COVID-19 Virus ပိုး အပါအဝင် Influenza virus ကုသဆေးဝါးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကိုဗစ် ထိန်းချုပ်ကုသရေး ဗဟိုကော်မတီနှင့် တပ်မတော်၏ ကိုဗစ်ထိန်းချုပ်ကုသရေး ဆေးရုံများသို့ လှူဒါန်းမည် ဖြစ်ကြောင်း Pacific Medical Industries Ltd (PMI) က ထုတ်ပြန် ကြေညာခဲ့သည်။
သို့ဖြစ်ရာ အဆိုပါ ဆေးဝါးအကြောင်းကို အသေးစိတ် သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ Pacific Medical Industries Ltd (PMI) ကနေ ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်တယ်ဆိုပြီး သိရပါတယ်။ အဲဒီ FAVIPAC (Favipiravir 200mg) သောက်ဆေးက ဘာလဲဆိုတာ အရင် ရှင်းပြပေးပါရှင့်။
ဖြေ။ ။ ဒီဆေးက Avigan လို့ ခေါ်တာပေါ့။ ဂျပန်Toyama ကုမ္ပဏီ။ တိုင်းရင်းဆေး ထုတ်လုပ်တဲ့ တက္ကသိုလ်ကြီးလည်း ရှိတယ်။ အဲဒီကနေပြီးတော့ စထုတ်တာ။ သူ့ရဲ့နာမည်က Favipiravir လို့ခေါ်တယ်။ သူကတော့ တုပ်ကွေးအမျိုးမျိုးအတွက်။ H1N1 မှာ သုံးတဲ့ ဆေးတွေအတွက်ပါ ရည်ရွယ်တာပေါ့။ နောက်ပိုင်း ကိုဗစ်ပေါ်လာတဲ့ အခါကျတော့ ကိုဗစ်မှာလည်း တိုင်းရင်းဆေးတွေ တော်တော်များများလည်း သုံးကြတယ်လေ။ တရုတ်ပြည်က အစပိုင်း သူတို့ရောဂါတွေ သက်သာတာ ဒီ တိုင်းရင်းဆေးတွေကြောင့်လို့တော့ ပြောကြတာပေါ့။ အဲဒီအချိန်မှာ ဂျပန်ကလည်း ခုနက ပြောတဲ့ Avigan ထုတ်တယ်။ ထုတ်ပြီး သုံးတယ်ပေါ့။ သုံးတဲ့အခါမှာလည်း သူတို့လည်း ထိရောက်မှု ရှိတယ်ဆိုပြီးတော့ ပြောတယ်။
ကိုဗစ်ကုသမှုမှာ ထိရောက်မှု ရှိလားဆိုတာတော့ နိုင်ငံတကာမှာ လေ့လာမှု၊ စမ်းသပ်မှုတွေ လုပ်နေတုန်းပေါ့။ လေ့လာမှု၊ စမ်းသပ်မှုတွေ လုပ်တဲ့ထဲမှာ တချို့ကလည်း ရောဂါလက္ခဏာ နည်းနည်းပြတဲ့လူနဲ့ အသင့်အတင့်ပြတဲ့ လူမှာပဲ ထိရောက်မှု ရှိတယ်လို့ ပြောတယ်။ ပြင်းထန်တဲ့ လူတွေအတွက်တော့လည်း မရဘူး။
ဒီကိုလည်း လှူထားတာတွေ ရှိတယ်။ Remdesivir ဆေးတွေ မလှူဒါန်းခင် ရှေ့ကပေါ့။ ပထမလှိုင်းမှာပေါ့ အဲဒီကတည်းက လှူဒါန်းထားတာတွေ ရှိတယ်။ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ အဲဒီနိုင်ငံတွေကလည်း လိုင်စင်ခံပြီးတော့ ပြန်ထုတ်တာ ရှိတယ်။ Generic name ကတော့ Favipiravir ပေါ့။ ဒါကိုပဲ နိုင်ငံအမျိုးမျိုးကနေပြီး နာမည်ပြန်ပေးတာ။ ဥပမာ ပါရာစီတမော့ကို ပါရာကပ်လည်း လာတယ်။ ဘိုင်အိုဂျက်စစ်လည်း လာတယ်။ ပါရာစီတမော့ နာမည်တွေ အမျိုးမျိုးရှိတယ်လေ။ အဲဒီလိုပဲ နာမည်အမျိုးမျိုးနဲ့ ထွက်တာပေါ့။
ကိုဗစ်ကုသမှုမှာ ထိရောက်မှု ရှိလားဆိုတာတော့ နိုင်ငံတကာမှာ လေ့လာမှု၊ စမ်းသပ်မှုတွေ လုပ်နေတုန်းပေါ့။ လေ့လာမှု၊ စမ်းသပ်မှုတွေ လုပ်တဲ့ထဲမှာ တချို့ကလည်း ရောဂါလက္ခဏာ နည်းနည်းပြတဲ့လူနဲ့ အသင့်အတင့်ပြတဲ့ လူမှာပဲ ထိရောက်မှု ရှိတယ်လို့ ပြောတယ်။ ပြင်းထန်တဲ့ လူတွေအတွက်တော့လည်း မရဘူး။
မေး။ ။ ဒီဆေးက Remdesivir ဆေးနဲ့ သဘောသဘာဝရော တူသလား။
ဖြေ။ ။ သဘောသဘာဝချင်း မတူဘူး။ Avigan က ဂျပန်က တိုင်းရင်းဆေးကနေပြီး အခြေခံပြီးတော့ ထုတ်တာ။ Remdesivir ကျတော့ အမေရိကန်က ထုတ်တာ မတူဘူးပေါ့။ ဒါပေမယ့် နှစ်ခုလုံးရဲ့ သဘောသဘာဝချင်း ဆင်တာကတော့ ဗိုင်းရပ်စ်ပိုးကို သတ်တဲ့ အာနိသင် ရှိတယ်။ တနည်းအားဖြင့် ဗိုင်းရပ်စ် ပိုးတွေ ပွားများတာကို တားနိုင်တဲ့ဟာပေါ့။ အဲဒီ အာနိသင် ရှိတယ်ဆိုပြီး သုံးကြတာ။ ဒါပေမယ့်လည်း ရောဂါလက္ခဏာ ပြင်းထန်လို့ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ ပွား ပြီးတော့ ဒီဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အောက်ဆီဂျင် လယ်ဗယ်ကျသွားတာတို့ ကိုယ်တွင်း အင်္ဂါတွေ ပျက်စီးသွားတာတို့၊ အဲဒီလို အချိန်မျိုးမှာ ပေးရင်တော့ မထိရောက်သလောက် ရှိတာပေါ့။ Remdesivir ရော Avigan ရော အတူတူပဲ။
ဒီဆေး၂ မျိုးလုံး သတင်းတွေကိုလည်း ကမာ္ဘပေါ်မှာ အမျိုးမျိုးထွက်တာပေါ့။ Remdesivir ဆို Gilead ကုမ္ပဏီက ထုတ်တယ်။ US ကနေပြီးတော့ FDA ကနေပြီးတော့ Emergency use ဆိုပြီးတော့ Authorize ပေးတယ်။ ဒါပေမယ့် တဖက်က ကမာ္ဘ့ကျန်းမာရေး အဖွဲ့ကျတော့လည်း ဒါတွေက သိသာထင်ရှားတဲ့ အာနိသင် မရှိဘူးလို့တော့ ပြောထားတယ်။
တခုရှိတာက သုတေသန လုပ်တယ်ဆိုတာက End Point ကို တိုင်းတာချင်း မတူဘူးပေါ့။ ဥပမာ သေဆုံးမှုနှုန်းကို တိုင်းကြည့်ရင် အထူးသဖြင့် ရောဂါပြင်းထန်တဲ့ လူတွေကြားထဲမှာ သေဆုံးမှုကို သွားတိုင်းကြည့်ရင် Remdesivir ရော Avigan ရောက ဘာမှ ထူးခြားတဲ့ အာနိသင်ပြမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကလီစာတွေ ပျက်စီးပြီးတော့မှ သိကြားမင်း ဆင်းကယ်တောင် မရနိုင်တဲ့ အနေအထားပေါ့။ အဲဒီလို အနေအထားမျိုးမှာ End Point က သေဆုံးနှုန်းနဲ့ တိုင်းမယ်ဆိုရင်တော့ ကမာ္ဘ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်သလိုပဲ ဘာမှ ထူးထူးခြားခြား ရှိမှာ မဟုတ်ဘူး။
Remdesivir ရော Avigan ရောက သုတေသန ပညာရှင်တွေ အထူးသဖြင့် ဒီဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ပြောကြားနေတဲ့ အချက်ကတော့ စောစောသိဖို့ လိုတယ်။ စောစောထိုးဖို့ စောစောကုသဖို့ လိုတယ်။
နောက်တခုက ဆေးရုံကြီးကို နောက်ကျမှ ရောက်တဲ့လူတွေဆိုရင် ဗိုင်းရပ်စ်က အများကြီး ပွားပြီးသွားပြီ။ ခန္ဓာကိုယ်ထဲမှာ ဒုက္ခမျိုးစုံ ပေးထားပြီပေါ့။ အဲဒီလို အခြေအနေမျိုးမှာ ဆေးရုံဆင်းရတာ စောလားဆိုပြီး သက်သာတဲ့ End Point မျိုးပေါ့။ ဒီဆေးပေးလိုက်ရင် ဘယ်လောက် သေနှုန်းကျသွားလဲ၊ ဆေးရုံ ဘယ်လောက်စောပြီး ဆင်းရလဲပေါ့။
Remdesivir ရော Avigan ရောက သုတေသန ပညာရှင်တွေ အထူးသဖြင့် ဒီဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ပြောကြားနေတဲ့ အချက်ကတော့ စောစောသိဖို့ လိုတယ်။ စောစောထိုးဖို့ စောစောကုသဖို့ လိုတယ်။
ဒါမှသာလျှင် ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲကို စရောက်မယ်၊ လက္ခဏာပြမယ်၊ ဗိုင်းရပ်စ် အကောင်ရေက သိပ်မများသေးဘူး။ ခန္ဓာကိုယ်ထဲမှာလည်း ဒုက္ခသိပ်မပေးရသေးဘူးပေါ့။ အဲဒီလို အနေအထားမျိုးမှာ ဒီဆေးတွေ ပေးလိုက်ရင် ဗိုင်းရပ်စ်ပိုးပွားတာကို လျော့သွားတယ်။ ဗိုင်းရပ်စ်ပမာဏ နည်းနည်းကိုပဲ ခန္ဓာကိုယ်က ခုခံတိုက်ခိုက်ရမယ်ပေါ့။ အောက်ဆီဂျင် ရှုရမယ့်နှုန်းတွေ သက်သာမယ်။ နာလန်ထတဲ့နှုန်း ပိုမြန်မယ်ပေါ့။
လက်ရှိကတော့ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုတဲ့ ကိုဗစ်ကုသဆေးကတော့ ဘယ်ဟာမှ မထွက်သေးဘူး။ နိုင်ငံတကာ ပညာရှင်တွေကြားမှာ လက်ခံထားတာကတော့ STOP ဆိုတဲ့ Treatment သာလျှင် အကောင်းဆုံးလို့ ယူဆ ထားတာပေါ့။ ကျနော်တို့ဆီမှာလည်း STOP ကိုပဲ သုံးတာပေါ့နော်။ အဲဒီ STOP မှာ ဘာပါလဲဆိုရင် Steroid ပေါ့။ Steroid ဆိုတာ Dexamethasone ပေါ့။ နောက်တခုကတော့ Thrombolytic therapy လို့ခေါ်တယ်။ သွေးခဲတဲ့ဓာတ်တွေ တက်လာရင် သွေးကျဲစေတဲ့ ဆေးတွေပေးရမယ်။ အရေးပါဆုံးနဲ့ အရေးကြီးဆုံးကတော့ အောက်ဆီဂျင်ပဲ။ လက်ရှိမှာ အကောင်းဆုံးလို့ ကမာ္ဘပေါ်မှာ လက်ခံထားတာကတော့ STOP ပဲပေါ့။
မေး။ ။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုဗစ်ကုသရေး ဗဟိုကော်မတီကို လှူဒါန်းထားတယ်။ တပ်မတော် ကိုဗစ်ကုသရေးကိုလည်း လှူဒါန်းထားတယ်ဆိုတော့ ဒီဆေးကို လက်ရှိမှာ သုံးနေပြီလား။
ဖြေ။ ။ ကျနော်တို့ဆီမှာ လက်ရှိသုံးနေတဲ့ Avigan ဆိုတဲ့ ဆေးကတော့ Original ပေါ့။ ဂျပန်ကလာတဲ့ Original ပေါ့။ အဲဒါက Remdesivir လိုပဲ လှူဒါန်းထားတာတွေက အစောပိုင်းကတည်းက ရောက်ရှိနေတာ။ ကျနော်တို့ဆီက သမားတော်တွေလည်း သုံးတယ်။ သုံးတဲ့အခါကျတော့ စောစောရောက်တဲ့ လူနာတွေကို သုံးတယ်။ အဓိကတော့ အဲဒါပဲ။ ဆေးရုံကို စောစောရောက်ဖို့ပဲ။ စောစောရောက်တော့ ရောဂါလက္ခဏာ သိပ်မပြင်းထန်ဘူး။ အလယ်အလတ်ဆိုတော့ အောက်ဆီဂျင် စပြီး ရှူရတဲ့ လူနာတွေကို ပေးတဲ့အခါမှာ အထိုက်အလျောက် သိသာတာ တွေ့ရတယ်။ Avigan ပေးလိုက်ရင် ပိုပြီးသက်သာလာတာ တွေ့ရတယ်။
အဲဒီအခါကျတော့ ဒီလိုမျိုး ကပ်ရောဂါတွေမှာ အရေးပေါ်အနေအထားပေါ့။ ကောက်ရိုးလေး တမျှင်။ ဒီလိုမျိုး လူနာတွေ အတွက်ကို ကုသပေးနိုင်ဖို့အတွက် အထူးကုသမားတော်တွေရဲ့ လက်ကိုင်ဆေးအနေနဲ့ သုံးတာ။
ဒါပေမယ့်လည်း ပြင်းထန်တဲ့ လူနာတွေမှာတော့ သိပ်မထူးဘူးလို့ သိရတယ်။ အဲဒီတော့ ကျနော်တို့ဆီက FDA ကလည်း Emergency Use Authorization ဆိုတာ Remdesivir ကိုပေးသလိုပဲ အရေးပေါ်အနေနဲ့ ပေးတာ။ Emergency Use ဆိုတာ တခါတည်း အပြီး ကုသဆေးဆိုပြီး ပေးတာ မဟုတ်ဘူး။ ဒါတွေက Antiviral အာနိသင်ရှိတဲ့ ဆေးတွေ ဖြစ်တယ်။
အဲဒီအခါကျတော့ ဒီလိုမျိုး ကပ်ရောဂါတွေမှာ အရေးပေါ်အနေအထားပေါ့။ ကောက်ရိုးလေး တမျှင်။ ဒီလိုမျိုး လူနာတွေ အတွက်ကို ကုသပေးနိုင်ဖို့အတွက် အထူးကုသမားတော်တွေရဲ့ လက်ကိုင်ဆေးအနေနဲ့ သုံးတာ။
ဒါပေမယ့်လည်း ဒါတွေက ထိရောက်မှု မရှိဘူးဆိုရင် အရေးပေါ်အခြေအနေမှာ သုံးစွဲခွင့် (Emergency Use Authorization- EUA) က ပြန်ရုပ်သိမ်း သွားမှာပေါ့။ ထိရောက်မှုရှိရင် EUA က ဆက်တိုးချဲ့ဖို့ ခွင့်ပြုလိမ့်မယ်။ ဒါမျိုးတွေလည်း ရှိတယ်ပေါ့။

မေး။ ။ အပေါ်မှာ ဆရာရှင်းပြသလောက်ဆိုရင် သဘောတရားကတော့ ကိုဗစ်ကုသတဲ့နေရာမှာ ဒီဆေးက ပါဝင်ပစ္စည်း တခုအနေနဲ့ အကျိုးသက်ရောက်မှုတော့ ရှိတယ်လို့ နားလည်ပါတယ်။ ဟုတ်ပါသလားရှင့်။
ဖြေ။ ။ ဟုတ်ပါတယ်။ သူက စောစော ရောက်တဲ့သူ အတွက်ပေါ့။ အဲဒါကြောင့် ကျနော်တို့က စောစောရောက်ဖို့ပဲ ခင်ဗျ။ ကျနော်တို့ MOHS မှာလည်း တင်ထားတာ။ ၃၃ ရာခိုင်နှုန်းက စောစောမရောက်လို့ သေဆုံးတာ။ ဒါ နှမြောဖို့ အရမ်းကောင်းတယ်။ အခုလည်း သေနှုန်းတွေ ကျလာဖို့ဆိုတာ လက္ခဏာရှိတဲ့သူတွေက စောစောရောက်ဖို့ လိုတယ်။ စောစောပြော၊ စောစောသိ၊ စောစောကုပေါ့။
ဆရာဝန်ကြီးတွေနဲ့ တွေ့ပြီး ဆရာဝန်ကြီးတွေက ညွှန်ကြားမယ်။ ခင်ဗျားကတော့ ဘာမှမဖြစ်ဘူး။ အနံ့ပျောက်ရုံပဲ၊ အနံ့ ပျောက်စင်တာမှာ နေရင်နေ၊ ဒါမှမဟုတ် သက်သာတဲ့ လူနာတွေထားတဲ့ လူနာဆောင်မှာနေ။ ဒါမှမဟုတ် ခင်ဗျားကတော့ ပိုပြင်းထန်တယ်။ အောက်ဆီဂျင် ရှူရမယ်။ ဒီလိုမျိုးပေါ့။ ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေရဲ့ လမ်းညွှန်မှုကို အနီးကပ် အမြန်ဆုံး ခံယူဖို့လိုတယ်။ ဒါဆို ကျနော်တို့က အသက်တွေ အများကြီး ကယ်နိုင်တယ်။
ဆေးနှစ်မျိုးလုံးကတော့ ကိုယ့်ဟာကိုယ် ဝယ်မသောက်သင့်တဲ့ ဆေးတွေ။ သူ့မှာ Side effect တွေ ရှိတယ်။ ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေနဲ့ တိုင်ပင်ပြီး သမားတော်ကြီးတွေပေးတော့မှသာ သောက်သုံးသင့်တဲ့ဆေးတွေ Avigan ရော Remdesivir ရောပေါ့။
Remdesivir ဆို ထရမ့်လည်း ထိုးခဲ့တာပဲ။ ကမာ္ဘမှာ VIP ထဲမှာ ရှေ့တန်းရောက်နေတဲ့ VIP မျိုးတောင် ထိုးခဲ့တယ်၊ တဖက်က Avigan ဆိုလည်း ကျနော်တို့ဆီမှာ ကုသခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီဟာတွေ အကုန်လုံးက ထိရောက်မှု မရှိဘူးလို့တော့ ပြောလို့မရဘူး။ စမ်းသပ်တဲ့အခါတွေမှာလည်း ထိရောက်မှု ရှိတာတွေ့ရတယ်။ ဒါပေမယ့် ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ကြီးကတော့ လက်မခံသေးဘူး။ သမားတော်ကြီးတွေက ကိုင်တွယ် ကုသနေပြီ။
ဆေးနှစ်မျိုးလုံးကတော့ ကိုယ့်ဟာကိုယ် ဝယ်မသောက်သင့်တဲ့ ဆေးတွေ။ သူ့မှာ Side effect တွေ ရှိတယ်။ ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေနဲ့ တိုင်ပင်ပြီး သမားတော်ကြီးတွေပေးတော့မှသာ သောက်သုံးသင့်တဲ့ဆေးတွေ Avigan ရော Remdesivir ရောပေါ့။
မေး။ ။ ဂျပန်မှာတောင် ကိုဗစ်အတွက် အတည်ပြုချက် မရထားတဲ့ဆေးကို FDA ကနေ ခွင့်ပြုချက်ပေးသင့်ရဲ့လား ဆိုပြီး ဝေဖန်ချက်တွေ အပေါ်မှာရော ဘာများ ပြောချင်လဲ။
ဖြေ။ ။ ဂျပန်မှာက ကိုဗစ်အတွက်တော့ မဟုတ်ဘူး။ အရေးပေါ် တုပ်ကွေးကုသဖို့ အတွက် ဂျပန်မှာ သုံးဖို့ ခွင့်ပြုထားတယ်။ ကိုဗစ်အတွက်ကတော့၂၀၂၀ ဇွန် ၂၀ ရက်မှာ အိန္ဒိယကနေပြီးတော့ Treatment of COVID-19 patient အတွက်ကို ခွင့်ပြုထားတယ်။ အိန္ဒိယမှာ ခွင့်ပြုတဲ့ နာမည်ကတော့ Fabiflu ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်တဲ့ နာမည်ကတော့ Glenmark ပေါ့။ ဂျပန်ကလည်း ကိုဗစ်အတွက်တော့ ခွင့်မပြုရသေးဘူး။ ဒါပေမယ့် အရေးပေါ် တုပ်ကွေးမှာ သုံးဖို့အတွက်တော့ ခွင့်ပြုထား တယ်။
နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ Standard မတူဘူး။ ဥပမာ တရုတ်ပြည်မှာဆိုရင် တိုင်းရင်းဆေးတွေ အများကြီးသုံးတယ်။ ဒါပေမယ့် တရုတ်ပြည်မှာ တရုတ်အစိုးရ အသိအမှတ်ပြုတဲ့ COVID-19 အသုံးပြုတဲ့ တိုင်းရင်းဆေးဆိုတာ ကျနော်တော့ မတွေ့သေးဘူး။ ဂျပန်မှာလည်း တွဲဖက်ကုသတဲ့ အနေနဲ့ သုံးတယ်။ ဒါကြောင့်မို့လည်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့တို့ ဘာတို့က စောင့်ကြည့်နေတာပေါ့။ ဒါတွေက အသိအမှတ် မပြုဘူးလို့ ပြောတာထက်စာရင် မပြုသေးဘူးဆိုတာက မှန်လိမ့်မယ်။
သုတေသနတွေ့ရှိချက်တွေ ခိုင်ခိုင်မာမာတွေ့လာရင်တော့ FDA တွေက ခွင့်ပြုချက်ပေးမှာပေါ့။ ဆေးတခုကို ခွင့်ပြုချက် ပေးဖို့က နံပါတ် ၁ ဘေးကင်းရဲ့လားဆိုတာရယ်။ နောက်တခုက အာနိသင် ထက်မြက်မှုပေါ့။ ဒီနှစ်ခုအပေါ်မူတည်ပြီး သုတေသနတွေက ကမာ္ဘနဲ့တဝှမ်း လုပ်နေတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုဆေးတွေက သမားတော်ကြီးတွေရဲ့ ခွင့်ပြုချက် မရှိဘဲ၊ သမားတော်ကြီးတွေပေးတာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ဝယ်မသုံးသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုဗစ်ဖြစ်လာပြီလို့ သံသယရှိရင် နီးစပ်ရာ ဆေးခန်းကို ဆက်သွယ် သွားရောက်ဖို့ ဒီနှစ်ခုက အရေးကြီးဆုံးပါပဲ။
အိန္ဒိယဆိုရင် Avigan နဲ့ ပတ်သက်ပြီး Glenmark ကုမ္ပဏီဆိုရင် Phase 3 clinical trial ကို ရောက်နေပြီ။ သူဟာလည်း ကောင်းတဲ့ Result လေးတွေ တွေ့ရတယ်။ ဆိုတော့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေကို အခြေခံပြီး FDA တွေက အသိအမှတ်ပြုမှုတွေက နောင်ဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ကျနော်တို့ စောင့်ကြည့်ရမှာပဲ။
ဘာပဲဖြစ်ဖြစ် ဒီလိုဆေးတွေက သမားတော်ကြီးတွေရဲ့ ခွင့်ပြုချက် မရှိဘဲ၊ သမားတော်ကြီးတွေပေးတာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ဝယ်မသုံးသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုဗစ်ဖြစ်လာပြီလို့ သံသယရှိရင် နီးစပ်ရာ ဆေးခန်းကို ဆက်သွယ် သွားရောက်ဖို့ ဒီနှစ်ခုက အရေးကြီးဆုံးပါပဲ။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲရှင့်။
ဖြေ။ ။ အဓိကတော့ ဆေးဝါးတွေ ဘယ်လောက်ကောင်းကောင်း အစောပိုင်းကပြောတဲ့ အောက်ဆီဂျင်ပါပဲ။ အောက်ဆီဂျင် ကျသွားတဲ့အခါ အောက်ဆီဂျင် အမြန်ဆုံးရဖို့ဆိုတာ ကိုဗစ်မှာ အရေးကြီးဆုံး Treatment ဖြစ်တယ်။ အောက်ဆီဂျင်ကို High Flow နဲ့ အမြန်ဆုံး ပေးနိုင်ဖို့အတွက်က အိမ်မှာ စက်ဝယ်ထားလည်း မပေးနိုင်ဘူး။ အိမ်မှာသုံးတဲ့ စက်လေးတွေ ကလည်း အဲဒီလောက် အောက်ဆီဂျင် မထွက်ဘူး။ Ambulance ပေါ်မှာတောင်မှ အချို့ Ambulance တွေမှာပဲ တကယ့် High Flow ပေးလို့ရတဲ့ Ambulance မျိုး ရှိတာ။ Ambulance တော်တော်များများမှာ High Flow မပေးနိုင်ဘူး။ High Flow ပေးနိုင်တာက ဆေးရုံမှာပဲ ရှိတယ်။
အောက်ဆီဂျင် Level ၉၅ အောက်ဆို သာမန်လူကောင်းတယောက်က နည်းနည်း နေလို့ထိုင်လို့ မကောင်းတော့ဘူး။ မောလာပြီ။ ၉၀ အောက်ဆို သိသိသာသာ မောလာပြီ။ ဒါပေမယ့် ကိုဗစ်ရဲ့ မာယာလို့ပဲ ပြောရမယ်။ ကိုဗစ်မှာ အောက်ဆီဂျင် Level ၇၀ ရောက်နေတာတောင် လူနာက စကားပြောနေတုန်း။ ဒါပေမယ့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေက အောက်ဆီဂျင် ငတ်လို့ ပျက်စီးပြီ။ လူတယောက်ကို နှာခေါင်း၊ ပါးစပ်ပိတ်ကြည့်လေ ဘယ်နှမိနစ်ခံနိုင်မလဲ။ အဲဒီလိုမျိုးပဲ ခန္ဓာကိုယ်ထဲက ဆဲလ်တွေက အောက်ဆီဂျင် ငတ်လို့ ပျက်စီးတယ်။
အဲဒီအခါကျတော့ မောပြီဆိုမှ ဆေးရုံသွားတဲ့အခါ လမ်းမှာပဲ ဆုံးတာတွေ၊ ဆေးရုံရောက်ရောက်ချင်းချင်း ဆုံးတာတွေပေါ့။ ဒါမျိုးတွေ ဝမ်းနည်းစရာ အဖြစ်တွေလည်း အများကြီး ရှိတယ်။ အောက်ဆီဂျင်တွေ အများဆုံးနဲ့ Treatment တွေ ကောင်းကောင်းနားလည်တတ်ကျွမ်းတဲ့ သမားတော်ကြီးတွေရှိတဲ့ ဆေးရုံကိုပဲ သွားပြီးတော့ ကုသမှု ခံယူကြပါလို့ ကျနော် တိုက်တွန်း ပြောကြားလိုပါတယ်။
You may also like these stories:
မြန်မာနိုင်ငံတွင် ကိုဗစ်ကုသဆေး ထုတ်လုပ်မှု အောင်မြင်
ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို
COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့ ကမ္ဘာ့နိုင်ငံများ