• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ

by နန်းလွင်နှင်းပွင့်
22 December 2020
in သတင်း
A A
တရုတ်ဆိုရှယ်မီဒီယာမှာ ပျံ့နေသော တရုတ်-မြန်မာ နယ်စပ်စည်းရိုးကာနေပုံ

တရုတ်ဆိုရှယ်မီဒီယာမှာ ပျံ့နေသော တရုတ်-မြန်မာ နယ်စပ်စည်းရိုးကာနေပုံ

5.6k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်မလာစေရန် ဟူသည့် အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၏ တဖက် တရုတ်နယ်စပ်တွင် တရုတ်နိုင်ငံဘက်က နယ်စပ်ခြံစည်းရိုးများ ကာထားသည်ဟု သတင်းရရှိသည်။

တရုတ်နိုင်ငံဘက်မှ နယ်စပ်ခြံစည်းရိုးကာသည့် လုပ်ငန်းကို အောက်တိုဘာက စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်၏ နယ်စပ်နေရာအချို့တွင် ခြံစည်းရိုးကာ ပြီးနေပြီ ဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ နယ်နိမိတ်ဌာန၏ ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက “သူတို့က နေရာတခုလုံး ကာတာ မဟုတ်ပါဘူး။ နယ်စပ်တလျှောက်လုံးကာတာ မဟုတ်ပါဘူး။ များသောအားဖြင့် လူနေထူထပ်တဲ့ နေရာတွေကို ကာတာပါ” ဟု ပြောသည်။

ရှမ်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် တရုတ်နိုင်ငံဘက်တွင် ခြံစည်းရိုးကာနေသည့်ထဲမှ ၈ နေရာသည် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ အချက်များနှင့် မကိုက်ညီသဖြင့် မြန်မာဘက်မှ ကန့်ကွက်ထားသည် ဟုလည်း သိရသည်။

ရှမ်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့် တရုတ်နိုင်ငံဘက်တွင် ခြံစည်းရိုးကာနေသည့်ထဲမှ ၈ နေရာသည် နှစ်နိုင်ငံ နယ်နိမိတ်စာချုပ်ပါ အချက်များနှင့် မကိုက်ညီသဖြင့် မြန်မာဘက်မှ ကန့်ကွက်ထားသည် ဟုလည်း သိရသည်။

၁၉၆၀ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုနှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းတို့က နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ချုပ်ဆိုပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။

နှစ်နိုင်ငံ သဘောတူစာချုပ်ပါ အချက်များအရ တရုတ်နှင့် မြန်မာနိုင်ငံကြား နှစ်နိုင်ငံ ထိစပ်နေသည့် နယ်နိမိတ် ၁၃၄၈ မိုင် ရှိပြီး နှစ်နိုင်ငံနယ်စပ်မျဉ်း၏ ၁၀ မီတာအကွာတွင် မည်သည့် အခိုင်အမာ အဆောက်အအုံမှ မဆောက်ရန် သဘောတူ ထားသည်။

မြန်မာဘက်မှ ကန့်ကွက်သည့် ၈ နေရာမှာ ထိုအချက်နှင့် မကိုက်ညီသဖြင့် ကန့်ကွက်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်ဘက်တွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကာသော်လည်း ၁၀ မီတာ၏ အပြင်ဘက်တွင် ကာထားခြင်း ဖြစ်သဖြင့် စာချုပ်ပါ အချက်များနှင့် ငြိစွန်းခြင်း မရှိပါဟု ဦးသိန်းမင်းထွန်းက ပြောသည်။

“သူတို့ကာမယ်ဆိုရင်တော့ ယာယီဖြစ်ရမလား၊ မဖြစ်ရဘူးလား စာချုပ်နဲ့ ရှိပါတယ်။ ယာယီဆိုရင် ဘယ်လို ဖြစ်ရမယ်။ Permanent ဆိုရင်တော့ သူတို့ကာချင်ရင် ပြင်ဆင်ပြီး ပြင်ပမှာ ဖြစ်ရပါမယ်။ ကိုဗစ်ပြီးရင် ပြန်ဖြုတ်မလား ကတော့ ဆက်ပြီးတော့ ညှိရပါမယ်။ သူတို့ကတော့ ကိုဗစ်ကြောင့်ဆိုပြီး အကြောင်းပြတာတော့ ရှိပါတယ်”

“သူတို့ကာမယ်ဆိုရင်တော့ ယာယီဖြစ်ရမလား၊ မဖြစ်ရဘူးလား စာချုပ်နဲ့ ရှိပါတယ်။ ယာယီဆိုရင် ဘယ်လို ဖြစ်ရမယ်။ Permanent ဆိုရင်တော့ သူတို့ကာချင်ရင် ပြင်ဆင်ပြီး ပြင်ပမှာ ဖြစ်ရပါမယ်။ ကိုဗစ်ပြီးရင် ပြန်ဖြုတ်မလား ကတော့ ဆက်ပြီးတော့ ညှိရပါမယ်။ သူတို့ကတော့ ကိုဗစ်ကြောင့်ဆိုပြီး အကြောင်းပြတာတော့ ရှိပါတယ်” ဟုလည်း  ဦးသိန်းမင်းထွန်းက ဆိုသည်။

နယ်စပ်ခြံစည်းရိုး ကိစ္စနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်နိုင်ငံကြား နှစ်နိုင်ငံ အစည်းအဝေး ထိုင်ရန် ညှိနှိုင်းနေပြီး အစည်း အဝေး ပြုလုပ်မှသာ မြန်မာဘက်မှ ကန့်ကွက်ထားသည့် ၈ နေရာကိစ္စနှင့် ခြံစည်းရိုးများ ကာခြင်းက ယာယီ ဟုတ် မဟုတ် ကို ဆက်လက် ညှိနှိုင်းရမည်ဟု သိရသည်။

မြန်မာဘက်မှ ကန့်ကွက်ထားသည့် ၈ နေရာအနက် တနေရာသည် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းမှ နယ်ခြားမှတ်တိုင် ၁၂၁- ၁၂၂ ကြား၊ နယ်ခြားမှတ်တိုင် ၁၂၅ တို့တွင် တရုတ်ဘက်မှ နယ်မြေကျော်ကာ ခြံစည်းရိုးကာသဖြင့် တပ်မတော်ဘက်ကလည်း ကန့်ကွက်စာ ပို့ထားသည်။

မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသူရိန်ကလည်း မူဆယ်မြို့နယ်၏ တဖက်တွင်လည်း တရားမဝင် ဝင်ထွက် နိုင်သည့် လမ်းကြောင်း နေရာများတွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုး ကာထားပါသည်ဟု ပြောသည်။

ဦးသူရိန်က “သူတို့ လုပ်တာက ကျနော်တို့ နိုင်ငံထဲတော့ မရောက်ဘူး။ ၁၀ မီတာအတွင်းမှာတော့ ဝင်ပါတယ်။ ၁၀ မီတာ ဆိုတာ ပေအားဖြင့်ဆို ၃၃ ပေလောက် ရှိပါတယ်။ သူတို့ဘက်ခြမ်း ၃၃ပေ၊ ကျနော်တို့ဘက်ခြမ်း ၃၃ ပေပေါ့။ သူတို့က ခြံ စည်းရိုး ဆောက်တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ခတ်လဲဆိုတော့ ကိုဗစ်ကြောင့် ခတ်တယ်၊ အခိုင်အမာ မဟုတ်ဘူး၊ ယာယီဖြစ်ပါတယ်ပေါ့။ ကိုဗစ် ကာလပြီးဆုံးလို့ ဒီဘက်က တောင်းဆိုရင် သူတို့ပြန်ဖြုတ်ဖို့ စဉ်းစားပေးပါ့မယ်လို့ သူတို့ အစည်းအဝေးတွေမှာ ပြောပါတယ်ခင်ဗျ။ အဲဒီအခြေအနေကို ကျနော်တို့လည်း အပေါ် အဆင့်ဆင့်ကို တင်ပြထားပါ တယ်” ဟု  ပြောသည်။

ကချင်ပြည်နယ်ဘက် အခြေအနေကို မေးမြန်းရာ ကချင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးမျိုးချစ်က ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ထိစပ်နေသည့် နယ်စပ်တကြောတွင် တရုတ်ဘက်မှ ခြံစည်းရိုးကာသည် ဟူသည့် သတင်း မသိရှိသေးကြောင်းနှင့် တရုတ်ဘက်မှ ခြံစည်းရိုး ကာရန် ပြောဆိုလာခြင်းလည်း မရှိသေးပါဟု ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကလည်း “ကျနော်တို့ကို အကြောင်းမကြား အသိမပေးဘဲ သူတို့အသိနဲ့ သူတို့ကာရင် ပြည်ထောင်စု ဝန်ကြီးဌာနကို ကျနော်တို့ တင်ပြတယ်။ ပြည်ထောင်စုဝန်ကြီးဌာနက ဟိုဘက်ကို ကန့်ကွက်တယ်။ လုပ်ထုံးလုပ်နည်းကတော့ ဒီအတိုင်းပါပဲ။ သူတို့က နယ်စပ်ကနေ ကာတယ်ဆိုတာက နယ်စပ်မျဉ်းကြောင်း တလျှောက်ကနေ ၁၀ မီတာမှာ ကာရမှာ၊ ဒီဘက်ကို ကပ်ပြီးကာလို့ မရပါဘူး။ ဟိုတခေါက်တုန်း ကလည်း တရုတ်ကို ပြန်ဖျက်ခိုင်းရပါတယ်” ဟု ပြောသည်။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၏ တဖက်တွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကာထားပြီဟု မိုးမောက်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့၏ တဖက်တွင် တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးကာထားပြီဟု မိုးမောက်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

ဦးနေဝင်းက “သူတို့က သံဆူးကြိုးတွေ ကာထားတယ်။ နောက် CCTV တွေနဲ့ ရဲတပ်ဖွဲ့က ထိုင်ကြည့်တယ်။ ခြံစည်းရိုး တလျှောက်တော့ လုံခြုံရေး ချထားတာ မဟုတ်ဘူး။ မိုင်ဝက်လောက်ကို ကင်းတခု ရှိမယ်။သူတို့က CCTV တွေနဲ့ပဲ ထိုင် ကြည့်နေတာ” ဟု ပြောသည်။

တရုတ်ဘက်မှ တရားမဝင် ဝင်မလာစေရန်လည်း ကာထားပြီး တရားဝင် ဝင်ထွက်နိုင်သည့် နယ်စပ်ဂိတ်မှာလည်း မြန်မာဘက်မှ ဝင်လာခြင်းကို လုံးဝ လက်မခံဘဲ ပိတ်ထားဆဲ ဖြစ်သည်။

ဆောင်းရာသီတွင် တရုတ်နယ်စပ်တကြောရှိ ကြံခင်း၊ ပြောင်းဖူးခင်းများတွင် သီးနှံရိတ်သိမ်းချိန်ဖြစ်ရာ နှစ်စဉ်နှစ်တိုင်း  မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ အလုပ်သမားများ ကချင်ပြည်နယ်သို့ ရောက်လာပြီး တရုတ်နိုင်ငံဘက်သို့ကူးကာ စိုက်ခင်းများတွင် အလုပ်သွားလုပ်သည်များ ရှိသည်။

ယခုအခါ ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်ပြီး တရုတ်နိုင်ငံဘက်မှလည်း မြန်မာဘက်မှ လူဝင်လာသည်ကို လုံးဝလက်မခံဘဲ တင်းကြပ်ထားသဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် ဝင်ငွေ ထိခိုက်သည့် အကျိုးသက်ရောက်မှု ရှိပါသည်ဟု ဦးနေဝင်းက ဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ  အစိုးရအာဏာ မသက်ရောက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် မြန်မာ- တရုတ် နယ်စပ်ရှိ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသ၏ တဖက်တွင်လည်း တရုတ်ဘက်မှ ခြံစည်းရိုးလာကာထားသည် ဟု သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ  အစိုးရအာဏာ မသက်ရောက်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် မြန်မာ- တရုတ် နယ်စပ်ရှိ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသ၏ တဖက်တွင်လည်း တရုတ်ဘက်မှ ခြံစည်းရိုးလာကာထားသည် ဟု သိရသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ လိုင်ဇာ၊ ပါဂျောင်၊ လိုင်စင်တကြောမှာ ကာကြပါတယ်။ သူတို့ အကြောင်းကြားပါတယ်။ သူတို့ပြောတာက ကိုဗစ်ရောဂါ ကာလမှာ လူတွေ ခိုးဝင်တာ မရှိအောင် စစ်ဆေးရ လွယ်အောင် ရည်ရွယ်ချက်နဲ့ ကာတာ ဖြစ်ပါတယ်တဲ့။ အခိုင်အမာ ကာတာ မဟုတ်ဘူးလို့ ပြောကြတယ်။ အစည်းအဝေးမှာ သူတို့ ပြောတာပါ” ဟု ပြောသည်။

တရုတ်ဘက်မှ ကာထားသည်မှာ သံဆူးကြိုးပုံစံဖြင့် ကာထားကာ အမြင့်မှာ ၃ ပေနှင့် ၄ ပေ ခန့် ရှိပြီး ခြံစည်းရိုးကာထားသည်မှာ၂ လခန့် ရှိပြီ ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

မြန်မာနိုင်ငံတွင် မတ်၂၃ ရက်မှ စ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းကို စတင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အတွင်း တကမာ္ဘလုံးသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၁၆၉၈၂ ဦး ရှိပြီဖြစ်ကာ ထိုထဲမှ ၉၆၆၈၅ ဦး ဆေးရုံမှ ဆင်းနိုင်ပြီ ဖြစ်ပြီး၂၄၆၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးထားသည်။

You may also like these stories:

မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက်

မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်

တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ

Your Thoughts …
Tags: COVID-19ခြံစည်းရိုးကာရံတရုတ်-မြန်မာနယ်စပ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

နမ့်ခမ်း-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် TNLA ပြန်ဖွင့်

နမ့်ခမ်း-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် TNLA ပြန်ဖွင့်

by မိုင်းခြိူဝ်းဇာရ်
4 May 2024
3.9k

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တောင်ဘက် ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ နောင်တောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဧပြီ ၂၉ ရက်တွင် TNLA ၏ အကောက်ခွန်ဌာနက ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။

မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

by ဧရာဝတီ
12 November 2024
3.9k

ဒေါ်လာဘီလီယံချီတန်သည့် မြေရှားသတ္တုများထွက်ရှိရာ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ-၁ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြေရှားသတ္တုထုတ်လုပ်မှုလုပ်ငန်းများ၏ အနာဂတ်အုပ်စိုးသူသစ်အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နေရာယူလိုက်ပြီ ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ဖြတ်ခွင့် စာအုပ်အနီ သိန်း ၅၀ ကျော် ဈေးပေါက်နေ

တရုတ်-မြန်မာ နယ်စပ်ဖြတ်ခွင့် စာအုပ်အနီ သိန်း ၅၀ ကျော် ဈေးပေါက်နေ

by ဧရာဝတီ
28 September 2023
3k

တရုတ်-မြန်မာနယ်စပ် မူဆယ်၊ နမ့်ခမ်း ဒေသခံများကိုသာ ထုတ်ပေးသော ၁ နှစ်သက်တမ်းရှိ တရုတ်-မြန်မာ နယ်စပ်ဖြတ် ကျော်ခွင့်စာအုပ်အနီ တအုပ်လျှင် ကျပ် ၃၅ သိန်းမှ သိန်း ၅၀ ကျော်ထိ ပေါက်ဈေးရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

by ဧရာဝတီ
25 September 2023
1.7k

နယ်စပ်ဂိတ်များဖြစ်သည့် ရွှေနန်းတော်၊ မန်ဝိန်း၊ ဆင်ဖြူဂိတ်များမှတဆင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ရန် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Border Pass-BP)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်(Temporary Border Pass – TBP)များဖြင့် ခွင့်ပြုနေကြောင်း၊ ပတ်စပို့ဖြင့် ဝင်ထွက်ခွင့်ပြုမည့် ဂိတ်ပေါက်အနေဖြင့် အသစ်ထပ်မံဖွင့်လှစ်ရန်ရှိသည့် မင်္ဂလာမူဆယ်ဂိတ်ပေါက် (သို့မဟုတ်)...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်

ကြံနှင့်ပြောင်း သယ်ယူနိုင်ရေး နယ်စပ်ဂိတ်တချို့ တရုတ် ပြန်ဖွင့်

by ဧရာဝတီ
27 November 2024
459

မြန်မာဘက်မှ ကြံနှင့် ပြောင်းသီးနှံများ သယ်ယူနိုင်ရေးအတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို နိုဝင်ဘာ ၂၁ ရက်တွင် တရုတ်အစိုးရက ပြန်ဖွင့်ပေးခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

Next Post
ကျောက်တလုံး ဒုက္ခသည် စခန်းဟောင်း  / ကိုဖြူချေ

ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းကို နေရာသစ်ချပေးရန် စီစဉ်နေ

ရှမ်းပြည်ညီညွတ်ရေး ကော်မတီအဖွဲ့ဝင်များ (ဓာတ်ပုံ- CSSU)

အမေရိကန်-တရုတ် အားပြိုင်မှု၌ မြန်မာနိုင်ငံ ကြားညပ်မည်ကို ရှမ်းခေါင်းဆောင်များ စိုးရိမ်ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved