကို Precast မြောင်း၊ မြောင်းဖုံးတွေနဲ့ အဆင့်မြှင့်တော့မှာပါ၊ မြို့တော် ရေကြီးရေလျှံ ကာကွယ်ရေး အတွက်ပါ။ ရွှေတချောင်းရဲ့အစ အိုးဘို ရေထိန်းတံခါးနဲ့ မန္တလေးဘီယာစက်ရုံကြား ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။ ရွှေတ ချောင်းမှာ မိုးမရွာရင်တောင် ရေအမြဲများနေတာ အိုးဘိုရေထိန်းတံခါးက တဆင့် ဆည်ရေတွေ အမြဲစီးဆင်းနေလို့ပါ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

“ရွှေတချောင်း အစနေရာမှာ တက်မျောချောင်းရေတွေ မဝင်တော့ဘူးဆိုရင် ရွှေတချောင်းရဲ့ ရေဝင်ပမာဏ အရမ်း နည်းသွားမှာ ဖြစ်လို့ Precast Drain ကို ၄ ပေအရွယ်နဲ့ စနိုင်မှာပါ၊ ကုန်ကျစရိတ် အများကြီး သက်သာလာမှာ ဖြစ်သလို ချောင်းထဲမှာလည်း ရေနေ နည်းသွားပါမယ်။ Precast ပြောင်းမှာဖြစ်လို့ မြောင်းတွေ၊ ချောင်းတွေထဲမှာ စွန့်ပစ်အမှိုက်တွေ ပပျောက်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာထက်တွင် ရေးသား ဖော်ပြထားသည်။

ဦးကျော်ဆန်းမြင့်က “မြို့တော်ဝန်ကြီး ပြောထားသလိုပဲ ကျနော်တို့ ကွင်းဆင်းကြည့်တာပဲ ရှိပါသေးတယ်၊ မြို့တော် စည်ပင် အနေနဲ့ကတော့ ကြီးကြပ်ဖို့ပါပဲ၊ ရွှေတချောင်းမြောင်း အစကနေ ရွှေခဲရေထိန်းတံခါး အထိကို လုပ်ဆောင် သွားမှာပါ၊ ဘတ်ဂျနဲ့ လုပ်ဆောင်မှုကို ADB ကနေ အဓိက တာဝန်ယူ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

အဆိုပါ ရွှေတချောင်းတူးမြောင်းကို ထိုသို့ အဆင့်မြှင့်တင်ရန် အတွက် ADB က နည်းပညာအကူအညီနှင့် ချေးငွေ အကူအညီ ပေးသွားမည်ဖြစ်ပြီး စတင်လုပ်ဆောင်မည့် ကာလနှင့် မည်မျှ ထုတ်ချေးမည်ကိုမူ အတိအကျ မသိရှိရသေးပါ။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

လုပ်ဆောင်မည့် အချိန်အားဖြင့် ၃ နှစ်လျာထားပြီး ရွှေတချောင်း မြောင်း အစဖြစ်သော အောင်မြေသာစံမြို့နယ် ရွှေကျင်အိုးဘိုမှ မြောင်းအဆုံးနေရာဖြစ်သည့် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအထိ လုပ်ဆောင်သွားမည်ဟု သိရသည်။

မန္တလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများကမူ ထိုသို့ လုပ်ဆောင်ရာတွင် စနစ်တကျ လုပ်ဆောင်သွားရန်၊ ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့် မဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

“ရွှေတချောင်းမြောင်းကို ခွပြီး နေထိုင်ကြတဲ့သူတွေရဲ့ မြောင်းထဲကို အမှိုက်ပစ်ချတဲ့နှုန်းကို မြင်နေရတဲ့အတွက် Precast စနစ်နဲ့ တကယ်ကို စနစ်တကျနဲ့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ဘာမှမပြောလိုပါဘူး။ ကျနော်တို့မြို့ရဲ့ မိုးရေစီးဆင်းမှုနဲ့ ရေဆိုးစီးဆင်းမှုက အရင်လို ပြန်ပြီးဖြစ်ဖို့ အသုံးဝင် တန်ဖိုးပြန်မြင့်ဖို့ဆိုတာ အလွန်ခဲယဉ်းသွားပြီ။ နောက်ပြီး မြို့အရှေ့ ခြမ်းက ထွက်လာသမျှ ရေဆိုးတွေက ရွှေတချောင်းမြောင်းထဲကို စီးဝင်ဖို့ ချိန်ထားပြီးသား ဖြစ်နေတယ်၊ အဲဒီတော့ ရွှေတချောင်းက ရေဆိုးအတွက်ပဲ အသုံးဝင်တော့မှာ” ဟု စိမ်းရောင်စို/သဘာဝစိမ်းအဖွဲ့မှ ဦးမောင်မောင်ဦးက ပြောသည်။

မန္တလေးရှိ ရေနီမြောင်းကို ပြုပြင်ခဲ့ရာတွင်လည်း အပိုင်းတိုများသာ လုပ်ဆောင်ထားခြင်းမျိုး တွေ့ရကြောင်း၊ ထိုသို့ လုပ်ဆောင်ချက်ကြောင့် ပြည်သူ့ဘဏ္ဍာငွေများ ကုန်သွားရသည့်အတွက် ထိုသို့သော အချက်မျိုးကိုလည်း ထည့်သွင်း တွက်ချက်ရန်လိုကြောင်း ၎င်းက ထောက်ပြသည်။

မန္တလေးမြို့ခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် စာရေးဆရာ ရွှေဉာဏ်ဇော်ကလည်း “Precast စနစ်နဲ့ လုပ်မယ်ဆိုတာ ကောင်းပါတယ်။ သို့သော် ရွှေတချောင်းမြောင်းကို ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာ သိဖို့လိုတယ်၊ ပြောချင်တာက လုပ်မယ်ဆိုရင်လည်း အစအဆုံး လုပ်ဖို့လိုတယ်၊ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း မလုပ်ဖို့တော့ လိုတယ်၊ အခုလိုလုပ်တာ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ အခြေအနေ တခု ဖြစ်တယ်”ဟု ပြောပြသည်။

ရွှေတချောင်းမြောင်းသည် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က တူးဖော်ခဲ့ကြောင်း ပြောဆိုမှုများရှိသလို ယင်းသည် စိုက်ပျိုးရေအတွက် သာမက မတ္တရာနယ်မှ ထွက်ရှိသည့် ကောက်ပဲသီးနှံများ သယ်ယူပို့ဆောင်ရေးအတွက် ရေလမ်းအဖြစ်လည်း အသုံးပြုခဲ့သည့် ရှေးဟောင်းမြောင်းတခု ဖြစ်သည်။

“ရေဆိုးမြောင်း ဖြစ်နေတဲ့ ရွှေတချောင်းမြောင်းကို အခုလိုလုပ်မယ်ဆိုတာ ကောင်းတယ်၊ အစောကြီးကတည်းက လုပ်သင့် တာ၊ အရေးကြီးတာက အနီးမှာနေတဲ့သူတွေက စည်းကမ်းရှိကြဖို့ပဲ၊ ဖုံးထားတဲ့မြောင်းထဲကို အပြင်က ရေဆိုးတွေ ဘယ်လို ဝင်မလဲ၊ အမှိုက်တွေ ချတာမျိုး မဖြစ်ဖို့တော့ လိုတယ်၊ ရေဆိုးမြောင်းက နိုင်ငံတကာမှာလည်း အဖုံးတွေနဲ့ သွားတာဆို တော့ ဖြစ်သင့်တာတော့ကြာပါပြီ။ ဒါကို ပြုပြင်ပြောင်းလဲပြီးတော့ ကိုယ်ကျိုးအတွက် အသုံးမချဖို့ပဲ လိုတယ်”ဟု မန္တလေးမြို့ ခံ စာရေးဆရာဆူးငှက်က ပြောသည်။

ရွှေတချောင်းမှာ ရှေးဟောင်း တူးမြောင်း တခု ဖြစ်သော်လည်း လက်ရှိ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုများအရ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက လုပ်ဆောင်မည့် စီမံကိန်းမှာ ကောင်းမွန်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ဆရာဆူးငှက်က သုံးသပ်သည်။

ရွှေတချောင်းမြောင်းအတွင်းသို့ အိုးဘိုရေထိန်းတံခါးမှ တဆင့် ဆည်ရေများ ဝင်ရောက်ခဲ့သည့်အတွက် ယခင်ဘဏ္ဍာနှစ်က အိုးဘို ရေထိန်းတံခါးဟောင်းအား ပိတ်ကာ တက်မျောချောင်းရေအား ဧရာဝတီမြစ်အတွင်းသို့ တိုက်ရိုက် စီးဝင်နိုင်စေရန် Box Culvert တခုဖြင့် ရေထိန်းတံခါး တည်ဆောက်ပေးထားသည်။

ထို့ပြင် ရွှေတချောင်း အစနေရာတွင် ရေထိန်းတံခါးအသစ် ထပ်မံတည်ဆောက်ရန် ဆုံးဖြတ်ထားကြောင်းလည်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရွှေတချောင်းသည် မန္တလေးမြို့မြောက်ဘက် မတ္တရာမြစ်၊ ရွှေလောင်းချောင်းမှ စတင် စီးဆင်းပြီး တာပေါင် ၂၇၀၀ ကျော် ရှည်လျားကာ ရှေးယခင်က ရေသန့်ရေရှင်များသာ စီးဆင်းခဲ့ခြင်းကြောင့် ရေဆိပ်များ၊ လှေဆိပ်များဖြင့် စည်ကားခဲ့သည့် နေရာတခုလည်း ဖြစ်သည်။

ယခု စီမံကိန်းသည် ၂၀၁၆ ခုနှစ်က ADB ဘဏ်က ပြုလုပ်ခဲ့သည့် မန္တလေးမြို့တော် ဖွံ့ဖြိုး တိုးတက်ရေး နှစ် ၃၀ စီမံကိန်း အရ ကျင်းပသည့် Tailormade workshop ၏ ဆွေးနွေးမှုရလဒ်များထဲမှ တခုဖြစ်သည်။

Your Thoughts …
Tags: မြို့တော်ဝန်ရွှေတချောင်း တူးမြောင်းသဘာဝပတ်ဝန်းကျင်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

ပထမဆုံး နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် ကွယ်လွန်

ပထမဆုံး နေပြည်တော် မြို့တော်ဝန် ဦးသိန်းညွန့် ကွယ်လွန်

by ဧရာဝတီ
22 March 2024
6.4k

နေပြည်တော် မြို့တော်ဝန်ဟောင်း ဦးသိန်းညွန့်သည် အသက် ၇၇ နှစ်အရွယ်တွင် နေပြည်တော် စစ်ဆေးရုံတွင် တနင်္ဂနွေနေ့က ကွယ်လွန်သည်။

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

by ဇုန်းရိန်
27 August 2025
6.4k

ယနေ့ ပြည်သူလူထုအားလုံး ဆိုင်ရင် ကြုံတွေ့ ခံစားနေကြရသည် ဒုက္ခအမျိုးမျိုးတို့သည်လည်း ထို “ရွှေတောင်ကြားလမ်း ရောဂါ” ၏ နောက်ဆက်တွဲ ပြဿနာကြောင့်ဟု ဆိုနိုင်ပါသည်။

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.3k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.2k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

Next Post
အဆိုတော်မေလသံစဉ် / Mayla Than Zin's Facebook

တကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတဲ့ အဆိုတော် မေလသံစဉ်

အောက်တိုဘာ ၂၉ ရက် နေပြည်တော်၌ အမေရိကန် အရှေ့အာရှနှင့်ပိစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် / နိုင်ငံတော်အတိုင်ပင်ခံရုံး

မြန်မာနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန် အမေရိကန် လက်ထောက်ဝန်ကြီး ကတိပြု

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved