• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကြောင့် ဧရာဝတီတိုင်းအတွင်းမှ အထည်ချုပ်စက်ရုံများ ၁၄ ရက် ထပ်မံပိတ်သိမ်းရ

by ဆလိုင်းသန့်စင်
15 October 2020
in သတင်း
A A
ပုသိမ်စက်မှုဇုန်နယ်မြေရှိ စက်ရုံ ၁ ရုံ / ဧရာဝတီ

ပုသိမ်စက်မှုဇုန်နယ်မြေရှိ စက်ရုံ ၁ ရုံ / ဧရာဝတီ

12.1k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၌ ကူးစက်မြန် COVID – 19 ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်တက်နေသည့် အတွက် တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများအားလုံးကို အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ ယာယီ ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက “ပထမ တကြိမ်က အောက်တိုဘာ ၇ ရက်အထိ ယာယီပိတ်ခဲ့တယ်။ အခု ဒုတိယအကြိမ်မှာ အောက်တိုဘာ၂၁ ရက်အထိ ပိတ်သိမ်းကာလကို တိုးမြှင့်ခဲ့တာပါ။ အဓိကတော့ ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့အတွက် ဆောင်ရွက် တာပါ။ ဧရာဝတီတိုင်းမှာလည်း ကိုဗစ်ကူးစက် မှုက ဆက်ရှိနေတော့ ဒေသတွင်း အခြေအနေအရ ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်နေတဲ့အတွက် ဖြစ်ပါတယ်” ဟု ဧရာ ဝတီကို ပြောသည်။

ပုသိမ်စက်မှှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် ကိုဗစ်အတည်ပြုလူနာများ တွေ့ရှိပြီးနောက် တိုင်းအစိုးရက ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံအားလုံးကို စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်အထိ ယာယီပိတ်သိမ်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၂၅ တွင် ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့ကို Stay at Home အမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၇ ရက်နေ့တွင် ယာယီပိတ်သိမ်းကာလ ပြည့်ခဲ့သော်လည်း COVID – 19 ရောဂါ ဖြစ်ပွားမှုနှုန်း ဆက်လက် မြင့်တက်နေသဖြင့် စက်ရုံများအားလုံး ယာယီဆက်လက်ပိတ်သိမ်းထားရန် ဧရာဝတီတိုင်းအစိုးရက နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရားဝင်ညွှန်ကြားစာ ထုတ်ပြန်ကာ အောက်တိုဘာလ ၂၁ ရက်နေ့အထိ စက်ရုံအားလုံးပိတ်သိမ်းထားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
553
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
48
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
99

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ပြည်သူသို့ အသိပေး တင်ပြချက် ထုတ်ပြန်ခဲ့ရာတွင် လက်ရှိအခြေအနေ၌ COVID – 19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်သော်လည်း မည်သည့် ရောဂါ လက္ခဏာမှ မပြဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွား ပျံ့နှံ့မှုနှုန်း မြင့်မားနိုင် သည့်အတွက် ကုန်ကြမ်းပေး၊ ကုန်ချောယူ – CMP အထည်ချုပ်စက်ရုံများကို ယာယီ ပိတ်သိမ်းရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ မအူပင်နှင့် ဒေးဒရဲစက်မှုဇုန်တို့တွင် အထည်ချုပ်စက်ရုံ ၁၂ ရုံရှိပြီး အလုပ် သမားပေါင်း ၁၅၀၀၀ ခန့် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံအားလုံးမှာ စက်တင် ဘာလ ၂၄ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၂၁ ရက်အထိ ပိတ်ထားရသည့် အတွက် စက်ရုံအလုပ်သမား များမှာ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်တွေ့မှုများ ရှိနေကြောင်း သိရသည်။

ပုသိမ်စက်မှုဇုန်ရှိ Amava Apparel စက်ရုံ မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က “လက်ရှိက ပိတ်တာလည်း ရက်ရှည်ဖြစ် နေတော့ အလုပ်သမားတွေအတွက်က ဝင်ငွေမရှိတော့ စားဝတ်နေရေးတွေ အခက်အခဲ ရှိကြတယ်။ စက်ရုံဘက် ကျတော့လည်း ရက်ရှည်ပိတ်လိုက်တဲ့အတွက် အော်ဒါတွေ ရပ်သွားတာမျိုးတွေလည်း ကြုံရပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ပုသိမ်စက်မှုဇုန်ရှိ စက်ရုံများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း လိုက်နာမှုရှိ၊ မရှိ စစ်ဆေးမှုများ ဆောင်ရွက်နေသည်။ လိုက်နာမှု A အဆင့် ရှိသည့် စက်ရုံများကို ပိတ်သိမ်းကာလ ပြည့်သွားချိန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားရန် ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ထုတ်ပြန်သော စာရင်းအရ ဧရာဝတီတိုင်းတွင် ကိုဗစ်လူနာ ၅၄၉ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် လူနာပေါင်း ၄၀၃ ဦးမှာ ရောဂါ ပျောက်ကင်း သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လက်ရှိတွင် တိုင်းအတွင်းရှိ ဆေးရုံများတွင် ကိုဗစ်အတည်ပြု လူနာ ၁၄၆ ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

You may also like these stories:

ကျန်တဲ့ အာမခံ စနစ်တွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိတယ်

ဧရာဝတီတိုင်းအစိုးရ ညွန်ကြားချက်မထုတ်၍ ပုသိမ်အထည်ချုပ်လုပ်ငန်းများ အခက်တွေ့

ပုသိမ်မြို့အထည်ချုပ်စက်ရုံ၂ ရုံတွင် ကိုဗစ်ပိုးကူးစက်ခံရသည့် အလုပ်သမားများတွေ့ရှိ

Your Thoughts …
Tags: ကိုဗစ်ရောဂါစက်မှုဇုန်အစိုးရအထည်ချုပ်အလုပ်သမား
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

by ဧရာဝတီ
4 December 2023
2.5k

စစ်ကောင်စီက ခွဲတမ်းနှင့် စက်သုံးဆီ ရောင်းချပေးရာမှ ရပ်ဆိုင်းလိုက်သဖြင့် ဆီရရှိမှုခက်ခဲကာ ကုန်ထုတ် လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

by ဧရာဝတီ
13 August 2024
2k

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံသည် ဒေသတွင်း မတည်ငြိမ်မှုများ ပြင်းထန်လာသောကြောင့် စက်ရုံလည်ပတ်နေမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

by ဧရာဝတီ
30 September 2023
2k

ယခင် တရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သော်လည်း ယခုအခါ ပြတ်တောက်ချိန် ၈ နာရီခန့်ထိ ကြာမြင့်လာသလို စက်မှုဇုန်များ၌လည်း တရက်လျှင် ၆ နာရီ ပေးရာမှ လက်ရှိ ၄ နာရီသာ ရရှိတော့ကြောင်း၊...

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

by ဧရာဝတီ
1 May 2025
1.5k

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းရှင်တွေက စက်ရုံတရုံပြီး တရုံ ဖွင့်နေတယ်။ ဒါဆိုရင် သူတို့တွေက စီးပွားကျတယ်ပြောပြီး ဘာလို့ဖွင့်လဲလို့ မေးခွန်းရှိတယ်။ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာက အလုပ်ထုတ်ပစ်လိုက်တာ၊ လူ ၅၀ ထုတ်လိုက်လို့ သူတို့စက်ရုံတွေက ရပ်တန့်မသွားဘူး။

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

by ဧရာဝတီ
19 December 2024
1.5k

လျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၄၀၀မှ ၅၀၀ ကျပ် ခန့်မှန်း ကုန်ကျနိုင်သောကြောင့် လုပ်ငန်းများအတွက်သင့်တင့်မျှတသော နှုန်းထားသစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားကို ကောက်ခံခဲ့ရာ လုပ်ငန်းရှင်များဘက်က ပေးနိုင်ကြောင်း၊ မီးမပြတ်ရန်အာမခံချက်သာ လိုကြောင်း ပြောကြားခဲ့သော်လည်း...

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

by ဧရာဝတီ
19 December 2023
1.2k

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွက် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှတဆင့် စက်သုံးဆီ ဝယ်ယူရာတွင် ဆီဖိုး ငွေမချေနိုင်သဖြင့် ဆီမရဖြစ်ကာ အထည်ချုပ်လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နားလာရ

Next Post
နာဂဒေသ လေရှီးမြို့ကို တွေ့ရစဉ်  / လဲ့လဲ့ / ဧရာဝတီ

နာဂဒေသတွင် မဲရုံစောင့်မည့် ဆရာ/ဆရာမများကို သီးခြားထားရှိမည်

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းဖြင့် အပင်စိုက်ရန် လုပ်ငန်းဆောင်ရွက်ကြစဉ် /  မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း / facebook

ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်း ကန့်ကွက်မှုများရှိနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved