• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တရုတ်ကူညီပေးရန် မဟာမိတ် ၃ ဖွဲ့ တောင်းဆို

by နန်းလွင်နှင်းပွင့်
2 September 2020
in သတင်း
A A
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

22k
VIEWS
Share on FacebookShare on Twitter

တရုတ် ထိပ်တန်းအရာရှိ မြန်မာနိုင်ငံသို့ ရောက်နေချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်း ရှေ့ဆက်နိုင်ရေး တရုတ်က ဆက် ကူညီပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်တစောင် ထုတ်ကာ တောင်းဆိုလိုက်သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုနှင့် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး၏ ညွှန်ကြားရေးမှူး မစ္စတာ ယန်ကျီချီသည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁ ရက်က ရောက်ရှိပြီး နိုင်ငံ့ခေါင်းဆောင်များဖြင့် တွေ့ဆုံနေချိန်တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က ရက်ပေါင်း ၇၀ အပစ်ရပ်ပေးကြောင်း ကြေညာချက် ထုတ်ပြီး ထိုထဲတွင် တရုတ်က ငြိမ်းချမ်းရေး ရှေ့ ဆက်ရန် ကူညီပေးရန်လည်း ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖွဲ့ထားသည့်အဖွဲ့ ဖြစ်သည်။

TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရင်က ကျနော်တို့ တွေ့ ဆုံမှုတွေမှာ အကုန်လုံး တရုတ်ဘက်က ညှိနှိုင်း စေ့စပ်ပေးလို့ FPNCC ကနေ တဆင့် ကျနော်တို့ ညှိနှိုင်း တွေ့ဆုံမှုတွေ ဖြစ် ကြတာပေါ့။ ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာတော့ တွေ့ဆုံမှုက ရပ်တန့်နေတယ်။ တွေ့ဆုံနိုင်ဖို့ နည်းလမ်းတွေ ညိနှိုင်းမှုတွေက ပြောမယ်ဆို တရုတ်ကကြားဝင် ညှိနှိုင်းပေးလို့ တွေ့ဆုံ ဖြစ်တာပေ့ါ။ အခုလည်း တရုတ်က ထပ်မံပြီးမှ ညှိနှိုင်းစေ့စပ်ပေးဖို့ ကျနော်တို့က ထည့်တွေးပြီးမှ အဆိုပြုထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့က ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင် နေရသည့် ကာလတွင် ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများအပေါ် အထောက်အကူပြုရန် ရည်ရွယ်၍ စက်တင်ဘာ ၁ရက်မှ နိုဝင်ဘာ ၉ ရက်အထိ အပစ်ရပ်ဆိုင်းပေးပါသည် ဟုလည်း ကြေညာထားသည်။

ထို့ပြင် ထုတ်ပြန်ချက်ထဲတွင် အစိုးရနှင့် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသည့် လုပ်ငန်းများ ရှေ့ဆက်နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ကူညီပေးရန် လိုလားပါကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယခင်က ကူညီခဲ့သည့် အတိုင်း ထပ်မံ ကူညီပေးရန် အလေးအနက် မေတ္တာရပ်ခံပါသည် ဟုလည်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် တွေ့ဆုံရန်၂၀၂၀ နှစ်စပိုင်းက ချိန်းဆိုကြ သော် လည်း တွေ့မည့်နေရာ ညှိနှိုင်းနေရင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် အချိန် တွင် တွေ့ဆုံရန် နေရာညှိနှိုင်းခြင်းကို ရပ်ဆိုင်းလိုက်ပြီး ရောဂါကင်းစင်သည့် ကာလရောက်မှသာ ပြန်လည် တွေ့ဆုံကြရန် ပြောဆိုထားကြခြင်း ဖြစ်သည်ဟု သိရသည်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ဘက်မှ ငြိမ်းချမ်းရေး ရှေ့ဆက်ရန် တရုတ် အကူအညီကို တောင်းသည့် ထုတ်ပြန်ချက်နှင့် ပတ် သက်၍ တပ်မတော်၏ သဘောထား မေးမြန်းရာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများကြား နယ်နိမိတ် ထိစပ်နေသည့် နှစ်နိုင်ငံ၏ နယ်နိမိတ်တကြောတွင် တည်ရှိသည့် တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရ မည် ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
498
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
81

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အပစ်ရပ်တယ် ဆိုတာနဲ့ မလုံလောက်ပါဘူး။ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်အပေါ်မှာ လျှောက်လှမ်းဖို့ လိုတယ်။ NCA နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ NRPC မှာလည်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ ဒါတွေ အပေါ်မှာတော့ ထာဝရ ငြိမ်းချမ်းရေးရဖို့ ငြိမ်းချမ်း ရေး လမ်းကြောင်းပေါ်မှာ တိတိကျကျ လျှောက်လှမ်းဖို့ လိုတယ်” ဟုလည်း ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများက အစိုးရ၊ တပ်မတော်တို့သည် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တရုတ်၏ ကြားဝင် ညှိနှိုင်းပေးမှု၊ ပါဝင်မှုများကို လျော့ချရန် ကြိုးစားနေသည်ဟု သုံးသပ်မှုများလည်း ရှိသည်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့(ISP-Myanmar)၊ China Desk တာဝန်ခံ ဒေါ်ခင်ခင်ကျော်ကြီးက စက်တင်ဘာ ၁ ရက်က ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်သည် တရုတ်၏ လွှမ်းမိုးမှု ပါဝင်သည်ဟု ယူဆရကြောင်း ပြောသည်။

ဒေါ်ခင်ခင်ကျော်ကြီးက “ပထမဆုံး အချက်က ထုတ်ပြန်ချက်က တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် လာရောက်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာတွေ့ရတယ်။ ဒါမျိုးက တရုတ်-မြန်မာရဲ့အရေးကြီးအချိန်မှာ ထုတ်ပြန်ချက်ထုတ်တာက Pattern တခုလို ဖြစ်နေတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅တုန်းက တရုတ်နိုင်ငံကို သွားတုန်းကလည်း အဲဒီနေ့မှာပဲ ကိုးကန့်က တဖက်သတ် အပစ်ရပ်စဲရေး ကြေညာတယ်” ဟု ပြောသည်။

၂၀၂၀ အတွင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ ကြားဝင်ပါဝင်မှုကို လျော့ကျလာသည်ကို တွေ့ရပြီး ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်မှ၂၁ ရက်ထိ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တရုတ်၏ အာရှရေးရာ အထူးကိုယ်စားလှယ်ကို မဖိတ်သည့် နောက်ဆက်တွဲအဖြစ် မြောက်ပိုင်း အခြေစိုက် အဖွဲ့များလည်း ညီလာခံသို့ မတက်ရောက်သည်ကို တွေ့ရသည်ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

ယခင်က လုံခြုံရေးနှင့် သွားလာရေး အကူအညီများ ပေးခဲ့ပြီး ပင်လုံ ညီလာခံသို့ မြောက်ပိုင်းအဖွဲ့များကို အရောက် ခေါ် လာခဲ့သည့် တရုတ်က ယခုအကြိမ်တွင် တိုက်တွန်းမှုလည်း အားနည်းသည့်အပြင် မြောက်ပိုင်းအဖွဲ့များလည်း ညီလာခံသို့ မတက်လာသည့် ဖြစ်ရပ်မှာ တရုတ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ၎င်းနှင့် ပတ်သက်မှု ရှိနေဆဲဟူသည်ကို ပြသလိုခြင်း ဖြစ်ကြောင်း သုံးသပ်သည်ဟုလည်း ဒေါ်ခင်ခင်ကျော်ကြီးက ဆိုသည်။

ဆက်လက်ပြီး ဒေါ်ခင်ခင်ကျော်ကြီးက “အခု ကြေညာချက်မှာလည်း အဲဒီလိုပဲ တရုတ်သံတမန်လာတဲ့ အချိန်မှာ ထုတ်ပြန် တယ် ဆိုတာက မြောက်ပိုင်း အဖွဲ့တွေ ဒါမှမဟုတ် ညီနောင်မဟာမိတ်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ တရုတ်နိုင်ငံက အရေးပါ တဲ့ အခန်းကဏ္ဍမှာ ပါနေတုန်းပဲ။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို လျှော့လို့ မဖြစ်ဘူးဆိုတဲ့ သတင်းစကားမျိုး ပေးချင်တယ် လို့ ကျမကတော့ သုံးသပ်မိတယ်” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို တရုတ်- မြန်မာ နယ်စပ် အခြေစိုက် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ မတက်ရောက်ခြင်းမှာ တရုတ်နိုင်ငံ၏ ကြားဝင် ကူညီမှု၊ တိုက်တွန်းမှု မရှိခြင်း တို့ကြောင့် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများကြား ဝေဖန်ထောက်ပြမှုများ ရှိ သည်။

သို့သော် AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အစိုးရနှင့် တပ်မတော်တို့၏ ညီလာခံသို့ ဖိတ်ကြား ချက်မှာ နိုင်ငံရေးအရ မဟာမိတ်အဖြစ် စုဖွဲ့ထားသည့် FPNCC ထဲတွင် AA ကို ချန်လှပ်ပြီး ဖိတ်သဖြင့် သွေးခွဲသက်လျှို သည့် နည်းဖြင့် ၎င်းတို့ မဟာမိတ်များကို ဖြိုခွဲရန် ကြိုးစားခြင်း ဖြစ်သည်ဟု ၎င်းတို့ဘက်မှ ယူဆကြောင်း ပြောသည်။

TNLA ကလည်း AA မပါဝင်သဖြင့် ၎င်းတို့ မဟာမိတ်အားလုံးက ညီလာခံ မတက်ရန် ဆုံးဖြတ်လိုက်ခြင်းသာ ဖြစ်သည်ဟု ပြောဆိုထားသည်။

တရုတ်-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းမကြီး တလျှောက်တွင် အခြေစိုက် လှုပ်ရှားသည့် FPNCC အဖွဲ့ဝင်များသည် နယ်စပ်တွင် တရုတ်ကို မှီခိုပြီး နေထိုင်နေရသဖြင့် တရုတ်က အဆိုပါ အဖွဲ့အစည်းများအပေါ် သြဇာ လွှမ်းမိုးပြီး ချုပ်ကိုင်မှုရှိကြောင်း၊ တရုတ်၏ ကျောထောက်နောက်ခံဖြင့် လက်နက်ခဲယမ်း အင်အားကိုလည်း ရရှိထား ကြောင်း ဝေဖန်ချက်များလည်း ရှိသည်။

သို့သော် တရုတ်-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းမကြီးတလျှောက်တွင် အခြေစိုက် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ၎င်းတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်က ဆွေးနွေးပွဲ ဖြစ်အောင် ကြားဝင် စေ့စပ်ပေးခြင်းသာ ရှိပြီး မည်သို့မည်ပုံ ဆွေးနွေးပြောဆိုရမည်ကို ထိန်းချုပ်ခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ နိုင်ငံ ရေး၊ စစ်ရေး လှုပ်ရှားမှုများအပေါ် ဝင်ရောက် စွက်ဖက်ပါကလည်း နာခံစရာ မရှိကြောင်း ငြင်းဆိုထားကြသည်။

You may also like these stories:

TNLA စစ်သားစုသည့်သတင်းကြောင့် အရပ်သား ၂၀၀ ကျော် ထွက်ပြေး

ရခိုင်ကို ချန်လှပ်၍ တပ်မတော် အပစ်ရပ်သက်တမ်းထပ်တိုး

Your Thoughts …
Tags: ငြိမ်းချမ်းရေးတရုတ်မဟာမိတ် ၃ ဖွဲ့အပစ်ရပ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
မော်လမြိုင်ကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ရခိုင်မြောက်ပိုင်းမှ မွတ်စလင်များ / Augn Mya Than / Facebook

ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ ဝင်လာသည့် မွတ်စလင်များကို နေရပ်ပြန်ပို့

မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ

မင်းသား ဟယ်ရီတို့ဇနီးမောင်နှံ Netflix နဲ့ အစီအစဉ်များ ထုတ်လုပ်ရန် စာချုပ်ချုပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved