• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ထပ်မံထိန်းသိမ်း၊ ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌများလည်း အဖမ်းခံရ

by ဧရာဝတီ
11 February 2021
in သတင်း
A A
စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု  / ခိုင်ရိုးလ  / ဧရာဝတီ

စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ပြုလုပ်ခဲ့သော ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု / ခိုင်ရိုးလ / ဧရာဝတီ

26.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများကို ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီခန့်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းချိန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပထမတကြိမ် ဖမ်းဆီးခံခဲ့ရ ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်း၌ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထိန်းသိမ်းထားရာမှ ယမန်နေ့ ညက ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

ဖမ်းဆီးခံရသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများတွင် ဂွမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ဆန်း၊ တောင်ကုတ်မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်လွင်၊ ရမ်းဗြဲမြို့နယ်ဥက္ကဋ္ဌ ဦးကျင်သောင်း၊ ကျောက်ဖြူခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ထွန်းတို့ ပါ ဝင်သည်။

တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်လွင်၏ဇနီး ဒေါ်ခင်စုစုခိုင်က “ကျမ အမျိုးသားကို မနေ့က ဖမ်းသွားပါတယ်။ မြို့နယ်ဦးစီးမှူးလည်း ပါသွားတယ်။ ကျမ အမျိုးသားက သူ့ယုံကြည်ချက်အတိုင်း မျှမျှတတ ဖြစ်အောင် ဒီ အလုပ်တွေကို လုပ်ပေးခဲ့တာပါ။ အခုလိုမျိုး ဖမ်းသွားတယ်ဆိုတော့ ကျမတို့လည်း ဘာပြောရမှန်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ဂွမြို့နယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကိုလည်း ယမန်နေ့ညတွင် တပ်မတော်နှင့် ရဲ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားကြောင်း ဂွမြို့နယ် NLD ပါတီဝင်များက အတည်ပြု ပြောဆိုသည်။

တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်းမြို့နယ်များအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိပြီး ယနေ့တွင် ဒေသခံပြည်သူများနှင့်အတူ ပညာရေး ဝန်ထမ်းများပါ လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီ ဖြစ်သည်။

ထိုသို့ ဆန္ဒပြမှုကြောင့် တောင်ကုတ်မြို့နယ် NLD ပါတီမှ ဦးမင်းအောင်၊ ဦးသန့်ဇင်ဖြိုးတို့ အပါအဝင် အမ်းမြို့နယ်မှ ဒေသခံ ပြည်သူ ၆ ဦးတို့ကိုလည်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဖမ်းဆီးခံထားရသည်။

You may also like these stories:

ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၈ ဦး ဖမ်းဆီးခံရ

Your Thoughts …
Tags: ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ကြီးချုပ်ဥက္ကဋ္ဌ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

by ဧရာဝတီ
12 October 2025
3.6k

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းအနေဖြင့် စစ်ကိုင်းမြို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ

စစ်ကော်မရှင် ဝန်ကြီး ဝန်ကြီးချုပ်တွေ ဘယ်နယ်တွေက ဝင်ပြိုင်ကြမလဲ

စစ်ကော်မရှင် ဝန်ကြီး ဝန်ကြီးချုပ်တွေ ဘယ်နယ်တွေက ဝင်ပြိုင်ကြမလဲ

by ဧရာဝတီ
3 November 2025
879

အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးချယ်ခန့်အပ်ထားတဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်ပေါင်း ၂၀ ကျော်ဟာ ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်က ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သူ ပဒိုကွယ်ထူးဝင်း/ဧရာဝတီ

KNU ခေါင်းဆောင်မှုသစ်ဆီက ဘာတွေ မျှော်လင့်နိုင်မလဲ

by စောရယ်
24 May 2023
6.4k

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်က မေလအတွင်းတွင် ခေါင်းဆောင်သစ် ရွေးတင်ခဲ့ကြသည်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ် ဘာတွေရိုက်ခတ်လာနိုင်လဲ (ရုပ်/သံ)

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ် ဘာတွေရိုက်ခတ်လာနိုင်လဲ (ရုပ်/သံ)

by ဧရာဝတီ
10 November 2024
331

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ စစ်အာဏာရှင်ကို မလိုလားတဲ့ မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အပေါ်မှာ သက်ရောက်မှုတွေရှိနိုင်တယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့် လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)

ပြည်သူ့တရားစီရင်မှု မခံရမီ ကွယ်လွန်သွားတဲ့ သမိုင်းတရားခံ (ရုပ်/သံ)

by ဧရာဝတီ
7 August 2025
264

အာဏာသိမ်း စစ်အုပ်စုမှာ ယာယီသမ္မတအဖြစ်ပါဝင်ခဲ့တဲ့ ဦးမြင့်ဆွေဟာ ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်အချိန်က ရန်ကုန် အမှတ်(၂) ကုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်ကော်မရှင်က...

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူမဟုတ်ဘူး (ရုပ်/သံ)

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူမဟုတ်ဘူး (ရုပ်/သံ)

by ဘုန်းအောင်
8 October 2024
211

အသက် ၇၃ နှစ်အရွယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒုတိယဥက္ကဋ္ဌ (၂) နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

Next Post
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားရှိ မွတ်ဆလင်ဒုက္ခသည်များ / Getty Images

ရိုဟင်ဂျာကတ် အာဏာသိမ်းကောင်စီ ထုတ်ကစား

ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြနေမှုများ / ဧရာဝတီ

စစ်တပ်ကို ထောက်ပံ့မှုများ ရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved