• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသားရေးလှုပ်ရှားသူ၏ အတွင်းရေးဖွင့်ချမှုကို စစ်ဆေးရန် သမ္မတရုံးညွှန်ကြား

by ထွန်းထွန်း
6 November 2020
in သတင်း
A A
ကြည်လင်းနှင့်အမှုတွဲများရုံးချိန်းသို့ လာရောက်ခဲ့သည့် ဟိန်းဝေယံနှင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ မြတ်ဖုန်းမိုရ် / မျိုးမင်းစိုး / ဧရာဝတီ

ကြည်လင်းနှင့်အမှုတွဲများရုံးချိန်းသို့ လာရောက်ခဲ့သည့် ဟိန်းဝေယံနှင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသူ မြတ်ဖုန်းမိုရ် / မျိုးမင်းစိုး / ဧရာဝတီ

129.8k
VIEWS
Share on FacebookShare on Twitter

ပုဒ်မ ၅၀၅ (ခ) အရ ရဲတပ်ဖွဲ့က အလိုရှိနေသူ တရားခံပြေး ဟိန်းဝေယံဆိုသူသည် အောက်တိုဘာလ အတွင်းက လာ ရောက် ဖမ်းဆီးခံခဲ့ပြီးနောက် ၎င်းနှင့်ပတ်သက်သည့် အမျိုးသားရေးလှုပ်ရှားသူဟု ဆိုသည့် အဖွဲ့ဝင်များ၏ အတွင်း ရေးများအား ဖွင့်ချဖော်ထုတ်ထားမှုအပေါ် စစ်ဆေးသွားရန် ရဲတပ်ဖွဲ့ထံ ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “ပြည်တော်ပြန်တယောက်ရဲ့ ပြောကြားချက် ဗီဒီယိုဖိုင်တွေ ဒီကိုပြန်မဝင်ခင်ကတည်းက ပြောကြားချက် တွေ ကျနော်တို့ ရပါတယ်။ ဒါတွေကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေဆီ ကျနော်တို့ ပေးထားပါတယ်။ စိစစ်ပါ၊ ဒီအထဲမှာ ခုန ပြောသလို နာမည်တွေ အတိအကျနဲ့ပါတယ်။ လုပ်ဆောင်ချက်တွေ အတိအကျနဲ့ပါတယ်။ ဒါတွေ ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်၊ စိစစ်ပါလို့ ကျနော်တို့ ပြောထားပြီးပြီဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

အမျိုးသားရေးလှုပ်ရှားသူ ၁ ဦးဖြစ်သည့် ဟိန်းဝေယံ ဆိုသူသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် အမှုတွဲများ ရုံးထုတ်စဉ် အခြားသူ ၃ ဦးနှင့်အတူ “မင်းတို့ ထမင်းဝအောင်စားထား”စာတန်းပါ အင်္ကျီဝတ်ဆင်ကာ ကြည်လင်းတို့အား လာရောက်ဝန်းရံမှုကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် တရားစွဲကာ ဝရမ်းထုတ်ခံခဲ့ရသူဖြစ်သည်။

အမျိုးသားရေးဆိုသူများ၏ အတွင်းရေးများ ဖော်ထုတ်ထားသည့် ကိုဟိန်းဝေယံဆိုသူ၏ ပြောကြားချက်များတွင် ၎င်းတို့ အနေဖြင့် လှုပ်ရှားမှုများပြုလုပ်ရန် အေးနေဝင်း (ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေး) နှင့် ကြံ့ခိုင်ရေးပါတီ၊ ဦးခင်ရီ တို့ထံမှ ထောက်ပံ့ မှုများ ယူခဲ့ကြောင်း၊ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ၏နေအိမ်ရှေ့ ဗုံးပစ်ထားမှုအကြောင်းများ ပါဝင်သည်ကို တွေ့ရသည်။

၎င်းအနေဖြင့် အမှုမှ ၂ နှစ်ကျော်ကြာ တိမ်းရှောင်နေခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်ခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်ထံ ဆက်သွယ်ခဲ့ပြီး မဲဆောက်မှတဆင့် မြဝတီမြို့တွင် အဖမ်းခံမည့်ဟု အကြောင်းကြားကာ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အဖမ်းမခံမီ မျိုးချစ်အဖွဲ့များ၏ အတွင်းရေးများ ပြောကြားထားသည့် ဗီဒီယိုဖိုင်များအား ကြိုတင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး အဖမ်းခဲ့ပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့တွင် ၎င်းဗီဒီယိုဖိုင်အား Facebook လူမှုကွန်ရက်တွင် Aung Kyaw Min အကောင့်က လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်တွင် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အိမ်တွင် ဗုံးထားရန် စီစဉ်သူမှာ ကြံ့ခိုင်ရေးပါတီနှင့် YMBA အဖွဲ့ဝင် အမျိုးသမီး ၁ ဦးဖြစ်ကြောင်း၊ လက်ပစ်ဗုံးအား ဗဟန်းမြို့နယ်ရှိ မျိုးချစ်အဖွဲ့ဝင်များနှင့်ပတ်သက်သည့် ဘုန်းကြီး ကျောင်း ၁ ကျောင်းတွင် ထိန်းသိမ်းထားကြောင်းလည်း ပြောကြားသည်ကို တွေ့ရသည်။

ယင်းအပြင် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် အခြားသောနေရာများ၌လည်း လက်ဗစ်ဗုံးဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်းတို့ကိုလည်း ပြောဆိုထားသည်။

၎င်း၏ အခြားဗီဒီယိုဖိုင်တခုတွင်လည်း ပြန်လည်အဖမ်းခံမည့်အကြောင်း ရှင်းပြထားပြီး ၎င်း၏လုံခြုံရေးအတွက် တာဝန်ရှိသူ များက ကူညီပေးရန်လည်း တောင်းဆိုထားသည်ကို တွေ့ရသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ ထိုကိစ္စများနှင့် ပတ်သက်၍ လတ်တလောတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ စိစစ်ဖော်ထုတ်ဆဲသာ ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကွက်သစ်တွင် နေထိုင်သည့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး၏နေအိမ်တွင် စက်တင်ဘာ ၁၉ ရက်နေ့ညပိုင်းက လက်ပစ်ဗုံး ၁ လုံးတွေ့ရှိ ပြီး နောက်တနေ့တွင် CCTV အား ထပ်မံစိစစ်ရာမှ နောက်ထပ်တလုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းလက်ပစ်ဗုံးတွေ့ရှိမှုနှင့် ပတ်သက်ပြီး တရားခံများအား ဖမ်းမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းအေးက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ဒုရဲမှူးကြီး သန်းအေးက “ကျနော်တို့ လောလောဆယ် စိစစ်တွေ့ရှိထားချက်တွေအရတော့ “ထမင်းဝအောင် စားထား” ဆိုတဲ့သူတွေနဲ့ အချိတ်အဆက်တော့ မတွေ့ရသေးဘူး၊ တရားခံ ဖမ်းမိဖို့ကို ဆက်လက်စုံစမ်းနေဆဲပါပဲ” ဟု ပြောသည်။

လက်ရှိတွင် အတွင်းရေးများ ထုတ်ဖော်ထားသည့် ကိုဟိန်းဝေယံအား မြဝတီမြို့မှ တဆင့် အင်းစိန်မြို့နယ်သို့ လွှဲပြောင်း ပေးအပ်ထားပြီဖြစ်ပြီး အင်းစိန်အကျဉ်းထောင်အချုပ်တွင် ထိန်းသိမ်းထားကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်လတ်က နိုဝင်ဘာ ၅ ရက်နေ့က ပြောသည်။

ဒုရဲမှူး တင်လတ်က “ကိုဟိန်းဝေယံကို တရားခံပြေး ဖမ်းမိတဲ့အနေနဲ့ တရားရုံးတင်ပြီးတော့ အင်းစိန်ထောင်မှာပဲ ထိန်းသိမ်း ထားပါတယ်၊ သူ့ရဲ့ ထုတ်ဖော်ပြောကြားချက်တွေနဲ့ ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးဖို့ ကျနော်တို့ဆီကို တိုက်ရိုက် ညွှန်ကြားလာတာတော့ မရှိသေးပါဘူး” ဟု ပြောသည်။

“မင်းတို့ ထမင်းဝအောင်စားထား” ဆိုသည့် အမှုတွင် ဝရမ်းထုတ်ထားသူ ၄ ဦးထဲမှ တင်ဌေးအောင်(ခ) အကြီး ကောင်နှင့် အောင်လင်းဆိုသူတို့အား ယခင်ကတည်းက ဖမ်းမိခဲ့ပြီး ယခုကဲ့သို့ ဟိန်းဝေယံဆိုသူကိုပါ ဖမ်းမိပြီဖြစ်သည့်အတွက် မြတ်ဖုန်းမိုရ် ဆိုသူ ၁ ဦးသာ ဖမ်းဆီးရန် ကျန်ရှိကြောင်းလည်း ရဲတပ်ဖွဲ့ထံက သိရသည်။

ယခုကဲ့သို့ အမျိုးသားရေးဟုဆိုကာ လှုပ်ရှားမှုပြုလုပ်နေသူများ၏ အတွင်းရေးများအား ဖော်ထုတ်ပြောကြားသည့် ကိုဟိန်းဝေယံ အဖမ်းခံခဲ့ပြီး တပတ်ခန့်အကြာ နိုဝင်ဘာ ၂ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်စေမှုနှင့် တရားစွဲ ခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ(ဦးဝိစိတ္တာ ဘိဝံသ)(ခ) ဦးဝင်းခိုင်ဦးမှာလည်း ရဲတပ်ဖွဲ့ထံ လူအများ ရှေ့ ထွက်လာကာ အဖမ်းခံခဲ့သည်။

လက်ရှိတွင် ကိုဟိန်းဝေယံနှင့် ဦးဝီရသူတို့ နှစ်ဦးစလုံးအား အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် သက်ဆိုင်ရာတရားရုံးများ၌ ရုံးထုတ်စစ်‌ဆေးရန် ရုံးချိန်းများ ချိန်းဆိုထားသည်။

You may also like these stories:

ဦးဝီရသူကို ရွေးကောက်ပွဲပြီးမှ ရုံးထုတ်စစ်ဆေးမည်

တိမ်းရှောင်နေတဲ့ ဦးဝီရသူ ပြန်လာ အဖမ်းခံ

Your Thoughts …
Tags: ရဲတပ်ဖွဲ့သမ္မတရုံးအမျိုးသားရေးလှုပ်ရှားသူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

စစ်ကောင်စီ၏ အသုံးချခံ ရုပ်သေးသမ္မတ ဦးမြင့်ဆွေ

by ဒေးဗစ်အောင်
28 July 2023
11.5k

သမ္မတ ဦးမြင့်ဆွေသည် နေအိမ်အကျယ်ချုပ် ခံထားရသကဲ့သို့ ဖြစ်နေသည်ဟု စစ်တပ်ဝါရင့်အရာရှိများနှင့် ဌာနအကြီးအကဲများက မှတ်ချက်ချသည်။

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

by James Morris နှင့် Son Nguye
13 November 2025
1.4k

တရားမဝင် ငွေဘီလီယံပေါင်းများစွာနှင့် ပတ်သက်၍ ထိုင်းရဲအရာရှိ ၂၀၀ စုံစမ်းစစ်ဆေးခံနေရပြီး အများပြည်သူ ယုံကြည်မှုပြိုလဲကာ ထိုင်းထိပ်တန်းရဲအရာရှိများသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
9.4k

The Diplomat က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

Next Post
ပေါက်ကွဲမှုဖြစ်ပြီးနောက် တာဝန်ရှိသူများ ပဲခူးတိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လာရောက်စစ်ဆေးစဉ်

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပေါက်ကွဲမှုဖြစ်

ထိုင်းနိုင်ငံရှိ ဝင်းနှင့်ဇော်တို့ကို အကျဉ်းထောင်တွင် တွေ့ ရစဉ် / တပ်မတော်

ထိုင်းနိုင်ငံရှိ ဝင်းနှင့်ဇော်တို့အတွက် လိုအပ်ချက်များကို တပ်မတော် ကူမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved