• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် နည်းပညာ တက္ကသိုလ် ပစ်ခတ်မှု ကျူးလွန်သူ ၄ ဦး ထောင် ၃၅ နှစ်စီ ချမှတ်

by မြတ်ပြည့်ဖြိုး
8 August 2020
in သတင်း
A A
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် တပ်မတော်နည်းပညာ တက္ကသိုလ်

68k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့်နှစ် သြဂုတ်လလယ်က ဖြစ်ပွားခဲ့သော ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် မူးယစ်ဆေး ဝါး ရှာဖွေရေး X-Ray စက်ရှိရာ စစ်ဆေးရေးဂိတ် တို့အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု၌ ကျုးလွန်သူ ၄ ဦးအား ထောင် ဒဏ် ၃၅ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ပြင်ဦးလွင် ခရိုင်တရားရုံးက သတင်းရရှိသည်။

အဆိုပါ တရားရုံးမှ တာဝန်ရှိသူ တဦးက “DSTA (တပ်မတော် နည်းပညာ တက္ကသိုလ်)ကျောင်း ဖြစ်တဲ့အမှုက ထောင် ဒဏ်အနှစ်၂၀ စီနဲ့ X-Ray စက်နားမှာ ဖြစ်တဲ့ အမှုအတွက် ၁၅ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် မနေ့က ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၁) ရေငယ်ကျေးရွာရှိ ကုန်း မြင့်တနေရာကနေ ရှော့တိုက်ဒုံးအား ဝါယာရှော့တိုက်၍ တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းသို့ ပစ်ခတ် တိုက် ခိုက်ခဲ့သဖြင့် အရပ်သား ဝန်ထမ်းတဦး သေဆုံးကာ တပ်မတော်သား တဦးနှင့် တပ် မိသားစုဝင်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ကျောင်းဝင်း အတွင်းရှိ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုတွင် ပါဝင်သော တရားခံ ထွန်းရင်(ခ) အိုက်အင်၊ ကျော်စိုးမောင် (ခ)အာနိုး (ခ) အနူး၊ မိုးဆန်း (ခ) အိုက်ဆန်းနှင့် ထွန်းဖေတို့ ၄ ဦးအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)/၅၄ အရလည်းကောင်း၊ ရာဇ သတ်ကြီး ပုဒ်မ ၂၁၀/၁၉ အရ လည်းကောင်း ထောင်ဒဏ် နှစ်၂၀ စီ ပြစ်ဒဏ် ချမှတ်လိုက်သည်။

ထို့အတူ ပြင်ဦးလွင် မြို့ရှောင်လမ်းဆုံ X-Ray ဂိတ်အနီးတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါ ဂိတ်ရှိ အဆောက်အအုံအချို့ပျက်စီးခဲ့ပြီး အများပြည်သူ လုံခြုံရေးနှင့် နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ကိရိယာများ ဆုံးရှုံးစေသဖြင့် ၎င်းတို့ ၄ ဦးအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ) အရ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ် ဒဏ်ချမှတ်ခဲ့ရာ အမှု ၂ ခု ပေါင်းအတွက် စုစုပေါင်း ပြစ်ဒဏ် ၃၅ နှစ် စီကျခံရမည် ဖြစ်သည်။

အဆိုပါ တရားခံများသည် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သော ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရက္ခိုင်စစ်တပ် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) မှ တပ်ဖွဲ့ဝင်များ ဖြစ်ကာ ပစ်ခတ်တိုက်ခတ်မှု ဖြစ်စဉ်အပြီး၂ လအတွင်း ကွင်းဆက် ဆက်စပ်မှုများမှ တဆင့် ၎င်းတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ TNLA အဖွဲ့ ပြောခွင့်ရသူ မိုင်းအိုက်ကျော်က မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ တိုက်ခိုက် ကြောင်းကို၂၀၁၉ ခုနှစ် သြဂုတ်လတွင် ဧရာဝတီသို့ အတည်ပြု ပြောဆိုထားသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ပိတ်ချင်းမြောင် နယ်မြေရဲစခန်းမှ စခန်းမှူးက TNLA ၊ AA ၊ MNDAA အဖွဲ့များအပေါ် ဥပဒေအရ အရေးယူပေးရန် တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုအား ပြင်ဦးလွင်ခရိုင် တရားရုံး၌ ရုံးချိန်းပေါင်း ၄၁ ကြိမ် စစ်ဆေးခဲ့ပြီးနောက် အမှုတွဲ ပါဝင်သူ ၈ ဦးအနက် ကြည်တင့်နှင့် ထွန်းနိုင် ဆိုသူတို့အား ရာဇသတ်ကြီး ကျင့်ထုံးအမှတ် ၂၅၈ (၁)အရ အပြီးအပြတ် လွှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆက်စပ်ဖတ်ရှုရန်

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
0
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
1
စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

13 January 2026
30

တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှု တပ်မတော် သတင်း ကြိုမရ

Your Thoughts …
Tags: DSTAပြင်ဦးလွင်မြောက်ပိုင်းမဟာမိတ်ရှော့တိုက်ဒုံး
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

by ဧရာဝတီ
27 January 2025
18.1k

နောက်ပိုင်းတွင် စစ်တက္ကသိုလ်ကို သူ၏ အင်္ဂလိပ်အမည် အတိုကောက်ဖြင့် ဒေါ်စိန်အေးဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

by ဧရာဝတီ
8 June 2024
11.4k

အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

by ဧရာဝတီ
22 January 2024
9.5k

တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ စစ်ကောင်စီတပ်အား ကြးဖြတ် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ မတ္တရာမြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများအနေဖြင့် ဗျုဟာအလိုက် စစ်ကြောင်းထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

by ဧရာဝတီ
9 August 2024
8.1k

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် MNDAA ၊ TNLA နှင့်မဟာမိတ်တပ်ပေါင်းစုသည် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တည်ရှိရာ လားရှိုးမြို့နှင့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်မြို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့်အတွက် ပြင်ဦးလွင်မြို့နှင့်မန္တလေးမြို့တို့၏ အဓိက ခံစစ်စည်းပျက်သွားပြီဖြစ်ကြောင်း

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

by နေ့သစ်
5 September 2024
7.9k

မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊ စစ်ကောင်စီအုပ်ချုပ်ရေးကို စိန်ခေါ်ဖို့ အဓိကကျတယ်။

Next Post
အဆိုတော် မေမဒီ  / ဝေဝေနှင်း / ဧရာဝတီ

တကိုယ်တော်ခွေအတွက် အကြွေးတွေ အများကြီး ရှိနေတဲ့ မေမဒီ

Myanmar Idol အဆိုရှင် မူးလာ / ဝေဝေနှင်း / ဧရာဝတီ

အကျိုးပြုသီချင်းတွေ ဆိုရတာ ကြိုက်တဲ့ မူးလာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

7 hours ago
2.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved