• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

“သိန်း ၁၀၀ ငွေညှစ်တဲ့ကိစ္စက မင်းရာဇာရဲ့ အမျိုးသမီးဖုန်းနဲ့ စပြောတာ”

by ယုဖြူဟန်
9 April 2020
in Crime
A A
သရုပ်ဆောင် မင်းရာဇာ / Min Yar Zar's Facebook

သရုပ်ဆောင် မင်းရာဇာ / Min Yar Zar's Facebook

64.7k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မင်းရာဇာတို့ ဇနီးမောင်နှံက အိမ်အကူ မိန်းကလေးအား အက်စစ်နဲ့ ပက်ပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့တာကြောင့် ရွှေပေါက်ကံ နယ်မြေရဲစခန်းမှာ ကျူးလွန်ခံရသူ မိန်းကလေးရဲ့ မိခင်ဖြစ်သူမှ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

ဒီလို အမှုဖွင့် တိုင်ကြားခဲ့တဲ့အပေါ်ကိုလည်း ကျူးလွန်ခံရသူ မိန်းကလေးမှ ငွေကျပ် သိန်း ၁၀၀ ငွေညှစ် တောင်းတယ်ဆိုတဲ့ အကြောင်းကို Facebook စာမျက်နှာမှာ ဟန်ငြိမ်းဦးဆိုတဲ့ အကောင့်မှ ရေးသားမှုများ ရှိခဲ့တဲ့အပေါ် မိန်းကလေးရဲ့ မိသားစုဝင်တဦးမှ အခုလို ဖြေရှင်း ပြောပြခဲ့ပါတယ်။

“ကျနော်တို့ကို ဖုန်းတွေ တောက်လျှောက် ဆက်တယ်။ သူတို့ဘက်က ဘယ်သူတွေ ဆက်လဲ ဆိုတာတော့ ကျနော်တို့ မသိဘူး။ ပထမဆက်တာ ကိုမင်းရာဇာရဲ့အမျိုးသမီး မဇူးဇူး ဆက်တယ်။ ကျနော်တို့ကို ငွေကြေး အတိုင်းအတာတွေ လှမ်းမေးတယ်”

“အဲ့အချိန်မှာ ကျနော်တို့လည်း အခါပေါင်း များလာတဲ့အခါကျတော့ လူတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် နှစ်နဲ့ချီပြီး ဖြစ်လာတဲ့အတိုင်းအတာမှာ ဘယ်လောက်ထိတန်လဲ ဘယ်လောက်ထိ တန်ဖိုးဖြတ်ထားလဲဆိုတာကို မေးမိတယ်။ ဒေါသအလျောက်နဲ့ မေးမိလိုက်တယ်။ ဖုန်းချလိုက်ပြီးတော့ ပြန်ဆက်တယ်။ သိန်း ၁၀၀ ပေးမယ် ဆိုပြီး ပြောတယ်။ အဲ့ဒါ ကိုမင်းရာဇာ မိန်းမပြောတာ မဟုတ်ဘူး။ ကိုမင်းရာဇာရဲ့မိန်းမဖုန်းနဲ့ပဲ ဆက်တာ”

“ခဏနေတော့ ကိုမင်းရာဇာ မိန်းမ ပြန်ဆက်လာတယ်။ ရှင်တို့ တော်တော် ငွေမက်နေလား၊ တော်တော် လိုချင်နေလား၊ တပြားမှ မပေးနိုင်ဘူး။ ရှင်တို့ တိုင်ချင်တဲ့သူဆီတိုင် လုပ်ချင်တာကိုလုပ် ဆိုပြီး လှမ်းပြောတာ။ သိန်း ၁၀၀ ဆိုတာလည်း သူတို့ဘက်ကပဲ ပြောတာ။ ပြီးတော့ ကျနော်တို့က ငွေညှစ်သလိုနဲ့ အသံဖိုင်တွေ ခွဲတင်ထားတယ်လို့ ပြောတယ်။ ကျနော်တို့ဘက်ကလည်း ဒီလောက်တော့ ပြောမိတယ်”လို့ ကျူးလွန်ခံရသူ မိန်းကလေးရဲ့ဦးလေး တော်စပ်သူ ဦးမိုးကျော်က ဧရာဝတီကို ပြောပါတယ်။

အဆိုပါ ငွေညှစ်တယ်ဆိုတဲ့ ကိစ္စကလည်း တကယ် မဟုတ်ဘဲ အွန်လိုင်းမှာ သတင်းစကားများ ကြားရတဲ့အတွက် တူမဖြစ်သူ မိန်းကလေးကို သွားရောက်ခေါ်ပြီးတဲ့ နောက်ပိုင်းမှာ မင်းရာဇာတို့ဘက်က ဆက်တိုက် ဆက်သွယ်ခဲ့ပြီး မင်းရာဇာရဲ့ မိခင်ဖြစ်သူက မိန်းကလေးရဲ့အဝတ်ထုတ်ထဲကို ငွေကျပ် ၂ သောင်းခန့် ထည့်ပေးကာ မိဘတွေ ညှင်းပန်းနှိပ်စက်မှာဖြစ်တဲ့အတွက် ဒဏ်ရာများကို ဆေးကုပေးမယ်၊ ပြန်လာခဲ့ပါလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ကျူးလွန်ခံရသူ မိန်းကလေးရဲ့ဦးလေး တော်စပ်သူ ဦးမိုးကျော် (ဓာတ်ပုံ – ဧရာဝတီ)

“ငွေညှစ်တယ် ဆိုတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ ကလေးသွားခေါ်ပြီးနောက်ပိုင်းမှာ သူတို့ဘက်က တောက်လျှောက် ဆက်သွယ်လာတယ်။ သူတို့ဘယ်လိုပုံစံမျိုးနဲ့ ဘာကြောင့် ဆက်သွယ်လာလဲဆိုတာ ကျနော်တို့ မသိဘူး။ မနေ့က ကျနော်တို့ သွားခေါ်စဉ်ကလည်း ကိုမင်းရာဇာရဲ့အမေက ကလေးရဲ့အဝတ်ထုတ်ထဲကို ငွေ ၂သောင်း ထိုးထည့်ပေးလိုက်တယ်”

“နင့်အဖေ၊ အမေတွေက နင့်ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး။ ဟိုရောက်ရင် ညှင်းပန်းနှိပ်စက်ပြီး သတ်မှာ။ ဒီလိုကိစ္စကြီး ဖြစ်ပြီးမှ အဲ့တော့ လမ်းတဝက်ကနေ ပြန်ပြေးလာခဲ့။ အဘွားတို့ ဆေးကုပေးမယ်ဆိုပြီး ငွေ ၂သောင်း ထည့်ပေးလိုက်တယ်” လို့ ဦးမိုးကျော်က ပြောပါတယ်။

အစပိုင်းမှာတော့ ကျူးလွန်ခံရသူ မိန်းကလေးမှာ ဦးလေးနဲ့ ဆွေမျိုးသားရင်းများကို မြင်တာနဲ့ ထွက်ပြေးနေတာကြောင့် အလစ် မပေးဘဲ မိခင်ဖြစ်သူကို ဘေးနားမှာ ထားကာ စောင့်ရှောက်ရင်း ဖြစ်ပျက်တာတွေကို မေးမြန်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ကလေးကလည်း အလစ်ပေးလို့ မရဘူး။ ကျနော်တို့ကို မြင်တာနဲ့ ထွက်ထွက် ပြေးနေတယ်။ သူ့အမေကို ဘေးနားမှာ ထားပြီး စောင့်ရှောက် ခိုင်းထားရတယ်။ အဲ့လိုနေရင်းမှ ကလေးကို သူ့အမေက ချော့မေးတဲ့ အချိန်မှာ ဒီပိုက်ဆံ ၂ သောင်း ကိစ္စကို ထုတ်ပြောတယ်။ အဘွားကြီးကနေ နင့်အမေတို့ ဆီကနေ ထွက်ပြေးလာခဲ့၊ ဒဏ်ရာတွေကို ဆေးပြန်ကုပေးမယ်လို့ ပြောလိုက်တယ်ဆိုပြီး တူမလေးက ထွက်ဆိုထားတယ်” လို့ ဦးမိုးကျော်က ပြောပါတယ်။

မင်းရာဇာမှ အိမ်အကူ မိန်းကလေးအား လွန်ခဲ့တဲ့ ၂ နှစ်က စတင်၍ ဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့အမျိုးသမီးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှ စတင် သိရှိခဲ့တာကြောင့် ဖောက်ပြန်တယ်လို့ စွပ်စွဲပြောဆိုကာ လူမှုကွန်ရက် စာမျက်နှာမှာ စစ်ဆေးမေးမြန်းတဲ့ အသံဖိုင်များ တင်လိုက်ရာကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အခြေအနေများ ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

မင်းရာဇာတို့ အိမ်မှာတော့ အိမ်အကူ မိန်းကလေး အလုပ်လုပ်ကိုင်ခဲ့တာ ၅ နှစ်ခန့်ရှိပြီ ဖြစ်ပြီး အလုပ်စတင် ဝင်ရောက်ခဲ့စဉ်က အသက် ၁၀ နှစ်ခန့်သာ ရှိသေးတဲ့အတွက် လက်ရှိမှာတော့ အိမ်အကူမိန်းကလေးရဲ့အသက်မှာ ၁၄ နှစ်ကျော်၊ ၁၅ နှစ် မပြည့်သေးပါ။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်း ဒီမှာလုပ်တာပေါ့။ ၂၀၁၅ လောက်ကတည်းက လုပ်နေတာပါ။ အလုပ်ဝင်တုန်းက ၁၀ နှစ်သမီးလေးပဲ ရှိသေးတယ်။ အခု ၁၄ နှစ်နဲ့ ၁၀ လပဲ ရှိပါသေးတယ်။ ကလေးရဲ့အသက်ကတော့ သူတို့ရဲ့ လုပ်ကြံ ပြောဆိုမှုပါ။ ဒီအသက်နဲ့ ပတ်သက်ပြီး သူကျောင်းနေခဲ့တဲ့ ကျောင်းက ကျောင်းသား ထောက်ခံချက်ကို ရွာကနေ လှမ်းပို့ထားပါတယ်။ သူတို့ပြောတဲ့ အသက် ၂၀ကျော်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျနော့် တူမက အခုမှ ၁၄ နှစ်၊ ၁၀ လပဲ ရှိသေးတယ်”လို့ ဦးမိုးကျော်က ပြောပါတယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
21
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
300

“မင်းရာဇာက အိမ်အကူ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ဓားနဲ့ပါ ထိုးခဲ့တယ်” (ရုပ်/သံ)



ဒီလို မင်းရာဇာမှ အလိုမတူဘဲ အဓမ္မပြုကျင့်နေသည်ကို အမျိုးသမီးဖြစ်သူ မဖူးငုံပွင့် (ခ) ဇူးဇူး သိရှိပြီးနောက်မှာတောာ့ အိမ်အကူ မိန်းကလေးအား သူတို့နေထိုင်ရာ မြို့နယ်ဖြစ်တဲ့ တာမွေမြို့နယ် ရဲစခန်းကို သွားရောက် တိုင်တန်းဖို့ ပြောခဲ့တာကြောင့် အိမ်အကူ မိန်းကလေးက သွားရောက် တိုင်တန်းခဲ့ပေမယ့် အသက် မပြည့်သေးတာကြောင့် တရားမဝင်ဘူးဆိုကာ ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။

“နောက်တခုက သူတို့ အိမ်ပြောင်းတဲ့အချိန်မှာ ဒီကလေးမလေးကို ကိုမင်းရာဇာက မတရားပြုကျင့်နေတဲ့အချိန်ကို အမျိုးသမီးတွေ့ပြီးတော့ လင်မယားရန်ဖြစ်ပြီး စကားများကြတယ်။ ကိုမင်းရာဇာက ထွက်သွားတယ်။ အဲ့အချိန်မှာ အမျိုးသမီးက ကလေးမလေးကို နင့်ကို အဲ့လောက် လုပ်နေတာ နင် မနာဘူးလား၊ ရဲစခန်းသွားတိုင်ဆိုပြီး သင်ပေးတယ်”

“ပြီးရင် ငါနောက်က လိုက်လာခဲ့မယ်ဆိုပြီး အဲဒါနဲ့ ကလေးက ရောက်လာခဲ့တယ်။ တာမွေစခန်းကို ရောက်လာတယ်။ တာမွေစခန်းက ရဲအရာရှိတွေရော၊ ရဲမေတွေရောက ဒီကလေး ၁၅ နှစ်တောင် မပြည့်သေးတဲ့ ကလေး လာတိုင်တာ တရားမဝင်ဘူးဆိုပြီး အုပ်ထိန်းသူတွေကို ဆက်သွယ်နိုင်တဲ့ နေရာလည်း မသိ၊ ဖုန်းနံပါတ်လည်း မသိတော့ အဲ့အိမ်ပဲ ပြန်သွားရတယ်။ ပြန်သွားတဲ့အချိန်ကစပြီးတော့ လင်ရော၊ မယားရောက အားရင်အားသလို နှိပ်စက်တယ်” လို့ ဦးမိုးကျော်က ပြောပါတယ်။

အဲဒီလို အခြေအနေများဖြစ်ပြီးတဲ့အချိန်မှာတော့ မြောက်ဥက္ကလာမှာရှိတဲ့ မင်းရာဇာရဲ့ယောက္ခမဖြစ်သူရဲ့ အိမ်ကို ထိန်းသိမ်းဖို့ ခေါ်သွားသော်လည်း ဇနီးမောင်နှံ ၂ယောက်လုံးက လာရောက် ညှင်းပန်းနှိပ်စက်ပြီး မင်းရာဇာရဲ့ ယောက္ခမဖြစ်သူကလည်း တူဖြင့် ခေါင်းကိုထုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညှင်းပန်း နှိပ်စက်မှုများကြောင့် အိမ်အကူ မိန်းကလေးမှာ အရေးပေါ် အနေအထားဖြင့် မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး မိန်းမကိုယ်အား အက်စစ်ဖြင့် ပက်ထားတဲ့ဒဏ်ရာများ၊ ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာများနဲ့ ခေါင်းကို တူဖြင့် ထုထားတဲ့ ဒဏ်ရာများဖြင့် ပြင်းထန်စွာ ခံစားနေရတယ်လို့ သိရပါတယ်။

အဆိုပါ ကျူးလွန်မှုများနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မင်းရာဇာ ၊ ဇနီးဖြစ်သူ မဖူးငုံပွင့် (ခ) ဇူးဇူးနဲ့ ဦးမောင်မောင်အေး (မဖူးငုံပွင့်၏ ဖခင်) တို့ ၃ ဦးအား (ပ) ၅၀၅ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ၊ ၃၂၅ ၊ ၃၅၄ ၊ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး လက်ရှိအချိန်မှာတော့ ဦးမောင်မောင်အေး တဦးတည်းကိုသာ ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။

You may also like these stories:

ဖူးခက်မှာ Mask မတပ်ဘဲ သွားလာနေတဲ့ ပြင်သစ်လူမျိုး ဖမ်းဆီးခံရ

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

Your Thoughts …
Tags: သရုပ်ဆောင် မင်းရာဇာအဓမ္မပြုကျင့်မှုအိမ်အကူ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.9k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5.1k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားသည့် မျိုးမြင့်အောင် / မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

သမီးအရင်း ၂ ဦးအား အဓမ္မပြုကျင့်သည့် ဖခင်ကို ဖမ်းဆီး

by ဒီလှိုင်းဝင်း
16 July 2019
155.9k

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးနှင့် အသက် ၂၀ အရွယ် သမီးတို့ကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ရင်းကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ပြည်ကြီး တံခွန်မြို့မရဲစခန်းက သိရသည်။

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

by ဧရာဝတီ
14 November 2022
5.3k

စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲရုံးနှင့် ထိုရုံးမှတပ်မှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကြောရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မျိုးအောင် / အောင်မြသန်း / Ayeyarwaddy Times

မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ပထွေး ဖမ်းဆီး

by ဆလိုင်းသန့်စင်
21 July 2018
50.1k

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပန်းတိုင်ကျေးရွာ၌ ငါးကန်စောင့် အလုပ်လုပ်ကိုင်သူ မျိုးအောင် (၃၀နှစ်)သည် ဇနီးမှ ပါသည့် အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်း သူ မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် အတွက်...

Next Post
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်တဲ့ အနေနဲ့ ထိုင်းမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ထိုင်းမှာ ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် လူထောင်ကျော် အရေးယူခံရ

ဇာတ်ပို့ သရုပ်ဆောင် နွယ်နီ / ဝေဝေနှင်း / ဧရာဝတီ

ကိုဗစ်ကာလမှာ ဈေးရောင်းမကောင်းလို့ အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့ နွယ်နီ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved