• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်-တရုတ် အားပြိုင်မှု၌ မြန်မာနိုင်ငံ ကြားညပ်မည်ကို ရှမ်းခေါင်းဆောင်များ စိုးရိမ်ဟုဆို

by ဇင်လင်းထက်
22 December 2020
in သတင်း
A A
ရှမ်းပြည်ညီညွတ်ရေး ကော်မတီအဖွဲ့ဝင်များ (ဓာတ်ပုံ- CSSU)

ရှမ်းပြည်ညီညွတ်ရေး ကော်မတီအဖွဲ့ဝင်များ (ဓာတ်ပုံ- CSSU)

7.4k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှဒေသတွင်း အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုများအတွင်း မြန်မာ နိုင်ငံ ကြားညပ်သွားမည်ကို ရှမ်းခေါင်းဆောင်များက စိုးရိမ်ကြောင်း၊ ထို့အတွက် ၂၀၂၁ ခုနှစ်တွင် ရှမ်းအချင်းချင်း ညီညွတ်ရေး သာမက ပြည်ထောင်စုသား အချင်းချင်း ညီညွတ်ရေးအထိ ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်သည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ(CSSU) အစည်းအဝေးမှ သိရသည်။

ယင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အွန်လိုင်းမှ တဆင့် ပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ (SSPP/ SSA ) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ ကာလိပြည်သူ့စစ် ခေါင်းဆောင် စဝ်ကိုင်ဖ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SNDP) အတွင်းရေးမှူး ဦးစိုင်းဖိုးအောင်နှင့် ရှမ်း လူမှုအဖွဲ့အစည်းများ တက် ရောက်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

အဓိက ဆွေးနွေးသည့် အကြောင်းအရာများမှာ RCSS နှင့် SSPP ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားရသည့် ကိစ္စများ၊ ရှမ်းပြည် နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ ကိစ္စများ၊ ရှေ့ဆက်သွားမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရှမ်းနိုင်ငံရေးအဖွဲ့များအနေနှင့် မည်သည့်မူဝါဒများ ကိုင်စွဲသွားသင့်သည် ဆိုသည့် ကိစ္စများ အပါအဝင် ရှမ်းပြည်နယ်ကို ဖြတ်သန်းအကောင်အထည် ဖော် မည့် BRI စီမံကိန်းဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

CSSU အကြံပေး၊ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက “ကျနော်တို့ တိုင်းပြည်က ကြားထဲမှာ ညပ် နေတဲ့ အခါကျတော့ ရှမ်းအချင်းအချင်း ညီညွတ် နေရုံနဲ့ မလုံလောက်တော့ဘူး ပေါ့။ ရှမ်းပြည်သားအချင်းချင်း ညီညွတ် နေရုံနဲ့လည်း မလုံလောက်ပြန်ဘူးပေါ့။ ပြည်ထောင်စု တခုလုံး အချင်းချင်း ညီညွတ် တာတောင်မှ မလုံ လောက်သေးဘူး။ ငြိမ်းချမ်းရေး ထိန်းသိမ်းချင်တဲ့ နိုင်ငံငယ်လေးတွေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီး ကိုင်တွယ်မှ အဆင်ပြေမယ် ဆိုတာမျိုး ဆွေးနွေးတာ ကြားသိရပါတယ်” ဟု ဦးခွန်ဆိုင်းက ပြောကြားသည်။

ထို့အပြင် ရှမ်းလူထုကလည်း ရှမ်းနိုင်ငံရေးပါတီ၂ ပါတီ ကွဲပြားနေခြင်း၊ ရှမ်းလက်နက်ကိုင်၂ ဖွဲ့ ကွဲပြားနေခြင်း အပေါ် တခုတည်း အဖြစ် ပေါင်းစည်းကြရန် လိုလားနေကြပြီး ၁၉ ရက်က ကျင်းပပြီးစီးသွားသည့် CSSU အစည်းအဝေးတွင်လည်း ရှမ်းနိုင်ငံ ရေး အဖွဲ့များ ပေါင်းစည်းရေးကို ထပ်မံဆွေးနွေးခဲ့ကြကြောင်း ဦးခွန်ဆိုင်းက ပြောဆိုသည်။

CSSU အစည်းအဝေးကို နှစ်စဉ် ပုံမှန်ကျင်းပလေ့ ရှိသော်လည်း ယခုကဲ့သို့ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့များမှ ပထမတန်း ခေါင်းဆောင်များ တစုတည်း တွေ့ဆုံနိုင်သည့် အစည်းအဝေးကို ၄ နှစ်ကျော်ကြာမှသာ ပြန်လည် ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း CSSU ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွန့်ထံမှသိရသည်။

“ခေါင်းဆောင်ကြီးအဆင့်တွေ မတွေ့ရတာက၂၀၁၆ မှာ အစိုးရက ဟိုတယ်မှာ မလုပ်ဖို့ ဘာဖို့ တားပြီးတဲ့နောက်ပိုင်းမှာ ခေါင်းဆောင်ကြီးတွေက ပြန်တွေ့တဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

အစည်းအဝေးသည် ထိပ်တန်း ရှမ်းခေါင်းဆောင်ကြီးများ အွန်လိုင်းမှတဆင့် မျက်နှာချင်းဆိုင် ပြန်လည်တွေ့ဆုံဆွေးနွေး နိုင်ခဲ့သဖြင့် အားရကျေနပ်ဖွယ်ကောင်းကြောင်း CSSU ဘက်က ပြောဆိုထားသော်လည်း အစည်းအဝေးမှ တိကျသည့် ဘုံသဘောတူညီချက် တစုံတရာ ပေါ်ထွက်လာခဲ့ခြင်း မရှိကြောင်း CSSU ထံမှ သိရသည်။

CSSU ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က “သဘောတူညီမှု ဆိုတာထက် လက်ရှိ အခင်းအကျင်းတွေကို သုံးသပ်တာ ဖြစ်တယ်။ ရှေ့ဆက်ဘာလုပ်ကြမလဲလို့ ပြောကြတာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်အလွန် ရှမ်းခေါင်းဆောင်များ၏ နိုင်ငံရေး မျှော်မှန်းချက်နှင့်ပတ်သက်၍ စုပေါင်းခေါင်းဆောင်မှု အကြောင်း ကို အစည်းအဝေးတွင် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟုလည်း ဦးစိုင်းကျော်ညွန့်က ရှင်းပြသည်။

“သူ့ဟာသူ သဘောထား ကွဲလွဲတာတွေ၊ မတူညီတာတွေ အတိုင်းအတာတခုအထိ ဘယ်လိုပဲရှိရှိ မတူတာတွေကို အတူတူ ဘယ်လို စုပေါင်း လုပ်ဆောင်မလဲ။ စုပေါင်း ခေါင်းဆောင်မှုနဲ့ ဘယ်လို စုပေါင်း အကောင်အထည် ဖော်မလဲဆိုတဲ့ ကိစ္စတွေ ကို ခေါင်းဆောင်တွေက ပိုပြီး ဦးစားပေးပြောတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ CSSU အစည်းအဝေးသည် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းများကြား မညီညွတ်ဘဲ ကွဲပြား နေမှုကို ပြုပြင်ပြောင်းလဲရန် ရှမ်းနိုင်ငံရေး ပါတီများနှင့် ရှမ်းလက်နက်ကိုင် ခေါင်းဆောင်များက တတ်နိုင်သမျှ ပြန်လည် ရင် ကြားစေ့သည့် ကြိုးပမ်းချက်သာ ဖြစ်ကြောင်း ရှုမြင်ကြသည်။

သို့သော်လည်း CSSU အစည်းအဝေးများနှင့် ကြိုးပမ်းချက်များသည့် လက်တွေ့အားဖြင့် အလုပ်မဖြစ်ဘဲ အောင်မြင်မှု နည်း ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဝေဖန်ကြသည်။

“လက်နက်ကိုင်၂ ဖွဲ့ကလည်း တိုက်နေတယ်။ တခါ နိုင်ငံရေးပါတီ ခုကလည်း မပေါင်းနိုင်ကြဘူး။ သူများက ပေါင်းသွားပြီ။ သူတို့က မပေါင်းနိုင်သေးဘူး။ အဲဒါလည်း လေးဖွဲ့ပေါင်းထားတဲ့ CSSU က ဘာမှ အလုပ်မဖြစ်ဘူး။ အစည်းအဝေးကလည်း အခုထက်ထိ အလှည့်ကျ ဥက္ကဋ္ဌ လုပ်နေတုန်းပဲ” ဟု နိုင်ငံရေးလေ့လာသူတဦးက ပြောဆိုသည်။

ရှမ်းပြည်နယ်သည် တိုင်းနှင့် ပြည်နယ်များအနက် ဧရိယာအကျယ်ဆုံးဖြစ်ပြီး ရှမ်း၊ ပလောင်၊ ပအို့ဝ်၊ အင်းသား၊ လားဟူ၊ အခါ၊ ဝ၊ ကိုးကန့်၊ ဓနု၊ တောင်ရိုး၊ လီဆူး စသည့် တိုင်းရင်သား လူမျိုးများနေထိုင်ကြပြီး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ ကိုးကန့်လူမျိုးတို့၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) (မိုင်းလား)နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

You may also like these stories:

လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်များကို လူ့အခွင့်အရေး လှုပ်ရှားသူများဝေဖန်

နမ္မတူတွင် RCSS နှင့် TNLA တို့ နယ်မြေအငြင်းပွားမှုဖြင့် တိုက်ပွဲပြန်ဖြစ်

မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပါက ကန့်ကွက်ရန် မရှိဟု RCSS ပြော

Your Thoughts …
Tags: CSSUငြိမ်းချမ်းရေးဆွေးနွေးပွဲရှမ်းတိုင်းရင်းသား
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ဘာကြောင့် သဘောတူညီချက် မရသလဲ

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ဘာကြောင့် သဘောတူညီချက် မရသလဲ

by စောရယ်
27 December 2023
10.8k

MNDAA သည် လောက်ကိုင်မြို့ထဲရှိ စစ်ကောင်စီရဲစခန်းကို သိမ်းပိုက်ထားသလို မြို့ဧရိယာ ၃ ပုံ ၂ ပုံခန့်ကို ဝင်ရောက် နေရာ ယူနေပြီဖြစ်ကြောင်း Tik Tok လူမှုကွန်ရက်တွင် တက်လာသည့် MNDAA နှင့် နီးစပ်သူများ...

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

by စောရယ်
20 January 2024
10.3k

၁၀၂၇ စစ်ဆင်ရေး နယ်မြေတွင် ရှမ်းတိုင်းရင်းသားအများစု နေထိုင်သော မြို့များလည်း ပါဝင်သည်ဖြစ်ရာ ၎င်းတို့၏ သဘောထားသည်လည်း မေ့မထားအပ်ဘဲ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
9.5k

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

Next Post
စစ်ပြေးစစ်ရှောင် မိခင်နှင့် ကလေးများပေါ်ထွက် နေသမျှ “No One Left Behind” မည်သို့မျှမဖြစ်နိုင်/ဧရာဝတီ

ဘာလဲဟဲ့ အလုံးစုံ လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှု

KMIC စီမံကိန်းတွင်ပါဝင်မည့် လူနေအိမ်နှင့် တိုက်ခန်းများကို သရုပ်ဖော်ရေးဆွဲထားပုံ / KMIC 

အရှေ့တောင်အာရှ သုံးနိုင်ငံနှင့် ဖက်စပ်စီမံကိန်များ မြန်မာ စတင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved