• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသူ ၁၂၈ ဦးကို အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေး

by ဆလိုင်းသန့်စင်
9 April 2020
in သတင်း
A A
လဝကဌာနမှ အမှုရုတ်သိမ်းပေးခဲ့သဖြင့် အမှုမှလွတ်မြောက်ခဲ့သူများ / ဧရာဝတီ

လဝကဌာနမှ အမှုရုတ်သိမ်းပေးခဲ့သဖြင့် အမှုမှလွတ်မြောက်ခဲ့သူများ / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ပင်လယ်ရေကြောင်းမှတဆင့် တရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးကာ ရုံးတင်တရားစွဲဆိုထားသည့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင် ၁၂၈ ဦးကို အစိုးရက ယမန်နေ့က အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီးရှိ ဥတိုကျေးရွာနှင့် ရွှေသောင်ယံမြို့အနီးရှိ မကျီးဇင်ကျေးရွာများသို့ ခိုးဝင်လာသည့် နိုင်ငံသားအထောက်အထားမဲ့ မွတ်ဆလင် ၁၂၈ ဦးကို ပုသိမ်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိန်ဝင်းက တရားလိုပြုလုပ်၍ ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါအမှုများကို ပြန်လည်ရုတ်သိမ်းပေးရန် တရားလိုဖြစ်သူ၏ လျှောက်ထားမှုအရ ပုသိမ်မြို့နယ်တရားရုံးက အပြီးအပြတ်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
4
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
22
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
4

ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်း က “ပထမဆုံး ၂၀၁၉ ဒီဇင်ဘာ ၂ ရက်နေ့က စွဲတင်ထားတဲ့အမှု၊ ချောင်းသာကမ်းခြေ၊ ဥတိုရွာမှာ ဖမ်းမိတဲ့အမှုမှာ လူကြီးက ၇၀ ဦး၊ ကလေးက ၂၃ ဦး၊ စုစုပေါင်း ၉၃ ယောက်။ လူကြီး ၇၀ ကို ၄၉၄ (ခ) နဲ့ အမှုကို ရုတ်သိမ်းခွင့်
ပြုပြီးတော့ အပြီးအပြတ် လွှတ်လိုက်ပါတယ်။ ကလေး ၂၃ ယောက်ကိုတော့ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၄၈ အရ အမှုက အပြီးအပြတ် လွှတ်လိုက်တာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာတွင် ဖမ်းမိခဲ့သည့်အမှုတွင် လူကြီး ၂၇ ဦးနှင့် ကလေး ၈ ဦး၊ စုစုပေါင်း ၃၅ ဦးပါဝင်ပြီး လူကြီး ၂၇ ဦးကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၄ (က) အရလည်းကောင်း၊ ကလေး ၈ ဦးကို ရာဇဝတ် ကျင့်ထုံးပုဒ်မ ၂၄၈ အရ တရားစွဲဆိုထားသောအမှုမှ အပြီးအပြတ် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ဆက်ပြောသည်။

လဝကဌာနမှ အမှုရုတ်သိမ်းပေးခဲ့သဖြင့် အမှုမှလွတ်မြောက်ခဲ့သူများ (ဓာတ်ပုံ – ဧရာဝတီ)

နိုင်ငံသားအထောက် အထားမဲ့ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင် ၉၃ ဦးမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ကုန်ပိုင်းတွင် ရခိုင်ပြည်နယ်မှ စက်လှေ ၂ စီးဖြင့် ရခိုင်ကမ်းရိုးတန်းတလျှောက် မောင်းနှင်လာပြီးနောက် ပင်လယ်မှ တိုက်ရိုက် ဝင်ရောက်နိုင်သည့် ချောင်းသာကမ်းခြေအနီးရှိ ဥတိုချောင်းအတွင်းသို့ ဝင်ရောက်ကာ ကားဖြင့် ချောင်းသာ – ပုသိမ် – ရန်ကုန်လမ်းအတိုင်း ရန်ကုန်မြို့သို့ ခိုးဝင်ရန်ကြိုးပမ်းစဉ် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၂၀ ခုနှစ်၊ ဖော်ဖော်ဝါရီလလယ်ပိုင်းတွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာ အနီးရှိ ပေါက်လှကျိုင် ကမ်းခြေသို့ ရခိုင်ပြည်နယ်မှ ခိုးဝင်လာသည့် အထောက်အထားမဲ့ ဘင်္ဂလီ ၃၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဘင်္ဂလီ ၁၂၈ ဦးအား ပုသိမ်မြို့နယ်၊ လဝကဌာန ဒုဦးစီးမှူး ဦးစိန်ဝင်းက တရားလိုပြုလုပ်၍ က ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁)၊ ၆ (၂)၊ ၆ (၃) တို့ဖြင့် ပုသိမ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုများအား ပုသိမ်မြို့နယ်တရားရုံး၌ ကြားနာစစ်ဆေးနေချိန်တွင် ဧပြီလ ၈ ရက်နေ့၌ နိုင်ငံတော် ကိုယ်စား ဆောင်ရွက်နေသည့် လဝက ဒုဦးစီးမှူး တရားလို ဦးစိန်ဝင်းက အမှုရုတ်သိမ်းလွှာ တင်သွင်းခဲ့သည့် အတွက် ပုသိမ်မြို့နယ် တရားရုံးတော်က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် အဆိုပါ မွတ်ဆလင် ၁၂၈ ဦး ကို အမှုမှ အပြီးအပြတ် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင် များ၏ ဥပဒေအကျိုးဆောင်ဖြစ်သူ အထက်တန်းရှေ့နေ မဟေမာန်ပြည့်ဖြိုး က “မနေ့ကရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ဦးစိန်ဝင်းတို့ လဝကဌာနဘက်ကနေ ရုတ်သိမ်းလွှာ တင်လိုက်တဲ့အတွက် ရုံးတော်အနေနဲ့ အမှုကနေ အပြီးအပြတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ဒေသကို ပြန်နိုင်အောင် လဝက ဌာနနဲ့ ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်”ဟု ပြောသည်။

အမှုမှ လွတ်မြောက်ခဲ့သည့် ၁၂၈ ဦးကို ယမန်နေ့ညပိုင်းတွင် ပုသိမ်အကျဉ်းထောင်ထောင်၌ ယာယီ ထားရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ထောင်မှတဆင့် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ် တရားရုံး (ဓာတ်ပုံ-ဧရာဝတီ)

ပုသိမ်မြို့နယ်မှ အကြီးတန်း ရဲအရာရှိ တဦးက “ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေနဲ့ ရန်ကုန်မြို့က အင်းစိန်ထောင်ကို ဒီကနေ့ လွှဲပြောင်း ပို့ဆောင် ခဲ့ပါတယ်။ အဲဒီကနေ သူတို့မူလနေထိုင်ခဲ့တဲ့နေရာတွေကို ပြန်လည်ပို့ဆောင် သွားမယ်လို့ သိရတယ်” ဟု ပြောသည်။

အဆိုပါ ၁၂၈ ဦးကို ပြန်လွှဲပြောင်းပေးအပ်ခဲ့သော်လည်း ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူ မြန်မာနိုင်ငံသား စက်လှေသမားများနှင့် ကားသမားများကို နိုင်ငံတော်က တရားစွဲဆိုထားသည့် အမှုများအား ပုသိမ်မြို့နယ်တရားရုံး၌ ဆက်လက်ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အဝင်ဂိတ်တွင် ပါဂျဲရိုးကားဖြင့် အပြည့် သယ်ဆောင်လာသည့် နိုင်ငံသားအထောက်အထားမဲ့ မွတ်ဆလင် ၃၀ ဦးကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဖမ်းဆီးခဲ့ပြီး ၎င်းတို့အထဲမှ အသက်ပြည့်ပြီးသူ ၂၁ ဦးကို ငပုတောမြို့နယ် တရားရုံးက ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

You may also like these stories:

အင်္ဂပူ၌ မင်္ဂလာပွဲကျင်းပသည့် သတို့သားနှင့် သတို့သမီးဖခင်တို့ တရားစွဲခံရ

“သိန်း ၁၀၀ ငွေညှစ်တဲ့ကိစ္စက မင်းရာဇာရဲ့ အမျိုးသမီးဖုန်းနဲ့ စပြောတာ”

Your Thoughts …
Tags: ပုသိမ်မွတ်ဆလင်ဧရာဝတီတိုင်း
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
10k

ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

ရိုးမကို ကျော်လာသည် ရခိုင်စစ်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
9.7k

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလဆန်းပိုင်းမှစတင်၍ AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ

by အေးချမ်းဆု
5 January 2025
9k

တပြည်လုံး အတိုင်းအတာအရ ကပစ စက်ရုံ ၂၅ ခု ရှိသည့်အနက် ကပစ စက်ရုံ ၁၆ ရုံနှင့် ငွေစက္ကူစက်ရုံကို ဧရာဝတီအနောက်ခြမ်း အနောက်ဘက် စစ်မျက်နှာတွင် တွေ့ရှိရ၏။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
8.2k

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

by စွယ်တော်
21 January 2025
8.2k

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကမူ စစ်တွေကို AA လာမတိုက်စေရန် ယတြာများချေနေကြောင်း သိရသည်။

Next Post
အင်းစိန် အကျဉ်းထောင် / ဧရာဝတီ

အကျဉ်းသားအချို့ လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုနေ

--

လိင်ကျွန်သဘောမျိုးကို နှစ်ကာလရှည်ကြာ ယုတ်မာတဲ့ ရာဇဝတ်မှုမျိုးပေါ့

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved