• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မှာလား

by ဆလိုင်းသန့်စင်
10 June 2020
in သတင်း
A A
ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့  / အောင်ကျော်ထက် / ဧရာဝတီ

ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝမြို့ / အောင်ကျော်ထက် / ဧရာဝတီ

5.8k
VIEWS
Share on FacebookShare on Twitter

တပ်မတော်နှင့် ရက္ခိုင်စပ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့က ပလက်ဝမှာရှိတဲ့ လွှတ်တော် ၃ ရပ်လုံးအတွက် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်ထားပါတယ်။ မဲရုံသုံး ပစ္စည်းတွေရော၊ မဲရုံတွေရော ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆို လုပ်နိုင်အောင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ချင်းပြည်နယ်၏ တောင်ဘက် အစွန်းဆုံးတွင် တည်ရှိသည့် ပလက်ဝမြို့နယ်၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၂ ခု၊ ပြည် သူ့ လွှတ်တော် မဲဆန္ဒနယ်နှင့် ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၁ နှင့် ၁၂ တို့ ရှိနေပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ချင်းပြည်နယ်၌ မဲဆန္ဒနယ် ၅ ခု လျော့နည်းသွားမည် ဖြစ်သည်။

RelatedPosts

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
1
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
10
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
72

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ပလက်ဝမြို့နယ်တွင် AA လှုပ်ရှားမှုများ ရှိခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်မှ စတင်၍ တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ဖေဖော်ဝါရီလမှ မေလအထိ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ပလက်ဝမြို့နယ်အတွင်းမှ ဒေသခံ ၆၀၀၀ ကျော်မှာ ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့များရှိ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံခဲ့ရကြောင်း သိရသည်။

လက်ရှိတွင်လည်း ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ကြောင်း တလျှောက်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် နယ် စပ်ဒေသများတွင် တိုက်ပွဲငယ်များ ဖြစ်ပွားမှု ရှိနေသေးပြီး ဒေသခံ ချင်းဒုက္ခသည် ၃၀၀၀ ကျော်မှာ ပလက်ဝမြို့ပေါ်ရှိ စစ် ဘေးရှောင်စခန်း ၇ ခုတွင် ခိုလှုံနေရဆဲ ဖြစ်သည်။

ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော် က “ပလက်ဝမှာ ရွေးကောက်ပွဲ လုပ်နိုင်ခြင်း ရှိ၊ မရှိကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကို သဘောထား မေးထားတာ ရှိပါတယ်။ ပြန်ကြားချက်တော့ မရောက်သေးဘူးလို့ သိရပါတယ်။ မြေပြင် အခြေအနေက ၁ ရက်နဲ့ ၁ ရက် မတူတဲ့ အနေအထားဆိုတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ ကြေညာချက် ထွက်တာနဲ့ အဆင်သင့် လုပ် နိုင်အောင် ကျနော်တို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲရုံ ၁၅၉ ရုံသာ ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံ ၁၂ ရုံ ထပ်မံ တိုးချဲ့ထားပြီး မဲရုံပေါင်း ၁၇၁ ရုံထားရှိရန် ပြင်ဆင်ထားကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရ သည်။

တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ပြည်သူတို့၏ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးမည် ဖြစ်သည့်အတွက် တပ်မတော်နှင့် AA တို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီ ပေးစေလိုကြောင်း ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (CNLD) က ပြောသည်။

CNLD အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ပူးနိုထန်ကပ်က “ပလက်ဝမှာ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့ရင် ပြည်သူလူထု အရမ်း ထိခိုက်နစ်နာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ရော၊ AA ရော ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဝိုင်းဝန်း ကူညီပေးပါ။ ပြည်သူလူထု အေးအေးချမ်းချမ်း မဲပေးနိုင်အောင် ကူညီပေးပါလို့ ပြောချင်ပါ တယ်” ဟု ပြောသည်။

မြေပြင် အနေအထားအရ တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသမှာ ပလက်၀ မြို့နယ် အနောက်ခြမ်းဖြစ်ပြီး ပလက်ဝမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ ချင်းပြည်နယ် လွှတ်တော် ပလက်ဝမြို့နယ် မဲ ဆန္ဒနယ် အမှတ် ၁ နှင့် ချင်းပြည်နယ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁၁ တို့ တည်ရှိသည်။

လက်ရှိတွင်လည်း နှစ်ဖက် စစ်တပ်များ ရင်ဆိုင်နေကြသည့်အတွက် အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည့် အခြေ အနေတွင် ရှိနေပြီး ပလက်ဝမြို့၏ ထွက်ပေါက်ဖြစ်သည့် ကုလားတန်မြစ်ကြောင်း ရေလမ်းခရီးနှင့် မတူပီမြို့ဘက်သို့ သွား လာနိုင်သည့် ကားလမ်းတို့မှာလည်း နယ်မြေ လုံခြုံမှု မရှိသည့်အတွက် တပ်မတော်က အရပ်သားများ သွားလာခွင့်ကို ပိတ် ပင်ထားကြောင်း သိရသည်။

ပလက်ဝမြို့ခံ ကိုဒေးဗစ်က “ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ ရွေးကောက်ပွဲရှိမှ လွှတ်တော် ၃ ရပ်မှာ ကျနော်တို့ ကိုယ်စား ပလက်ဝရေးရာကို ပြောဆိုပေးမယ့်လူ ရှိမှာ။ ရွေးကောက်ပွဲ မရှိခဲ့ရင် ပလက်၀ ရေးရာကို ပြောဆိုပေး မယ့်လူ ဆုံးရှုံးမယ်။ ဒီဒေသက ပြည်သူတွေရဲ့နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်တွေလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၂ ခု၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁ ခုနှင့် ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၁ နှင့် ၁၂ စသဖြင့် မဲဆန္ဒနယ် ၅ ခု၌ ရွေးကောက်ပွဲ ကျင်းပခဲ့ရာ မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း များက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း၌ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အတည်ပြု ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်

တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း

ချင်းအမျိုးသမီး သေဆုံးမှုအပေါ် တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲ

ချင်းတိုက်ပွဲရှောင်များ အိမ်တွင်းမှုလုပ်ငန်းမှ ဝင်ငွေရရေး ကျပ်သိန်း ၂၀ မတည်ပေး

Your Thoughts …
Tags: ချင်းပြည်နယ်ပလက်ဝရွေးကောက်ပွဲ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ဇွန်လ ၅ ရက်က YESC ရုံးချုပ်၌ အွန်လိုင်းဝန်ဆောင်မှုစနစ် လည်ပတ်ရန် နှစ်ဖက် လက်မှတ် ရေးထိုးနေစဉ် / AYA bank

ရန်ကုန်၊ မန္တလေး၊နေပြည်တော်ရှိ မြို့များ အွန်လိုင်းမှ မီတာခ ဆောင်နိုင်တော့မည်

သရုပ်ဆောင် အေးမြတ်သူ  / ချစ်ပိုး / ဧရာဝတီ

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved