• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/ဆရာမ နှစ်ဦးကို ကြံ့ခိုင်ရေးပါတီ တရားစွဲ

by ဇူးဇူး
1 December 2020
in သတင်း
A A
၂၀၂၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းအတွင်း မဲရုံတာဝန်ကျသည့် ဆရာမတချို့ / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းအတွင်း မဲရုံတာဝန်ကျသည့် ဆရာမတချို့ / ဧရာဝတီ

23.6k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/ဆရာမနှစ်ဦးအား ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှုများ ပြုလုပ်သည် ဟူသော စွပ်စွဲချက်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ သက်ဆိုင် ရာ မဲရုံ ကိုယ်စားလှယ်များက တရားစွဲဆိုခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

ပထမအမှု ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မှဖြစ်ပြီး ရပ်ရွာထဲရှိ သက်ကြီးရွယ်အိုများ၏ ကြိုတင်မဲများ လှည့်လည် ကောက်ယူချိန် ရှေ့မှ ကြိုတင်သွားပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်ဆိုကာ USDP ပါတီ မဲရုံကိုယ်စား လှယ် ဦးမြရွှေက မဲရုံမှူး ဆရာမ ဒေါ်ခင်မာရီကို နိုဝင်ဘာ ၁ ရက်တွင် ယင်းတော်တိုက်နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ် သည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပုဒ်မ ၆၁(က)ဖြင့် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ၂၅ ရက်တွင် တရားစွဲတင်ခဲ့သောကြောင့် အမှုရင် ဆိုင်ရမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၈ ရက်တွင် ပထမဆုံး ရုံးချိန်း ချိန်းဆိုထားကြောင်း ဆရာမ ဒေါ်ခင်မာရီက ဧရာဝတီ ကို ပြောသည်။

“ကျမတို့မှာ တာဝန်လည်း ထမ်းဆောင်ရတယ်။ ပင်ပန်းရကျိုး မနပ်ဘူးပေါ့။ ကြိုတင်မဲမှာ ကျမ ဘာမှ မဲဆွယ်စည်းရုံးမှု မရှိ ခဲ့တဲ့အပေါ် လီဆယ်ပြီး တိုင်တန်းတာ ကျမ ဂုဏ်သိက္ခာညှိုးနွမ်းတယ်။ ဒါ ကျမတို့အတွက် နစ်နာတယ်။ ကျမ ဘာမှ မလုပ် ခဲ့တဲ့အတွက်ကြောင့် ရင်ဆိုင်မယ်။ ကျမအမှုမှာ တရားမျှတမှု ရှိတယ်။ မှန်မှန်ကန်ကန် ဖြစ်သွားတယ်ဆိုရင် ကျမ ကျေနပ် ပါတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မာရီသည် ပေါက်အင်းကျေးရွာ အလက(ခွဲ) မူလတန်းကျောင်းအုပ်ဖြစ်ပြီး ရွေးကောက်ပွဲနေ့ က ပျော်ဘွယ်မြို့နယ် ပျော်ကုန်းအုပ်စု မဲရုံအမှတ် (၂)တွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊၂၀၁၀၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌လည်း မဲရုံအဖွဲ့ဝင်နှင့် ဒုမဲရုံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်မာရီက “မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (MTF) က ကျမဘက်က အကုန်လုံး ဝန်းရံကြပါတယ်။ ကျမက လည်း သူတို့ ဝန်းရံတာကို ကျေးဇူးလည်းတင်တယ်။ သူတို့ကိုလည်း ပြောထားပြီးသားပါ။ ကျမပြဿနာကို လိပ်ပြာသန့် သန့်နဲ့ ဝန်းရံလို့ ရတယ်။ ကျမ ဘာမှလုပ်ထားတာ မရှိဘူး။ မဲဆွယ်ထားတာလည်း မရှိဘူး။ ဘယ်ပါတီ ဘက်မှလည်း မလိုက်ဘူး။ ကျမက ဝန်ထမ်းတယောက် ဖြစ်တဲ့အတွက် ပါတီနိုင်ငံရေး ကင်းရှင်းပါတယ်” ဟု ဆိုသည်။

ဒုတိယ အမှုမှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှဖြစ်ပြီး USDP ပါတီ မဲရုံကိုယ်စားလှယ်တဦးက ပျဉ်းမချောင်း အမက မူလတန်းကျောင်းအုပ် ဆရာ ဦးမြဌေးအား ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပုဒ်မ ၅၇၊ ၅၈(က)တို့ဖြင့် ကျုံမှူးရဲစခန်း၌ နိုဝင်ဘာ၂၀ ရက်တွင် အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်ကြောင်း အခြေခံပညာ ပညာရေး လုပ်သားများသမဂ္ဂ ဗဟို ကော်မတီ ဝင် ဦးမင်းမင်းထွဋ်က ဧရာဝတီကို ပြောသည်။

နိုဝင်ဘာ ၈ ရက် မဲပေးသည့်တွင် အသက်မပြည့်သေးသူ မဲဆန္ဒရှင် တဦးအား ဆန္ဒမဲပေးခွင့်ပြုခဲ့သည် ဟူသော စွပ်စွဲချက် ဖြင့် မဲရုံမှူးဖြစ်သူ ဆရာဦးမြဌေးကို အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရဲစခန်း၌ စုံစမ်းစစ်ဆေးနေ ဆဲဖြစ်ကာ တရားစွဲတင်သည့်အဆင့် မရောက်သေးကြောင်း သိရသည်။

အဆိုပါ အမှုများအပါအဝင်၂၀၂၀ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာ၊ ဆရာမများအပေါ် မဟုတ် မမှန် ပုတ်ခတ်စွပ်စွဲ ပြောဆိုနေမှုများ၊ တရားစွဲဆိုမှုများအား ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်ဟုဆိုကာ အခြေခံပညာ ပညာရေး လုပ်သားများ သမဂ္ဂ(BEWU)၊ MTF နှင့် တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ် ဆရာသမဂ္ဂများကွန်ရက် (UTA-Network) တို့ ပူးပေါင်းပြီး အရေးပေါ် တုံ့ပြန်ဖြေရှင်းရေး ကော်မတီကို နိုဝင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

အဖွဲ့အစည်း တဖွဲ့စီမှ ကိုယ်စားလှယ် ၅ ဦး စီဖြင့် စုစုပေါင်း ၁၅ ဦး ပါဝင်သော ယင်းကော်မတီသည် မဲရုံတာဝန်များနှင့် ပတ် သက်၍ သမာသမတ်ရှိရှိ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ပညာရေးဝန်ထမ်းများအပေါ် မဟုတ်မမှန် လုပ်ကြံတိုင်ကြားသည့် ဖြစ်စဉ်များအား ကူညီဆောင်ရွက်ပေးသွားမည် ဟု ယင်းကော်မတီ၏ ပြောဆိုရေးဆိုခွင့်ရှိသူ ဦးမင်းမင်းထွဋ်က ပြောသည်။

“ဝန်ထမ်းက မှားတယ်ဆိုရင် သူ့သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ခံ။ ကျနော်တို့က အဲဒါကြီးကို မဟုတ်ပါဘူးလို့ မညာဘူး။ ကျနော်တို့မှာ အပြစ်ရှိရင် တရားစွဲလိုက်။ သတ်မှတ်ထားတဲ့ ပြစ်မှုပြစ်ဒဏ်ကို ကျနော်တို့ခံမယ်။ ဒါပေမယ့် ကျနော်တို့ ပညာရေးဝန်ထမ်းတွေက မှန်ရဲ့သားနဲ့ ကလိမ်ကကျစ်ကျပြီး လုပ်ကြံတိုင်တာမျိုးကတော့ ဘယ်နည်းနဲ့မှ သည်းညည်းမခံ နိုင်ဘူး။ ကျနော်တို့ ပြန်တရားစွဲသင့်တာ ပြန်တရားစွဲမယ်။ လုပ်သင့်လုပ်ထိုက်တာ ပြန်လုပ်မယ်” ဟု ၎င်းက ရှင်းပြသည်။

ကော်မတီ အနေဖြင့်လည်း ထိုကဲ့သို့သော အမှုများကို တတ်နိုင်သမျှ စုံစမ်းနေပြီး တရားဝင် ၎င်းတို့ထံ မရောက်သေး၍သာ အတိအကျ မပြောနိုင်သေးသော်လည်း ကျန်သည့် တိုင်းနှင့်ပြည်နယ်များ၌လည်း ရှိနေကြောင်း၊ မဲရုံတာဝန်ထမ်းဆောင်ခဲ့ ရသည့် ဆရာ၊ ဆရာမများ အနေဖြင့် ကိုဗစ်ကူးစက်ခံရသည့် သောကဗျာပါဒများ အပြင် မည်သူက တိုင်ကြားမည်၊ တရား စွဲဆိုမည် ဆိုသည့် စိုးရိမ်စိတ်များနေရခြင်းကလည်း သဘာဝ မကျကြောင်း ၎င်းက ဆိုသည်။

MTF အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်ကလည်း “ကိုဗစ်ကာလမှာ ဆရာ၊ ဆရာမတွေ ကူးစက်ခံရတာအပြင် အခုလို တရားစွဲခံရတာတွေမျိုးထိပါဆိုတော့ တော်တော်လေး စိတ်မကောင်းစရာ ဖြစ်ရပ်ပဲလို့ မြင်တယ်။ ဆရာ၊ ဆရာမတွေရဲ့ မူလ တာဝန် မဟုတ်ဘဲနဲ့ ထမ်းဆောင်ပေးရင်းက အခုလို အထင်လွဲခံရ၊ တိရစ္ဆာန်နဲ့ နှိုင်းပြီး ပြောလို့ပြော။ အဲဒီလိုမျိုးတွေ ဖြစ်နေ တာတော့ တော်တော်လေး စိတ်ပျက်စရာလည်း ကောင်းပါတယ်” ဟု မှတ်ချက်ပြုသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ အထွေထေ ွရွေးကောက်ပွဲတွင် နိုင်ငံတဝန်းရှိ မဲရုံများတွင် တာဝန်ယူခဲ့သည့် ဆရာ၊ ဆရာမပေါင်း၂ သိန်းခန့်ရှိပြီး ၎င်းတို့ထဲမှ အယောက် ၁၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း သိရ သည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပုဒ်မ ၆၁(က)အရ မည်သူမဆို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံအတွင်း၌ဖြစ်စေ၊ မဲရုံမှ ကိုက် ၅၀၀ အကွာအတွင်း၌ ဖြစ်စေ မဲဆွယ်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၅၇ အရ မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျှော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း (သို့) လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပြီး ပုဒ်မ ၅၈(က)အရ ပြစ်မှုထင်ရှားလျှင် လည်း ယင်းပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်သည်။

You may also like these stories:

ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမ ၅၀ ကျော် ကိုဗစ်ကူးစက်ခံရ

ရွေးကောက်ပွဲကာလ မသမာမှု ၂၂ မှု အရေးယူထား

Your Thoughts …
Tags: ကြံ့ခိုင်ရေးပါတီဆရာ/ဆရာမတိုင်ကြားမဲရုံစောင့်ရွေးကောက်ပွဲ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
28.1k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ (KHCC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် / ဇော်ဇော် / ဧရာဝတီ

စစ်ရှောင်တွေ နေရပ်ပြန်ရေးက ငြိမ်းချမ်းရေး အတွက် လှေကားထစ် တခုပါ

ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KBC တို့ တွေ့ဆုံစဉ်  / KBC

ကချင်စစ်ရှောင်များ အတွက် မိုင်းရှင်းပေးမည်ဟု တပ်ချုပ် ကတိပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved