အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အကြမ်းဖက် ဖမ်းဆီးခံရခြင်းကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တင်သွင်းသည့် အရေးကြီး အဆို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ယင်းအဆိုကို တင်သွင်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၉ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ထောက်ခံခဲ့သည်။
ဒေါက်တာ လှမိုးက “ဒီလို ဖမ်းဆီးခြင်းခံရသူများအား လုံခြုံရေးအရ စစ်ဆေးခဲ့ပါတယ်ဆိုတဲ့ အကြောင်းပြချက်ကလည်း တရားမျှတမှု ကင်းမဲ့တဲ့အပြင် ယုတ္တိတန်ခြင်းလည်း မရှိလို့ မြင်မိပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။
နေပြည်တော်သို့ လွှတ်တော်တက်ရောက်ရန် ထွက်လာစဉ် နိုဝင်ဘာလ ၃ ရက်နေ့က လမ်းခရီး၌ အဖမ်းခံခဲ့ရသည့် အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ ဖမ်းခံရသူများအနက်မှ ကျန်သူများအားလုံးကို ပြန် လည်လွှတ်ပေးလိုက်သော်လည်းပဲ ဦးဝှေ့တင်း အားဆက်လက်ဖမ်းဆီထားသည်မှာ ၁၁ ရက်မြောက် နေ့ရှိသွားပြီဖြစ်သည်။
ယခုကဲ့သို့ AA အဖွဲ့၏ ဥပဒေမဲ့ဆောင်ရွက်ချက်များမှာ နိုင်ငံတော်၏ လက်တွေ့ဆောင်ရွက်ချက်များနှင့် အနာဂတ် ဦးတည် မျှော်မှန်းချက်များအပါအဝင် နိုင်ငံသူ၊ နိုင်ငံသားများနှင့် မည်သည့်အဖွဲ့အစည်းအတွက်မဆို ကောင်းကျိုးတစုံတရာမျှ ဖြစ် ပေါ်စေနိုင်မည်မဟုတ်ဟု ဒေါက်တာလှမိုးက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သည့် AA အဖွဲ့ ၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဦးဝှေ့တင်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ်ရှိ ပလက်ဝ၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ဟားခါးမြို့အခြေစိုက် ချင်း အရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များ၊ ဘာသာရေးဆိုင်ရာအဖွဲ့များ၊ ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ကလေးမြို့ အခြေ စိုက်ချင်းလူငယ်အဖွဲ့များ၊ ချင်းကျောင်းသားအဖွဲ့များ၊ ချင်းအမျိုးသမီး အဖွဲ့များနှင့် ချင်းလူမှုကူညီရေးအဖွဲ့ပေါင်း ၄၃ ဖွဲ့က ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး ဖြစ်သည်။
ဧရာဝတီသတင်းဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့က အင်တာဗျူးတွင် ခိုင်သုခက “ဦးဝှေ့တင်းကိုတော့ လုံခြုံရေးအရ စစ် ဆေးစရာတွေ ရှိသေးတဲ့အတွက် ဆက်ပြီးတော့ ထိန်းသိမ်းထားတာပါ” ဟု ပြောဆိုခဲ့သည်။
ဥပဒေပြု အဖွဲ့ အစည်းတွင် ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် တဦးက ယခုကဲ့သို့ ဥပဒေမဲ့ အကြမ်းဖက် ၊ အနိုင့်ထက် ဖမ်းဆီးထိန်းသိမ်းခြင်းဟာ လူပုဂ္ဂိုလ် တဦးတယောက် အပေါ် ကျူးလွန်ခြင်း မဟုတ်ဘဲ နိုင်ငံတော် အပေါ် အနိုင့်အထက်ပြု ဖောက်ဖျက် ကျူးလွန်ခြင်းသာ ဖြစ်ကြောင်းကို ယင်းအဆိုကို ထောက်ခံသူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် က ဆိုသည်။
အမျိုးသားလွှတ်တော် လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးမောင်မောင်လတ်က “လက်နက် မဲ့ ပြည်သူ့ကိုယ် စားလှယ်တဦးကို လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်း ဆီး ထိန်းသိမ်း စစ်ဆေးနေသည်မှာ လွှတ်တော်ကိုယ်စားလှယ် တဦး၏ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို ပြည် ထောင်စုလွှတ်တော် တရပ်လုံးအပေါ် ဥပဒေပြု လုပ်ရပ်ကျူးလွန်ခဲ့ခြင်းသာ ဖြစ်ပါတယ်” ဟုဆိုသည်။
ဒေါက်တာလှမိုးတင်သွင်းသည့် အရေးကြီးအဆိုအား လက်ခံဆွေးနွေးရန်သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒကို ရယူရာ လွှတ် တော်က သဘောတူညီသဖြင့် အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်းနှင့် အဆိုနှင့် ပတ်သက်၍ ယခုလ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရန်၊ ဆွေးနွေးလိုသော လွှတ် တော်ကိုယ်စားလှယ်များရှိပါက ၁၅ ရက်နေ့ နောက်ဆုံးထားအမည် စာရင်းပေးသွင်းနိုင်ကြောင်း လွှတ်တော် နာယက ဦး တီခွန်မြတ်က ကြေညာခဲ့သည်။
You may also like these stories:
AA ဖမ်းဆီးထားသည့် ဓားစာခံများ လွတ်မြောက်ရေး ကြိုးစားမည်ဟု တပ်မတော် ပြော
သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA အဖွဲ့ထုတ်ပြန်
AA ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့ တောင်းဆို