• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကိုဗစ်ကာလမှာ နေထိုင်မှုပုံစံသစ်နဲ့ အသားကျအောင် ဘယ်လိုနေထိုင်ကြမလဲ

by သဇင်လှိုင်
24 December 2020
in အင်တာဗျူး
A A
--

--

12.6k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ရောဂါသည် ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည်ဖြစ်ရာ ကိုဗစ်နှင့်အတူ ယှဉ်တွဲပြီး ဆက်လက်နေထိုင်ရှင်သန်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်ပြီး နေထိုင်မှုပုံစံသစ်များဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြားလွှာတစ်စောင်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးမှု မရှိစေရန်အတွက် အဆိုပါ လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သည့် နှာခေါင်းစည်းတပ်ရန်၊ ခပ်ခွာခွာနေရန်၊ လက်ကို မကြာခဏဆေးရန်တို့ လိုက်နာပြီး တဦးနှင့် တဦးသတိပေးရန်လည်း ထုတ်ပြန်ခဲ့သည်။

နေ့စဉ် ကူးစက်မှု ရာထောင်ချီရှိနေဆဲဖြစ်သော်လည်း ကျဆင်းလာသော လူမှုစီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး နေ့စဉ် ပုံမှန်ဘဝပုံစံသစ်ကို မဖြစ်မနေ ဖြတ်သန်းရတော့မည်ဖြစ်ရာ ယင်းသို့ဖြစ်ပေါ်လာမည့် ပုံမှန်ဘဝပုံစံသစ်နှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်သည်များကို ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားသည်။

ဒေါက်တာခင်ခင်ကြီး (ညွှန်ကြားရေးမှူး)

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ

ကမ္ဘာပေါ်မှာ ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 နဲ့အတူ လူသားတွေ အကုန်လုံးက ဆက်ပြီးတော့ နေထိုင်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုတဲ့ လုပ်ငန်းကဏ္ဍ အသီးသီးကို ပြန်ပြီးတော့ နလန်ထူဖို့အတွက် ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံမဟုတ်ဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အခုမှ အရှိန်ယူပြီးတော့ ကြိုးစားနေဆဲ ကာလမှာ ကိုဗစ်ဖြစ်တဲ့အခါမှာ အရှိန်တန့်သွားတယ် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ၊ ခရီးသွားကဏ္ဍ နိုင်ငံခြားဝင်ငွေရရှိဖို့ ဒီလိုဆောင်ရွက်နေတဲ့ အခါမှာ အရှိန်တွေအဟုန်တွေ တန့်ပြီးတော့ အဟန့်တွေ ဖြစ်ကုန်တယ်။

ဒါတွေကိုပြန်ပြီးတော့ တည်ဆောက်ရမယ်။ ကိုယ့်နိုင်ငံက စီးပွားရေးကို နလန်ထူအောင် လုပ်ရမယ်။ ဒီလိုပဲ ပညာရေးကဏ္ဍမှာဆိုလည်း တချိန်လုံး ကျောင်းတွေပိတ်ထားလို့ မရဘူး။ ဒါကြောင့်မလို့ တယောက်စီ တယောက်စီတိုင်းက စည်းကမ်းကို လိုက်နာဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ဘူး ရောဂါဖြစ်ပွားမှုတွေ သိပ်ရှည်ကြာရင် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းနှောင့်နှေးသွားမှာ ဖြစ်တယ်။

ဒါကြောင့်မလို့ ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ လူမှုဘဝနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ လုပ်ဆောင်စဉ်မှာ အဓိကကတော့ ၃ ချက်ပါပဲ။ Hand ရယ်၊ Face ရယ်၊ Space ရယ်ပါပဲ။ ဒါ့အပြင် တယောက်နဲ့ တယောက် ထိန်းကျောင်းပြီးတော့ ရောဂါ မကူးစက်အောင် နေထိုင်နည်းတွေ၊ ရောဂါကူးစက်မှုတွေ လျော့ပါးနိုင်တဲ့ နည်းလမ်းတွေကို အချင်းချင်း အသိပေးမယ်။ ဒီလိုနည်းလမ်းတွေကို လုပ်ခြင်းအားဖြင့် COVID-19 နဲ့ အတူ ယှဉ်တွဲနေထိုင်ပြီးတော့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဆိုတာ ပြည်သူတွေကို အသိပေးတာ ဖြစ်ပါတယ်။ အဓိကကတော့ တယောက်စီ တယောက်စီက စည်းကမ်းတွေ အခုထက်ပိုပြီးတော့ လိုက်နာနိုင်ဖို့အတွက် ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒေါက်တာကျော်စွာဦး

အထွေထွေရောဂါကု ဆရာဝန်

COVID-19 နဲ့အတူ ယှဉ်တွဲနေထိုင်ပြီးတော့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ယန္တရားတွေက လည်ပတ်ရတော့မှာပေါ့။ အထူးသဖြင့်တော့ စီးပွားရေးပေါ့။ ဒီယန္တရားတွေ လည်ပတ်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက New Normal ဘဝနေနည်း ပုံစံသစ်နဲ့ နေရမယ်ဆိုတာက ဖြစ်သင့်တယ်။ ဒါကြောင့်မလို့ ကဏ္ဍအသီးသီးကို လည်ပတ်နိုင်အောင် မိဘပြည်သူတွေ အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လူတိုင်းက တဦးချင်းစီအသိနဲ့ mask တပ်ဖို့ လက်ဆေးဖို့ ခပ်ခွာခွာနေဖို့ပေါ့။ အဲဒါတွေကတော့ ဆက်သွားဖို့ အရေးကြီးတယ်။ တဦးချင်းစီက လိုက်နာဖို့ လိုတယ်။

COVID-19 ရဲ့ စီမံခန့်ခွဲမှုကတော့ သိမ်သိမ်မွေ့မွေ့နဲ့ သွားရတာပေါ့။ သူက ကျန်းမာရေး ပြဿနာတင် မဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး ပြန်ဿနာပေါင်းစုံကိုပါ ထည့်ပြီး ဖြေရှင်းရတာကိုး။ အုပ်ချုပ်ရေး အပိုင်းရော လုံခြုံရေးအပိုင်းရောပေါ့။ စည်းကမ်းပိုင်းကတော့ ကျနော်တို့ နိုင်ငံမှာတင် မဟုတ်ဘူး တကမ္ဘာလုံးမှာလည်း တချို့က မလိုက်နာကြပါဘူး။ ဘယ်လောက်ပဲ ထုတ်ပြန်ထုတ်ပြန် လူ့ရဲ့ သဘာဝအရ ပိတ်လှောင်ထားခြင်းကို ဘယ်သူမှ မကြိုက်ဘူး။ အဲဒီတော့ အကုန်လုံးက ပွင့်ထွက်ကုန်တာပေါ့။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
99
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
55
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
164

ဒါပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ပြောပါတယ်။ သတိနဲ့ အသိကို ယှဉ်ပြီးတော့ အမြဲတမ်းတော့ ဂရုစိုက်နေဖို့ လိုပါတယ်။ စီမံခန့်ခွဲတဲ့ သူတွေကလည်း ဘက်ပေါင်းစုံ စဉ်းစားရတဲ့ အတွက် တချို့ကိစ္စရပ်တွေက ပြတ်ပြတ်သားသား လုပ်ရတဲ့ အခါမှာ စဉ်းစားရတဲ့ အပိုင်းတွေ အများကြီးရှိတာပေါ့။ လိုက်နာဖို့ဆိုပြီး အုပ်ချုပ်ရေးပိုင်းက လုပ်သလို ပြည်သူတွေ တဦးချင်းစီကလည်း ကိုယ့်ကိုကိုယ် လိုက်နာဖို့ လိုတာပေါ့။ အချင်းချင်းလည်း ပြန်ထိန်းဖို့ လိုတာပေါ့။

ဒေါက်တာမောင်မောင်လေး (ဒုဥက္ကဋ္ဌ)

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်

ကိုဗစ်ကြောင့် စီးပွားရေးတွေ ကျဆင်းလာတယ်။ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်တယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ထိန်းရသိမ်းရတာက အခုချိန်အထိ ခက်နေပါတယ်။ ကမ္ဘာမှာရှိတဲ့ နိုင်ငံကြီးတွေက recession ဆိုတဲ့ စီးပွားရေး ကျဆင်းတာရယ်၊ depression ဆိုတဲ့ စီးပွားရေးကပ် မဆိုက်အောင် မနည်းရုန်းကန်းပြီးတော့ ချိန်ခွင်လျှာကို ညှိနေရတာပါ။ မြန်မာနိုင်ငံမှာလည်း အလားတူ ညှိရတာပါ။

မြန်မာနိုင်ငံက ကုသိုလ်ကံ ကောင်းတာက ကမ္ဘာ့ဘဏ်ရော အာရှဖွံ့ဖြိုးမှုဘဏ်ကရော စီးပွားရေးတိုးတက်မှုနှုန်း က အထိုက်အလျောက်ရှိတယ်။ ၁ ဒသမ ၈ ရှိတယ် ဆိုတာက ဝမ်းသာစရာပါ။ ဒါကိုမှီးငြမ်းပြီးတော့ စီးပွားရေးကို ဒီထက်မကျအောင် လူတွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် အလုပ်အကိုင်တွေ မပျက်သုဉ်းသွားအောင် အလုပ်အကိုင်တွေ ပြန်ရရှိအောင် လုပ်ဖို့ လိုပါတယ်။ အခုလို နိုင်ငံတော်က ဖွင့်လိုက်ပိတ်လိုက် လုပ်တာကို လုပ်ငန်းရှင်တွေ အနေနဲ့ ကြိုဆိုတယ်။

သို့သော်နိုင်ငံတော်က သတိချပ်ဖို့က ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး လုပ်ဆောင်ရမှာတွေ သတိပြုရမှာတွေ သတိထားရမှာတွေကိုတော့ လျှော့ချလို့ မဖြစ်ဘူး။ လျှော့ချလိုက်လို့ ပြန်တက်လာရင် ပြဿနာဖြစ်မယ်။ ကိုဗစ်ရဲ့ immunity ရဖို့ ခုခံနိုင်ဖို့ စွမ်းအားက ၂၀၂၂၊ ၂၃ လောက်မှ ဖြစ်လာမယ့်အတွက် လာမယ့် ၁ နှစ်လုံးလုံးနဲ့ နောင်နှစ်တွေမှာလည်း Mask တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာ နေတာရယ်။ New Normal ပဲပြောပြော new abnormal ပဲပြောပြော ဒါကိုတော့ သတိထားပြီးတော့ သတိဝရိယနဲ့ လျှော့လို့ မဖြစ်ပါဘူး။

ဦးသန်းစိုး (ဘောဂဗေဒ)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

နှစ်ခုက လူတွေ တော်တော်များများက မပြတ်မသား ဖြစ်နေတယ်။ တခုက မနေ့က ထုတ်တဲ့ဟာက ပန်ကြားချက် ။ ဒီဇင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်ပြီတို့ ဘာတို့က အမိန့်ညွှန်ကြားချက်။ ပန်ကြားချက်နဲ့ ညွှန်ကြားချက်က မတူဘူး။ အဲဒါကို လိပ်ပတ်လည်အောင်လို့ အစိုးရက မရှင်းထားဘူး။ ဆိုတော့ အဲဒီလို လုပ်လိုက်မယ် ဆိုရင် စီးပွားရေးက ပြန်ကောင်းလာမလားဆိုတော့ စီးပွားရေး တစခုလုံးနဲ့ ဆိုရင် ပြောဖို့ စောသေးတယ်။ ဒါပေမယ့် သေချာတာကတော့ ကျနော်တို့ စီးပွားရေးရော၊ လက်လီဈေးကွက်ရော၊ အရောင်းအဝယ်ရော၊ လုပ်ငန်းတွေရဲ့ ပြန်လည် နာလန်ထဖို့၊ ကိုဗစ် မဖြစ်ခင်က အခြေအနေကို ရောက်ဖို့က နှစ်နှစ်လောက် အချိန်ယူရမယ်။

ဒါတောင်မှ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ၊ ကောင်းမွန်တဲ့ ပေါ်လစီတွေ၊ ကောင်းမွန်တဲ့ လူတွေနဲ့ လူမှန်၊ နေရာမှန် လုပ်ပေးနိုင်မှရမယ်။ အချို့အရာတွေကို တရားဝင် အမိန့်အဖြစ် ထုတ်ပြန်ပေးဖို့လိုမယ်။ ပန်ကြားချက်မဟုတ်ဘဲ တရားဝင် အမိန့်ညွှန်ကြားပေါ့။ အဲဒီဟာနဲ့အတူ စီးပွားရေး နာလန်ထဖို့ဆိုရင် လုပ်ပေးဖို့အရာက အများကြီးပဲ။ ရှင်းလင်းပြတ်သားတဲ့ မူဝါဒရယ်။ ရှင်းလင်းပြတ်သားတဲ့ စီမံခန့်ခွဲမှုရယ်။ ရှင်းလင်းပြတ်သားတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရယ် အကုန်လုံးကို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါအရေးကြီးဆုံးပဲ။ အဲဒါကို ပြတ်ပြတ်သားသား လုပ်ဖို့လိုတယ်။ အခုက သူတို့ထုတ်ပြန်တာကို ဘယ်လိုဆက်စပ် နားလည်ရမလဲ ဆိုတာ လူတွေက သိပ်နားမလည်ဘူး ဖြစ်နေတယ်။

ဒေါက်တာစစ်နိုင် (မြန်မာပြည်ဆိုင်ရာ ညွန်ကြားရေးမှူး)

Marie Stopes International အဖွဲ့

ကျန်းမာရေးနဲ့ လူမှုစီးပွားရေးကို ချိန်ဆရတာ တော်တော်ခက်တယ်။ ပိုးတွေ့နှုန်းက ပြီးခဲ့တဲ့ လပိုင်းလောက်မှာ တန့်နေတာပေါ့။ တန့်နေတာကာနေ အခုနည်းနည်းလေး ကျရိပ်ဘက်ကို ရောက်တယ်။ လုံးလုံးကြီး ဖွင့်လိုက်တာ မဟုတ်ဘဲနဲ့ နည်းနည်းလျှော့ကြည့်မယ်ဆိုရင်တော့ လျှော့လို့ရတဲ့ အနေအထားပဲ ဆိုပြီး ဒါကိုကြေညာတာ ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးရယ် လူမှုစီးပွားရေး ဘက် တဖက်ဖက်ကို လုံးလုံးကြီး ရပ်လို့မရဘူးပေါ့။ ပြန်တက်လာရင် ပြန်ပိတ်ရမှာပဲ။ ကျသွားရင် ပြန်ဖွင့်လို့ရမယ်။ ကျလေလေ ပိုဖွင့်လို့ ရလေလေပဲ ဖြစ်မယ်။

တရားဝင်ဖွင့်ပေးလိုက်ခြင်းဖြင့် သေသေချာချာစောင့်ကြည့် မှတ်တမ်းထား လိုအပ်ရင် လိုအပ်သလို ခေါ်လို့စစ်လို့ ဖယ်လို့ရအောင် လုပ်ထားမယ်ဆိုရင် အဲဒါမျိုးက ကိုယ်လို့တွယ်လို့ ရသွားတာပေါ့။ ဒါကတော့ အစိုးရဘက်ပေါ့။ ဒုတိယတချက်က လူထုဘက်ပေါ့။ ကမ္ဘာ့လူသား တရပ်လုံး ထောင်မကျချင်ပါဘူး။ အခုက အကုန်လုံးထောင်ကျနေတာ။ သူလည်းထွက်လို့မရ ကိုယ်လည်း ထွက်လို့မရ။ စည်းမျဉ်းတွေနဲ့ အသားကျနေဖို့ လိုပါတယ်။ ပိတ်တာကို စိတ်ဆိုးတဲ့သူတွေကလည်း များလာပြီလေ။ ပိတ်တဲ့အတွက် အစိုးရတွေကို ဆန့်ကျင်တာလည်း ကမ္ဘာနဲ့အဝှမ်း ရာနှုန်း နည်းနည်း တက်လာတယ်။ ပိတ်တာကြီး ကြာလာပြီးတော့ ရုတ်တရက်လည်း မပြေလည်လာနိုင်တော့ ပိတ်တာကိုပဲ စိတ်တိုသလိုဖြစ်လာတာ။

အားလုံးပြောနေကြတာကတော့ ဖွင့်၊ ဖွင့်တဲ့အခါမှာ လူတွေသည် မျက်နှာဖုံးတပ် ခပ်ခွာခွာနေ၊ ပိတ်တဲ့လှောင်တဲ့နေရာမှာ မနေနဲ့၊ လက်ဆေးဆိုတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေကို အားလုံးက လိုက်နာဖို့ လိုတယ်။ မဟုတ်ရင် အားလုံးက ထောင်ထဲမှာ ရက်ရှည်နေသလို ဖြစ်မှာပဲ။ တောက်လျှောက်ဖွင့်ပြီဆိုရင် အသေးစိတ်သော စည်းမျဉ်းတွေကို အားလုံးက လိုက်နာမှရမယ်။ အဲဒါကိုတော့ ကြပ်ကြပ်မတ်မတ် ကိုင်ရလိမ့်မယ်။ အခုက နည်းနည်အလိုလိုက်ထားသလိုလေးလည်း ရှိတယ်။ တော်တော်ကြီးကြီး သက်သက်ညှာညှာ လုပ်ထားသလို ရှိတယ်။ ကိုယ်တွေသည် မကျချင်တဲ့ အချုပ်အနှောင်ထဲမှာ နေနေရတယ်။ အထဲမှာ လိုအပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရင် မြန်မြန်အဆင်ပြေသက်သာမယ်။ စည်းမျဉ်းအသေးလေးတွေကို မလိုက်နာဘဲ ချိုးဖောက်နေတယ် ဆိုရင်တော့ ပိုဆိုးတဲ့ ပိုပြင်းထန်တာတွေ လုပ်ရမှာပေါ့။

ဒေါက်တာမြင့်မြင့်စိန် (မေ့ဆေးဆရာဝန်ကြီး)

ကိုဗစ်က နှစ်အတော်ကြာနေဦးမယ်။ ပျောက်သွားဖို့အတွက်ကို မျှော်လင့်လို့ မရသေးဘူး။ ကာကွယ်ဆေးကလည်း ရာသက်ပန် ကာကွယ်မှာ မဟုတ်ဘူး။ လက်တလောလည်း မရသေးဘူး။ ကုသဆေးကလည်း လုံလုံလောက်လောက် ရှိတာမဟုတ်ဘူး။ သူတပါး တိုင်းပြည်ကနေပြီးတော့ ထောက်ပံ့တာတွေ ဝယ်ယူတာတွေ လုပ်ရဦးမယ် ဆိုတဲ့အခါကျတော့ ကုသတာရော ကာကွယ်တာရောမှာ ပိုင်ပိုင်နိုင်နိုင် တိတိကျကျ မပြောနိုင်တဲ့ အခါမှာတော့ ဒီပိုးကိုပဲ အတူယှဉ်တွဲနေထိုင်ရမယ် ဆိုတာကို ညွှန်ကြားတာပေါ့။

လေထဲမှာရှိတဲ့ပိုးသည် ကိုယ်ထဲဝင်မလာရဘူး။ အဲဒီအတွက်ကို Mask တပ်ရမယ်၊ လက်ကနေ ကိုယ်ထဲဝင်မလာအောင် လက်ဆေးရမယ်ဆိုတာသည် ဒီလိုမျိုး အတူယှဉ်တွဲ နေထိုင်ရမယ် ဆိုတဲ့ ညွှန်ကြားချက်မတိုင်ခင်ကတည်းက ညွှန်ကြားထားတာ။ ဒါကနောက်ဆုံး နှိုးဆော်သံလို့တောင် ပြောလို့ရတယ်။ နေရင်နေ မနေရင်ခံရမယ် ဆိုတဲ့ သဘောပဲ။ ခံရမယ်ဆိုတာသည် ၁ အချက်က ရောဂါကူးစက်ခံရမယ်။ ကံမကောင်းရင် သေနိုင်တယ်။ အဲဒါမှ မဟုတ်ရင် ဒီလိုမျိုး ကပ်ကာလ ရှည်လျားသွားတဲ့ အခါမှာ စားနပ်ရိက္ခာ ပြတ်တောက်မှု ဆင်းရဲဒုက္ခ မွဲတေမှုတွေ လာမယ်။ အဲဒါတွေကို ပြည်သူလူထုက ဒီထက်နက်နက်ရှိုင်းရှိုင်း သဘောပေါက်မှသာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ လမ်းည့ွှန်ချက်က အောင်မြင်မှာပေါ့။

ဒီညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာဖို့ နက်နက်ရှိုင်းရှိုင်းနာလည်ပြီးတော့ ပူးပေါင်းပါဝင်ဖို့ ဆိုတာ အုပ်ချုပ်ရေးအပိုင်းက ဖြစ်သွားပြီ။ အုပ်ချုပ်ရေးသည် စည်းကမ်းထိန်းသိမ်းရေး အောက်ဆုံးအထစ်ကိုတောင် မလုပ်နိုင်ဘူးဆိုရင် ကျမတို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်က ကြိမ်ဖန်များစွာ ရေထဲမြောနေတာ။ အခုလည်း ထပ်ပြီးမြောမှာကို စိုးရိမ်နေတယ်။ အနည်းဆုံး လူတိုင်း အပြင်ထွက်ရင် မဖြစ်မနေ Mask တပ်ရမယ် ဆိုတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေလောက်တောင် မထုတ်နိုင်ဘူးဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေက အလကားပဲ။ အုပ်ချုပ်ရေးအနေနဲ့ လူတိုင်း Mask ကိုပါဝင်လာအောင် တပ်ဖို့ဆိုတာကို ဥပဒေအနေနဲ့ လုပ်ဖို့တော့ လိုအပ်တယ်လို့ ကျမတို့က မြင်တယ်။

You may also like these stories:

တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ

ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာ ၁ ဘီလျံရရှိရေး မြန်မာကြိုးစားနေ

ကိုဗစ်လူနာများ ကုသရန် နေရာလုံလောက်မှု ရှိကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးပြော

Your Thoughts …
Tags: ကိုဗစ်နေထိုင်မှု ပုံစံသစ်မြန်မာ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်

by မိုင်းခြိူဝ်းဇာရ်
28 October 2023
8.4k

မြို့ပေါ်ထိ တိုက်ပွဲဖြစ်လာတော့ စျေးတွေ ပိတ်သိမ်းကုန်တယ်။ လမ်းပေါ်မှာလည်း လူသွားလာတာ နည်းတယ်။ ဆိုင်ခန်းတွေ ပိတ်ကြတာပဲ။ စိုးရိမ်ကြတာပေါ့

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

by မိုင်းခြိူဝ်းဇာရ်
24 September 2023
8.1k

ကွတ်ခိုင်မြို့နယ်၊ မန်ပလန်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ရှိတဲ့ SSPP စစ်ကြောင်း နဲ့ နယ်မြေခံ TNLA လှုပ်ရှားတပ်တွေအကြားမှာ နာရီဝက်ကျော်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့...

Next Post
တရားစွဲဆိုခံရသဖြင့် ဝါးခယ်မမြို့ပေါ်တွင် ဆန္ဒဖော်ထုတ်နေသည့် လယ်သမားများ / ဆလိုင်းသန့်စင် / ဧရာဝတီ

ဝါးခယ်မမြို့နယ် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လယ်သမားများဆန္ဒပြ

အဆိုတော် ပိုပို / Po Po's Facebook

ငွေကျပ် ၃၀၀၀ နဲ့ ကြည့်ရှုနိုင်မယ့် ပိုပိုရဲ့ “Christmas Acoustic Night”

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

7 hours ago
2.7k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved