• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေကြေးခဝါချမှုများ ထပ်မဖြစ်ရန် ဘဏ်များကို ပို၍ တင်းကြပ်သွားမည်ဟု ဗဟိုဘဏ်ပြော

by အောင်သီဟ
23 October 2020
in သတင်း
A A
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်  / ဧရာဝတီ

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ် / ဧရာဝတီ

10.8k
VIEWS
Share on FacebookShare on Twitter

နှင်းဆီပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြည်တွင်း ပုဂ္ဂလိကဘဏ်တချို့တွင် တရားမဝင်ငွေကြေး အများအပြား အပ်နှံ ထားခြင်း ပေါ်ပေါက်ခဲ့ပြီးနောက် ငွေကြေးခဝါချမှု ကိစ္စရပ်များကို ပို၍ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးမင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီလို ကိစ္စတွေကို လိုက်နာရမယ့် ညွှန်ကြားချက်တွေ အားလုံးက အရင်ကတည်းကလည်း ထုတ်ထားပြီးသား ဖြစ် တဲ့အတွက် ထပ်ပြီး ထုတ်စရာတော့ မရှိဘူးပေါ့။ သို့သော်လည်း ဒီလိုမျိုး ဖြစ်သွားခဲ့တယ် ဆိုတော့ ဗဟိုဘဏ်က ထပ်ပြီး တော့ ဂရုစိုက် စစ်ဆေးတာတွေ၊ အသေးစိတ် စစ်ဆေးတာတွေ နောက်ပိုင်းမှာ ပိုလုပ်သွားမယ်” ဟု ဆိုသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ နှင့်အထက် အပ်နှံမှုနှင့် ငွေစာရင်း အများအပြား ဖွင့်လှစ် ထားခြင်း၊ ပမာဏ တခုတည်းဖြင့် အကြိမ်အရေအတွက် အများအပြား၊ စာရင်းအပြောင်းအလဲ လုပ်ဆောင်ခြင်း အစရှိသည့် သံသယဖြစ်ဖွယ် ကိစ္စရပ်များကို မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ (MFIU) ထံသို့ မဖြစ်မနေ သတင်းပို့ကြရသည်။

ဦးစိုးမင်းက “ဥပဒေအတိုင်း မလုပ်တဲ့ကိစ္စတွေကတော့ မဖြစ်သင့်တဲ့ ကိစ္စတွေပါပဲ။ ဥပဒေနဲ့ မညီဘူး စည်းကမ်းအတိုင်း မလုပ်ဘူး ဆိုတာတွေ၊ အဲဒါတွေ များလာနေရင်တော့ စိုးရမ်စရာ အခြေအနေပေါ့။ နောက်ထပ် ဒီလိုကိစ္စတွေအတွက် အခု ဘဏ်တွေဆီက သတင်းပို့မှုတွေအရ ထူးထူးခြားခြား စိုးရိမ်စရာတွေ မရှိပါဘူး” ဟု ပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ၏ ငွေကြေးပိုင်ဆိုင်မှုများမှာ တရုတ်နိုင်ငံဘက်မှ တရားမဝင် ငွေလွှဲများမှတဆင့် လွှဲပြောင်းခဲ့သည့် ငွေများဖြစ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ ၁၅ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ် ၅ ခုခန့် တွင် ဦးကျော်မြင့် အမည်ဖြင့် ငွေစာရင်း ၇ ခု၊ ၎င်း၏ လုပ်ငန်းများနှင့် ပတ်သက်သည့် ငွေစာရင်း၂၅ ခု နှင့် ၎င်း၏ ကုမ္ပဏီ ဝန်ထမ်းများနှင့် ဆက်စပ် လုပ်ငန်းလုပ်ကိုင်သူ အမည်များဖြင့် ငွေစာရင်းမှာ ၃၄ ခုအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ ငွေစာရင်းများသို့ တရုတ်နိုင်ငံဘက်မှ လွှဲပို့ခဲ့သည့် ငွေပမာဏ စုစုပေါင်းမှာ ၂၀၁၅ ခုနှစ်အတွင်းမှာပင် ကျပ် ၁၆ ဒသမ ၃၂၅ ဘီလီယံခန့် ရှိပြီး ယင်းငွေများ၏ လည်ပတ်လုပ်ကိုင်မှုများမှလည်း အတိုး၊ အမြတ်များ ခံစားရရှိနေကြောင်း ဦးဇော်ဌေးက ပြောကြားထားသည်။

မြန်မာနိုင်ငံဘဏ်များ အသင်း နာယက ဦးသိန်းထွန်းက “ဘဏ်တွေ တော်တော်များများကို ဒီလိုကိစ္စတွေကို မပျက်မကွက် သတင်း ပို့ကြတာ များပါတယ်။ ကျနော် သိသလောက် ဆိုရင်လည်း ဘဏ်တွေက သတင်းပို့ကြပါတယ်” ဟု ပြောသည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော ငွေကြေးခဝါချမှုများနှင့် ပတ်သက်ပြီး မဖြစ်မနေ သတင်းပို့ရမည့် ညွှန်ကြားချက်၊ စည်း မျဉ်းစည်းကမ်းများကို ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲများမှ တိုက်ရိုက် သတင်းပို့ကြရခြင်း ဖြစ်ကြောင့် ဘဏ်များက ပျက် ကွက်လေ့ မရှိကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ဆိုကြသည်။

ယခုကိစ္စရပ်တွင်လည်း အချိန်တိုအတွင်း ပြည်တွင်းပုဂ္ဂိလက ဘဏ်များ၌ အပ်နှံထားသော တရားမဝင် ငွေကြေးပမာဏများ ၊ စာရင်းအပြောင်းအလဲများနှင့် ငွေအဝင်အထွက် စာရင်းများကို တိတိကျကျ ရရှိခြင်းသည် ဘဏ်များကို သက်ဆိုင်ရာ အဖွဲ့ အစည်းများကို သတင်းပေးပို့မှု ရှိနေသည်မှာ ပေါ်လွင်ကြောင်း ၎င်းတို့ သုံးသပ်ပြောဆိုကြသည်။

ဦးသိန်းထွန်းက “ဒီလို ကိစ္စမျိုးတွေ ဖြစ်တာက ဘဏ်တွေဆိုတာထက် တခါတလေကျတော့ စုံစမ်းစစ်ဆေးလုပ်တဲ့ သူတွေ နဲ့ ပိုဆိုင်ပါလိမ့်မယ်၊ ဘဏ်တွေဘက်က သံသယဖြစ်ဖွယ်ဆိုတာမျိုး တွေ့ရင် မပျက်မကွက် သတင်းပို့လေ့ရှိတယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်၂၀၀၀ မှ ၂၀၀၃ ခုနှစ် ဝန်းကျင်များတွင် တရားမဝင် နည်းလမ်းများဖြင့် ရရှိလာသော ငွေကြေးများကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များထံတွင် ငွေကြေးခဝါချမှု လုပ်ဆောင်ချက်များကို တင်းတင်းကြပ်ကြပ် ကိုင် တွယ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်သော ဘဏ်တချို့ကိုပင် ပြန်လည် ပိတ်သိမ်းခဲ့ဖူးသည်။

ယခု နောက်ပိုင်းတွင် အစိုးရအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အညွန်းကိန်း( Doing Business) တိုးတက်ရန် လုပ်ဆောင်လျက်ရှိသလို ကမ္ဘာ့ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ (FATF)၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကို ထိန်းကျောင်းမှု အားနည်းသည်ဟု သတိပေးခံရသည့် နိုင်ငံများ စာရင်း (Grey List) မှ လွတ်မြောက်ရန် အတွက် ကြိုးစား လုပ်ဆောင်လျက် ရှိသည်။

ပြည်တွင်းဘဏ်များဘက်တွင်လည်း နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်လုပ်ဆောင်မှု အားကောင်းလာခြင်းနှင့် ဒစ်ဂျစ် တယ် Co-Banking စနစ်များကို အဆင့်မြှင့် ပြောင်းလဲ အသုံးပြုလာခြင်းဖြင့် တရားမဝင် ငွေကြေးဝင်ရောက်လာမှုနှင့် ငွေ ကြေးခဝါချမှု ကိစ္စရပ်များကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်နေကြကြောင်း သိရသည်။

ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးဇော်လင်းထွဋ်(MPU) က “အခု သံသယဖြစ်ဖွယ်လို့ သတ်မှတ်ထားတဲ့ သိန်း ၁၀၀၀ ဆိုတာ ကလည်း အခု နှစ်ပိုင်းမှာက ဒီပမာဏနဲ့ အဝင်/အထွက်တွေက တော်တော်လည်း များလာတဲ့ အနေအထားရှိတာကို။ အဲဒီ တော့ ဒီသိန်း ၁၀၀၀ တိုင်းကို လိုက်စစ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ အခု Case ပေါ်လာတော့မှ ပြန်စစ်တဲ့အခါ ပေါ်လာတာ မျိုး ဖြစ်တာပေါ့။ ထူးထူးခြားခြား ဖြစ်လာတော့မှ ပြန်လည် စစ်ဆေးကြတာမျိုးပေါ့” ဟု ပြောသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ် ၅ ခုခန့်တွင် အပ်နှံထားသော ဦးကျော်မြင့်၏ တရားမဝင် ငွေကြေးပမာဏ ကျပ် ၁၆ ဘီလီယံ ကျော်သည် ဘဏ်များအပေါ် တစုံတရာ သက်ရောက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

ဦးဇော်လင်းထွဋ်က “ဒီ ပမာဏက ဘဏ်တွေမှာ ခွဲထည့်ထားတာ ဖြစ်တဲ့အတွက် တရားမဝင် ငွေကြေးဖြစ်လို့ သိမ်းမယ် ဆိုရင် ဘဏ်တွေဘက်ကလည်း ထုတ်ပေးလိုက်ရုံပေါ့။ ဒါက သူအပ်ထားတဲ့ ငွေကို ဘဏ်က ပြန်ထုတ်ပေးတဲ့ သဘောပဲ ပေါ့။ လူတယောက်အနေနဲ့ ဆိုရင်တော့ ဒီ ၁၆ ဘီလီယံက ကြီးတာပေါ့။ ဘဏ်ကြီး တခုအနေနဲ့ ကျတော့ ဒီပမာဏက အရမ်းများတာတော့ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၌ အပ်နှံထားသော ဦးကျော်မြင့်၏ တရားမဝင် ငွေကြေးများနှင့် ပတ်သက်ပြီး လက်ရှိတွင် မည်သို့ေ ဆာင်ရွက်လျက်ရှိသည်ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ MFIU ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာ၏ သတင်းစာရှင်းလင်းပွဲများတွင်သာ ဖြေကြားသွားမည်ဟု တာဝန်ရှိသူ တဦးက ပြောသည်။

You may also like these stories:

နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ

နှင်းဆီပါတီ ဦးကျော်မြင့်ထံမှ မှတ်ပုံတင်အမှားနှင့် ပိုင်ဆိုင်မှု ကျပ် ၂၃.၀၅ ဘီလီယံတွေ့ရှိထား

Your Thoughts …
Tags: ငွေကြေးခဝါချမှုနှင်းဆီပါတီပုဂ္ဂလိကဘဏ်ဗဟိုဘဏ်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်

ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်

by ဧရာဝတီ
19 August 2024
17.9k

ရိုးမဘဏ် အမှုဆောင် ၄ ဦးကို စွဲဆိုသည့် အမှုများအား အများပြည်သူသိရှိအောင် ကြေညာခြင်း မရှိပေ။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
ထိုင်းနိုင်ငံတွင် ဆန္ဒပြနေကြသူများ

ထိုင်းဆန္ဒပြသူတွေအတွက် K-pop ပရိသတ်တွေ အကာအကွယ်ပစ္စည်းများ လှူဒါန်း

“Fast & Furious” ရုပ်ရှင်စီးရီး

၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved