• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်နှင့် ပူးတွဲအပစ်ရပ် ကြေညာချက် ထုတ်လိုကြောင်း မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း

by နန်းလွင်နှင်းပွင့်
2 June 2020
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

72.6k
VIEWS
Share on FacebookShare on Twitter

တပ်မတော်နှင့် ပူးတွဲ အပစ်အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်လိုကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ ချက် တစောင်ထုတ်ကာ ကမ်းလှမ်းလိုက်သည်ဟု သတင်းရရှိသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့၏ အဖွဲ့ဝင် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဗိုလ်မှူး မိုင်းအိုက် ကျော်က“မြန်မာ့ တပ်မတော်ဘက်ကလည်း ထုတ်ထားတာ ရှိတယ်။ သူတို့ကလည်း တဖက်သတ် ရပ်တာပေါ့။ ကျနော်တို့ကလည်း တဖက်သတ် ရပ်တာပေါ့။ အဲဒါကို နှစ်ဖက် ပူးတွဲပြီး အပစ်အခတ် ရပ်စဲရေး သဘောတူ ထုတ်ပြန် ချက် ပူးတွဲထုတ်ဖို့် ကျနော်တို့က ကမ်းလှမ်းလိုက်တာပါ” ဟု ပြောသည်။

RelatedPosts

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
17
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
123
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

16 May 2025
19

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) က ဇွန် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစောင် ထုတ်ပြီး ထိုထဲတွင်လည်း တပ်မတော်နှင့် အတူ တပြိုင်တည်း အပစ်ရပ်စဲကြောင်းကို ပူးတွဲ ကြေညာရန် စိတ်ရင်းစေတနာ အမှန်ဖြင့် ကမ်းလှမ်းပါသည်ဟု ထည့်သွင်း ရေးသားထားသည်။

၎င်းတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်မှလည်း ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိကို တဖက်သတ် အပစ်အခတ် ရပ်ဆိုင်း ပါကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယခုတခေါက် ကြေညာချက်သည် ၆ ကြိမ်မြောက် အပစ်ရပ်ကြောင်း ကြေညာခြင်း ဖြစ် သည်။

တပ်မတော်သည်လည်း COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ရောဂါ ကာကွယ်၊ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်ရန်ဟုဆိုကာ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ တနိုင်ငံလုံးကို အပစ်အခတ် ရပ်စဲပေးကြောင်း ကြေညာထားသည်။

သို့သော် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင် ကြောင်းကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

တပ်မတော်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်များ ထုတ်ပြန် နေသော်လည်း နှစ်ဖက် အပြန်အလှန် ဆွေးနွေးထားခြင်းများမရှိဘဲ သီးခြားစီ ထုတ်ပြန်နေကြခြင်း ဖြစ်သည်။

အပစ်ရပ်ကြောင်း ထုတ်ပြန်ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ စည်းကမ်းဖောက်ဖျက် မှုများ ရှိလာပါက တပ်မတော်ဘက်မှ အရေးယူမည်ဟု ကြေညာထားပြီး ညီနောင် မဟာမိတ် ၃ဖွဲ့ ဘက်ကလည်း တပ် မတော်က ထိုးစစ်ဆင်နေပါက ပြန်လည် တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။

ထို့ကြောင့် နှစ်ဖက်မှ ထုတ်ပြန် ကြေညာချက်များ ထုတ်နေသော်လည်း မြေပြင်တွင် စစ်ရေးတင်းမာမှုများ၊ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုများ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း ဦးစွာ ကြေညာခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ၎င်းတို့ဘက်မှ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ဆိုင်းပေးကြောင်း ပြန်လည် ကြေညာခဲ့သည်။

ထိုစဉ်က အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်များ မထုတ်ခင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များကြား ကိုယ်စားလှယ်များ စေလွှတ်ကာ ညှိနှိုင်းပြီးမှ ထုတ်ပြန်ကြခြင်း ဖြစ်သည်။

သို့သော် တပ်မတော်ဘက်မှ အပစ်ရပ်ပေးကြောင်း ကြေညာပြီး အပစ်ရပ် သက်တမ်းများကို တိုးလာခဲ့သော်လည်း AA လှုပ်ရှားသည့် နယ်မြေများကို ချန်လှပ်ထားပြီး ယနေ့ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေ ဆဲ ဖြစ်သည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “တပ်ဘက်ရော ကျနော်တို့ဘက်ရော ပူးတွဲပြီး တကယ့် စစ်ဖြစ်နေတာကို ရပ်တန့်အောင် ပေါ့။ တပ်မတော်နဲ့ ကျနော်တို့ ပူးတွဲပြီးမှ အပစ်ရပ် ထုတ်ပြန်ကြေညာဖို့ ကျနော်တို့က ကမ်းလှမ်းလိုက်တာ ဖြစ်ပါ တယ်” ဟုလည်း ထပ်မံ ပြောဆိုသည်။

မေ ၂၉ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တပ်မတော်တို့ သီးခြားစီ တဖက်သတ် အပစ်ရပ်ကြောင်း ကြေ ညာထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ မူဆယ်မြို့နယ်၊ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် စစ်ကားတစီး တိုက်ခိုက်ခံရခြင်းတို့ ဖြစ်ပွားထားသည်။

တပ်မတော်နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ သီးခြားစီ တဖက်သတ် အပစ်ရပ်ထားသော်လည်း ပြည်ထောင်စု လမ်းမ ကြီးပေါ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ နှစ်ဖက်လုံးက ၎င်းတို့ဘက်မှ စတိုက်ခြင်း မဟုတ်ကြောင်း အပြန်အလှန် ငြင်းဆိုနေကြသည်။

တပ်မတော်ဘက်ကလည်း ၎င်းတို့ စစ်ကြောင်း လမ်းမကြီးအတိုင်း သွားလာနေသည်ဟု ခြုံခိုတိုက်ခိုက်ခံရသည်ဟု ပြောဆိုထားပြီး TNLA ဘက်မှ ၎င်းတို့ လမ်းကို ဖြတ်ကူးစဉ် စစ်ကြောင်းနှင့် တည့်တည့်တိုးပြီး ပစ်ခတ်မှုဖြစ်ကြောင်း ပြောဆိုသည်။

ပစ်ခတ်မှုတွင် တပ်မတော်၏ စစ်ကား မီးလောင်ခဲ့ခြင်းနှင့် ပတ်သက်၍ TNLA က မီးရှို့ဖျက်ဆီးခြင်း မဟုတ်ဘဲ ပစ် ခတ်မှုကြောင့် မီးလောင်ခြင်း ဖြစ်သည်ဟု ပြောပြီး ယာဉ်ပေါ်တွင် ပါလာသည့် တပ်မတော်၏ လက်နက်ခဲယမ်းများကို TNLA က ယူဆောင်သွားခဲ့သည်။

မေ ၃၀ ရက်က ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျနော်တို့ မေ ၁၀ ရက်က စပြီး တပ်မတော်က အပစ်ရပ်စဲရေး ကြေညာထားပါတယ်။ အဲဒါက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့ ဒေသကလွဲလို့ တနိုင်ငံလုံး ကြေညာထားတာ ဖြစ်ပါတယ်။ ထိုးစစ်ဆင် တိုက် ခိုက်တာတွေ လုံးဝ မလုပ်ဘူး။ တပ်မတော်က ကြေညာထားပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်ရေးအတွက် ဆွေးနွေးရာတွင် ပါဝင်ကြရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့မှ လမ်းဖွင့် ဖိတ်ခေါ်ထားပြီး ဖြစ်သည် ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အစိုးရကလည်း ဖိတ်ခေါ်ထားပြီ။ ဒါကိုမှ ဖိတ်ခေါ်ထားတဲ့ အပေါ် မလုပ်ဘဲ တိုက်ပွဲတွေ လုပ်နေ ရင် တဖက်တည်းက ကျနော်တို့ ရပ်လို့ မရဘူး။ တဖက်က ရပ်ပြီး တဖက်က မရပ်ရင် တိုက်ပွဲတွေက ဆက်ဖြစ်နေမှာ ပဲ။ ပါဝင်တဲ့ လူတွေ အကုန်လုံးက ငြိမ်းချမ်းရေးကို လိုလားဖို့ လိုပါတယ်” ဟုလည်း ပြောဆိုသည်။

လက်ရှိတွင် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ကြား ဆွေးနွေး ရန် ညှိနှိုင်းထားခြင်းများ မရှိသေးပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့သည် Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးရာ တွင် KIA နှင့် ပူးပေါင်းပြီး မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အဖြစ် ရပ်တည်ကာ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

Bilateral ဆွေးနွေးပွဲကို ကျင်းပရန် မတ်လအထိ ညှိနှိုင်းခဲ့သော်လည်း COVID-19 ရောဂါ ပြန့်ပွား ကူးစက်မှုများ ပြည် တွင်းတွင် ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံအတွင်း၌လည်း ရောဂါပြန့်ပွားနေသဖြင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းမှုမှာ ရပ်တန့် နေသည်။

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကြား ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရေး အတွက် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးတွင် ကြားဝင်ညှိနှိုင်းပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးဆန်အောင်က ဆွေးနွေးဘက် နှစ်ဖက်တွင် ယုံကြည်မှုများစွာ အားနည်းနေသည်ဟု ပြောသည်။

ဦးဆန်အောင်က “တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သံသယတွေ တအားကြီးစိုးနေတော့ ယုံကြည်မှု တည်ဆောက်တဲ့အခါ အားစိုက်ဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။ နှစ်ဖက်က ယုံကြည်မှု မရှိတာပါပဲ။ သူတို့ မလိုချင် တာ တခုခုရှိရင် တိုက်ပွဲပြန်ဖြစ်တဲ့ သဘောမျိုးကလည်း ရှိနေတယ်” ဟု ပြောသည်။

အစိုးရဘက်ကလည်း ညှိနှိုင်းမှု စွမ်းရည် အားနည်းပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် အဆက်အသွယ် ပြုလုပ် ခြင်း၊ ဆက်ဆံရေး ပြုလုပ်မှုများတွင် စီမံချက် ကောင်းကောင်း ရှိရန် လိုပါသည်ဟု ဦးဆန်အောင်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ယုံကြည်မှုရှိအောင် ကြိုးစားဖို့ လိုတယ်။ ယုံကြည်မှုရှိမှပဲ ဆက်သွယ်လို့ရမယ်။ ယုံကြည်မှု ရှိမှ Bilateral ရော NCA ရော အကုန်ဖြစ်နိုင်မယ်။ ယုံကြည်မှု တည်ဆောက်မှုကတော့ အရမ်း အရေးကြီးပါတယ်။ ယုံကြည်မှုက အများကြီး လျော့ရဲနေတယ်” ဟုလည်း သုံးသပ်ပြောဆိုသည်။

Bilateral ဆွေးနွေးပွဲများ ပြန်စရန်အတွက် အစိုးရဘက်မှ ဦးစွာ ပြန်ကမ်းလှမ်းရန် လိုအပ်သည်ဟု ဦးဆန်အောင်က ပြောသည်။

အစိုးရဘက်မှ COVID-19 ရောဂါကာလတွင် ခရီးသွားလာမှုများ ကန့်သတ်ထားသဖြင့် ဆွေးနွေးရန်ရှိသည့်အကြောင်း အရာများကို အွန်လိုင်းမှ တဆင့် Video conferencing ပြုလုပ်ကာ ဆွေးနွေးလျက် ရှိသည်။

သို့သော် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်ခံထားရခြင်း၊ ရှမ်းနယ်ပြည်နယ် မြောက်ပိုင်းတွင်လည်း ၎င်းတို့ နေထိုင်ရာ ဒေသများ၌ ဖုန်းလိုင်း ပြတ်တောက်မှုများ ရှိသဖြင့် လူချင်း တွေ့ဆုံဆွေးနွေး မှသာ အဆင်ပြေမည်ဟု ပြောဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်

တပ်မတော် ယာဉ်တန်းကို TNLA ကြားဖြတ်တိုက်ခိုက်

နယ်ခြားစောင့် ရဲစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင်များ ပျောက်ဆုံး

ချင်းအမျိုးသမီး သေဆုံးမှုအပေါ် တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲ

တပ်မတော် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက် မဟာမိတ် ၃ ဖွဲ့ ဝေဖန်

Your Thoughts …
Tags: ညီနောင် မဟာမိတ် ၃ ဖွဲ့တပ်မတော်တဖက်သတ် အပစ်ရပ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.1k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး  (ရုပ်/သံ)

ဒီအချိန်က ဘုရားထီးသွားတင်နေရမယ့် အချိန်မဟုတ်ဘူး (ရုပ်/သံ)

by ဧရာဝတီ
12 April 2025
3k

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ သား အောင်ပြည်စုံ၊ သမီး ခင်သိရီသက်မွန် တို့နဲ့အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ “ရွှေဘုန်းပွင့်” စေတီတော်ကို ဧပြီလ ၁၁ ရက်နေ့က မိသားစုလိုက် ရွှေထီးတော်တင်အခမ်းအနားကျင်းပခဲ့ပါတယ်။

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် တွေ့ ရသည့် စစ်ရာထူးခန့်ထားသည့် ဇယား

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

by ထက်နိုင်ဇော်
8 May 2020
169.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ မှဖြစ်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး(မန္တလေး) မဖြစ်မီ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည်။

တပ်မတော် စစ်သမိုင်းပြတိုက်ရှိ တပ်မတော် ထိပ်တန်းခေါင်းစဉ်များ ရာထူးအင်္ဂါစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်

by ထက်နိုင်ဇော်
12 July 2019
66.8k

လက်ရှိ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ယူထားသူ ဒုတိယ ဗိုလ် ချုပ်ကြီး မင်းနောင်မှာလည်း အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်ပြီး၊ ယခင် အမှတ် ၅ စစ်ဆင်ရေး...

Next Post
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တံဆိပ်  / ဧရာဝတီ

ရထား ရဲတပ်ဖွဲ့ မှ ယာယီ ရဲမှူးချုပ် မိုးသန်းအောင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်မှ ဂေါ်ဖီများကို ပရဟိတ အဖွဲ့တခုမှ ဝယ်ယူနေစဉ် / Clean & Fresh Myanmar / Facebook

ဈေးကွက်မရှိသည့် ဂေါ်ဖီများကို သမဝါယမက ဝယ်ယူပေးမည်

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate