• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့် မလေးရှား ပြန်ပို့

by ဇော်ဇော်ထွေး
13 May 2020
in သတင်း
A A
မေလ ၁၁ ရက်နေ့ မလေးရှားနိုင်ငံမှ ပြန်ပို့ပေးခဲ့သော မြန်မာများ ရန်ကုန်လေဆိပ်သို့ ဝင်လာစဉ်

မေလ ၁၁ ရက်နေ့ မလေးရှားနိုင်ငံမှ ပြန်ပို့ပေးခဲ့သော မြန်မာများ ရန်ကုန်လေဆိပ်သို့ ဝင်လာစဉ်

8.8k
VIEWS
Share on FacebookShare on Twitter

မလေးရှား နိုင်ငံတဝန်းမှ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရအပြီး မြန်မာနိုင်ငံသား ၄၀၀ နီးပါးကို မေလ ၁၁ ရက်နေ့တွင် မလေးရှားနိုင်ငံမှ ပြန်ပို့ပေးခဲ့သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန (MOFA) ၏ အဆိုအရ သိရသည်။

ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက မြန်မာနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်လာခဲ့ပြီး ထိန်းသိမ်းရေး စခန်းများတွင် ထိမ်းသိမ်းခံထားရသည့် စာရွက်စာတမ်း အထောက်အထားမဲ့ အလုပ်သမား ၃၉၁ ဦး ရှိကြောင်း ဧရာဝတီသို့ ပြောသည်။ COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရန် မတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့သော မလေးရှားအစိုးရ၏ လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့်အရ လေယာဉ်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းခြင်းနှင့် တားမြစ်ကန့်သတ်ထားမှုများကြောင့် အလုပ်သမားများကို ထိန်းသိမ်းထား ခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၃၉၁ ဦးကို မေလ ၁၁ ရက်နေ့တွင် မလေးရှားအစိုးရက စင်းလုံးငှား လေယာဉ် ၂ စင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။

မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားများကို နိုင်ငံအတွင်း တရားမဝင် နေထိုင်ခြင်းအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထောင်ဒဏ် ၃ လမှ ၆ လ အထိ ချမှတ်လေ့ရှိသည်။ ပုံမှန် အားဖြင့် အလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားပြီး သူတို့၏ အထောက်အထားနှင့် နိုင်ငံသား ဖြစ်မှုကို သက်ဆိုင်ရာသံရုံးများမှ အတည်ပြုပြီး နောက်တွင် မိခင်နိုင်ငံသို့ ပြန်ပို့သည်။

နေရပ်ပြန်ပို့သည့် လေကြောင်းခရီးစဉ်များအတွက် မလေးရှားအစိုးရက ကျခံပေးပြီး ပြန်လာသူများက လေယာဉ် လက်မှတ်ဖိုးပေးရန် မလိုကြောင်း မြန်မာအလုပ်သမား သံအရာရှိက ပြောသည်။ ယခင်ကဆိုလျှင် မလေးရှားမှ ပြန်ပို့ခံရသော မြန်မာအလုပ်သမားများသည် အပြန်ခရီးစဉ်အတွက် ကိုယ့်ဖာသာ ပေးကြရသည်။

အလုပ်သမားများသည် ထိန်းသိမ်းရေးစခန်းများတွင် လပေါင်းများစွာနေခဲ့ရပြီး ပြန်လည်ပို့ဆောင်ပေးခြင်းမှာ မလေးရှား အာဏာပိုင်များက တရားမဝင် နိုင်ငံခြား အလုပ်သမားများ ဖမ်းဆီးခြင်းကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ထိန်းသိမ်းရေး စခန်းများတွင် နေရာပိုမို လိုအပ်လာသောကြောင့် ဖြစ်ကြောင်း မြန်မာ အလုပ်သမား သံအရာရှိ၏ အဆိုအရ သိရသည်။

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် မြန်မာအစိုးရ ထံမှ နိုင်ငံသားလက်မှတ် သို့မဟုတ် မြန်မာသံရုံးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေဆဲဖြစ်သည့် မြန်မာနိုင်ငံမှ ထိန်းသိမ်းခံထားရသူ များစွာ ရှိနေဆဲ ဖြစ်သည်။

ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၃၉၁ ဦး သူတို့၏ နေရပ် မြို့ များသို့ ပို့ဆောင်ပေးရေး တိုင်းနှင့်ပြည်နယ် အစိုးရများက ဆောင်ရွက်ပေးကြမည် ဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာ မြို့နယ်များရှိ ကန့်သတ်စောင့်ကြည့်သည့် စခန်းများတွင် ၂၁ ရက် ထားရှိသွားမည် ဖြစ်သည်ဟု မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးဆောင်ရွက်ပေးနေသည့် ကွာလာလမ်ပူ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်သော Kathpone အခမဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးစန်းဝင်းက လုံလောက်သော စာရွက်စာတမ်း အထာက်အထားများ မရှိသည့် ရာနှင့်ချီသော မြန်မာအလုပ်သမားများလည်း မလေးရှားတွင် ရှိနေသည်ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

စာရွက်စာတမ်း အထောက်အထားများ မရှိသော ရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာသံရုံးသို့ ဆက်သွယ်ရန်လည်း ခက်ခဲနေသည်။ အဘယ်ကြောင့်ဆိုသော် ဦးစန်းဝင်း၏ အဆိုအရ သံရုံးနှင့် ဆက်သွယ်ရန် တခုတည်းသော လမ်း ကြောင်း ဖြစ်သည့် အီးမေးလ်ကို မည်သို့အသုံးပြုရမည်ကို သူတို့မသိကြ၍ ဖြစ်သည်။ မလေးရှားရှိ မြန်မာနိုင်ငံသားများသည် သံရုံး၏ hotline ဖုန်းနံပါတ်များကို မဆက်သွယ်နိုင်ကြောင်းလည်း သူက ပြောသည်။

“(အထောက်အထားမဲ့ မြန်မာနိုင်ငံသား) အားလုံးကို အရေးတကြီး အိမ်ပြန်ပို့ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မလေးရှား အစိုးရက တရားဝင် စာရွက်စာတမ်းမရှိ တဲ့ နိုင်ငံခြားသားအလုပ်သမားတွေ နှိမ်နင်းတဲ့ လုပ်ငန်းတွေကို အရှိန်မြှင့်နေလို့ ဖြစ်ပါတယ်” ဟု ဦးစန်းဝင်းက ပြောသည်။

COVID-19 ကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခြင်းနှင့် ပိတ်ဆို့ခြင်းများကြောင့် နိုင်ငံခြားတွင် သောင်တင်နေသော နိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် မြန်မာ အစိုးရက ဧပြီလ ၃၀ ရက်မှ စ၍ ပြန်လည်ခေါ်ယူရေး လေယာဉ်ခရီးစဉ်များကို စီစဉ်ခဲ့သည်။

မေလ ၁၀ ရက်နေ့ အထိ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အင်္ဂလန်နှင့် အမေရိကန် အပါအဝင် နိုင်ငံ ၁၀ ခုကျော်မှ မြန်မာနိုင်ငံသား ၁၁၁၃ ဦးကို မြန်မာနိုင်ငံက ပြန်လည် ခေါ် ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုင်း၊ တရုတ်နှင့် အခြားနေရာများမှ သောင်းနှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည်လည်း သူတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် ပြန်လာခဲ့ကြသည်။

(Zaw Zaw Htwe ၏ Malaysia Deports Nearly 400 Undocumented Myanmar Workers ကို ဘာသာပြန်ဆိုသည်။)

တရားမဝင် အလုပ်သမားများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးမည်

ပိတ်မိနေသည့် ရွေ့ပြောင်းလုပ်သားများအရေး အစိုးရ၏မူဝါဒအပေါ် မေးခွန်းထုတ်

COVID-19 အကျပ်အတည်း ပူးပေါင်းဖြေရှင်းရန် နိုင်ငံတကာလုပ်ငန်းစုအချို့ ကတိပြု

Your Thoughts …
Tags: ပြန်ပို့မလေးရှားမြန်မာနိုင်ငံသားအထောက်အထားမဲ့
ဇော်ဇော်ထွေး

ဇော်ဇော်ထွေး

Contributor

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

by ဧရာဝတီ
8 August 2024
6.2k

အမှုနှင့် ဆက်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းနှင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
4k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

Next Post
သရုပ်ဆောင် ခင်သဇင်  / Khin Thazin's Facebook

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

မွန်ပြည်နယ် ရေရှားပါးတဲ့ ဒုက္ခ  ဒီနှစ်ပိုဆိုးလာ (ရုပ်/သံ)

မွန်ပြည်နယ် ရေရှားပါးတဲ့ ဒုက္ခ ဒီနှစ်ပိုဆိုးလာ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved