• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်နှင့် KNU စစ်ရေးတင်းမာနေ၊ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးရ

by ဇင်လင်းထက်
30 December 2020
in သတင်း
A A
ဖာပွန်ခရိုင်အတွင်း တပ်မတော် တပ်စခန်းများ ဆုတ်ခွာပေးရန် ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ်   / Thoolei News

ဖာပွန်ခရိုင်အတွင်း တပ်မတော် တပ်စခန်းများ ဆုတ်ခွာပေးရန် ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ် / Thoolei News

8.4k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် အစိုးရတပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ တို့ကြား စစ်ရေး တင်းမာနေမှုကြောင့် ဒီဇင်ဘာလကုန်အပိုင်းအထိ ဒေသခံ ၃၂၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဖာပွန် (မူတြော်) ခရိုင်ရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ကြား တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှ ရွာသူ/ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးနေရခြင်း ဖြစ်သည်။

KNU မူတြော် ခရိုင်ရုံးမှ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုးက “ရွာက မဲဝိုင်ကျေးရွာအုပ်စုက ၁၀ ရွာ၊ နောက် မဲသူကျေးရွာ အုပ်စု က၂ ရွာပေါ့။ နောက် မန်လီကျ ကျေးရွာအုပ်စုက ၁ ရွာ ရှိတယ်ပေါ့။ စုစုပေါင်း ၁၃ ရွာလောက် ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တော့ ရွာတွေမှာ လူမရှိတော့ဘူးပေါ့။ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်တော့ ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက KNU တပ်မဟာ (၅) ထံသို့ ၎င်းတို့ ထွက်ပြေးတိမ်းရှောင်တော့မည့် အကြောင်း လာရောက် တင်ပြခဲ့သဖြင့် စစ်ဘေးရှောင်မည့် လူစာရင်းအား KNU ဘက်က သိရခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်ကပင် KNU တပ်မဟာ ၅ အခြေစိုက်ရာ ဖာပွန်ခရိုင်နှင့် KNU တပ်မဟာ ၁ အခြေစိုက်ရာ မွန်ပြည်နယ် သထုံခရိုင် အကြား၌ တပ်မတော်ဘက်က စစ်သည် အင်အား ၄၀၀ ခန့်ကို စုစည်းထားသဖြင့် တပ်မတော်နှင့် KNU တို့ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေဆဲ ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုးက ရှင်းပြသည်။

ဒုဗိုလ်မှူးကြီး စောကလယ်ဒိုး က “စစ်ရေး အခြေအနေကတော့ အခုထက်ထိတော့ တင်းမာနေတုန်းပဲဗျ။ အဲဒီဘက်က တပ်အင်အားလျှော့တာတွေ မရှိသေး ဘူး။ တွေ့ဆုံပြီးတော့ ပြောဆိုညှိနှိုင်းတာတွေလည်း မရှိသေးတဲ့အခါကျတော့ တင်းမာနေတုန်းပဲလို့ ပြောရမှာပေါ့” ဟု မှတ်ချက်ပေးသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ မဲဝိုင်စခန်းသည် တပ်မတော်ဘက်က ၁၉၈၃ ခုနှစ် မတိုင်ခင်ကတည်းက စခန်းချခဲ့သောနေရာဖြစ်ပြီး ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် တပ်စခန်း ဖယ်ပေးခဲ့ကြောင်း ဆို သည်။

ထို့နောက် ၁၉၉၅ ခုနှစ်တွင် တပ်မတော်ဘက်က မဲဝိုင်ရွာရှိ မူလစခန်းချခဲ့သည့်နေရာတွင် ပြန်လည်စခန်းချ တပ်စွဲထားခဲ့ ခြင်း ဖြစ်ကြောင်း နေပြည်တော်တွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောပြသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် တပ်စခန်း ဖယ်ပေးဖို့ KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း ၁၀၂ က တပ် မတော်ဘက်ကို စာပို့ထားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောချင်တာက တပ်မဟာ (၅) ရဲ့ လုပ်ရပ်ဟာ KNU ဗဟိုနဲ့ တပ်မတော်တို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကွဲလွဲနေတဲ့အတွက် တပ်မတော်ဘက်က KNU ဗဟိုကို အကြောင်းကြားစာ ပို့ထားပါတယ်။ ဒီကိစ္စဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ တရားဝင် ဆွေးနွေးပွဲတွေက တဆင့် ညှိနှိုင်းရ မယ့် ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။

ဖာပွန်ခရိုင်အတွင်း တပ်မတော် တပ်စခန်းများ ဆုတ်ခွာပေးရန် ဒေသခံများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ- Thoolei News)

မဲဝိုင်ကျေးရွာတွင် လက်ရှိ နေထိုင်နေသော ရွာသားတဦးကလည်း မဲဝိုင်ရွာဝန်းကျင်တွင် တပ်မတော်နှင့် KNU တို့ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

တပ်မတော် တပ်စခန်းသည် မဲဝိုင်ရွာအလယ်တွင် တပ်စွဲထားပြီး KNU ဘက်ကလည်း တပ်စခန်း မဖယ်ပေးပါက လုံခြုံရေး အရ လိုအပ်သလို ဆက်လက် ဆောင်ရွက်မည်ဟု ပြောဆိုထားရာ မဲဝိုင်ရွာသည် တိုက်ပွဲ အချိန်မရွေး ထဖြစ်နိုင်သည့် နေ ရာ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရွာသားက ၎င်း၏ အမျိုးသမီးနှင့် ကလေးများကို ဘေးလွတ်ရာသို့ ပို့ထားပြီး ၎င်းကိုယ်တိုင်ကတော့ ထွက်ပြေး တိမ်းရှောင်ခြင်း မရှိသေးဘဲ ရွာမှာပင် နေထိုင်နေဆဲ ဖြစ်ကြောင်း ဧရာဝတီသို့ပြောပြသည်။

၎င်းက “တချို့ကလည်း ဘီးလင်းဘက်မှာ ဆွေမျိုးအသိုင်းအဝိုင်းတွေ ရှိကြတော့ အဲဒီဘက်ကို ရှောင်ကြတာတွေရှိတယ်။ တောင် ပေါ်ဒေသ ဘေးလွတ်တဲ့နေရာတွေကို ရှောင်ကြတာလည်း ရှိတယ်။ ဘီးလင်းအရှေ့ဘက်ခြမ်းက ရွာတွေဘက်ကို တိမ်း ရှောင်ကြတာများတယ်။ ကျနော်ကတော့ ရွာမှာပဲ နေတယ်။ တကယ်လို့ တိုက်ပွဲဖြစ်ရင်တော့ ရှောင်ရမှာပေါ့။ ရွာတွေကို အကုန်လုံး ပစ်ထားလို့တော့ မရဘူးလေ” ဟု ပြောဆိုသည်။

တပ်မတော်ဘက်ကလည်း ၎င်းတို့ တပ်စခန်းနှင့် ကိုက် ၁၅၀ အကွာအတွင်းသို့ မည်သူမျှမလာရန် ကန့်သတ်ထားသည်ဟု မဲဝိုင်ရွာသားက ဆက်လက်ပြောဆိုသည်။

ကရင်ပြည်နယ် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) ၏ ဒု ဥက္ကဋ္ဌ (၂) နော်မေးလောထူး ကလည်း တိုက်ပွဲများကြောင့် ရွာသားများ တိမ်းရှောင်နေရသည်ကို ကြားသော်လည်း မြေပြင် အထိ ဆင်းကာ သတင်း အတည်ပြုရန် JMC – L အဖွဲ့အတွက် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။

၎င်းက “အဲဒီဘက်က ဖာပွန်ထက် ဘီးလင်းနဲ့ ပိုနီးတယ်။ တိမ်းရှောင်နေတာက တချို့ရွာတွေမှာ လိုက်နေတယ်။ ကျန်တာလည်း ကျန်တယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ကျတော့ လက်လှမ်းမမှီဘူးလေ။ အခုက သွားလို့မှ မရတာ” ဟု ဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နံနက်ပိုင်းမှာပင် ဖာပွန်ခရိုင် လူတောမြို့နယ်တွင် ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော် တပ်စခန်းများ ဆုတ်ခွာပေးရန် ဒေသခံရွာသား ၁ သောင်းကျော် ဆန္ဒထုတ်ဖော်နေကြောင်း ကရင်လူငယ်အဖွဲ့ထံက သိရသည်။

KNU ထိန်းချုပ်ထားသည့် ဖာပွန်ခရိုင်အတွင်းတွင် မြို့နယ် ၃ ခုရှိသည့် အနက် လူတောမြို့နယ်တွင် ဆန္ဒပြနေခြင်းဖြစ်ပြီး အဆိုပါ မြို့နယ်သည် စစ်ရေးတင်းမာမှုကြောင့် ရွာသားများ တိမ်းရှောင်နေရသည့် ဒွယ်လိုးမြို့နယ်ရှိ ရွာများနှင့် အလှမ်း ဝေးကြောင်း သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

You may also like these stories:

မြိုင်ကြီးငူက ကရင်စစ်ရှောင်များကို ပြန်လည်နေရာချပေးတော့မည်

KNU တပ်မဟာ ၅ ၏ ပစ်ခတ်မှု သယံဇာတ အကျိုးစီးပွားကြောင့်ဟု တပ်မတော်ပြော

တပ်မတော်နှင့် KNU ဖာပွန်တိုက်ပွဲ ဘယ်လို ဖြစ်ခဲ့သလဲ

Your Thoughts …
Tags: KNUစစ်ရေးတင်းမာတပ်မတော်ဖာပွန်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
၂၀၁၄ ခုနှစ်အတွင်းက ရန်ကုန်တွင် ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတခု/ဧရာဝတီ

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ NLD က ပြည်လုံးကျွတ် ဆန္ဒခံယူမှာလား

၂၀၂၀ ရဲ့ “အလှဆုံး မျက်နှာ ၁၀၀” စာရင်းမှာ ပါဝင်တဲ့ ခင်ဝင့်ဝါ

၂၀၂၀ ပြည့်နှစ်အတွက် အလှဆုံး မျက်နှာ ၁၀၀ စာရင်းမှာ ခင်ဝင့်ဝါ ပါဝင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved