• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ချင်းပြည်နယ်နှင့် ဒေသကြီး ၄ ခု ၌ ဝင်ပြိုင်မည် ဟု CNLD ပါတီ ပြော

by ဆလိုင်းသန့်စင်
16 June 2020
in သတင်း
A A
ယခုနှစ် ဇန်နဝါရီလက ကန်ပက်လက်မြို့တွင် ပြူလုပ်သည့် CNLD ဗဟို အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ တွေ့ဆုံပွဲ  / CNLD / Facebook

ယခုနှစ် ဇန်နဝါရီလက ကန်ပက်လက်မြို့တွင် ပြူလုပ်သည့် CNLD ဗဟို အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ တွေ့ဆုံပွဲ / CNLD / Facebook

4.7k
VIEWS
Share on FacebookShare on Twitter

ချင်း တိုင်းရင်းသား ပါတီ ၃ ခု ပေါင်းစည်းထားသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီအနေဖြင့် ချင်း ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးအပြင် စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ပြည်နယ်တို့ရှိ ချင်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

CNLD ပါတီ ပူးတွဲ ဥက္ကဋ္ဌ ပူးနိုထန်ကပ်က“ကျနော်တို့ကတော့ ချင်းပြည်နယ်က မဲဆန္ဒနယ် အားလုံး ပြိုင်မှာပါ။ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းမှာလည်း ဝင်ပြိုင်ဖို့ စီစဉ်နေတယ်။ ရခိုင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲ ရှိခဲ့ရင်တော့ ချင်းတိုင်း ရင်းသား ရေးရာ ဝန်ကြီးနေရာ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အားလုံးဆိုရင် မဲဆန္ဒနယ် ၆၀ လောက်ကို ဝင်ပြိုင်ဖို့ စီစဉ် နေတယ်” ဟု ပြောသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
673
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
541
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
160

ချင်းပြည်နယ်တွင် မြို့နယ် ၉ ခု ရှိပြီး ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁၈ နေရာ၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၉ နေ ရာနှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ ရှိကာ စုစုပေါင်း မဲဆန္ဒနယ် ၃၉ နေရာ ရှိကြောင်း သိရသည်။

CNLD ပါတီအနေဖြင့် ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် ၃၉ ခုလုံးအပြင် မကွေးတိုင်း၌ ချင်းတိုင်းရင်းသား ရေးရာ ဝန်ကြီး မဲဆန္ဒ နယ်နှင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့ အပါအဝင် အနည်းဆုံး မဲဆန္ဒနယ် ၇ ခု ဝင်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၌ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး မဲဆန္ဒနယ်၊ တမူးနှင့် ကလေးမြို့နယ်တို့၌ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း ချင်းတိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာ ဝင်ပြိုင်ရန် စီစဉ်နေကြောင်း CNLD ပါတီထံက ဆိုသည်။

ပူးတွဲ ဥက္ကဋ္ဌ ပူးနိုထန်ကပ်က“ကျနော်တို့က ကိုယ်စားလှယ်လောင်း ရွေးရာမှာ လူငယ်နဲ့ အမျိုးသမီးကို အဓိက ဦးစားပေးပါ တယ်။ ချင်းလူမျိုးထဲမှာ နိုင်ငံခြားကနေ Political Science (နိုင်ငံရေး သိပ္ပံ) မာစတာတန်း ပြီးလို့ ဘွဲ့ရသူတွေ ရှိတယ်။ အဲဒီ လို လူတွေကို ဦးစားပေးပါတယ်။ ယခင်တုန်းက ဧပြီလကုန်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း အကုန်ပို့ဖို့ လုပ်ထား ပေမယ့် ကိုဗစ်ဖြစ်လာလို့ ဇွန်လကုန်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း အကုန်ပို့ဖို့ ညွှန်ကြားထားပါတယ်” ဟု ပြော သည်။

လတ်တလောတွင် COVID –19 ရောဂါကာကွယ်ရေး အတွက် ပြည်ထောင်စု အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများက လူစု လူဝေး မပြုလုပ်ရန် အပါအဝင် တားဆီးကန့်သတ်ချက် တချို့ဆက်လက် ထုတ်ပြန်ထားသည့် အတွက် ပါတီ စည်းရုံးရေး လုပ်ဆောင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း CNLD ပါတီက ဆိုသည်။

ပူးတွဲဥက္ကဋ္ဌ ပူးနိုထန်ကပ်က“COVID – 19 နဲ့ပတ်သက်ပြီး တားမြစ် ကန့်သတ်ချက်တွေက အခုထိ ရှိနေတော့ ကျနော်တို့ မှာ စည်းရုံးရေး လုပ်ဖို့ အရမ်းကို ခက်နေတယ်။ တချို့ရွာတွေဆို ကားတွေ မဝင်နိုင်အောင် အပင်တွေ ခုတ်လှဲထားတာ ရှိ တယ်။ သူတို့လည်း ကြောက်ကြတာကိုး။ NLD ပါတီကတော့ အစိုးရဆိုတော့လည်း အစိုးရ လုပ်ငန်းဆောင်ရွက်ရင်း ပြည် သူနဲ့ ထိတွေ့မှုရှိနေတာပေါ့။ ကျနော်တို့အတွက်တော့ စည်းရုံးရေး လုပ်ဖို့က အချိန် အရမ်းနည်းနေပြီဆိုတော့ တော်တော် လေး နစ်နာတယ်” ဟု ပြောသည်။

CNLD ပါတီမှာ ၁၉၉၀ ခုနှစ် အထွေထွေ ရွေေးကာက်ပွဲတွင် ချင်းပြည်နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်၂ ခုတွင် အနိုင်ရရှိခဲ့သည်။

သို့သော် အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး အဖွဲ့ အစိုးရက နိုင်ငံတော် အာဏာကို လွဲှပြောင်းပေး ခြင်းမရှိဘဲ အမျိုးသား ညီလာခံ ကျင်းပခဲ့သည့်အပေါ် ကန့်ကွက်သည့် ပါတီများကို ဖျက်သိမ်းခဲ့ရာ CNLD ပါတီမှာလည်း ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ချင်းပြည်နယ်ရှိ ပါတီ ၃ ခုဖြစ်သည့် ပူးနိုထန်ကပ် ဦးဆောင်သော ချင်းတိုးတက်ရေး ပါ တီ (CPP) ၊ ပူးဇိုဇမ် ဦးဆောင်သော ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP) နှင့် ဦးငိုင်ဆတ် ဦးဆောင်သော ချင်း ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (CLD) တို့ ပူးပေါင်း၍ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD) ပါတီကို ပြန်လည် တည် ထောင်ကာ ပြည်ထောင်စု ရွေေးကာက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။

ဒေသခံ ချင်းပါတီများအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီများ ပူးပေါင်းခြင်း မရှိဘဲ ကိုယ်စီ ဝင် ပြိုင်ခဲ့ရာ မဲဆန္ဒနယ်တချို့တွင် ထိုအချိန်က အင်အားကြီး ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို အနိုင်ရမှုများရှိခဲ့သော်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့တွင် အင်အားကြီး NLD ပါတီကို အပြတ်အသတ် ရှုံးနိမ့် ခဲ့သည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်တွင် ချင်းပါတီ ၃ ခု ပူးပေါင်း၍ CNLD ပါတီ တည်ထောင်ကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် အင်အားကြီး ပါတီများကို ယှဉ်ပြိုင်သွားရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ဟားခါးမြို့မှ သတင်းထောက် ကိုသွီတိမ်းက“လက်ရှိမှာ ကိုဗစ်ဖြစ်နေတော့ လူစုလူဝေး မလုပ်ရတဲ့ ကန့်သတ်ချက် ရှိနေ တော့ ဘယ်ပါတီမှ စည်းရုံးရေး လုပ်နိုင်တာ မရှိသေးဘူး။ အဲဒီတော့ ပြည်သူတွေကလည်း ရွေးကောက်ပွဲအပေါ် သိပ်ပြီး စိတ်ဝင်စားတဲ့ ပုံစံမျိုး မတွေ့ရဘူး။ ပြည်သူတွေက ရွေးကောက်ပွဲထက် ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းကိုပဲ စိတ်ဝင်တစား နားထောင်နေကြတာ” ဟု ပြောသည်။

ချင်းပြည်နယ်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၃၉ နေရာ ရှိသည့်အနက် NLD ပါတီက ၂၈ နေရာ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် (ZCD) ပါတီက ၆ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ၅ နေရာ အနိုင် ရရှိခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာလား

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော

Your Thoughts …
Tags: CNLDချင်းလူမျိုးရွေးကောက်ပွဲ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.3k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

Next Post
ဖူးခက် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်ဖွင့်ပြီ

သရုပ်ဆောင် ပိုင်တံခွန်  / Paing Ta Khon's Facebook

“မိဘကို လုပ်ကျွေးပြုစုခွင့်ရတာ သိပ်ကောင်းတဲ့ကံပါ”လို့ ပိုင်တံခွန် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate