• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းကိုသာ ဆေးရုံတင် ကုသမည်

by သဇင်လှိုင်
8 October 2020
in သတင်း
A A
ကိုဗစ်လူနာများ ကုသမှုပေးနေသည့် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်(ယာယီ)ဆေးရုံ  / ထက်ဝေ / ဧရာဝတီ

ကိုဗစ်လူနာများ ကုသမှုပေးနေသည့် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်(ယာယီ)ဆေးရုံ / ထက်ဝေ / ဧရာဝတီ

47.5k
VIEWS
Share on FacebookShare on Twitter

ကိုဗစ် ကူးစက်ခံရသည့် လူနာများပြားလာသဖြင့် ရောဂါပြင်းထန် လက္ခဏာရှိသည့်၂၀ ရာခိုင်နှုန်းကိုသာ ဆေးရုံတင် ကုသ တော့မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သိရသည်။

COVID-19 ရောဂါ၏ သဘောသဘာဝအရ ကူးစက်ခံရသည့် ၈၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာကို သာမန်နှင့် အသင့် အတင့်သာ ခံစားရသဖြင့် ကုသမှု မလိုအပ်သောကြောင့် ကျန်၂၀ ရာခိုင်နှုန်းကို ပိုမို စနစ်တကျ စောင့်ရှောက်နိုင်ရုံသာမက ကျန်းမာရေး ဝန်ထမ်းများ၏ ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

၎င်းက “လိုအပ်တဲ့နေရာမှာ ကျန်းမာရေး ဝန်ထမ်းတွေကို သုံးမယ်။ မလိုအပ်တဲ့နေရာမှာ အသင့်အတင့်ပဲ ထားခြင်းအားဖြင့် ကျန်း မာရေး ဝန်ထမ်းတွေကိုလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘူး ဒီလို ရည်ရွယ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ အစီအစဉ်အရ ပိုးတွေ့သူတိုင်း ဆေးရုံသို့ ပို့ဆောင်တော့မည် မဟုတ်ဘဲ ရောဂါပြင်းထန် လက္ခဏာရှိသူများ၊ အသက်ကြီးသူများ၊ နောက်ခံ ရောဂါရှိသူများကိုသာ ဖောင်ကြီး၊ ဝေဘာဂီ၊ တောင်ဥက္ကလာပ၊ ရန်ကုန်ဆေးရုံကြီး၊ မြောက် ဥက္ကလာ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး စသည့် ဆေးရုံကြီး ၇ ခုတွင် ကုသမည် ဖြစ် ကြောင်း သိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
125
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
56

ထို့ပြင် အနံ့ပျောက်ရုံ ဖြစ်သည့် လူနာများကို သီးခြားနေရာ သတ်မှတ်ထားရှိပြီး၊ ရောဂါလက္ခဏာ မပြသည့် လူနာများ၊ ရောဂါလက္ခဏာ အသင့်အတင့်ရှိသည့် ကိုဗစ်လူနာများကို လက်ရှိကုသမှု ပေးနေသည့် ရိုးမရိပ်သာ အိမ်ရာနှင့် သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်း အစရှိသည့် နေရာများသို့ ပြောင်းရွှေ့ကာ ကုသမှုပေးနေကြောင်း သိရသည်။

ဒေါက်တာ ခင်ခင်ကြီးက “ပိုးတွေ့တယ်၊ သို့သော် နှာခါင်းအနံ့ ပိတ်တာပဲ ရှိတဲ့သူတွေ၊ အနံ့မရတဲ့သူတွေကို ပဲ တနေရာမှာ သီးခြား ထားလိုက်တော့မှာ။ ဆေးရုံမှာ မထားဘူး။ သူတို့က အထွေအထူး ကုသဖို့ မလိုဘူး။ သူတို့ကို သီး ခြားထားဖို့ပဲ လိုတယ်။ သူတို့ဆီကနေ တခြားလူကို ရောဂါ မကူးအောင်။ သူတို့ကို စောင့်ကြပ် ကြည့်ရှုနေတုန်းမှာ ရောဂါ လက္ခဏာပေါ်ရင် ကုသပေးဖို့ ရည်ရွယ်တယ်” ဟု ပြောသည်။

“ရောဂါလက္ခဏာ အသင့်အတင့်ပဲ ရှိတဲ့သူတွေကိုကျတော့ ကုသမှု ပေးနေတဲ့ ဆေးရုံတွေမှာပဲ ဆက်ပြီးကုသမှု ခံယူစေ မယ်။ ဒီနည်းအားဖြင့် တနေရာထဲမှာ စုပြုံပြီးတော့ မဖြစ်နေတော့ဘူး။ လိုအပ်ရင်တော့ ကိုဗစ်ကုသရေးဌာနကို ရွှေ့မယ် ပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုဗစ်ရောဂါ ကူးစက်ခံလူနာ များပြားလာခြင်းကြောင့် ဆေးရုံများ၊ ကုသရေးဌာနများ လုံလောက်မှု ရှိစေရန်အတွက် ယင်း သို့ ကိုဗစ်လူနာများကို အမျိုးအစား ၃ မျိုး ခွဲခြား ကုသခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရ သည်။

မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ၂၁,၄၃၃ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၅၁၀ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၆,၀၈၄ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ကိုဗစ်ရောဂါပြင်းထန်လူနာများကို ကုသရန် သွေးရည်ကြည် ရှာရခက်နေ

ကိုဗစ်ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများကို သီးခြားကုသမည်

Your Thoughts …
Tags: ကိုဗစ်လူနာဆေးရုံရောဂါပြင်းထန်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

by ဧရာဝတီ
21 December 2023
5.2k

"သူတို့က ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို တိုက်တယ်" ဟု ပြောပြီး ထိုလေယာဉ်မှူးများသည် မျိုးသူနှင့် နိုင်လင်းအောင်ဖြစ်ကြောင်း ဖော်ပြသည်။

ကလေးတွင် ဆေးခန်းနှင့် စစ်ရှောင်စခန်း လေကြောင်း တိုက်၍ ၈ ဦးသေ

ကလေးတွင် ဆေးခန်းနှင့် စစ်ရှောင်စခန်း လေကြောင်း တိုက်၍ ၈ ဦးသေ

by မေရီခိုင်
1 February 2025
1.5k

ကုက္ကိုရွာရှိ စစ်ဘေးရှောင်စခန်း၌ ဒုက္ခသည် လေးရာခန့်နေထိုင်ပြီး ၂၀၂၁ခုနှစ် တိုက်ပွဲများကြောင့် ကလေးမြို့နယ်၊ ကျောက်ဆည်ရွာနှင့် အင်းကျွန်းကျေးရွာများမှ တိမ်းရှောင်လာကြသူများဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ဘေးရှောင်များအား တော်လှန်ရေးတပ်ဖွဲ့များက ဘေးကင်းနိုင်မည့် နေရာသို့ ပြောင်းရွှေ့ပေးနေကြောင်း

ကျောက်တော်ဆေးရုံဗုံးကြဲခံရ၊ သေဆုံး ဒဏ်ရာရသူများရှိ

by ဧရာဝတီ
15 May 2024
855

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ လာရောက် ဗုံးကြဲနေမှုကြောင့် ယနေ့တွင် ကျောက်တော်ဈေးကြီးနှင့် ဈေးဆိုင်ခန်းများပိတ်ကာ မြို့ပေါ်ရပ်ကွက်များ၌ လမ်းသွား လမ်းလာများ မရှိသလောက် နည်းပါးလျက်ရှိကြောင်း

သဘာဝတရားရိပ်သာနဲ့ ဆေးရုံ လေကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

သဘာဝတရားရိပ်သာနဲ့ ဆေးရုံ လေကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

by ဧရာဝတီ
8 March 2024
402

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်ညီနောင်ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှာ တည်ထားတဲ့ သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းနဲ့ ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအတွင်းမှာ ရှိနေကြတဲ့ သက်ကြီးရွယ်အိုတွေထဲက ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိထားတယ်လို့ ကူညီစောင့်ရှောက်ပေးနေသူတွေကပြောပါတယ်။

မြင်းခြံမြို့ပေါ်က စစ်ကောင်စီယန္တရားတွေ ရပ်ဆိုင်း (ရုပ်/သံ)

မြင်းခြံမြို့ပေါ်က စစ်ကောင်စီယန္တရားတွေ ရပ်ဆိုင်း (ရုပ်/သံ)

by ဇော်မြတ်ခန့်
15 August 2024
345

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ပေါ်မှာရှိတဲ့ အစိုးရ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွေအားလုံးနီးပါး ဩဂုတ်လ ၁၄ ရက်နေ့မှာ ရပ်တန့်သွားပြီလို့ မြို့ခံတွေ က ဧရာဝတီကို ပြောပါတယ်။

Next Post
Google Earth မှမြင်တွေ့ရသည့် ရွှေကုက္ကိုလ် စီမံကိန်း မှတ်တမ်း ဓာတ်ပုံ

ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ

မြန်မာ ကျပ်ငွေများ  / ဧရာဝတီ

နိုင်ငံ့ စီးပွားရေး မူဝါဒ ခရီးရောက်ခဲ့ရဲ့လား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved