အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့် ပါတီ အား ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ထုတ်ပြန် ကြေညာလိုက်သည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ယာယီ သမ္မတ ဦးမြင့်ဆွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေး ပေါ် အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာ ဏာများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း ပြောကြားပြီးနောက် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က အထက်ပါ အချက်ကို ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းက “တပ်မတော် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပြီး နိုင် ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို ယာယီ သမ္မတက လွှဲပြောင်းတာ ဝန်ပေးထားတဲ့ ယနေ့မှစပြီး စတင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် တာဝန်ဆောင်ရွက်ခြင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၂၀၀၈ ပါ ပြဋ္ဌာန်းချက်များနဲ့ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေကို ကျော်လွန်ခြင်း မရှိတဲ့ တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” လည်း ပြောကြား ခဲ့သည်။
တပ်မတော်က အာဏာ လွှဲပြောင်းယူလိုက်ကြောင်း ၎င်းတို့ပိုင် မြဝတီ ရုပ်သံသတင်းတွင် ကြေညာပြီးနောက် ပထမဆုံး ထုတ်ပြန်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ကြေညာချက် အမှတ် ၁/၂၀၂၁ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဟူ၍လည်း ပါရှိသည်။
လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွား မည်၊ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကုစားသွားမည်၊ တနိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယင်းအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်သည်။
You may also like these stories:
အာဏာသိမ်းမှု မြန်မာ့ပြည်တွင်းရေးသာဖြစ်ဟု ထိုင်း ဒုဝန်ကြီးချုပ်ပြော
နိုင်ငံရေး ထောင်ချောက်ထဲ မဝင်ရန် NLD ထောက်ခံသူများပြော