• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနိုင်ငံရှိ ကိုဗစ်ပိုးမျိုးဗီဇ အနည်းငယ်သာ ပြောင်းလဲ ဟုဆို

by သဇင်လှိုင်
31 December 2020
in သတင်း
A A
နှာခေါင်းတို့ဖတ်ရယူကာ COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးနေစဉ် / ထက်ဝေ / ဧရာဝတီ

နှာခေါင်းတို့ဖတ်ရယူကာ COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးနေစဉ် / ထက်ဝေ / ဧရာဝတီ

2.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြု လူနာများ၏ ဓာတ်ခွဲနမူနာအချို့မှ SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးဗီဇကို စစ်ဆေးရာ တွင် အနည်းငယ်မျှသာ ပြောင်းလဲမှုရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

မျိုးဗီဇ ပြောင်းလဲမှု အနည်းငယ်မျှ ရှိသော်လည်း ယခုတွေ့ရှိရသော ပြောင်းလဲမှုဖြစ်စဉ်သည် ဗြိတိန်နိုင်ငံနှင့် ကမ္ဘာ့ နိုင်ငံအချို့တွင် တွေ့ရသည့် ကူးစက်မြန် မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ် VUI202012/01 (Lineage: B.1.1.7) နှင့် 501.V2 မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယခု ပြောင်းလဲမှု ပိုးဗီဇ အမျိုးအစားသည် GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း) ဖြစ်ပြီး၊ မျိုးဗီဇနွယ် (Lineage: B.1.36) ဖြစ်ကာ အဆိုပါ တွေ့ရှိမှုရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြု (US NCBI/ NIH) Database တွင် တင်သွင်းကာ အတည်ပြု စိစစ်မှု ခံယူထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ဒါက သိပ်ထူးခြားတဲ့ ပြောင်းလဲမှု မဟုတ်ဘူး ဆိုတာ သိစေချင်ပါတယ်။ ဒီပြောင်းလဲမှုကြောင့် ကူးစက်မှုတွေမြန်တာ၊ ရောဂါ ပိုပြင်းထန်တာတို့၊ သေဆုံးမှုနဲ့ ကုသမှုမှာ ပြောင်းလဲမှု ဖြစ်တာတို့၊ ကာကွယ်ဆေးမှာ ပြောင်းလဲမှုဖြစ်တာတို့ ရှိတဲ့ ပြောင်းလဲမှု မဟုတ်ပါဘူး” ဟု ဆိုသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
402
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
143
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

“ဗိုင်းရပ်စ်တွေရဲ့ သဘော သဘာဝကိုက ဗိုင်းရပ်စ်ဆိုရင် ဗီဇပြောင်းလဲမှုက အမြဲဖြစ်ပါတယ်။ တချို့ပြောင်းလဲမှုတွေက တော့ တကယ့်ကို မသိမသာလေးပဲ ဘာမှထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူး။ အနည်းငယ်ပဲ ပြောင်းလဲမှု ရှိတယ်ဆိုတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဗြိတိန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားနိုင်သော မျိုးဗီဇပြောင်းလဲမှုရှိသည့် SARS-CoV-2 ဗိုင်း ရပ်စ် မျိုးကွဲသစ် VUI202012/01(Lineage: B.1.1.7) နှင့် 501.V2 တို့ကို တွေ့ရှိရကြောင်း ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံ တွင်လည်း ကိုဗစ်ရောဂါပိုးကို မျိုးဗီဇ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ရောဂါပိုး နမူနာများကို မျိုးဗီဇနွယ်(Lineage) စစ်ဆေးခြင်း၊ မျိုးဗီဇဆင်တူညီမှု (Genetic Clade) စစ်ဆေးခြင်းနှင့် ဗီဇပြောင်းလဲမှုများကို စစ်ဆေးခဲ့ရာတွင် ဩဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စတင်ပျံ့နှံ့ခဲ့သည့် ကူး စက်မြန် အမျိုးအစား (D614G) နှင့် မျိုးဗီဇနွယ်ဆိုင်ရာ အချက်အလက်များ တူညီကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထားသည်။

ယခုတွေ့ရှိရသော ပိုးဗီဇ အမျိုးအစား GH strain (D614G+Q57H ဗီဇပြောင်းလဲခြင်း) ၊ မျိုးဗီဇနွယ် (Lineage: B.1.36) နှင့် ပတ်သက်ပြီး အသေးစိတ် ဆက်လက် လေ့လာလျက်ရှိကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန (မန္တလေး)မှ ကိုဗစ်အတည်ပြု ဓာတ်ခွဲနမူနာ ၁၁ ခု ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ ၁၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ၂၂ ခုကို ဆေးသုတေသနဦးစီးဌာန၊ အဆင့်မြင့် မော်လီကျူး သုတေသနဌာ နတွင် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဗြိတိန်တွင် ကူးစက်မှုနှုန်းများ ရုတ်တရက်မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံအချို့ကို လည်း ယင်းမျိုးဗီဇကွဲအသစ်သည် ပြန့်နှံ့လျက် ရှိသည်။ အဆိုပါ ဗိုင်းရပ်စ်သစ်သည် လူတို့၏ ဆဲလ်များတွင် ကူးစက်စေ သည့် အဓိက အပိုင်းဖြစ်သော N501Y ဆိုသည့် ဗီဇပြောင်းလဲမှု ရှိနေကြောင်း သိရသည်။

မတ်လ၂၃ ရက်မှ ဒီဇင်ဘာလ၂၉ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၃,၁၅၃ ဦး ရှိနေပြီဖြစ်ကာ သေဆုံးသူ ၂,၆၃၇ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၀၅,၂၇၉ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

အမေရိကန်မှာ ယူကေ COVID-19 အမျိုးအစားသစ် ကူးစက်မှု တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကြောင့် အနာဂတ်အတွက် မရေရာမှုက ပိုတိုးလာ

ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို

Your Thoughts …
Tags: ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းမျိုးဗီဇ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မြဝတီ ကာစီနိုရုံ အတွင်း ဂိမ်းကစား နေကြသူများ / ဧရာဝတီ

မြဝတီ ကာစီနို၌ အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများထံမှ ကိုဗစ်ပိုးတွေ့

by ထွန်းထွန်း
11 January 2021
3.8k

မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာမှုကြောင့် အစိုးရပိုင်းက ကာစီနိုလောင်းကစားရုံ များအား ပိတ်ထားရန် ညွှန်ကြားထားသော်လည်း ရုံများအတွင်းသို့ ဝင်ရောက် စစ်ဆေးရန် အခက်အခဲရှိကြောင်း ဌာနဆိုင် ရာ တာဝန်ရှိသူအချို့က ပြောသည်။

Myanmar FDA ခွင့်ပြုချက်ရထားသည့် FAVIPAC (Favipiravir 200mg) သောက်ဆေး / Pacific-AA Foundation

မြန်မာနိုင်ငံမှာ ထုတ်တဲ့ ကိုဗစ်ကုသဆေး စိတ်ချရသလား

by သဇင်လှိုင်
1 January 2021
11.6k

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ / ဧရာဝတီ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်ပိုးရှိသူ ၄ ဦး တွေ့

by ဧရာဝတီ
13 May 2021
11.3k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ အမျိုးသား ၄ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိရသဖြင့် ဆေးကုသမှုခံယူနေရ ကြောင်း

တရုတ်- မြန်မာ နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်  / ခွာညိုသစ်သီးပွဲရုံ

ကိုဗစ်ပိုး တွေ့၍ ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်မှ ယာယီ ပိတ်

by ဧရာဝတီ
2 March 2022
7.4k

တရုတ်ဘက်ခြမ်းရှိ အကောက်ခွန် ဝန်ထမ်းများ၊ ကျန်းမာရေး စစ်ဆေးသည့် ဝန်ထမ်းများနှင့် ရှန်တိန် (အစား ထိုး ယာဉ်မောင်း) များတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် ယာဉ်အဝင်/ အထွက် ကုန်သွယ်မှုများကို ယာယီပိတ် ထားလိုက်ခြင်း...

ကိုဗစ်ရောဂါပိုးကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဆိုင်းပုတ်/ဧရာဝတီ

ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ

by ဧရာဝတီ
29 May 2021
28.3k

ထုတ်ပြန်သည့် ကိုဗစ်ဖြစ်ပွားမှုနှုန်း ရုတ်တရက် မြင့်တက်သွားခြင်းမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့ အချုပ်ကားပေါ် ပါလာသူများအနက် တွေ့ရှိမှုများခြင်းကြောင့် ဖြစ်သည်။

အင်္ဂလန်ရဲ့ ဒုတိယအကြိမ် Lockdown ကာလမှာ ကူးစက်မှုနှုန်း လျော့ကျလာတာကို တွေ့ရပါတယ်။

ယူကေမှာ Lockdown ကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာ

by Aurora
1 December 2020
13.3k

လေ့လာချက်အသစ်နဲ့ ပတ်သက်ပြီး Department of Health and Social Care (DHSC) ကတော့ ဗိုင်းရပ်စ် ပျံ့နှံ့မှုက ရှိနေဆဲဖြစ်လို့ သတိရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Next Post
သရုပ်ဆောင် စည်သူမောင် / Si Thu Maung's Facebook

Rating System ပြောင်းလဲဖို့ တောင်းဆိုကြတဲ့အပေါ် စည်သူမောင်ရဲ့ အမြင်

စမွတ်စခွန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ မရှိ စစ်ဆေးရန် တန်းစီစောင့်ဆိုင်းနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ / Arnun Chonmahatrakool / Bangkok Post

ထိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ချန်ထားမရနိုင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved