• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုသိမ်အထည်ချုပ်စက်ရုံလုပ်သား ၂၂၀ ကို အသွားအလာကန့်သတ်ထား

by ဆလိုင်းသန့်စင်
26 December 2020
in သတင်း
A A
ပုသိမ်စက်မှုဇုန်မှ အထည်ချုပ်အလုပ်သမားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်စက်မှုဇုန်မှ အထည်ချုပ်အလုပ်သမားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

4.2k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံ ၅ ရုံတွင် ကူးစက်မြန် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိသည့် စက်ရုံအလုပ်သမားလူနာများ တွေ့ရှိခဲ့ပြီး ၎င်းတို့နှင့် အနီးကပ်ထိတွေ့မိသည့် စက်ရုံ အလုပ်သမား ၂၂၀ ကို ပုသိမ်မြို့နယ်၊ ကျန်းမာရေးဌာနက အသွားအလာကန့်သတ်၍ စောင့်ကြည့် နေကြောင်း သတင်းရရှိသည်။

ပုသိမ်စက်မှုဇုန်ရှိ ဟက်ကာအထည်ချုပ်စက်ရုံတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစတင်ကာ ကိုဗစ် – ၁၉ ရောဂါပိုးရှိသည့် အလုပ်သမား ၁ ဦး စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ဟက်ကာ၊ ဒေါင်းလောင်၊ မြန်မာနက်တင်း၊ ဟွာပိုဒိုင်း၊ ဟီရှန်း စသည့်အထည်ချုပ်စက်ရုံ ၅ ရုံတွင် ကိုဗစ်ပိုးတွေ့ရှိသည့်အလုပ်သမား ၈ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး ကျန်းမာရေးဌာနက ကိုဗစ်အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့မိသူ အထည်ချုပ်ဝန်ထမ်း ၁၀၀ ခန့်ကို လူထုအခြေပြု ကွာရန်တင်းစင်တာတွင် ထည့်သွင်းကာ အသွားအလာကန့်သတ်ထားခဲ့သည်။

ကိုဗစ်အတည်ပြုလူနာ အလုပ်သမားများနှင့် ထိတွေ့မှုနည်းပါးသော်လည်း ရောဂါ ကူးစက်နိုင်ချေရှိသူ ၁၂၀ ကိုလည်း ပုသိမ်မြို့နယ်ကျန်းမာရေးဌာနက နေအိမ်များတွင် Stay at home နေထိုင်စေကာ အသွား အလာကန့်သတ်ထားရှိကြောင်း သိရသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာ တင်ဝင်းအောင်က “အထည်ချုပ်စက်ရုံတွေကနေ ကိုဗစ်လူနာနဲ့ တိုက်ရိုက်ထိတွေ့မိသူ ၁၀၀ နီးပါးကို FQ (လူထုအခြေပြု ကွာရန်တင်းစင်တာ) ထည့်ထား ပါတယ်။ လူနာနဲ့ထိတွေ့မှု နည်းပါးပေမယ့်စောင့်ကြည့်ဖို့လိုအပ်သူ ၁၂၀ ကိုတော့ နေအိမ်ကွာရန်တင်း ထည့်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပုသိမ်စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ ၈ ရုံရှိပြီး အလုပ်သမားပေါင်း ၁ သောင်း ၃ ထောင်ကျော် အလုပ်လုပ်လျှက်ရှိသည်။ စက်တင်ဘာလတွင် ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမား ၁၀ ဦးထက်မနည်း ကိုဗစ်ရောဂါ ကူးစက်ခံရသဖြင့် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာလ ၂၁ ရက်နေ့အထိ အထည်ချုပ်စက်ရုံများအားလုံးကို ယာယီ ပိတ်သိမ်းခဲ့သည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရန် စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ကာ အထည်ချုပ်စက်ရုံများ ပြန်လည်ဖွင့်လှစ်လည်ပတ် ခဲ့ရာမှ ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ပိုင်းတွင် စက်ရုံများ၌ ကိုဗစ် – ၁၉ ရောဂါကူးစက်မှုများ တကျော့ပြန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာ တင်ဝင်းအောင်က “ပုသိမ်စက်မှုဇုန်က အလုပ်သမားတွေက အိမ်ပြန်ကြတာရှိတယ်၊ အဆောင်နေကြတာ ရှိတယ်။ လူနေရပ်ကွက်ထဲ ပြန်ရင်းနဲ့ ရပ်ကွက်ထဲကနေ၊ အဆောင်ကနေ ရောဂါပါလာတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စက်ရုံတရုံထဲမှာ ၁ ယောက်၊ အများဆုံး ၂ ယောက် အဲ့လိုပဲ ပိုးတွေ့တယ်။ အစုလိုက် အပြုံလိုက် ပိုးတွေ့တာမျိုး မရှိသေးပါဘူး” ဟု ပြောသည်။

ပုသိမ်စက်မှုဇုန်၌ ကိုဗစ်လူနာတွေ့ရှိမှုမှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဟက်ကာစက်ရုံမှ အလုပ်သမား ၁ ဦး၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဒေါင်းလောင်စက်ရုံမှ အလုပ်သမား ၁ ဦး၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရှိုင်းမွန်း စပေါ့နှင့် ဟီရှန်းစက်ရုံတို့မှ အလုပ်သမား ၂ ဦးနှင့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဟွာပိုဒိုင်းနှင့် မြန်မာနက်တင်း စက်ရုံတို့မှ အလုပ်သမား ၂ ဦးတို့တွင် ကူးစက်မြန် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၄ ရက်တွင် ဟက်ကာ၊ မြန်မာနက်တင်းနှင့် ရှိုင်းမွန်းစပေါ့စက်ရုံ တို့မှ အလုပ်သမား၃ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း အထည်ချုပ်အလုပ်သမား ၉ ဦးတွင် ရောဂါပိုး တွေ့ရှိ ခဲ့သည်။ အဆိုပါကိန်းကဏန်းများအရ ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ၃ ရက်ဆက်တိုက် ကိုဗစ် – ၁၉ လူနာများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပုသိမ်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနက အထည်ချုပ်စက်ရုံများတွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်မှု ထိမ်းချုပ်နိုင်ရန်အတွက် ပိုးတွေ့လူနာ အထည်ချုပ်ဝန်ထမ်းအလုပ်လုပ်ခဲ့သည့် ၁၅ ပေပတ်လည်အတွင်း အလုပ်လုပ်သူ၊ ထမင်းအတူစားသူ၊ ဖယ်ရီကြိုပို့ကားအတူစီးသူအားလုံးကို ကွာရန်တင်းထည့်သွင်း၍ အသွားအလာကန့်သတ်ကာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက “ရောဂါ ထိမ်းချုပ်ရေးအတွက် ကျန်းမာရေးဌာနက စက်ရုံတစ်ရုံကို အနည်းဆုံး လူ ၃၀၊ ၄၀ ကွာရန်တင်းထည့်တာ ရှိတယ်။ အနည်းဆုံး ၃ ရက်ဆက်တိုက် စက်ရုံကို ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်တယ်။ ကျနော်တို့ ကလည်း ကျန်းမာရေးညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ တွန်းအားပေးပါတယ်။ ပြီးရင် ကိုဗစ် စည်းကမ်းတွေကို သိရှိလိုက်နာဖို့ စပီကာတွေနဲ့ ကြေညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စက်တင်ဘာလမှစတင်ကာ ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်ခဲ့ပြီး ကိုဗစ်လူနာ အရည်အတွက် တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်နေ့အထိစာရင်းအရ ကိုဗစ်အတည်ပြုလူနာ ပေါင်း ၄၂၆၁ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အထဲမှ လူနာပေါင်း ၃၅၉၀ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ပြီး လူနာ ၃၇ ဦးမှာ ကိုဗစ် – ၁၉ ရောဂါအပါအဝင် အခြားသောရောဂါများဖြင့် သေဆုံးခဲ့သည်။

လက်ရှိတွင် ကိုဗစ် – ၁၉ အတည်ပြုလူနာ ၆၃၄ ဦးမှာ ဧရာဝတီတိုင်းအတွင်းရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး လတ်တလောကာလတွင် ပုသိမ်၊ ဟင်္သာတ၊ မအူပင်နှင့် လပွတ္တာမြို့နယ်တို့တွင် ကိုဗစ် လူနာတွေ့ရှိမှု နေ့စဉ်မြင့်တက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

You may also like these stories:

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

အိန္ဒိယထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်း မြန်မာဝယ်ယူမည်

အင်းစိန်ထောင်တွင် ကိုဗစ်-၁၉ ကုသဆောင်ဖွင့်လှစ်

ကိုဗစ်ကာလမှာ နေထိုင်မှုပုံစံသစ်နဲ့ အသားကျအောင် ဘယ်လိုနေထိုင်ကြမလဲ

Your Thoughts …
Tags: ကိုဗစ်စက်ရုံပုသိမ်အလုပ်သမား
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ပုသိမ်မြို့

ပုသိမ်မြို့

by ဧရာဝတီ
16 February 2025
5k

ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။

Next Post
ဂျပန်မှာ တိုကျိုမြို့တော်က နိုင်ငံတွင်း ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်နေပါတယ်။

ဂျပန်မှာ ဗြိတိန်ပြန် ၅ ဦး ကိုဗစ် မျိုးဗီဇကွဲ ကူးစက်မှု တွေ့ရှိ

ကပ်ရောဂါကြီး ၁ နှစ် ပြည့်ချိန် နိုင်ငံအသီးသီးမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်နေပါပြီ။

COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့ ကမ္ဘာ့နိုင်ငံများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved