လတ်တလောတွင် မြန်မာ့နိုင်ငံရေး အခြေအနေများကြောင့် ဆက်သွယ်ရေး ကွန်ရက်များ ယာယီပြတ်တောက်မှု ရှိနေသဖြင့် ပြည်တွင်းဘဏ်များကို ယနေ့မှစ၍ ယာယီပိတ်ထားရန် မြန်မာနိုင်ငံဘဏ်များအသင်းက ညွှန်ကြားလိုက်သည်။
လက်ရှိတွင် ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှုပေးနေသည့် System Unavailable ဖြစ်နေခြင်း၊ အင်တာနက် ကွန်နက်ရှင် များ မကောင်းသည့် အခြေအနေများကြောင့် ငွေကြေးဝန်ဆောင်မှုပေးရန် အဆင်မပြေသဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ် အသင်းဝင်ဘဏ်များအနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်)မှစ၍ တညီတညွတ်ထဲ ယာယီ ပိတ်ထားရန် ထုတ်ပြန်ထား သည်။
ဘဏ်များ ပြန်လည် ဖွင့်လှစ်မည့်ရက်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက် ခံယူကာ ပြန်လည် ကြေညာပေး မည် ဖြစ်ကြောင်း ပါရှိသည်။
အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာပြီး ဘဏ်လုပ်ငန်းစနစ်များ ပြန်လည်အသုံးပြု၍ ရလာပါက ဘဏ်များ အားလုံး တပြေးညီ ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဘဏ်များအသင်းက ဆိုထားသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကမူ ဘဏ်များ ပိတ်ထားခြင်းမရှိဘဲ ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင် ရွက်လျက်ရှိကြောင်း၊ ယနေ့ နေ့လယ်၂ နာရီ ဝန်းကျင်တွင် ထုတ်ပြန်သော်လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်ကမူ အသင်းဝင်ဘဏ်များအား တညီတညွတ်တည်း ပိတ်ထားရန် ထုတ်ပြန်ခြင်း ဖြစ်သည်။
လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလဟလ သတင်းအချို့ ဖော်ပြ နေကြောင်းနှင့် ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှု မရှိဘဲ ယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ် ရေး ဖုန်းလိုင်းပြတ်တောက်မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ် ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိသည်။
သို့သော်လည်း တပ်မတော်ဘက်က ထုတ်ပြန် မကြေညာခင်ကတည်းက ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ဘဏ်ခွဲများ အားလုံး ယနေ့ မနက်ပိုင်းတွင် ခေတ္တဖွင့်လှစ်ခဲ့ပြီး ငွေထုတ်ယူသူများလည်း များပြားခဲ့ကြသည်။
ထို့နောက် အင်တာနက် ကွန်နက်ရှင်လည်း အဆင်မပြေသဖြင့် ယာယီပိတ်ထားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ ဘဏ်အသီး သီးက ထုတ်ပြန် ကြေညာထားကြသည်။
လက်ရှိတွင် ဘဏ်များ ပိတ်ထားသဖြင့် ငွေထုတ်မည့် ပြည်သူများကြား အခက်အခဲများ ဖြစ်ပေါ်ကာ၊ လကုန်ရက်လည်း ဖြစ်သဖြင့် လစာ ထုတ်ရန်အတွက်လည်း အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။ ထို့ပြင် ATM စက်အသီးသီး၌ ငွေ ထုတ်ရန် တန်းစီစောင့်ဆိုင်းသူ များပြားနေပြီး၊ စက်များ၌ ငွေမရှိတော့ခြင်း၊ အင်တာနက်လိုင်းကျနေခြင်း စသည့် ပြဿနာများလည်း ကြုံနေရကြောင်း ငွေထုတ်သူများက ဆိုသည်။
ယနေ့နံနက်စောစောပိုင်းက လက်ရှိ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် NLD ဝန်းရံသူများကို တပ်မတော်မှ လိုက်လံဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကာ နေ့လယ်ပိုင်းအချိန်မှ အင်တာနက်လိုင်း များ ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
အရေးပေါ်ကာလပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပ၍ အာဏာပြန်လွှဲပေးမည် ဟုဆို