• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရ အဆင်သင့်ဖြစ်ပြီလား

by ဇူးဇူး
15 May 2020
in သတင်း
A A
ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က နယ်သာလန်နိုင်ငံ သဟိဂ်မြို့တရားရုံးတွင် တွေ့ရသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့  /  icj-cij.org

ယခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က နယ်သာလန်နိုင်ငံ သဟိဂ်မြို့တရားရုံးတွင် တွေ့ရသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ / icj-cij.org

8.8k
VIEWS
Share on FacebookShare on Twitter

မြန်မာအစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အမိန့်အပေါ် လိုက်နာ ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်သည့် အစီရင်ခံစာတစောင်ကို မေလ ၂၃ ရက် မတိုင်မီ တင်ရတော့ မည် ဖြစ်သည်။

အဆိုပါ အစီရင်ခံစာကို အချိန်မီတင်သွင်းရန် ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက မီဒီယာများအား ဖြေကြားထား သည်ကို တွေ့ရသော်လည်း အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါ။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ယနေ့ ညနေပိုင်း၌ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့်မရပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကို ထပ်မံဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဒီအစီရင်ခံစာကို တင်သွင်းမယ်ဆိုတဲ့ ပြောကြားချက်ကတော့ ထွက်လာပါပြီ။ ဒါနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ပြင် ဆင်ထားတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုတွေကို တင်ပြမယ့် သဘောကတော့ ရှိပါတယ်” ဟု သုံးသပ်သည်။

ယခုလို အစီရင်ခံစာ တင်ခြင်းအားဖြင့် အလုံးစုံ လိုက်လျောလုပ်ဆောင်မှု မရှိသည့်တိုင် အနည်းဆုံး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ပြီး တတ်နိုင်သမျှ အခက်အခဲပေါင်းစုံကြားမှ လုပ်ဆောင်နေကြောင်း သက်သေပြရာ ရောက်သွား နိုင်သည်ဟု ၎င်းက ပြောသည်။

ဦးအောင်မျိုးမင်းက “ဒါပေမယ့် အဲဒီသက်သေကတော့ နိုင်ငံတကာက လိုချင်တဲ့ တိကျခိုင်လုံပြီး ထိရောက်တဲ့ လုပ်ဆောင်မှု ဖြစ်တဲ့အဆင့်ထိ မရောက်တာတော့ သေချာပါတယ်” ဟုလည်း ဆိုသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်သည်ဟု စွပ်စွဲပြီး ကြားဖြတ်အစီအမံများ (Provisional Measure) ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် ကုလသမဂ္ဂ၏ အမြင့် ဆုံး တရားရုံးဖြစ်သည့် ICJ က မြန်မာနိုင်ငံအနေဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ၂၀၂၀ ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ ၄ ချက်အနက် တရားရုံးအမိန့်အတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေကို တရားရုံးအမိန့် ချမှတ်သည့်နေ့မှ ၄ လအတွင်း အစီရင်ခံစာ တင်ရမည်ဟူသည့် အချက်တချက်လည်း ပါဝင်ရာ လာမည့် မေလ ၂၃ ရက်တွင် ၄ လ ပြည့် မည် ဖြစ်သည်။

မြန်မာအစိုးရက လိုက်နာရမည့် နောက်ထပ် ကြားဖြတ်အစီအမံ ၃ ချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင် ရာ နိုင်ငံတကာ သဘောတူညီချက် အပိုဒ်(၂)ပါ ကျူးလွန်မှုများ (သတ်ဖြတ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ သား သမီးမွေးခြင်းဆိုင်ရာ တားမြစ်ခြင်း) မဖြစ်လာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရမည်။

ထို့ပြင် မြန်မာစစ်တပ် အပါအဝင် ပြည်သူ့စစ်နှင့် တခြားလက်နက်ကိုင် တပ်ဖွဲ့များက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်စေ နိုင်သည့် လုပ်ရပ်မျိုး မလုပ်မိစေရန်၊ သွေးထိုးလှုံ့ဆော်မှုများနှင့် အလိုတူအလိုပါ မလုပ်မိရန် ထိရောက်သည့် အစီအ မံများ ဆောင်ရွက်ရန်နှင့် ဖြစ်ပြီးခဲ့သည့် ကျူးလွန်မှုများမှ ကျန်သည့် သက်သေအထောက်အထားများကို မဖျက်ဆီး ရန်၊ ထိန်းသိမ်းပေးရန်တို့ ဖြစ်သည်။

အဆိုပါ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်သည့် အပိုင်း၌ အစိုးရ၏ လုပ်ဆောင်ချက် များအား သေချာပြသနိုင်ခြင်း မရှိကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြသည်။

၎င်းက “လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေကို မခွဲခြားဘဲနဲ့ တရားမျှတမှု ဖော်ဆော်နိုင်အောင် လုပ်ဆောင်နေပါတယ်။ ကျူးလွန်နေသူတွေကိုလည်း အရေးယူနေပါတယ်ဆိုတဲ့ တချို့သော သက်သေ အထောက် အထားလောက် ပြဖို့အ တွက်ပဲ ပြောနိုင်မယ့် အနေအထား ရှိပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယခင်ကလည်း မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု မရှိကြောင်း၊ မလုပ်ကြောင်း ပြောဆို ထားရာ ယခု တင်မည့် အစီရင်ခံစာ၌လည်း ဝန်ခံသည့်အဆင့်မျိုး ပြောမည်မဟုတ်ဘဲ အခြေအနေများ ဆိုးမသွားစေ ရန် တတ်နိုင်သမျှ လုပ်ဆောင်နေပါသည်ဆိုသော ပုံစံမျိုး ထည့်သွင်းဖော်ပြနိုင်ကြောင်း ခန့်မှန်းသည်။

မြန်မာ့ဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ပြင်ပဆက်ဆံ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက “အစိုးရဘက်က တချို့ပြင်ဆင်မှုတွေ ရှိတယ်လို့တော့ ထင်တယ်။ သိပ်မကြာသေးခင်က ရိုဟင်ဂျာဒုက္ခသည်တွေ အဖမ်းခံထားရတဲ့ကိစ္စ လွှတ်ပေးတာ၊ ရခိုင်ပြည်နယ်မှာ ဘယ်သူမှ နောက်မကျန်ရစ်စေရဘူး စသဖြင့် အဲဒီလို မူဝါ ဒတွေ သမ္မတရုံးက ထုတ်ပြန်ကြေညာတွေ တွေ့တယ်။ ဒီအချက်တွေ လုပ်ထားပါတယ်ဆိုပြီး တင်မယ့်သဘောမျိုး ရှိတယ်” ဟု ယူဆသည်။

ICJ သို့ အစီရင်ခံစာတင်ရမည့် ကိစ္စသည် အရေးကြီးသည်ဟု ထင်မြင်မိပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သို့ ပြင်ဆင်ထားသနည်း ဆိုသည်ကို ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများ၌ မေးခွန်းထုတ်သင့်သည်ဟု လည်း ၎င်းက ပြောသည်။

ICJ က ချမှတ်ထားသည့် ကြားဖြတ်အမိန့်အပေါ် မြန်မာအစိုးရ၏ လိုက်နာဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ဦးအောင်သူငြိမ်းက “UEHRD (ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန် လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ)မှာ ကြည့်တော့ အခြေအနေတွေက သိပ်တော့လည်း ထူးထူးခြား ခြား မရှိလှသလိုပဲ” ဟု မှတ်ချက်ပြုသည်။

ဆက်လက်၍ ၎င်းက “ရခိုင်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ အနေအထားမှာလည်း တချို့ကိစ္စတွေ အကောင်အ ထည်ဖော်ဖို့ ခက်တာပေါ့။ ဒီစစ်ပွဲရဲ့ အရှိန်အဟုန်လည်း လျှော့ချဖို့ လိုလိမ့်မယ်ထင်တယ်” ဟု ဆိုသည်။

မြန်မာအစိုးရက ယခုတင်ရမည့် အစီရင်ခံစာသည် ကိုယ့်ဘက်က တကယ်တမ်း ဖြစ်ပျက်နေသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ နိုင်ငံရေး စိတ်ဓာတ်အရရော၊ လူ့အခွင့်အရေး လေးစားသည့် သီလသမာဓိအရရော မည်မျှထိ လုပ်ဆောင်ထားသည်ကို မှတ်ကျောက်တင်ခြင်းသာ ဖြစ်ရာ ကိုယ်လုပ်ရင်လုပ်နိုင်သလောက် ယခင်တုန်းက ယူဆ ထားချက်များ၊ တချို့လွဲမှားချက်များကို ပြန်လည် ထောက်ပြနိုင်မည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

၎င်းက “တကယ့်စိတ်ရင်းစေတနာအမှန်နဲ့ မဟုတ်ဘဲနဲ့ အပြစ်ကနေ လျော့ဖို့အတွက် ဦးတည်ပြီးတော့ မဟုတ်မမှန် တင်မယ်။ နောက်တခါ ထိရောက်မှုနဲ့ စိန်ခေါ်မှုတွေ သေချာမဖော်ပြထားဘူးဆိုရင်တော့ ဒါက တင်သာတင်ပေမယ့် တိုင်းပြည်အတွက် အကျိုးရှိနိုင်မှာလည်း မဟုတ်ဘူး။ ပိုပြီးပြင်းထန်တဲ့ နိုင်ငံတကာရဲ့ ဖိအားပဲ ထပ်မံ ရရှိနိုင်ပါမယ်” ဟု လည်း သတိပေးပြောဆိုသည်။

အဆိုပါ အစီရင်ခံစာသည် ICJ တရားရုံးက ကြားဖြတ်အစီအမံများ ဆောင်ရွက်ရန် အမိန့်ချမှတ်အပြီး မြန်မာနိုင်ငံက တင်သွင်းရမည့် ပထမဆုံး အစီရင်ခံစာဖြစ်ကာ ထို့နောက်တွင်တော့ ၆ လတကြိမ်ဖြင့် အမှုမပြီးမချင်း ပုံမှန် အစီရင် ခံစာ ဆက်လက် တင်သွင်းသွားရမည် ဖြစ်သည်။

အကယ်၍ အစိုးရအနေဖြင့် သတ်မှတ်ထားသည့်အတိုင်း အစီရင်ခံစာများ မတင်သွင်းဘူးဆိုပါက နိုင်ငံတကာ၏ တရားစီရင်မှုအရ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှု မရှိဟုဆိုကာ ပိုမိုသိက္ခာကျမည် ဖြစ်သကဲ့သို့ ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများလည်း ရနိုင်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

You may also like these stories:

ICJ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက် ကျော်လွန်၍

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ICJ သို့ သွားရောက် ခုခံဖြေရှင်းသည့်အပေါ် သုံးသပ်ချက်များ

Your Thoughts …
Tags: ICJမြန်မာအစီရင်ခံစာ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

by Andrew Selth
20 July 2023
11.8k

အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

Next Post
COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦး

နေပြည်တော် ဒုမြို့တော်ဝန် ဦးဆောင်သည့် စီးပွားရေး ကုစားရေး ကော်မတီ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

ာမာဒန်ဥပုသ်လအတွင်း ဗလီများပိတ်ထားသဖြင့် ဗလီများတွင် ဝန်ထမ်းများသာ ရှိကြသည်/ /  ထက်ဝေ / ဧရာဝတီ

အိးဒ်နေ့၌ လူစုလူဝေး မလုပ်ဖို့ ဝန်ကြီးဌာန အကြောင်းကြား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved