• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အကျဉ်းသားအချို့ လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုနေ

by ထက်ခေါင်လင်း
9 April 2020
in သတင်း
A A
အင်းစိန် အကျဉ်းထောင် / ဧရာဝတီ

အင်းစိန် အကျဉ်းထောင် / ဧရာဝတီ

7.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ လိုအပ်သည်ထက် ပိုနေမှုများကို လျော့ချရေး အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ကာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မရှိသော၊ အကြမ်းဖက် ပုဒ်မများ မဟုတ်သည့် ပုဒ်မများဖြင့် တရားစွဲခံထားရသော အချုပ်သားများ၊ အကျဉ်းသားများကို လွှတ်ပေးရန် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုမှုများရှိသည်။

မြန်မာနိုင်ငံ မူးယစ်ဆေး မူဝါဒ အကြံပေးအဖွဲ့ DPAG အပါအဝင် အဖွဲ့ပေါင်း ၉ဝ ကျော်တို့သည် ဧပြီ ၆ ရက်နေ့က ပူးတွဲ မေတ္တာရပ်ခံ တောင်းဆိုချက် အမည်ရှိ ထုတ်ပြန်ချက် ၁ စောင်ကို ထုတ်ပြန်ခဲ့ရာတွင် အကျဉ်းသား၊ အချုပ်သားများ အရေး ကို ထည့်သွင်းတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
184
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
164
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
57

DPAG မှ Coordinator ဖြစ်သူ ဒေါက်တာ နန်းပန်းအိခမ်း က “အဓိက က COVID-19 ဟာ ကူးစက်မှု မြန်ဆန်နေပါတယ်။ အကျဉ်းသားတွေဟာ လိုအပ်တာထက် ၁၄ဝ ရာခိုင်နှုန်းလောက်ထိ မြင့်မားနေတယ်။ တကယ်လို့ ပြန့်သွားရင်တော့ အကျဉ်းသားတွေရော၊ အကျဉ်းဝန်ထမ်းတွေရော၊ သူတို့ရဲ့ မိသားစုတွေရော ဖြစ်လာနိုင်တယ်။ ကျမတို့နိုင်ငံမှာ ပြန့်နှံ့မှု မမြင့်မားသေးဘူး ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာတော့ အကျဉ်းသားတွေဟာ ခပ်ဝေးဝေး နေလို့ရတာမှ မဟုတ်တာ” ဟု ပြောသည်။

သို့ဖြစ်ရာ ယနေ့အချိန်အထိ မူးယစ်ဆေးဝါးအနည်းငယ်ဖြင့် ဖမ်းဆီးတရားစွဲမှုများ၊ ပြည်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ ဖမ်းဆီးမှုများ ဆက်လက်ရှိနေသလို အကျဉ်းထောင်များတွင်လည်း ထိုကဲ့သို့အမှုများဖြင့် ပြစ်ဒဏ်ကျခံရသူများ ရှိနေသဖြင့် ယင်းသို့ ဖမ်းဆီးပြီး အကျဉ်းထောင်ထဲသို့ အချုပ်သား အဖြစ် ပို့ခြင်းကို ယာယီ ဆိုင်းငံ့ထားရန်၊ အကျဉ်းကျ ခံရသူများကိုလည်း ပြန်လည်စိစစ်ကာ လွှတ်ပေးရန် ဒေါက်တာ နန်းပန်းအိခမ်းက ဆက်ပြောသည်။

၎င်း ထောက်ပြသည့် ရှိသင့်သည်ထက် ပိုနေသော အကျဉ်းသား ရာခိုင်နှုန်း ၁၄၀ နှုန်းထားမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇန်နဝါရီလ အစီရင်ခံစာပေါ် မူတည်ကာ ပြောဆိုခြင်း ဖြစ်သည်။

AAPP ကမူ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုမည် ဆိုလျှင် သေချာစွာ စိစစ်ပြီးမှ လွှတ်သင့်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန တခုထဲ မဟုတ်ဘဲ နိုင်ငံတော်သမ္မတ အနေဖြင့် လွတ်ရက် မစေ့သေးသူများကို လွှတ်ပေးမည် ဆိုလျှင်လည်း စိစစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ဦးဘိုကြည် က “နိုင်ငံရေး အကျဉ်းသားတွေကတော့ ခြွင်းချက်မရှိ လွှတ်ပေးသင့်တဲ့သူတွေပါ။ သူတို့က အပြင် ရောက်လာလည်း ပြင်ပက လူတွေအတွက် အန္တရာယ် မရှိတဲ့သူတွေပါ။ နောက်ပြီးတော့ ဘာမှမလုပ်ရဘဲနဲ့ အမှု ရင်ဆိုင်နေရတဲ့ သူတွေကိုလည်း အမှုကို ပလပ်ပေးဖို့ လိုတယ်။ ကျနော်တို့အနေနဲ့ကတော့ လိုအပ်လို့ အကြံပြုချက်တွေကို ပေးပို့ထားပြီး သား ဖြစ်ပါတယ်” ဟု ဆိုသည်။

AAPP အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန သာမက နိုင်ငံတော် သမ္မတအထိပါ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အတွက်ကိုလည်းကောင်း၊ လက်ရှိ အကျဉ်းထောင်များ အတွင်းရှိ ဖွဲ့စည်းပုံများအရ တစုံတခု ကူးစက်ရောဂါ ဖြစ်ပွား လာလျှင် ထိန်းချုပ်ရ ခက်ခဲသည့် အခြေအနေများ အကြောင်း သီးခြား အကြံပြုစာပေးပို့ထားပြီး ဖြစ်သည်ဟု သိရသည်။

အရပ်ဖက် အဖွဲ့အစည်းများ တောင်းဆိုခဲ့သည့် အချက်များတွင် မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိသူ ဦးရေ ၂ဝ ကျော်သာ ရှိနေသေးသည် ဆိုသော်လည်း အခြား အိမ်နီးချင်း အာရှနိုင်ငံများတွင်လည်း အချုပ်နှောင်ခံရသူများတွင် ကူးစက်နိုင်ခြေ မြင့်မားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကျဉ်းထောင်များတွင် ကူးစက်မည်ဆိုလျှင် လူဦးရေ များပြားခြင်း များကြောင့် ထိန်းချုပ်နိုင်ခြေ အားနည်းချက်များ ရှိနေကြောင်း ပါဝင်သည်။

အကျဉ်းထောင်များတွင် ရောဂါပိုး ကူးစက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ အကျဉ်းသားနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများ ကျန်းမာရေး လက်လှမ်းမီစေရေး ဆောင်ရွက်ပေးရန်တို့ကိုလည်း ၎င်းတို့က တောင်းဆိုကြသည်။

အထူးသဖြင့် အသက် ၅ဝ ကျော်နေသည့် အကျဉ်းသားများ၊ တီဘီ၊ HIV၊ ဆီးချို၊ အသည်း၊ ကျောက်ကပ်နှင့် နှလုံး အစရှိသော ကျန်းမာရေး ပြဿနာရှိသော အကျဉ်းသားများ၊ အသက် ၁၈ နှစ် မပြည့်သေးသည့် အကျဉ်းသားများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အကျဉ်းသားများ၊ အာမခံပေးပိုင်ခွင့်ရှိသည့် အချုပ်သားများနှင့် အများပြည်သူ၏ လုံခြုံရေးကို ထိပါး နှောက်ယှက်ခြင်း မဟုတ်သည့် အကြမ်းဖက်မှု မရှိသော ပြစ်ဒဏ်ဖြင့် ထောင်ကျခံနေကြရသူများကို လွှတ်ပေး သင့်ကြောင်း အဆိုပါ အရပ်ဘက် အဖွဲ့အစည်းများ၏ တောင်းဆိုချက်တွင် ပါဝင်သည်။

ထို့အပြင် အကြမ်းဖက်မှု မရှိသည့် ပြစ်မှုများဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသည့် အချုပ်သား အသစ်များကိုလည်း အကျဉ်းထောင် အတွင်းသို့ ထပ်မံ ပေးပို့ခြင်း မပြုရန်၊ ထောင်ဝင်စာတွေ့သည့် စနစ်ကိုလည်း ဖုန်း၊ ဗီဒီယိုများဖြင့်သာ ယာယီ အသုံးပြုသင့်ကြောင်း ၎င်းတို့က အကြံပြုထားသည်။

မြန်မာတနိုင်ငံလုံးတွင် အကျဉ်းထောင်၊ အချုပ်စခန်းနှင့် အလုပ်စခန်းများ အားလုံး ၈ဝ ကျော်ရှိသည့် အနက်မှ နေ့စဉ် အချုပ်သား၊ အကျဉ်းသားများ လွတ်ခြင်း၊ လွှတ်ပေးခြင်းများ ရှိနေသည့်အတွက် တနိုင်ငံလုံးတွင် အကျဉ်းသားနှင့် အချုပ်သား ၈ သောင်းဝန်းကျင်ရှိကြောင်း၊ သို့ရာတွင် ထောင်အတွင်း ဝင်ဆံ့နိုင်သည့် ပမာဏထက် ၄ဝ ရာခိုင်နှုန်းကျော်မျှ ကျော်လွန်နေကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

ပြင်ပနေရာများထက် အကျဉ်းထောင်များသည် လူအစုလိုက် အပြုံလိုက် ရောဂါ ဖြစ်နိုင်ချေ အကောင်းဆုံး နေရာ ဖြစ်ကြောင်း၊ အမှန်တကယ် ဖြစ်ပျက်လာမည်ဆိုလျှင် ထိန်းသိမ်းရခက်ခဲသည့် နေရာလည်း ဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများလည်း ရှိကြသည်။

အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်၏ ပြောပြချက်အရ နိုင်ငံအဝှမ်းရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများတွင် အကျဉ်းသားများကို COVID-19 ကာကွယ်ရေးနှင့် ပတ်သက်ပြီး ပညာပေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများတွင် အကျဉ်းသားများ လက်ဆေးရန်အတွက် ဆပ်ပြာနှင့် လက်ဆေးကန် ၁၁ဝဝ ကျော်ကို ဖြည့်ဆည်းပေးထားကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်နှင့် အကျဉ်းစခန်းများရှိ ထောင်ဝင်စာ တွေ့သည့်နေရာများ၊ အချုပ်ဆောင်၊ ထောင်ကျသူများ နေသည့် အဆောင်များတွင် ပိုးသတ်ဆေး ဖြန်းပေးမှု ၂၁ဝဝ ကျော်ကို ပြုလုပ်ပေးပြီး ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

လက်ရှိသမ္မတ ဦးဝင်းမြင့် ၂ဝ၁၈ ခုနှစ်မှ စတင်တာဝန်ယူပြီးနောက် ၄ ကြိမ်တိုင်တိုင် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ရာ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၁ သောင်းကျော် လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့သည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ရသူများထဲတွင် မူးယစ်ဆေးအနည်းငယ်ဖြင့် ဖမ်းဆီး ထောင်ကျခံခဲ့ရသူ အများစု ပါဝင်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

ဆက်စပ်လင့်

လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ

တရုတ်ထောင်၌ ဗိုင်းရပ်စ် ကူးစက်ခံရသူ၂ ဦး မြန်မာ ဟုတ်မဟုတ် စစ်ဆေးနေ

Your Thoughts …
Tags: COVID-19နိုင်ငံရေးအကျဉ်းသားအကျဉ်းထောင်
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.3k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

Next Post
--

လိင်ကျွန်သဘောမျိုးကို နှစ်ကာလရှည်ကြာ ယုတ်မာတဲ့ ရာဇဝတ်မှုမျိုးပေါ့

ပလက်ဝမြို့အဝင်ဆိုင်းဘုတ် / အောင်ကျော်ထက် / ဧရာဝတီ

ပလက်ဝ၌ အမျိုးသားတဦး ကျည်ထိမှန်မှု ဖြစ်ပွား

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate